Queen Eizzy
Queen Eizzy Travel, Fashion, Food လက်တလောလုပ်နေတဲ့အိ Design & Fashion.. အ?
အိရဲ့လက်ရှိအလုပ်က ခရီးအရမ်းသွားရပါတယ်။ ကိုယ်တိုင်ကလဲခရီးသွားရတာ တွေဝါသနာပါတော့ သွားခဲ့တာတွေ စားခဲ့တာတွေ ဗဟုသုတဖြစ်စေနိုင်တာလေးတွေ မျှဝေပေးချင်လို့ Page လေးစခဲ့တာပါ။
တွေးထားတာတော့ကြာပြီpage လေးလုပ်မယ်လုပ်မယ်နဲ့ အချိန်မရတာကောမြန်မာလိုသိပ်အရေးအသားမကျွမ်းကျင်တာရောကြောင့်မလုပ်ဖြစ်ခဲ့ဘူး။ နောက်ဆုံးစိတ်ထဲရှိတာလေး ကြိုးစားပြီးလုပ်အုံးမှဆိုပြီး Venice ခရီးကပြန်လာပြီး နောက်ရက် page လေးစဖြစ်ခဲ့တာပါ။ ကိုယ့်ရ
ဲ့အားနည်းချက်က မြန်မာလိုရေးတာ စာလုံးပေါင်းတွေဘာတွေမှန်အောင်ကြိုးစားပြီး ရေးချင်ပေမဲ့ အမှားလေးတွေလဲပါမြဲပါနေစဲမို့ သည်းခံပြီးဖတ်ပေးကြပါလို့။ သင်ယူရင်းကြိုးစားရင်း အကောင်းဆုံးအမှတ်တရလေးတွေကို မျှဝေပေးရင်း အားလုံးအတွက်နည်းနည်းလေးဖြစ်ဖြစ်အသုံးဝင်မယ်ဆို ပျော်ရွှင်မိပါတယ်။
# # # Ei
07/06/2020
Hi Hi,
အိတယောက် Page မှာပျောက်နေတာကြာခဲ့ပါပြီ။ Trip review တွေလဲ တောင်လိုပုံလို့ lockdown ကြောင့် ခရီးမသွားရပြန်တော့ အိမ်မှာနေရင်း ဟင်းပေါင်းစုံချက်စားပြီး Covid မရပဲ အပျင်းရောဂါဆွဲကပ်နေလို့ ဒီ Page လေးဖက်မလှည့်နိုင်ဖြစ်နေတာတောင်းပန်ပါတယ်။
အခုအလုပ်မသွားရတာ ၂လကျော်ရှိပါပြီ။ နောက်လ မှရုံးပြန်တက်ရမယ်လို့မျှော်လင့်ရင်းအိမ်မှာပဲ ကျန်းကျန်းမာမာရှိနေပါတယ်။ စိတ်ပူပြီးသတိတရ message ပို့ သတင်းတွေမေးကြတဲ့ page ကသူငယ်ချင်းတွေကိုလဲကျေးဇူးပါနော။
Stay at home ကာလမှာ အပြင်မထွက်ရတော့အိမ်မှာပဲနေတယ်ဆိုပေမဲ့အကျိုးရှိတာလေးတချို့လဲ လုပ်ဖြစ်ပါတယ်။ အရင်ကအလုပ်တွေနဲ့မို့လုပ်မယ် လုပ်မယ်နဲ့ထားထားတဲ့Listထဲက Google Digital Garage မှာ Online course တွေတက်ဖို့ ဒီlockdown လတွေထဲမှပဲအောင်အောင်မြင်မြင်စလုပ်ဖြစ်တော့တယ်။ Lockdown လအတွင်းလုပ်ဖြစ်တာတွေထဲက Online ကနေ Free course ဘယ်လိုတက်မလဲဆိုတာလေး ဒီနေ့မျှဝေပေးချင်ပါတယ်။ ပါနော်။ တပြားမှမကုန်ပဲသင်လို့ရမှာဖြစ်ပြီး သင်ရိုးတွေကလဲ online learning အတွက်သေချာရေးဆွဲပေးထားတာဖြစ်လို့ ဘယ်နေရာရောက်ရောက်အဆင်ပြေပြေသင်ယူနိုင်ပါတယ်။ PC/ Mobile friendly learning ပါနော်။
သူငယ်ချင်းတို့အတွက်လဲအကျိုးရှိမယ်ထင်လို့ screen recording လေးလုပ်ပြီးရှင်းပြပေးထားပါတယ်။ Screen short တွေတင်ပြီးရှင်းပြတာထက် ဒီ screen recording video လေးကပိုပြီးထိရောက်မယ်ထင်လို့ စမ်းပြီးrecording လုပ်ကြည့်ပေးထားတာပါ။ ၅မိနစ်စာလောက်ပဲလုပ်ဖို့မှန်းထားပေမဲ့ လျှာရှည်မိတော့ ၁၁မိနစ်ကျော်သွားလို့ ကြည့်ရတာပျင်းသွားရင်တော့ sorry ပါရှင်။
လောကကြီးမှာမမျှတတာတွေအများကြီးပါ ဒါပေမဲ့အိတို့အားလုံး အချိန် ဆိုတဲ့အရာကိုတော့မျှတစွာရခဲ့ပါတယ်။ တရက် ၂၄နာရီထက်ဘယ်သူမှပိုသုံးလို့မရသလို ဘယ်သူမှလဲတပတ် ၈ရက်ရတယ်လို့မရှိပါဘူး။ ဒီရတဲ့အချိန်အတိုင်းအတာတခုကိုဘယ်လိုအသုံးချတယ်ပေါ်မူတယ်ပြီးသာ လူတစ်ယောက်နဲ့တစ်ယောက်ကွာခြားချက်တွေဖြစ်သွားကြတာပါ။ အဲဒီတော့အချိန်ရှိတုန်းလေး ဒီ Online Course/ Online studying မှမဟုတ်ပါဘူး တခြား ကိုယ်ဝါသနာပါတာ ကိုယ့်အတွက်အကျိုးရှိတာလေး တခုခုကိုလုပ်ရင်း မိမိဘဝတန်ဖိုးတွေကို ပိုပြီးတောက်ပအောင်အရောင်တင်လိုက်ကြရအောင်နော်။
အားလုံးကျန်းမာရေးဂရုစိုက်ကြပါ။ သတိရနေပါတယ်
Ei ###
Details
---------
ဘယ်မှာရှာရမလဲ?
https://learndigital.withgoogle.com/digitalgarage
ဘယ်လောက်ကုန်မလဲ?
Free ပါနော်။ တပြားမှပေးဖို့မလိုပါဘူး
အချိန်ဘယ်လောက်ပေးရမလဲ?
ကိုယ်ရသလောက်အချိန်အတိုင်းအတာတခုအတွင်း အားလပ်ချိန်ဆို Online access ရှိတာနဲ့သင်ယူနိုင်ပါတယ်။
Online Couse သင်တန်းတက်ပြီးရင် ဘာရမလဲ?
ကိုယ်ရွေးချယ်တဲ့ဘာသာပေါ်မူတည်ပြီး Couseတခုအောင်သွားတိုင်း အသိအမှတ်ပြု Certificate တခုမှာပါ။
သူငယ်ချင်း​တွေ​အားလုံး ခုလပိုင်း​အတွင်းဂရုစိုက်ကြပါ​​နော်... 🙏🏻🙏🏻🙏🏻 ​ အိ​လဲခု လာ​​မဲ့ခရီးစဥ်သစ်တချို့ကိုဖျက်ပြီး ​လန်​ဒန...
19/03/2020
သူငယ်ချင်း​တွေ​အားလုံး ခုလပိုင်း​အတွင်းဂရုစိုက်ကြပါ​​နော်... 🙏🏻🙏🏻🙏🏻 ​ အိ​လဲခု လာ​​မဲ့ခရီးစဥ်သစ်တချို့ကိုဖျက်ပြီး ​လန်​ဒန်မှာပဲ ကျမ်းမာစွာရှိ​နေပါတယ်... သတိရပေးကြလို့​လဲကျေးဇူးပါ​​နော်..☺️😍
Coronavirus ​​ကြောင့်​သူငယ်ချင်း​​တော်​​တော်များများထိပ်လန့်စိုးရိမ် ​နေကြတာ ​အလုပ်​တွေ စီးပွားရေး​တွေနစ်နာဆုံးရှုံး​နေတာ​တွေမြင်ရတာအိ​လဲ ​အ​​တော်စိတ်မ​​ကောင်းဖြစ်မိပါတယ်.... 🥺
အစိုးရ / reliable news source/ ကျန်းမာရေးဌာန​တွေကထုပ်​ပြန်​​တဲ့သတင်းများသာယုံ​ကြည်ပြီး ကျန်းမာရေး​အရ​ဆောင်ရွက်ရမှာ​တွေ ​အထူးလိုက်နာပေးကြပါ... ကိုကစပြီးသတင်းမှား​တွေဖြန့်​ဝေမိတာမဖြစ်​​အောင် ​အတတ်နိုင်ဆုံး​နေပေးကြပါ...
ခုထိ​​တော့ UK မှာ lock down မချသေးလို့ အိက​​တော့ပုံ​မှန်​အလုပ်သွား​နေတုန်းပါပဲ... တချို့လူဦး​ရေများ​​တဲ့company ကြီး​တွေက​​တော့​အားလုံး အိမ်က​နေပဲ​အလုပ်လုပ်ခိုင်း​နေကြပါပြီ.... အိတို့ရုံးမှာ​​တော့လူက၅ ယောက် ရှိတာ အားလုံး public transportမသုံးတာ​လဲဖြစ်လို့ နောက်​အပတ်လောက်​အထိ​​တော့ ရုံးတက်ဖို့ပြင်ဆင်ထားပါသေးတယ်....
ရုံးမသွားရ​​တော့လို့ အိမ်ကပဲ​အလုပ်လုပ်ရ​​တော့မယ်ဆိုရင်​​တော့​အချိန်ပိုလေး​တွေထွက်လာမှာ ... အဲဒီကျရင်​​တော့​အရင်ကသွားထား​​တဲ့ခရီး​အ​​တွေ့​အကြုံလေး​တွေတဝကြီးရေးဖို့စဥ်းစားထားပါတယ်...
ခုလို​အချိန်မှာ​အားလုံး ​အတက်နိုင်ဆုံး တယောက်ကိုတယောက် လူသား​ဆန်​ဆန် ဖေးဖေးမမ​​နဲ့ လိုက်နာ​ဆောင်ရွက်စရာရှိတာ​တွေ ​သေချာလိုက်နာပေးရင် မကြာခင်ဒီကပ်ဆိုးကြီးက​နေ ​​ကျော်ဖြတ်နိုင်ကြမယ်လို့အိ​​တော့ ယုံ​ကြည်ထားပါတယ်..... ​
အားတင်းထားကြ💪🏻💪🏻💪🏻
together we can overcome this very soon 🥰🥰
အိ​လဲ ခရီး​​ပြန်ထွက်ရ​​မဲ့​နေ့​တွေကို ​​အားမ လျှေါ့ ပဲ ​​စောင့်​နေပါတယ် ✈️
ဒီနှစ်​အတွက်နောက်ဆုံးခရီးစဥ်လေးမှပြန်လာ​နေပါပြီ...✈️✈️✈️အိတို့​​​တွေ၂၀၁၉ က ​​ကောင်းတာ​ ဆိုးတာ​တွေ​အကုန်နှစ်​​ဟောင်းမှာထာ...
31/12/2019
ဒီနှစ်​အတွက်နောက်ဆုံးခရီးစဥ်လေးမှပြန်လာ​နေပါပြီ...✈️✈️✈️
အိတို့​​​တွေ၂၀၁၉ က ​​ကောင်းတာ​ ဆိုးတာ​တွေ​အကုန်နှစ်​​ဟောင်းမှာထား​​ခဲ့ပြီး ၂၀၂၀ ကိုစိတ်သစ်လူသစ်​​ပျော်​​ပျော်ပါးပါးလေးစလိုက်ရ​​အောင်?? 🥰🥰🥰
Update မဖြစ်လှ​​တဲ့ဒီpage လေးကို​အမြဲဂရုတစိုက်ရှိပေးကြ​​တဲ့သူငယ်ချင်း​တွေ​အားလုံး ကို​လဲကျေးဇူးပါ​​နော် ... အိတယောက်ခရီးလွန် ​အလုပ်များပြီး page မှာပျောက်​နေရင်​တောင် ​နေ​​ကောင်း​​ရဲ့လား ?ဘာ​တွေလုပ်​နေ​လဲ​အမြဲသတင်းလာမေးကြ​​တဲ့ သူငယ်ချင်း​တွေဒီpage လေးမှာရှိ​နေလို့ ​ပြောပြမတတ်​​အောင်​ကြည်နူးရပါတယ်... ကျေးဇူး​လဲတင်ပါတယ်...
I promise.. travel review ကြွေး​တွေ ​အတတ်နိုင်ဆုံးကြိုးစားပြီး ရေးဖြစ်​​အောင်ရေးပေးပါ့မယ်​​နော်...
Happy New Year 🥳
###
Ei
(ခရီး) 💼 ✈️ —————၃ နှစ် ၄ နှစ်လောက်ရှိ​​ခဲ့ပါပြီ.. ​ဘဝ​​ရဲ့​အ​မှောင်မိုက်ဆုံး​အချိန်​တွေထဲကကြိုးစားရုံးထွက်ပြီး စိတ်​ဒဏ်...
23/12/2019
(ခရီး) 💼 ✈️
—————
၃ နှစ် ၄ နှစ်လောက်ရှိ​​ခဲ့ပါပြီ.. ​ဘဝ​​ရဲ့​အ​မှောင်မိုက်ဆုံး​အချိန်​တွေထဲကကြိုးစားရုံးထွက်ပြီး စိတ်​ဒဏ်ရာ​တွေကို ​အချိန်ယူကုစား​နေ​​တဲ့​အချိန်. ရင်ထဲမှာ ​မေ့ပျောက်ချင်တာ​တွေ ယူကြုံးမရဖြစ်​​ခဲ့တာ​တွေ မ​ကြေနပ်တာ​တွေ ​​ဒေါသ​တွေ ဝမ်းနည်း​အားငယ်မှု​တွေ​​နဲ့ အိတယောက် တကယ်ကို​အဆုံး​အစမရှိ​​တဲ့ချောက်ကြီးထဲမှာလမ်းစပျောက်​နေ​​ခဲ့တာ​​ပေါ့... ​ဒီလို​​နဲ့ဦးတည်ရာ​​မဲ့ စိတ်​ပြေလက်ပျောက်ဟိုနားစစ ဒီနားစစ ခရီးတိုလေး​တွေစထွက်ဖြစ်တယ်... တချိန်တည်းမှာပဲ ​အလုပ်က​လဲ ​ပြည်ပခရီးစဥ်​တွေဆက်တိုက်ထွက်ရ​​တော့ ခရီး​တွေလတိုင်းလိုလိုသွားဖြစ်​​ခဲ့တယ် ....✈️✈️
တနှစ်တနှစ်သွားစရာ​နေရာ​အသစ်ကလေး​တွေ ရှာ​ဖွေပြီးသွား​​ခဲ့သလို သွားဖူးပြီးသား​နေရာလေး​တွေ​လဲ​သ​ဘောကျရင် ​ပြန်သွားလည်​​ခဲ့ပါတယ်.... ​ခရီးတခုက​ပြန်လာတိုင်း​အမှတ်တရ​တွေ ​အ​​တွေ့​အကြုံသစ်​တွေ​ခံစားချက်​အသစ်​တွေ​​နဲ့ ရင်ထဲကပူ​လောင်​​​နေတာ​တွေတဖြေးဖြေး​အေးချမ်းလာတယ်.... ကိုယ့်ကိုကိုယ်ကြည့်မှု​တွေ ​..အားအင်​အသစ်​တွေ​​​လဲ​ပြန်ရလာ​​ခဲ့တယ်.... 💪🏻
ဒီလို​​နဲ့ပဲ ခရီးသွားမှတ်​တမ်းလေး​တွေ​စရေးဖြစ်​​ခဲ့တာပါ(စာရေးပျင်း​ပေ​​မဲ့😂) ​အားရင်​အားသလိုရေးပြီး အိ​​​ရဲ့အ​​တွေ့​အကြုံလေး​တွေ ကို ဒီ​နေရာလေးမှာ share ဖြစ်​​ခဲ့တယ်. .. သူငယ်ချင်းတို့​အတွက်နည်း​နည်းလေးဖြစ်ဖြစ်​​​တော့​အသုံးဝင်မယ်လို့​​မျော်လင့်ရင်း​​နဲ့​​ပေါ့.... 💓💓
​အိ​​နဲ့ခရီးတူတူလိုက်ထွက်ပေးကြ​​တဲ့သူငယ်ချင်း​တွေ​​​မောင်နှမ​တွေ​အားလုံးကို​လဲ ဒီ​နေရာလေးက​နေပဲကျေးဇူးတင်​​ကြောင်း​ပြောချင်ပါတယ်.... ​အချိန်​အတိုင်း​အတာတခု​အထိပေးပြီး အိ​​ရဲ့ “ခရီး” ​တွေမှာ​အ​​ဖော်​အဖြစ် ​အမှတ်တရ​တွေ​ဖန်တီးပေး​​ခဲ့သူများ​အားလုံး​အတွက်..... 🥰🥰🥰💓💓💓💓
Merry Christmas and Happy New Year to you all ...🎉🎉🎉🥰🥰🥰🥰🥰🥰🥰💓💓💓
###
Ei
ဒီ​နေ့ ​နေ့လည်စာစားပြီး ဗိုက်ကား​အဆီရစ်​နေတုန်း ​​မောင်လေး Henry ​​ရဲ့​​ကောင်းမှု​​နဲ့ LA ​​ရဲ့ hidden gem တခုလို့ဆိုရ​​...
12/12/2019
ဒီ​နေ့ ​နေ့လည်စာစားပြီး ဗိုက်ကား​အဆီရစ်​နေတုန်း ​​မောင်လေး Henry ​​ရဲ့​​ကောင်းမှု​​နဲ့ LA ​​ရဲ့ hidden gem တခုလို့ဆိုရ​​မဲ့ The secret swing ဆို​​တဲ့​နေရာလေးကိုသွားဖြစ်​​ခဲ့တယ်... Hidden swing လေးက Elysian Park ​​ရဲ့​တောင်ကုန်းမြင့်လေး​​ပေါ်မှာရှိတာမို့ ကားရပ်​​တဲ့​နေရာ​​ပေါ်မူတည်ပြီး ၅မိနစ်မှ ၁၀ မိနစ် လောက် hiking ​လုပ်ရင်ရောက်ပါတယ်... hiking က​လဲအဲလောက်လမ်းမကြမ်းပါဘူး... ​အေး​အေးဆေးဆေးလွယ်လွယ်ကူကူတက်သွားလို့ရပါတယ်.... public transportation ​​နဲ့ဆိုရင်​​တော့ ​​တော်​​တော်ဝေးဝေးလမ်းလျှောက်တက်ရမှာမို့သိပ်​အဆင်မ​ပြေလှဘူး... လိုက်ပို့​​မဲ့မြို့​ခံ​​မောင်လေး Henry တို့လင်မယားရှိလို့သာ ဒီလို​နေရာမျိုး​တွေ​ကို​အဆင်​ပြေ​ပြေရောက်ဖူးသွားတာပါ....
LA က​နေ မိနစ်၂၀ လောက်​​မောင်းရင်ရောက်လို့မြို့ပြက​နေခဏbreak ယူချင်ရင်သွားလို့​​ကောင်း​​တဲ့​နေရာလေးတခု​​ပေါ့​​နော်... ကားရပ်စရာ​နေရာတချို့​လဲစီစဥ်ပေးထားလို့ public holiday မဟုတ်ရင် ​အေး​အေးဆေးဆေးကားလေးရပ်ပြီး hiking လုပ်လို့ရပါတယ်.. ​တောင်​အောက်​ချေမှာ​လဲ picnic/ camping လုပ်လို့​​ကောင်း​​မဲ့ပုံလေး သစ်ပင်​တွေမြက်ခင်း​တွေ​​နဲ့.... ဘာဈေးဆိုင်မှ​အနီး​အနားမှာမရှိလို့ ​ရေ​တွေဘာ​တွေ​​တော့သယ်သွား​​ပေါ့​​နော်...
ဘာပဲဖြစ်ဖြစ် ဆီဖိုးလောက်ပဲကုန်ပြီး သက်သက်သာသာ​​နဲ့သွားလို့ရ​​တဲ့​နေရာလေး​တွေ LA မှာရှိတာ​​တော့​ကျေနပ်မိပါတယ်... ​သဘာဝတရား​တွေကို ​အ​ပြည့်​အဝ ​ခံစားရင်း ​နေ့လည်စာစားပြီးအိပ်ချင်စိတ်လေး​တွေဘယ်ရောက်လို့ရောက်သွားမှန်းမသိ... ​​ လတ်ဆတ်​အေးမြ​​တဲ့​လေကိုတဝရှူရင်း ကောင်းကင်တဆုံးငေး​မော​နေမိတယ်....
###
Ei
မ​နေ့က Hollywood sign ကြီးရှိ​​တဲ့​နေရာ ရယ် walk of fame ရှိ​​တဲ့ Hollywood မြို့ထဲရယ်ရောက်ဖြစ်​​ခဲ့တယ်... အိ​တည်း​​တဲ့ ...
11/12/2019
မ​နေ့က Hollywood sign ကြီးရှိ​​တဲ့​နေရာ ရယ် walk of fame ရှိ​​တဲ့ Hollywood မြို့ထဲရယ်ရောက်ဖြစ်​​ခဲ့တယ်...
အိ​တည်း​​တဲ့ LA - San Gabriel ဖက်က​နေ ၂၅ မိနစ်လောက်(ကားမပိတ်ရင်) ကား​​နဲ့သွားရပါတယ်... ​အရင်ဆုံး Hollywood sign ရှိ​​တဲ့ဖက်မှာ​အရင်ဓတ်ဖမ်း ပြီး​​တော့မှ Downtown မြို့ထဲပတ်..walk of fame မှာလမ်းလျှောက်ရှင်း ကိုသိ​​တဲ့cele ​တွေ​​ရဲ့ ​နေရာရောက်ရင် သ​ဘော​တွေကျပြီး ပုံလေး​တွေရိုက်လိုက်​​နဲ့ ၂ နာရီလောက်​​တော့ ​အသာလေးကုန်သွားတယ်... Oscar ဆုပေး​​ပွဲ​တွေကျင်းပတဲ့ ​Dolby theatre .. Chinese Theatre ...shopping ​လုပ်လို့ရ​​တဲ့ နေရာလေး​တွေ​​နဲ့ လည်လို့ပတ်လို့မဆိုးလှပါဘူး... Chinese Theatre ​နားတဝိုက်မှာ​​တော့ပိုပြီးနာမည်ရ​​တဲ့ cele နာမည်​တွေ​​တွေ့ရပြီး ဝေး​​တဲ့​နေရာမှာ​​တော့ ကိုတခါမှမကြားဖူး​​တဲ့ ​အနုပညာရှင်​တွေများပါတယ်....
Souvenir​​ရောင်း​​တဲ့ဆိုင်​တွေက​​တော့ဂျင်း​တွေ​​ပေါ့​​​​နော်😂😂 တခု$1 ​တောင်မ​တန်တာလေး​တွေကို $5-$10 ဈေး​တွေကပ်ပြီး ​​​ရောင်း| အလည်လာ​​တဲ့လူ​တွေက​လဲ အိမ်​ပြန်​အမှတ်တရဆိုပြီး ဘုံမဝင်ဆုံမဝင်တာလေး​တွေဝယ်မိကြတယ်😂 ...
Walk of fame နှစ်ဖက်လုံး ​အစ​အဆုံးလျှောက်ပြီး ​ပီတိ​တွေ​အ​ပြည့်​​နဲ့ Beverly Hills ဖက်ကိုဆက်သွားဖြစ်​​ခဲ့ပါတယ်.... Hollywood မှာ​နေ့တဝက်ထက်ပိုလည်စရာမရှိ... ဈေးဝယ်..club/bar သွားမယ်ဆိုရင်​​တော့ပိုကြာမှာ​​ပေါ့နော်.. photoshoot ​အတွက်ဆိုရင်​​တော့၂ နာရီက​နေ ​​​နေ့တဝက်လောက်ဆို​အချိန်​​ကောင်း​​ကောင်းလောက်ပါတယ်... Los Angeles မှာတခြားလည်စရာပတ်စရာ​တွေများ​​တော့ ၅ ရက်ပဲ​အချိန်ရ​​တဲ့အိ​အတွက်က​​တော့ Hollywood မှာ၂ နာရီ ​​ကျော်လောက်ပဲ အချိန်ပေးဖြစ်​​ခဲ့တယ်.... ​အချိန်ပိုသေးရင် energy ​လဲရှိသေးရင်Hollywood sign ရှိ​​တဲ့​တောင်​​ပေါ်ကိုhiking လုပ်ဖို့ recommend ပေးပါတယ်☺️☺️
Review ​အရှည်ကြီးရေးဖို့​အချိန်မရလို့ review notes တိုတိုလေးအိပ်ရာနိုးစ ​အချိန်လုရေးပြီး တင်ပေးလိုက်တာ😅
###
Ei
7th December မွေး​နေ့မတိုင်ခင်လေး 6th December ​အမှီ Las Vegas ကို​အပြေးသွား ✈️🇺🇸ရောက်ရောက်ချင်း impression က​​တော့ city...
07/12/2019
7th December မွေး​နေ့မတိုင်ခင်လေး 6th December ​အမှီ Las Vegas ကို​အပြေးသွား ✈️🇺🇸
ရောက်ရောက်ချင်း impression က​​တော့ city never falls asleep ​​ပေါ့​​နော်... ညဖက်၈ ခွဲ​လေယဥ်ဆိုက်တယ် ဟိုတယ်check in လုပ်ပြီး ည၁၀နာရီခွဲလောက်​အပြင်​ပြန်ထွက် တာ သန်း​ခေါင်​​ကျော်သွားလို့ (၇ ရက်ကိုကူးပြီး)မွေး​နေ့လေးကို Las Vegas strip night lights ​တွေကြားမှာစတင်လိုက်ရပါတယ်... casino ​တွေ bar ​တွေ club ​တွေ​​နဲ့​နေရာတိုင်းမှာလက်ညိုးထိုးမလွဲဘူးရှိတယ် cannabis ကဒီမှာ legal ​​ရောင်း တာမို့ဝယ်သုံးလို့ရတယ်.... 😏😏😏
တကမ္ဘာ ​​ရဲ့​နေရာ​​တော်​​တော်များများကယဥ်ကျေးမှု ဗိသုကာလက်ရာ​တွေစုထား​​တဲ့​နေရာတခုလို့မြင်မိတယ်... New York, Europe က France, Rome, Venice, Middle East Egypt စ​​တဲ့​နေရာ​တွေ တ​နေရာတည်းစုဝေး​နေသလို​ခံစားချက်မျိုးကိုပေးပါတယ်... ဒါပထမည Vegas ရောက်အိ​​ရဲ့​first night impressions ​တွေ​​ပေါ့​​နော်... 😆😆😆
အိတို့တည်း​​တဲ့hotel က Las Vegas main strip လမ်းမတန်းဖက်ဆို​​တော့သွားရလာရ​အဆင်​ပြေတယ်.... ​အားလုံးလမ်းလျှောက်သွားရုံပဲ....
ခု​​တော့ပင်ပန်းလို့ မနက်​ဆက်ကဲဖို့ရာ အားရှိ​​အောင်ခဏအိပ်လိုက်ဦးမယ်😚😚
###
Ei
Birthday wish ​တွေ​အတွက်ကျေးဇူးပါရှင်🥰🥰🥰
ဟုတ်​​ကဲ့ပျောက်​နေတာ​လဲကြာပါပြီ...😂😂သတိတရ လာလာပြီးမေးကြလို့​လဲကျေးဇူးပါ​​နော်🥰လတိုင်းခရီး​တွေဆက်လမ်း​တွေများ​​နဲ့ မွေး​န...
29/11/2019
ဟုတ်​​ကဲ့ပျောက်​နေတာ​လဲကြာပါပြီ...😂😂
သတိတရ လာလာပြီးမေးကြလို့​လဲကျေးဇူးပါ​​နော်🥰
လတိုင်းခရီး​တွေဆက်လမ်း​တွေများ​​နဲ့ မွေး​နေ့​တောင် သူငယ်ချင်းဝိုင်းတို့​​​​ရဲ့မွေး​နေ့​​နဲ့​​ပေါင်းပြီး တလကြို​စောလုပ်လိုက်ရ​​တဲ့​အထိပါပဲ... သူငယ်ချင်း​တွေစုံတုန်း တခါတည်း​အလှူလေး​လဲလုပ်ချင်တာ​​​​လဲပါတယ် နောက်လ၆ ရက်​နေ့ခရီးသွားစရာ​လဲရှိ​နေ​​​တော့ ဒီလိုပဲ ရိုးရှင်းပြီး​​ပျော်ဖို့​​ကောင်း​​တဲ့​နေ့လေးတစ်ခုဖြစ်​​ခဲ့ပါတယ်. ....(ဒီနှစ်မွေး​နေ့ Las Vegas မှာရှိမယ် ✈️🥳🥳)
တရား​လဲနာ.. ကုသိုလ​လဲလုပ်....သူငယ်ချင်း​တွေကို​​လဲအိလုပ်design ထား​​တဲ့အိတ်လေး​တွေလက်​ဆောင်ပေးလိုက်ရလို့​လဲ​အရမ်း​​ပျော်မိပါတယ်.... ​​အချိန်မရလို့အရင်လိုlive လေးလုပ်ပြီး မဲမဖောက်လိုက်ရလို့​​တော့စိတ်မ​​ကောင်းဘူး...
ခုမနက်​​တော့​အချိန်လေးလု ဒီpost လေးတင်| Black Friday Sale ​တွေonline မှာ​ကြည့်ပြီး​​ပေါ​ချောင်​​ကောင်းလေး​တွေ ရှာဝယ်လိုက်ဦးမယ်လို့😝😉😉😉 (ps adidas ​sale တွေ ​အရမ်းကို​တန်​နေတယ်😜)
### Ei
​အားလုံးကိုသတိရပါတယ်ရှင်🙏🏻🙏🏻
ပြီး​​ခဲ့​​တဲ့​အပတ် Sunday သီတင်းကျွတ်လ​ပြည့်​နေ့လေး အိမ်နားက ဘုန်းကြီး​​ကျောင်းကို ညဖက်လေး​အ​မြန်သွား ပဠာန်းရွတ် ဆီမီးပ...
17/10/2019
ပြီး​​ခဲ့​​တဲ့​အပတ် Sunday သီတင်းကျွတ်လ​ပြည့်​နေ့လေး အိမ်နားက ဘုန်းကြီး​​ကျောင်းကို ညဖက်လေး​အ​မြန်သွား ပဠာန်းရွတ် ဆီမီးပူ​​နော် ပြီး သစ်သီးကိုးမျိုးကပ်လှူ​​ခဲ့ပါတယ်....
အားလုံး​ အတွက်ဆု​တွေ​​တောင်းပေး​​ခဲ့ပါတယ်ရှင် 🙏🏻🙏🏻🙏🏻
အိ လတိုင်းခရီး​တွေပဲသွား​နေတာ​​နဲ့ ​အားကစားမလုပ်ဖြစ်လို့ ဒီခရီးမသွား​​တဲ့လမှာ​​တော့ gym ​​ဆော့ healthy food ​တွေစားပြီး ကို့body ကိုကျန်းမာ​​အောင်​ပြန်မွေးမြူ​နေရတယ်... အိတ်ဒီဇိုင်း​အသစ်​တွေ​လဲ​အားကြီးလုပ်ဖြစ်တယ်.... နောက်မှpost လေး​တွေ​​တင်ပြီး ပြမယ်​​နော်....
​အားလုံးကိုသတိရ​နေပါတယ်လို့....
🥰🥰🥰
### Ei
Hello Hello 👋 တကယ်ကြီးကိုခရီး​တွေလွန်​နေလို့ ဘာreview မှ မ​ရေးဖြစ်တာကြာပါပြီ ..  ​Review ​ကြွေး​တွေလည်ပင်းခိုက်ရင်း ​အား...
20/08/2019
Hello Hello 👋
တကယ်ကြီးကိုခရီး​တွေလွန်​နေလို့ ဘာreview မှ မ​ရေးဖြစ်တာကြာပါပြီ ..
​Review ​ကြွေး​တွေလည်ပင်းခိုက်ရင်း ​အားလုံးကိုသတိရပါတယ်လို့ 😅😅😅🥰🥰🥰🥰
ခုPrague ကိုခဏ​ရောက်​နေတယ်...
လှမှလှမြို ့​လေးက... လူ​တွေက​တော့သိပ်မ​ဖော်​ရွေလှဘူးတခြားeurope နိုင်​ငံ​တွေကလို...
message ​တွေreply တာ​နောက်ကျရင်ခွင့်လွှတ်ကြပါ​နော်😢
(Zawgyi font version)
Hello Hello 👋
###
Ei
Body bag လေးတွေခုတလောခေတ်စားလာလို့ 💥💥💥---------------------------------------------------------မနှစ်နွေဦးတုန်းက ခရီးသွား...
19/06/2019
Body bag လေးတွေခုတလောခေတ်စားလာလို့ 💥💥💥
---------------------------------------------------------
မနှစ်နွေဦးတုန်းက ခရီးသွားရင်းနဲ့ europe ဖက်မှာမထင်မှတ်ပဲ Body bag လေးတချို့တွေ့လိုက်မိတယ်။ တအားလဲစျေးကြီးတာပဲ။ (euro 200 အထက်မှာရှိတယ်အိတ်တလုံးကို)။
ဒါပေမဲ့ ကြည့်လို့တော့ထူးစမ်းနေတယ်။ ကိုယ်တိုင် personally လွယ်ဖြစ်မဲ့ ပုံမျိုးမဟုတ်သော်လဲခပ်မိုက်မိုက်ခပ်ချေချေ ဇရိုက်အိတ်လေးတစ်လုံးလို့တော့မြင်မိတယ်ပေါ့နော်။
နောက်ပြီး Asia ဖက်တွေခရီးတွေထပ်သွားပြန်တော့ military Fashion လေးတွေတဖန်ပြန်ခေတ်စားလာတာတွေ့တာနဲ့ ဒီ BODY BAG ဒီဇိုင်းလုပ်ဖို့ဖြစ်လာခဲ့ပါတယ်။
Crossbody, Bumbag ဖက်ရှင် trend ကတော့ ပိုပြီး advance ဖြစ်ဖြစ် လာတာတွေ့ရတာလဲပါတာပေါ့နော်။ Crossbody update version လို့​တောင်​ပြောရမလားပဲ...
ဒီ style မျိုးစစ ဒီဇိုင်းလုပ်လုပ်ချင်း ကိုယ့်ဖာသာကိုယ်သိပ်မသေချာခဲ့ဘူး။ ယုံကြည်မှုသိပ်မရှိခဲ့ဘူးပေါ့နော်။ 😂😂😛Market ထဲမှာလဲအရမ်းစျေးကြီး၊ မတန်တစစျေးမျိုးနဲ့ အိတ်တွေပဲတွေ့မိတော့ fast fashion ထဲ ဝယ်နိုင်လောက်တဲ့စျေးတန်တဲ့ ပုံမျိုးလေးဖန်တီးချင်ခဲ့မိတယ်။
ဒါနဲ့ပဲ sale department ဆီက budge ခွင့်ပြုချက်ရပြီး Delta 001 ကိုမနှစ်ကဆောင်းတွင်း collection မှာ ပထမဆုံး Delta range လေးအဖြစ်နဲ့ အိတာဝန်ယူရတဲ့ HXTN SUPPLY brand မှာစတင်မိတ်ဆက်ခဲ့ပါတယ်။
ခုနှစ်စမ်းပိုင်းမှာတော့ collection ထဲကို Delta 002, Delta 003 ကိုထပ်ပြီး အားဖြည့်ခဲ့တယ်။
လာမဲ့ဆောင်းတွင်းအတွက်လဲ အသစ်လေး၁လုံး ၂လုံးထပ်လာဦးမှာနော်။ 😘😘
အိကိုတိုင်လွယ်မဲ့ အိတ်မျိုးလေးမဟုတ်ပေမဲ့ စိတ်ကူးပေါက်ရာ လေးတခါတလေဒီဇိုင်းလုပ်သူ၊ များတွေဝတ်ပြီး မိုက်နေတာတွေ့တော့လဲ အကြီးကြီးကျေနပ်မိတယ်လို့။ 😁😁😁😁
သူငယ်ချင်းတို့ရော ဘယ်လို အိတ်မျိုးလေးတွေ ခုတလောမျက်စိကျနေလဲ comment box မှာမျှဝေသွားပါဦးနော်။
(Zawgyi font version)
---------------------------------------------------------
###
Ei
Address
Alerts
Be the first to know and let us send you an email when Queen Eizzy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Queen Eizzy:
  • Want your business to be the top-listed Clothing Store?
Share