16/04/2026
✨ ရွှေဇွန်းကိုက်ပြီးမွေးလို့ ပါးစပ်ထဲ ခိုးလို့ခုလု ဖြစ်မှာစိုးရင် ဒါမျိုး ရွှေချိုလိမ်လေးတွေဆို အဆင်ပြေတယ်နော် 😁😁
Fish market ထဲ ချဉ်ပေါင်ရွက်လေး သွားဝယ်ရင်း သူ့ဘေးက gold center ကြီးထဲမှာ ထီပေါက်ရင် ဝယ်ဝတ်မယ့် ခါးလောက်ထိရှည်တဲ့ ရွှေဘယက်ကြီးတွေ ငေးရင်းတွေ့လာတာ 🤣
ဘေဘီလေးတွေ မွေးထားတဲ့ ဖေဖေ၊မေမေတို့ တယောက်ယောက်ကများ ကလေးတွက် ဘာလိုအပ်လဲမေးရင် ၃/၄ ခုလောက်ဝယ်ခိုင်းလို့ရအောင် အကြံပေးတာပါ 😬
✨✨ Crying in 4K, Pacifier in 22K ✨✨