My Amekaji Receipt

My Amekaji Receipt Amekaji & thrift lover living in Japan. Posting my own pieces, prices & stories.

Converse x Stranger Thingsထွက်ထားတာတော့ကြာပါပြီ၊ Collaboration အရံဆိုပေမယ့် Stranger Things ဆိုတဲ့ Label ရယ် ကြိုးအပိုတစ...
08/07/2026

Converse x Stranger Things

ထွက်ထားတာတော့ကြာပါပြီ၊ Collaboration အရံဆိုပေမယ့် Stranger Things ဆိုတဲ့ Label ရယ် ကြိုးအပိုတစုံပါတာရယ်ကလွဲပြီး ဘာမှမထူးခြားပါဘူး။

စျေးကလဲ ပုံမှန် ALL STAR ထက်၂ဆဆိုတော့ ရိုးရိုး ALL STAR ဝယ်စီးတာပဲပိုတန်ပါမယ်။ ကျွန်တော်ကတော့ လေလံဝင်ဆွဲရင်း ¥5ထောင်ကျော်နဲ့ရလို့သာ တန်သွားတာပါ။

Stranger Things fan ဆိုရင်တော့ နောက်ပိုင်းထွက်ထားတဲ့ Stranger Things collab တွေက ပိုမိုက်ပြီး ပိုလှပါတယ်။

Mbbcar🔥
20/05/2026

Mbbcar🔥

ဒါကတော့ ကျွန်တော် Language School ကျောင်းဆင်းပွဲမှာ ဝတ်ခဲ့တဲ့ suit တရုတ် Website တွေလျှောက်ကြည့်ရင်း “Paper” ဆိုတဲ့ဆိုင်...
19/05/2026

ဒါကတော့ ကျွန်တော် Language School ကျောင်းဆင်းပွဲမှာ ဝတ်ခဲ့တဲ့ suit

တရုတ် Website တွေလျှောက်ကြည့်ရင်း “Paper” ဆိုတဲ့ဆိုင်က Classic silhouette တွေ၊ old money vibe နဲ့ vintage style suit တွေများပြီး design တွေက တော်တော်လေးမိုက်တယ်။

အစကတော့ ဈေးတန်လွန်းနေလို့ quality ကို သိပ်မမျှော်လင့်ဘဲ စမ်းမှာကြည့်လိုက်တာ တကယ်ရောက်လာတဲ့အချိန်မှာတော့ fabric texture ကအစ detail တွေအထိ ထင်ထားတာထက် ပိုကောင်းနေတယ်။

China to Japan အိမ်အရောက်မှ ယန်း၁သောင်းလောက်ပဲကျတာဆိုတော့ စျေး နဲ့ quality ကိုယှဉ်ရင် တော်တော်တန်တဲ့ suit လို့ခံစားရတယ်။

စိတ်ဝင်စားတယ်ဆိုရင် ညွှန်ပေးပါမယ်။ 🕴️

ဒီ Jacket ကိုကြိုက်တဲ့အချက်တွေပြောရမယ်ဆိုရင်- Harris Tweed label ပါတာကြောင့် 🏴󠁧󠁢󠁳󠁣󠁴󠁿Scotland ကကျွန်းသားတွေ handwoven လုပ...
08/05/2026

ဒီ Jacket ကိုကြိုက်တဲ့အချက်တွေပြောရမယ်ဆိုရင်

- Harris Tweed label ပါတာကြောင့် 🏴󠁧󠁢󠁳󠁣󠁴󠁿Scotland ကကျွန်းသားတွေ handwoven လုပ်ထားတဲ့ wool🐏

- Lee ရဲ့ higher-end line ဖြစ်တဲ့ Lee 101

- cowboy, workwear style classic jacket model ဖြစ်တဲ့ Storm Rider🐎

- 19ရာစုက Scotlandတွေရဲ့ houndstooth pattern 🔵

- Corduroy collar ရဲ့အရောင်၊ blanket lining ပါတာရယ် Wool ထူတာရယ်ကြောင့် တော်တော်နွေးတယ်

ခုနောက်ပိုင်း Denimတွေပဲဝယ်မိတာများနေလို့ Original Storm Rider တွေနဲ့ကွဲထွက်နေတာမျိုးကို ပိုရှာကြည့်ဖြစ်တယ်။

Trying something new ပါ brotherတို့✌🏽

Storm Riderဆို တော်တော်များများက Denimသားနဲ့Storm Riderတွေလောက်ပဲပြေးမြင်ကြတယ်။ ကိုယ်က Vintage မှဘာညာမရွေးရင် ဒီလိုလန်းတ...
21/02/2026

Storm Riderဆို တော်တော်များများက Denimသားနဲ့Storm Riderတွေလောက်ပဲပြေးမြင်ကြတယ်။ ကိုယ်က Vintage မှဘာညာမရွေးရင် ဒီလိုလန်းတဲ့Storm Riderတွေလဲ တပုံတပင်ကြီးပါ။ မတူတာတွေစမ်းပြီးဝတ်ကြည့်သင့်တယ်။

Storm Rider vibe ရအောင်လို့ နှင်းကျတုန်း အပြေးအလွှားထွက်ရိုက်ထားတာ။ 🤠Storm Riderကိုအတွင်း Blanket ပါလို့နွေးမယ်မထင်နဲ့နေ...
10/02/2026

Storm Rider vibe ရအောင်လို့ နှင်းကျတုန်း အပြေးအလွှားထွက်ရိုက်ထားတာ။ 🤠

Storm Riderကိုအတွင်း Blanket ပါလို့နွေးမယ်မထင်နဲ့နော်၊ အနောက်နိုင်ငံကဘဲတွေက အထပ်အထပ် Layering လုပ်ပြီးဝတ်တာမလို့ အေးတဲ့နေရာတွေကိုတောင့်ခံနိုင်တဲ့ပုံပေါက်နေတာ။ တထည်တည်းသာဝတ်ကြည့် ဟိုကြယ်သီးပေါက်က လေတိုး၊ ဒီကြယ်သီးပေါက်က လေတိုးနဲ့ ထူသလိုလိုနဲ့မနွေးတဲ့ကောင်။

လွန်ခဲ့တဲ့၁ပတ်ကျော်လောက်ကတည်းက Mbbcar ရဲ့မြင်းနှစ်တွေစရောင်းနေပြီနော် လိုချင်တဲ့သူတွေဆွဲထားကြ sold out တာမြန်တယ်။ Adminတ...
10/02/2026

လွန်ခဲ့တဲ့၁ပတ်ကျော်လောက်ကတည်းက Mbbcar ရဲ့မြင်းနှစ်တွေစရောင်းနေပြီနော် လိုချင်တဲ့သူတွေဆွဲထားကြ sold out တာမြန်တယ်။ Adminတောင် Restock ပြန်ဝင်မှာစောင့်နေတာ၊ နောက်တော့ဝယ်လို့ရသွားပါပြီ😁

Pherrow’s 1991-2006 15th anniversary limited editionတော်တော်များများနဲ့စိမ်းတဲ့ brand တခုလို့ပြောရမယ်။ Pherrow’s ကိုမသိရ...
08/02/2026

Pherrow’s 1991-2006 15th anniversary limited edition

တော်တော်များများနဲ့စိမ်းတဲ့ brand တခုလို့ပြောရမယ်။ Pherrow’s ကိုမသိရင်တောင် Military & vintage items တွေကို museum level accuracy နဲ့ copy လုပ်တဲ့ The Real McCoy’sကိုတော့သိလောက်ကြမှာပါ။

Pherrow’s ရဲ့ founder👉🏼 Masahiro Shimura (志村昌洋)ဆိုတာ The Real McCoy’s ကို စတင်တည်ထောင်တဲ့ founding member တစ်ယောက် ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ သူ့ကိုယ်ပိုင် brand လုပ်ချင်လို့ 👉🏼Pherrow’s ကိုစတင်ခဲ့တာ။ ဒါကြောင့် Pherrow’s နဲ့ McCoy’s ကြားမှာ direct family connection ရှိတယ် လို့ပြောလို့ရတယ်။

Pherrow’s ရဲ့Vintage inspirationက modern fit + everyday wear ဘက်သွားတယ်။
• စျေးနည်းနည်းပို affordableတယ်
• design ပို playful ဖြစ်တယ်

အကျဉ်းချုပ်ပြောရရင်
McCoy’s = super strict historical copy
Pherrow’s = vintage feeling + modern comfort

Pherrow’s က everyday wear လို့ပိုအဆင်ပြေတယ်။
Trend fashion မလိုက်ဘူး၊ အချိန်ကြာသုံးလို့ရတဲ့ timeless design + durable quality ကို အဓိကထားတယ်။

Pherrow’s ရဲ့ famous line တစ်ခုက

⭐ STORMY BLUE
• Japanese selvedge denim
• vintage fade
• old Levi’s style inspiration
• strong fabric, long lasting

Denim lover တွေကြားမှာ reputation ကောင်းတယ်။

Heritage beginners အတွက် perfect brand တစ်ခု။

Brave Star Selvage⭐️ Badlands Jacket15oz nep selvage denimMade in Los Angeles🇺🇸
06/02/2026

Brave Star Selvage⭐️ Badlands Jacket

15oz nep selvage denim
Made in Los Angeles🇺🇸

ပုံမှန်ဆို ဘောင်းဘီဘယ်လောက်ရှည်နေနေ ခေါက်ဝတ်ဖို့ပဲတွေးတယ်။ Length ဖြတ်ပစ်ရမှာနှမြောတယ်။ ဒီတခါတော့ Momotaro ရဲ့Classic St...
05/02/2026

ပုံမှန်ဆို ဘောင်းဘီဘယ်လောက်ရှည်နေနေ ခေါက်ဝတ်ဖို့ပဲတွေးတယ်။ Length ဖြတ်ပစ်ရမှာနှမြောတယ်။ ဒီတခါတော့ Momotaro ရဲ့Classic Straight ကိုဖြတ်ပစ်တာ တော်တော်မိုက်တယ်ပြောရမယ်။

Baggy ဆန်သွားသလိုပဲ။ Sneaker တွေနဲ့တွဲလို့ကောင်းသွားတယ်။

Selvedge ဖော်ချင်ရင်လဲ ခေါက်လို့ရသေးတယ်။ Straight ဆန်သွားမယ်။ တထည်တည်းနဲ့ Cutting နှစ်မျိုးဝတ်လို့ရပေါ့။

住所

Numazu-shi, Shizuoka

ウェブサイト

アラート

My Amekaji Receiptがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する