Chel Chel online shop

Chel Chel online shop အွန်လိုင်းပစ္စည်းမျိုးစုံရောင်းဝယ်ရေး
အိတ်လှလှလေးများလဲ လက်လီလက်ကားမှာယူလို့ရပါတယ်
ဆက်သွယ်မှာယူရန် 09795746355

Viber No. 09795746355

နှစ်သစ်မှာစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်🙏🙏🙏
14/04/2026

နှစ်သစ်မှာစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်🙏🙏🙏

ဗိုက်ပူ၊ ဗိုက်ရွဲ၊ ဗိုက်ထွက်နေပြီး ဘောင်းဘီတွေ ကျပ်နေပြီလား?ဗိုက်ထဲမှာ အဆီတွေ စုပုံလာလို့ နေရထိုင်ရ ခက်နေပေမဲ့ မီးဖိုချေ...
18/02/2026

ဗိုက်ပူ၊ ဗိုက်ရွဲ၊ ဗိုက်ထွက်နေပြီး ဘောင်းဘီတွေ ကျပ်နေပြီလား?
ဗိုက်ထဲမှာ အဆီတွေ စုပုံလာလို့ နေရထိုင်ရ ခက်နေပေမဲ့ မီးဖိုချောင်ထဲမှာ နေ့တိုင်း စောင့်ကြိုနေတဲ့ "ကျွန်တော်တို့" ကိုတော့ လျစ်လျူရှုထားကြတုန်းပဲလား...
ကျွန်တော်တို့ဆိုတာကတော့ ချင်း (ဂျင်း)၊ ကြက်သွန်နီ နဲ့ သံပရာသီး တို့ပါပဲ။
ဗိုက်ပူလာတာဟာ ကံဆိုးလို့ မဟုတ်ပါဘူး။ အစားအသောက် အလွန်အကျွံ စားတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာနဲ့ အစာခြေစနစ် နှေးကွေးလာတာတွေကြောင့် တဖြည်းဖြည်း အဆီတွေ စုပုံလာရတာပါ။ ဗိုက်ထဲမှာ တင်းကျပ်နေမယ်၊ မောလွယ်မယ်၊ ဗိုက်အဆီတွေက အမြဲတမ်း အခြေချနေထိုင်တော့မယ့်အတိုင်း အခိုင်အမာ ရှိနေမယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ သုံးယောက်ကတော့ အမြဲ အမေ့ခံနေရတုန်းပါ။

၁။ ချင်း (ဂျင်း) - စပ်ရှားရှားနိုင်ပေမဲ့ အစွမ်းထက်တယ်
ချင်းဟာ သွေးလည်ပတ်မှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။ ခန္ဓာကိုယ် နွေးလာတဲ့အခါ အစာခြေစနစ် (Metabolism) က ပိုပြီး အလုပ်လုပ်လာပါတယ်။ အရင်က လေပွပြီး တင်းကျပ်နေတဲ့ ဗိုက်ဟာ ဘာမှ ပင်ပန်းစရာမလိုဘဲ တဖြည်းဖြည်း ချောင်သွားပါလိမ့်မယ်။
၂။ ကြက်သွန်နီ - အနံ့ပြင်းပေမဲ့ စိတ်သဘောကောင်းတယ်
လေအောင့်တာ၊ ဗိုက်ကယ်တာနဲ့ ဖောရောင်တာတွေကို လျော့ကျစေပါတယ်။ တချို့သူတွေ ဗိုက်ပူနေတာဟာ အဆီကြောင့်တင် မဟုတ်ဘဲ အစာမကြေလို့ လေပွပြီး ဖောနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကြက်သွန်နီက အဲဒီ လမ်းကြောင်းတွေကို ရှင်းလင်းပေးပါလိမ့်မယ်။
၃။ သံပရာသီး - ချဉ်စူးစူးပေမဲ့ လန်းဆန်းစေတယ်
အစာခြေရည်ကို လှုံ့ဆော်ပေးပြီး အဆီတွေကို လျော့ကျစေပါတယ်။ အစာခြေစနစ် ကောင်းမွန်လာတဲ့အခါ အဆီတွေက အရင်လို အလွယ်တကူ စုပုံမနေတော့ပါဘူး။
• သတိပြုရန် - တချို့က သောက်လိုက်ရင် ဗိုက်ထဲ ပူလောင်မှာ ဒါမှမဟုတ် နေမကောင်းဖြစ်မှာကို ကြောက်ကြပါတယ်။ တကယ်တော့ ရေနွေးနွေးလေးနဲ့ အတိုင်းအတာတစ်ခုအထိ သောက်ပေးမယ်ဆိုရင် ဒါဟာ ခန္ဓာကိုယ်ရဲ့ စနစ်တွေကို "နှိုးဆော်ပေးတာ" ဖြစ်ပြီး ဒုက္ခပေးတာ မဟုတ်ပါဘူး။

​☕ ဖျော်စပ်နည်း (အရမ်းလွယ်ပါတယ်)
• ချင်း (ဂျင်း) - ၆ - ၇ ပြားခန့် လှီးပါ။
• ကြက်သွန်နီ - ၄ လုံးခန့် (အနည်းငယ် ဓားပြားရိုက်ပါ)။
• သံပရာသီး - ၁ လုံး (အကွင်းလိုက် လှီးပါ)။
• ရေ - ၁ လီတာ။
• ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်အထိ ဆူအောင် တည်ပါ။

သောက်သုံးရန်အချိန်
မနက်စာ မစားမီ သို့မဟုတ် ညအိပ်ခါနီးတွင် သောက်ပါ။ တစ်ပတ်လျှင် ၃ - ၄ ရက်ခန့် သောက်ရုံဖြင့် လုံလောက်ပါတယ်။ အတင်းအကျပ် အလွန်အကျွံ သောက်စရာမလိုပါ။
ဗိုက်အဆီဆိုတာ တစ်ညတည်းနဲ့ ပျောက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အချိုနဲ့ အဆီလျှော့စားတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေနဲ့အပြိုင် ဒီရေနွေးကြမ်းလေးကို သောက်ပေးမယ်ဆိုရင် ဗိုက်ခေါက်တွေ တဖြည်းဖြည်း ပေါ့ပါးသွားပြီး တင်းကျပ်နေတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး။
ရှေးလူကြီးတွေက ပြဿနာ မကြီးထွားခင်ကတည်းက ကြိုတင် ဂရုစိုက်ခဲ့ကြတယ်။ အခုခေတ်လူတွေကတော့ ဗိုက်ကြီး ထွက်လာပြီး အသက်ရှူရ ခက်မှပဲ ဖြေရှင်းနည်း ရှာတတ်ကြတယ်။

ဒီနေ့ ကျွန်တော်တို့ကို လျစ်လျူရှုထားဦးမလား... ရပါတယ်။ ဒါပေမဲ့ တစ်နေ့နေ့မှာ ဖိနပ်ကြိုးကုန်းချည်ရင်း ဗိုက်ကျပ်လာတဲ့အခါ... မီးဖိုချောင်ထဲက ဒီရိုးရှင်းတဲ့ "ဆေးနည်း" လေးကို အစကတည်းက သောက်ခဲ့သင့်တယ်ဆိုတာကို သင် သတိရလာပါလိမ့်မယ်။ 🍋🔥

MON SOUNG



#ဂျင်း

#

17/02/2026

Inno city အိတ်ပရိုမိုးရှင်းပွဲ
၁၆.ရက်နေ့ကနေ ၂၂ ရက်နေ့ထိ အိတ်တွေစျေးချရောင်းပေးနေပါတယ်နော် အမြန်လာမှရမယ်နော်

ဒီနေ့တော့ အမျိုးသမီးတိုင်း သိထားသင်တဲ့ သားအိမ်အကြောင်းပြောပြမယ်နော်ကျန်းမာရေး အကြောင်းမပြောတာကြာပြီ # # သားအိမ် အကျိုတ်ဆ...
12/02/2026

ဒီနေ့တော့ အမျိုးသမီးတိုင်း သိထားသင်တဲ့
သားအိမ်အကြောင်းပြောပြမယ်နော်
ကျန်းမာရေး အကြောင်းမပြောတာကြာပြီ

# # သားအိမ် အကျိုတ်ဆိုတာဘာလဲ #
ရောဂါလက္ခဏ မပြဘဲရှိတေတက်တယ်
သားအိမ်ကြွက်သားမှဖြစ်ပေါ်လာတဲ့ ကင်ဆာမဟုတ်သော အကျိတ်ဖြစ်ပါတယိ
ချောမွေ.သောကြ့က်သားနှင့် တစ်သျှူးများဖြင့်ဖွဲ့စည်းထားပါတယ်
အသက် ၃၀ နှင့် ၅၀ ကြား မိန်းမ အဖြစ်များပါတယ်

# # သားအိမ်အလုံးအကျိတ်တွေ ဘာဖြစ်လို့ကြီးထွားရတာလဲ # #
ရာသီလာချိန်စောတဲ့ မိန်းမ အဝလွန်ခြင်း ဗီတာမင်Dချို့တဲ့ မိန်းမ မျိူးရိုးရှိတဲ့ မိန်းမ
ဒါတွေ့က အန္တရာယ် ပိုများတဲ့ မိန်းမ ဖြစ်ပါတယ်
သိကြတဲ့ အကြောင်းအရင်း ပြောရခက်ပေးမဲ့
အီစထရိုဂျင် နှင့် ပရိုဂျက်စတီရုန်းကြီးထွားမှုကို
ပိုအားပေးပါတယ်

# # သားအိမ်အလုံးအကျိတ် အမျိူးအစားနှင့်
တည်နေရာ #
သားအိမ် ကြွက်သားအတွင်း အဖြစ်များတယ်
အောက်ခံအမြှေးပါး သားအိမ်ခေါင်
သားအိမ် အပြင်ဘက် မျက်နှာပြင်ပေါ်တွင်
တွေ့ရှိရပါတယ်

# # အဖြစ်များသော လက္ခဏများ
ရာသီလာချိန် ပြင်းထန်သော သို့မဟုတ် အချိန် ကြာရှည်စွာ နာကျင်ခြင်း
တင်ပဆုံတွင်း သို့မဟုတ် ဝမ်းဗိုက်အောက်ပိုင်း
နာကျင်ခြင်း
တင်ပဆုံတွင်း ဖိအား သို့မဟုတ် လေးလံနေခြင်း
မကြာခဏ ဆီးသွားခြင်း သို့မဟုတ် ဝမ်းချူပ်ခြင်း
မျိုးမအောင်ခြင်း

# # အကျိတ်ကို ဘယ်လိုရှာဖွေရမှလဲ #

Pelvic test က သားအိမ်ကျယ်တာကိုညွန်ပြတယ် အာထရာဆောင်းစစ်ဆေးသင့်တယ်
သားအိမ်အတွင်း မှန်ပြောင်းဖြင်ကြည့်ရှူစစ်ဆေးသင်တယ်

သေးငယ်သောအကျိတ်အလုံးအတွက်
ရောဂါလက္ခဏ မပြပဲ သွေးဆုံးပြီးနောက်ကျူံ့သွားတက်ပါတယ် ဒါကပုံမှန် လူတစ်ယောက်
ဖြစ်လေ့ဖြသ်တက်ရှိပါတယ်

ကြွက်တက်ခြင်း သွေးထွက်ခြင်း ရာသီလာချိန်
နာကျင်ခြင်းက ကုသမှူနဲ့ ပျောက်ကင်းနိုင်ပါတယ်

သွေးလွှတ်ကြောပိတ်ဆို့ခြင်းကြောင့် သေ့းထောက်ပံ့မှု လျော့ချ ဒီအဆင့်ဆိုရင်
ကျွမ်းကျင်ဆရာဝန်နဲ့ ပြသသင့်ပြီ

သားအိမ် အကျိတ်တွေက ကင်ဆာ ဖြစ်နိုင်လား
အဖြေက No
3% လောက်ဖြစ်နိုင်ပါတယ် အများစုက တစ်သက်လုံးပျော့ပျောင်းရင် နေပါတယ်

အကျိတ်အလုံးမကြီးထွားနိုင်စေရန်
ကိုယ်အလေးချိန် သတိထားပါ
အသားဓါတ်နှင့် အမျှင်​ကြွယ်ဝတာ မျှတစွာစားသောက်ပါ
ဗီတာမင် D ရယူပါ
လေ့ကျင့်ခန်းလုပ်ပါ

ဒီလောက်ဆိုရင် သားအိမ်ခေါင်းထဲ့က အကျိတ်အလုံး အတွက် ဗဟုသုတ ရပြီးနော်

ချစ်တဲ့ကေခိုင် ခေတ္တ ABU DHABI

🍀🍀🍀Happy New Year 2026🍀🍀🍀
01/01/2026

🍀🍀🍀Happy New Year 2026🍀🍀🍀

ဒီစကားကတော့ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးတိုင်း လူတိုင်း ခံစားရတဲ့ "သံဝေဂ" ပါပဲ။ ပျော်စရာကောင်းတယ်လို့ ထင်ရပေမယ့်၊ တကယ်တ...
01/01/2026

ဒီစကားကတော့ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးတိုင်း လူတိုင်း ခံစားရတဲ့ "သံဝေဂ" ပါပဲ။ ပျော်စရာကောင်းတယ်လို့ ထင်ရပေမယ့်၊ တကယ်တမ်းကျတော့ အချိန်နာရီတွေက ကျွန်တော်တို့ကို ရက်ရက်စက်စက် သင်ခန်းစာပေးပြီး ထွက်သွားကြတာပါ။

ကဲ နှစ်တိုင်းက ဘာတွေ သတိပေးနေလဲ ကြည့်ရအောင်။

၁။ "ထာဝရ" ဆိုတာ ဂျင်းပါ (No one is forever)

ကျွန်တော်တို့က သီချင်းတွေထဲမှာ၊ ရုပ်ရှင်တွေထဲမှာ "ထာဝရ" ဆိုတဲ့ စကားကို ကြားရဖန်များပြီး ယောင်နေတတ်ကြတယ်။ တကယ်တော့ နှစ်တစ်နှစ် ကုန်သွားတိုင်းမှာ

မနှစ်က ကိုယ့်ဘေးမှာ ရှိနေတဲ့သူတွေ ဒီနှစ် မရှိတော့တာကို သတိထားမိလာမယ်။

တချို့က သေဆုံးသွားလို့၊ တချို့က စိတ်သဘောထားတွေ ပြောင်းသွားလို့၊ တချို့က လမ်းခွဲသွားကြလို့။

ဒီလောကကြီးမှာ ဘယ်သူမှ မင်းဘေးနားမှာ အမြဲတမ်း ကပ်နေမှာ မဟုတ်ဘူး။ မိဘ၊ ချစ်သူ၊ သူငယ်ချင်း... အားလုံးက တစ်ချိန်ချိန်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မင်းကို ထားခဲ့ကြမှာပဲ။

ပြက္ခဒိန်အဟောင်းကို အသစ်လဲလိုက်သလိုပဲ၊ လူတွေဆိုတာလည်း အချိန်တန်ရင် အပြောင်းအလဲ ရှိစမြဲပါပဲ။ ဒါကို လက်ခံနိုင်မှ စိတ်ချမ်းသာမှာပါ။

၂။ မင်းငိုနေလည်း ကမ္ဘာကြီးက ရပ်မစောင့်ဘူး (Life has to move on)

ဒါက ပိုပြီး ခါးသီးတယ်။ မင်း ဒီနှစ်ထဲမှာ ဘယ်လောက်ပဲ အသည်းကွဲခဲ့ကွဲခဲ့၊ ဘယ်လောက်ပဲ စီးပွားပျက်ခဲ့ပျက်ခဲ့... ကမ္ဘာကြီးက "သနားပါတယ်ကွာ ဒီကောင်လေး စိတ်ပြေတဲ့အထိ နေမထွက်ဘဲ စောင့်နေပေးလိုက်မယ်" လို့ မလုပ်ပါဘူး။

မင်း ငိုနေလည်း မနက်ဖြန်က ရောက်လာမှာပဲ။

မင်း စိတ်ညစ်နေလည်း ဗိုက်က ဆာလာမှာပဲ။

မင်း လဲကျနေလည်း နာရီလက်တံက ဆက်သွားနေမှာပဲ။

ရုပ်ရှင်တွေထဲမှာလို မင်းဝမ်းနည်းနေတုန်း သီချင်းအေးအေးလေး ဖွင့်ပေးပြီး ဇာတ်ရှိန်ဆွဲမနေဘူး။ ဘဝဆိုတာ ရထားတစ်စင်းလိုပဲ။ ဘယ်သူဆင်းဆင်း၊ ဘယ်သူတက်တက် ရထားကတော့ သူ့ဘူတာကို ဆက်မောင်းနေမှာပဲ။ မင်းက အဲဒီရထားပေါ်က ပြုတ်မကျအောင် ဆက်လိုက်စီးဖို့ပဲ ရှိတယ်။

ဒါကြောင့်ပြောချင်တာကတော့ နှစ်ဟောင်းက မင်းကို ဘာသင်ပေးခဲ့လဲ လေ့လာပါ။

တွယ်တာမှုကို လျှော့ပါ ဘယ်သူမှ မမြဲဘူးဆိုတာ သိထားရင်၊ ရှိနေတုန်းလေးမှာ ကောင်းကောင်းဆက်ဆံပါ။ ထွက်သွားတဲ့အခါ လွမ်းမနေပါနဲ့။ "သူ့အချိန်တန်လို့ သူသွားတာပဲ" လို့ သဘောထားလိုက်ပါ။

ရှေ့ဆက်ပါ : လဲကျတဲ့နေရာမှာ အကြာကြီး ဝပ်မနေပါနဲ့။ ဖုန်ခါလိုက်၊ ဒူးပွန်းတာကို ဆေးထည့်လိုက်၊ ပြီးရင် ဆက်လျှောက်လိုက်။ ဘာလို့လဲဆိုတော့ "Life has to move on" (ဘဝက ရှေ့ဆက်ရစမြဲ) မို့လို့ပါပဲ။

အတိတ်ကို ပြင်လို့မရပေမယ့်၊ အနာဂတ်ကိုတော့ ပုံဖော်လို့ ရသေးတယ်လေ။ ဒါကြောင့် ပါသွားတဲ့လူတွေကို လက်ပြနှုတ်ဆက်ပြီး၊ ကျန်ခဲ့တဲ့ ကိုယ့်ဘဝကိုပဲ သေသေချာချာ ဆက်ပြီး တည်ဆောက်လိုက်ကြပါစို့။

ကုသဖို့ခက်တယ်ဆိုတဲ့ 6သွး6လးဘက်နာ အရေပြာ;လေဘက်နာအတွက်...ဆေးဖက်ဝင်ပြီး အစွမ်းထက်တဲ့ အပင်။ဒီပိုစ့်က ဂုဏ်ယူမိလို့ ရေးတာ ပါ။အ...
26/12/2025

ကုသဖို့ခက်တယ်ဆိုတဲ့ 6သွး6လးဘက်နာ
အရေပြာ;လေဘက်နာအတွက်...
ဆေးဖက်ဝင်ပြီး အစွမ်းထက်တဲ့ အပင်။

ဒီပိုစ့်က ဂုဏ်ယူမိလို့ ရေးတာ ပါ။

အခြားတော့ မဟုတ်ပါဘူး.....
တလောက လိုင်းပေါ်မှာ Video ,တခု ကြည့်လိုက်ရတယ်။

လေးဘက်နာရောဂါနဲ့ ပတ်သက်ပြီး
ဆရာတော်တစ်ပါး ပြောပြထားတဲ့
သူ့ကိုယ်တွေ့ Video လေးပါ။
(မိတ်ဆွေတို့လည်း ကြည့်ရမယ်ထင်ပါတယ်)

‌ဆရာတော်ကတော့ သူ့ကိုယ်တွေ့အရ ဒဲ့ပြောတာပါ

6သွး6လးဘက်နာ အရေးပြာ;လေးဘက်နာလို
ရောဂါကို E ဆေးနဲ့ကုလို့ကတော့ 6တသာသွားမယ်
မပျောက်နိုင်တဲ့အကြောင်းနဲ့...
သူလည်း ကုသခဲ့ပေမဲ့ မပျောက်ခဲ့တဲ့အကြောင်း
နောက်ဆုံး တောပျဉ်းတော်သိမ်း အရွက် အမြစ်တို့ကို အသုံးပြုပြီး တိုင်းရင်းဆေးနည်းအတိုင်း ကုသမှ
သက်သာပျောက်ကင်းသွားတဲ့အကြောင်း...
မျှဝေပေးသွားခဲ့တာပါ။

အဲ့ဒီ Video ထဲမှာ ဆရာတော်ပြောသွားသလို
လေးဘက်နာရောဂါဆိုတာ...
တိုင်းရင်းဆေးကျမ်းမှာ (သမားအခေါ်) ထုံပျော ရောဂါ အဖြစ် ခေါ်ဆိုကြောင်း ပြောပြသွားပါတယ်။

မှန်ပါတယ်...
တိုင်းရင်းဆေးမှာ ဘယ်လိုလေးဘက်နာကိုဖြစ်စေ
ထုံပျော့ရောဂါလို့ ခေါ်ပါတယ်။

ထုံပျော့ ရောဂါလို့ ပြောလိုက်တာနဲ့ တိုင်းရင်းဆေးမှာ
အုပ်ခါးပင်ကို ရှာ ၊ အမြစ်နဲ့ ကုပေါ့။
အုပ်ခါးပင်ဆိုတာက သမားအခေါ်အပင်ဖြစ်ပြီး
အများစုကထုံဆေးပင်လို့ ခေါ်ကြပါတယ်။

အမှန်တော့...ပျဉ်းတော်သိမ်မျိုးရင်းထဲက
တော,ပျဉ်းတော်သိမ်အပင်ကိုပြောတာပါ။

ကျနော်တို့နိုင်ငံမှာ ပျဉ်တော်သိမ် ၃ မျိုးတွေ့ရပြီး
အိမ်တွေမှာသုံးတဲ့ ပျဉ်းတော်သိမ် အယဉ်၊
တောပျဉ်းတော်သိမ် (၂) မျိုး နဲ့ တောင်ပျဉ်းတော်သိမ်း ဆိုပြီး ဖြစ်ပါတယ်။

အားလုံးက ပုံစံ အနည်းငယ်တူကြပါတယ်။

အနံကတော့ အိမ်ပျဉ်းတော်သိမ်က အပြင်းဆုံး စူးရှဆုံးလို့ပြောလို့ရပါတယ်။
တောင်ပျဉ်တော်သိမ်က ပျဉ်းတော်သိမ်အယဉ်နဲ့
ပိုပြီး ပုံစံတူသော်လည်း အနံ့မရှိသလို အမွှေးအနည်းငယ်ရှိပါတယ်။

ယခု ပုံမှာပါတဲ့ တောပျဉ်တော်သိမ် (အုပ်ခါး) ပင်ကတော့ အနံ့ကယဉ်သလို အရွက်ကလည်း အခြားသော ပျဉ်တော်သိမ်တွေထက် ပိုကြီးပါတယ်။
ပုံမှာပြထားတဲ့ဟာက အကြီးမျိုးမဟုတ်သေးပါဘူး။
တောပျဉ်တော်သိမ်မှာ အကြီးမျိုးဆိုတာ ရှိပါသေးတယ်။ အရွက်အရွယ်အစားက သဖန်းရွက်နည်းပါးရှိပါတယ်။
အသီးအရောင်ကတော့ ပုံထဲမှာပြထားသလို အဆင့်ဆင့် ပြောင်းသွားတတ်ပါတယ်။
စိမ် ဝါ နီ ညို ဆိုပါတော့...

အများသိတဲ့ ပျဉ်းတော်သိမ်အယဉ်နဲ့ တောင်ပျဉ်တော်သိမ်အပင်တွေက ခြုံမျိုးသာသာ အပင်ငယ်မျိုးဖြစ်ပြီး
တောပျဉ်းတော်သိမ် (အုပ်ခါး) ပင်ကတော့ အပင်ကြီးမျိုးဖြစ်ပါတယ်။
(မှားမှာဆိုးလို့ သေခြာရှင်းပြတာပါ လေရှည်တာမဟုတ်ပါဘူး)

ထုံပျော့ (လေးဘက်နာ) ရောဂါ အတွက် တိုင်းရင်းဆေးမှာ ဆေးနည်းများစွာရှိသလို သာမာန် အဆစ်အမြစ်နာ ဖောရော'င်နာတွေအတွက် တချို့ဆေးနည်းတွေနဲ့ ကုသလို့ရသော်လည်း...

6သွး6လးဘက်နာ အရေပြာ;လေ;ဘက်နာလို ရောဂါမျိုးကတော့ ကုသဖို့ သက်သာဖို့ အလွန် ခက်ခဲပါတယ်။
သို့သော်လဲ အုပ်ခါး (တောပျဉ်းတော်သိမ်) ပင်ရဲ့ အရွက် အမြစ်နဲ့ ကုသလို့ သက်သာပျောက်ကင်းတယ်
ဆိုပြီး လေ့လာသိရှိလိုက်ရတော့...
အတော်ကြီး ဂုဏ်ယူလိုက်မိတယ်။

ပြီးတော့....
အုပ်ခါး (တောပျဉ်းတော်သိမ်) ပင် ဘယ်မှာရနိုင်မလဲရှာရင်း....
လိုအပ်တဲ့သူတွေအတွက် ရှာပုံတော် ဖွင့်ခိုင်းခဲ့တာ...
ဒီနေ့မှာတော့....
လိုက်ကြည့်ပေးပါဆိုလို့ လိုက်ကြည့်တဲ့အခါ....
ပုံရိုက် video ရိုက် ပေါ့။

အနာနဲ့ဆေး တွေ့တဲ့အခါ တကယ်‌သက်သာပျောက်ကင်းပါတယ်။
6သွး/အရေးပြာ;6လးဘက်နာသမားများ
အမြစ်ကိုပြုတ်သောက် အရွက်ကိုတို့စား
ဖြစ်နိုင်ရင် အရွက်နဲ့အခေါက်ကို အခြောက်ခံပြီး အမှုန့်လုပ်၊ ရေနွေးကြမ်းထဲခပ်ပြီးသောက်ပေး
တကယ်ကောင်းတယ် ဆေးနည်းပါဗျ။

ဗဟုသုတအဖြစ် မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။ ။

🎄🎄🎄December promotion!!!!🎄🎄🎄
17/12/2025

🎄🎄🎄December promotion!!!!🎄🎄🎄

🎄🎄🎄Page မှာတင်ထားတဲ့ကြိုက်တဲ့ပို့စ် ၃ ခုကို ရှယ်ပီး ပုံမှာပါတဲ့ ဘောစိအိတ်တလုံးလက်ဆောင်ဝင်ယူပါရှင်❤️❤️
17/12/2025

🎄🎄🎄Page မှာတင်ထားတဲ့ကြိုက်တဲ့ပို့စ် ၃ ခုကို ရှယ်ပီး ပုံမှာပါတဲ့ ဘောစိအိတ်တလုံးလက်ဆောင်ဝင်ယူပါရှင်❤️❤️

ဒီနှစ်ထဲမာပဲ မင်မင်ကိုယ်တိုင်သားအိမ်မှာရေအိတ်တည်ပီး ခွဲစိပ်ခဲ့ရတဲ့ထိဖစ်ခဲ့ရတယ် ဒီနည်းလမ်းလေးသာ စောစောတွေ့လို့ သောက်ခဲ့မိ...
15/12/2025

ဒီနှစ်ထဲမာပဲ မင်မင်ကိုယ်တိုင်သားအိမ်မှာရေအိတ်တည်ပီး ခွဲစိပ်ခဲ့ရတဲ့ထိဖစ်ခဲ့ရတယ် ဒီနည်းလမ်းလေးသာ စောစောတွေ့လို့ သောက်ခဲ့မိရင် ခွဲစိပ်တဲ့ထိလုပ်ခဲ့ရမာမဟုတ်ဘူးလို့တွေးပီး စိတ်မကောင်းဖစ်ရ မင်မင်လိုအဖစ်မျိုးဖစ်ကြတဲ့အမျိုးသမီးလေးတွေရှိရင်ဒီဆေးနည်းလေးသောက်ပီးပျောက်ကင်းကြပါစေလို့တွေးပီးပြန်ရှယ်ပေးတာပါနော်

ဘန်ကောက်ဆရာဝန်တွေ လက်မြှောက်ခဲ့တဲ့ ***သားဥအိမ်ရေအိတ်***ကို ခွဲစိတ်စရာမလိုဘဲ ပျောက်ကင်းသွားခဲ့တဲ့ ကျွန်မရဲ့ ကိုယ်တွေ့မှတ်တမ်း🥰🥰

​"သားဥအိမ်ရော၊ သားအိမ်ရော အကုန်ထုတ်ပစ်ရမယ်" လို့ ဘန်ကောက်က ဆရာဝန်တွေ အမိန့်ချမှတ်ခံခဲ့ရတဲ့ လွန်ခဲ့တဲ့ (၄) နှစ်က အဖြစ်အပျက်လေးကို ပြန်မျှဝေချင်ပါတယ်။

​ကျွန်မလိုပဲ သားဥအိမ်ရေအိတ် တည်နေသူများအတွက် လက်တွေ့ပျောက်ကင်းခဲ့တဲ့ နည်းလမ်းကောင်းလေးတစ်ခု ဖြစ်တာကြောင့် စေတနာရှေ့ထားပြီး ရေးသားလိုက်ရပါတယ်။

​🩺 စတင်တွေ့ရှိချိန်
^^^^^^^^^^^^^
ဘန်ကောက်မှာ ဆေးသွားစစ်တော့ သားဥအိမ်နှစ်ဖက်လုံးမှာ ရေအိတ်တည်နေတယ်။ တစ်ဖက်က 7 cm နဲ့ နောက်တစ်ဖက်က 6.5 cm တောင် ရှိနေပါပြီ။ အသက်အရွယ်အရ အသုံးမဝင်တော့လို့ အကုန်ထုတ်ပစ်ဖို့ ဆရာဝန်တွေက အကြံပြုပါတယ်။ ၃ လအတွင်း မခွဲရင် လိမ်ပြီးပေါက်ထွက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သတိပေးခံခဲ့ရပါတယ်။
​ဒါပေမယ့် ကျွန်မက ခွဲစိတ်ခန်း (၉) ကြိမ်ဝင်ဖူးသူမို့ နောက်ထပ်တစ်ကြိမ် ထပ်မဝင်ချင်တော့ပါဘူး။ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝကုသနိုင်စွမ်းကို ယုံကြည်တာကြောင့် တခြားနည်းလမ်း ရှာဖွေခဲ့ပါတယ်။

​🌿 တွေ့ရှိခဲ့တဲ့ သဘာဝနည်းလမ်း
^^^^^^^^^^^^^^
ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်းရဲ့ ဟောပြောချက်တွေကို နားထောင်ပြီး လက်တွေ့စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ငယ်ငယ်က တိရစ္ဆာန်လေးတွေ ဒဏ်ရာရရင် ဆနွင်းနဲ့ဆီ လိမ်းပေးတာကို သတိရပြီး ယုံကြည်မှု ပိုရှိလာခဲ့တယ်။

​🥣 ကျွန်မ ပြုလုပ်ခဲ့သော နည်းလမ်း (ကိုယ်တွေ့)
^^^^^^^^^^^^^
​ပါဝင်ပစ္စည်းများ- ကိုယ်တိုင်ကြိတ်ထားတဲ့ ဆနွင်းစစ်စစ် နှင့် သံလွင်ဆီ (Olive Oil)။
​သောက်သုံးရန်အချိုးအစား- ဆနွင်း လက်ဖက်ရည်ဇွန်း (တစ်ဝက်) + သံလွင်ဆီ ထမင်းစားဇွန်း (တစ်ဇွန်း) ကို ရောစပ်လိုက်ပါ။
​သောက်သုံးရန်အကြိမ်ရေ- တစ်ရက်လျှင် (၂) ကြိမ် သောက်ခဲ့ပါတယ်။

​သတိပြုရန်- သောက်ပြီး နာရီဝက်ကြာမှ ရေသောက်ပါ။ အစာမရှိဘဲ သောက်ရင် မူးတတ်ပါတယ်။ (သံလွင်ဆီအစား နှမ်းဆီစစ်စစ်၊ နှမ်းနက်ဆီ၊ Cod Liver Oil တို့နှင့်လည်း ရောသောက်နိုင်သည်ဟု ဆိုပါတယ်)။

​✨ မယုံနိုင်စရာ ရလဒ်များ
^^^^^^^^^^^^^^
​၁ လအကြာမှာ- Ultrasound ပြန်ရိုက်ကြည့်တဲ့အခါ မူလက 7cm/6.5cm ရှိတဲ့ ရေအိတ်တွေဟာ တစ်ဖက်ကို 2.5 cm စီလောက်ပဲ ကျန်ပါတော့တယ်။ ပြည်တွင်းက ဆရာဝန်မလေးတောင် မယုံနိုင်လွန်းလို့ ဆီးသွားခိုင်းပြီး အခါခါ ပြန်စစ်ဆေးခဲ့ရတဲ့အထိပါပဲ။

​၄ လအကြာမှာ- ဘန်ကောက်ကို ဆေးပြန်သွားစစ်တဲ့အခါမှာတော့ ရေအိတ် လုံးဝ(လုံးဝ) မရှိတော့ပါဘူးရှင်။

​ခွဲစိတ်ခန်းအဝကနေ ဒီသဘာဝနည်းလမ်းလေးနဲ့ ပြန်လှည့်လာနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ရသလို၊ နည်းလမ်းလမ်းညွှန်ပေးတဲ့ ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်းကိုလည်း အထူးကျေးဇူးတင် ရိုသေမိပါတယ်။

​ကျွန်မကတော့ အခုချိန်ထိ နေ့စဉ် ဆနွင်းနဲ့ သံလွင်ဆီကို တစ်ရက်တစ်ကြိမ် သောက်သုံးနေဆဲပါ။ ကိုယ်တွေ့လက်တွေ့မို့ တူညီတဲ့ ဝေဒနာ ခံစားနေရသူများ စမ်းသပ်ကြည့်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

Family Cooking (Copy ကူးတင်သူများ post တင်ပြီးပြီးချင်း တန်းCopy ယူပြီး မတင်ဖို့မေတ္တာရပ်ခံပါရစေရှင်🙏🙏🙏)
================
#ကျန်းမာရေး #ဆေးနည်း #ရေအိတ် #သားဥအိမ်

🎄🎄🎄 ဒါလေးလဲအရမ်းတန်တယ် ပေါ့ပေါ့ပါးပါးကိုင်လို့ရ တစ်လုံးထဲယူ ၅၀၀၀ သုံးလုံးယူတစ်သောင်းကျော်နဲ့ယူ တန်လွန်းလို့ယူကိုယူနော်❤️...
15/12/2025

🎄🎄🎄 ဒါလေးလဲအရမ်းတန်တယ် ပေါ့ပေါ့ပါးပါးကိုင်လို့ရ တစ်လုံးထဲယူ ၅၀၀၀ သုံးလုံးယူတစ်သောင်းကျော်နဲ့ယူ တန်လွန်းလို့ယူကိုယူနော်❤️
✅ Cb or Viber 09795746355ကမှာယူပါရှင်✅

Address

Dagon Seikken
Yagon, NSW
111111

Website

Alerts

Be the first to know and let us send you an email when Chel Chel online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share