09/01/2026
တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအားတည်းနဲ့မရနိုင်တဲ့ တလရညီအကိုမောင်နှမတွေရဲ့စုပေါင်းပါဝင်တဲ့အင်အားပါ…။
အားလုံးကိုလေးစားတန်ဖိုးထားကျေးဇူးတင်ပါတယ်🙇♀️
Rise With Bago Charity Mini Concert ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ချက်
~~~~~ ~~~~~ ~~~~~ ~~~~~ ~~~~~ ~~~~~
“Rise With Bago Charity Mini Concert” ကို တော်လှန်လူထုပရိသတ်များ၊ အနုပညာဝါသနာရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် စပွန်ဆာများ၏ အားပေးကူညီမှုဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။ “Rise With Bago Charity Mini Concert” အောင်မြင်စွာ ပြီးဆုံးပြီးနောက် အလှူငွေနှင့် အသုံးစရိတ်များ ကို တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု အပြည့်ဖြင့် စုစည်းစာရင်းပြုလုပ်ကာ အောက်ပါအတိုင်း ထုတ်ပြန်အပ် ပါသည်။
ဤပွဲမှ ရရှိသည့် ဝင်ငွေစုစုပေါင်းမှာ 1,632,350 ¥ ဖြစ်ပြီး၊ အဆိုပါဝင်ငွေများတွင် လက်မှတ်ရောင်းရငွေ (Ticket Sales) မှ ယန်း 923,000 ၊ အစားအသောက်ရောင်းရငွေ (Food & Drink Sales) မှ ယန်း 160,850၊ Sponsor များမှ ပံ့ပိုးပေးမှု ယန်း 450,000 အပြင် Light Stick နှင့် ပန်းကုံးရောင်းရငွေ စသည်တို့ ပါဝင်ပါသည်။
ပွဲဖြစ်မြောက်ရေးအတွက် အသုံးစရိတ်စုစုပေါင်းမှာ ယန်း 438,759 ဖြစ်ပြီး၊ Studio Rental၊ Live House Rental၊ Sound System၊ Decoration၊ Print၊ Beer ၊ Cocktail ၊ Food နှင့် ပွဲကျင်းပရန် လိုအပ်သော ပစ္စည်းအသုံးစရိတ်များအားလုံးဝယ်ယူ/ ငှားရမ်းမှုကို ထည့်သွင်းတွက်ချက်ထားပါသည်။
ဝင်ငွေများအနက်မှ စုစုပေါင်းအသုံးစရိတ်ကို ထုတ်နှုတ်ပြီးနောက် အသားတင်ဝင်ငွေ(Net Profit) အဖြစ် 1,193,591 ယန်း ကျန်ရှိပါသည်။ ယင်းမှ CDM Donation အဖြစ် 84,000 ယန်းကို ပံ့ပိုးလှူဒါန်းခဲ့ပြီး ကျန်ရှိသော 1,109,591 ယန်းကို Bago Family သို့ လူသားချင်းစာနာမှု အထောက်အပံ့အဖြစ် လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။
ယခုကဲ့သို့ “Rise With Bago Charity Mini Concert” အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းမှာ Si Taw Gyi၊ Swal၊ Ba Ba Feel၊ Ko Thu Store၊ YP2A၊ Sakura Khit နှင့် MIC Khae တို့ အပါအဝင် စပွန်ဆာများ၏ ပံ့ပိုးကူညီမှုများကြောင့် ဖြစ်သည့်အပြင်၊ အနုပညာရှင်များ/ဝါသနာရှင်များ၊ လက်မှတ် များ ကူရောင်းပေးကြသည့် တော်လှန်ညီနောင်အဖွဲ့အစည်းများ၊ Volunteer များနှင့် တော််လှန်စိတ်ဖြင့် အားပေးကြသည့် ပရိသတ်အားလုံး၏ ပါဝင်ပံ့ပိုးမှုအသီးသီးကို အထူးလေးစားစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
“Rise With Bago Charity Mini Concert” သည် ဖျော်ဖြေရေးပွဲတစ်ခုသာ မဟုတ်ဘဲ လူသားချင်းစာနာမှု နှင့် တာဝန်ယူမှုကို အခြေခံထားသော စုပေါင်းလှုပ်ရှားမှုတစ်ရပ် ဖြစ်ပါသည်။ မြန်မာပြည်သူများ၏ အနာဂတ်အတွက်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် မိမိတို့၏ ကြိုးပမ်း လှုပ်ရှားမှုများကို ဆက်လက်၍ အရှိန်အဟုန်မြှင့်ကာ အမှန်တရားအတွက် မားမားမတ်မတ် ရပ်တည် သွားမည် ဖြစ်ပါသည်။
Rise With Bago – Freedom can’t wait.
One Plus One Team