Myat - Chasing Dreams

Myat - Chasing Dreams Sharing knowledge of Fashion Design , Sewing & Studying abroad

သူများဝတ်ဖို့ပဲ ချုပ်တတ်တာ။ ကိုယ့်အတွက်ကိုဆို သူများဆီမှာ ပြန်သွားအပ်တာပါ။ 😛
30/03/2026

သူများဝတ်ဖို့ပဲ ချုပ်တတ်တာ။ ကိုယ့်အတွက်ကိုဆို သူများဆီမှာ ပြန်သွားအပ်တာပါ။ 😛

Suit ချုပ်ရတာလက်ဝင်ပြီး အချိန်ကြာပြီး အလုပ်ရှုပ်။ အားတဲ့နေ့မှ ကိုယ့်ဆိုဒ်နဲ့ကို ချုပ်ဦးမယ်။ 🪡 🧵
15/09/2025

Suit
ချုပ်ရတာလက်ဝင်ပြီး အချိန်ကြာပြီး အလုပ်ရှုပ်။
အားတဲ့နေ့မှ ကိုယ့်ဆိုဒ်နဲ့ကို ချုပ်ဦးမယ်။
🪡 🧵

Wool coat ..🪡 🧵 ချုပ်ထားတာ Model Sizeဆိုတော့ ကိုယ်လည်းဝတ်မရ။ အကုန်သိမ်းထားရ။
14/09/2025

Wool coat ..🪡 🧵
ချုပ်ထားတာ Model Sizeဆိုတော့ ကိုယ်လည်းဝတ်မရ။ အကုန်သိမ်းထားရ။

ပုံကြမ်း။  လုပ်လက်စတွေ အပြီးသတ်တဲ့နေ့ကျ တခုခုတော့ တင်ဖြစ်မှာပါ။ 🥹
11/09/2025

ပုံကြမ်း။ လုပ်လက်စတွေ အပြီးသတ်တဲ့နေ့ကျ တခုခုတော့ တင်ဖြစ်မှာပါ။ 🥹

ကျောင်းတုန်းက ချုပ်ထားတဲ့ Oufitလေးချင်းလုံချည်နဲ့ wool နဲ့ တွဲထားပေးတာ   .
08/09/2025

ကျောင်းတုန်းက ချုပ်ထားတဲ့ Oufitလေး
ချင်းလုံချည်နဲ့ wool နဲ့ တွဲထားပေးတာ .

အရင်ကတော့ တော်တော်လေး ကြိုးစားပြီး လုပ်ဖြစ်ပါတယ်သူများတွေကိုလည်း တော်တော်တိုက်တွန်းတယ် အခုတော့ ပင်ပန်းပြီး ကိုယ်တိုင်လည်...
07/09/2025

အရင်ကတော့ တော်တော်လေး ကြိုးစားပြီး လုပ်ဖြစ်ပါတယ်
သူများတွေကိုလည်း တော်တော်တိုက်တွန်းတယ်
အခုတော့ ပင်ပန်းပြီး ကိုယ်တိုင်လည်းမလုပ်ချင်တော့သလို သူများတွေလည်း သိပ်မတိုက်တွန်းချင်တော့ဘူး။ ကိုယ့်စိတ်နဲ့ကို လုပ်ရတာနဲ့ အလုပ်ခွင်နဲ့က အများကြီးကွာခြားတယ်။ စိတ်ကူးပေါက်မှ တခုပြီးတခုပြောင်းခဲ့တဲ့ အလုပ်တွေအကြောင်း ပြန်ပြောပြဦးမယ်။

ဂျင်းဘောင်းဘီ မှန်ကန်တဲ့စက်သုံးရင် ချုပ်ရတာ လွယ်ပါတယ် တော်တော်ကိုလွယ်တာပါ
07/09/2025

ဂျင်းဘောင်းဘီ မှန်ကန်တဲ့စက်သုံးရင် ချုပ်ရတာ လွယ်ပါတယ် တော်တော်ကိုလွယ်တာပါ

07/09/2025

အကြီးဆုံး Uniqlo

📕 ဂျပန်နိုင်ငံမှာ Fashion School တက်မယ်ဆို ကုန်ကျစရိတ်ဘယ်လောက်ရှိလဲနဲ့ ဘယ်လိုကျောင်းမျိုး ရွေးချယ်ရမလဲ????      ဂျပန်နို...
06/09/2025

📕 ဂျပန်နိုင်ငံမှာ Fashion School တက်မယ်ဆို ကုန်ကျစရိတ်ဘယ်လောက်ရှိလဲနဲ့ ဘယ်လိုကျောင်းမျိုး ရွေးချယ်ရမလဲ????

ဂျပန်နိုင်ငံက Asia မှာဆိုရင် Fashion ပိုင်းတော်တော်ရှေ့ရောက်နေပြီဖြစ်သလို Fashion School တွေလည်း အများကြီးရှိပါတယ်။ ဘာတွေလဲဆိုရင် Bunka Gakuen University, Bunka Fashion College, Esmod Japon, Mode Gakuen, Vatan Design Institute, Sugino Fashion College, Tokyo Design Gakuin College, Ueda College of Fashion, Joshibi University of Art and Design, Tokyo Business School, Tama Art University, Kyoto University of Art And Design စသည် စသည်ဖြင့် အများကြီးရှိပါတယ်။ ဒီထဲမှာမပါသေးလည်းကျောင်းတွေလည်းရှိပါသေးတယ်။ ကျောင်းတွေအားလုံးအကြောင်းမဟုတ်ပေမယ့် နည်းနည်းလေး မြတ်သိသလောက်လေးနဲ့ Personallyသဘောကျတဲ့ကျောင်းတွေအကြောင်းပဲရေးပါ့မယ်။ ကျောင်းတက်ဖို့ဘယ်လောက်ကုန်မလဲ ဘယ်ကျောင်းကို ရွေးချယ်သင့်လဲ ဘာညာပေါ့။

( 1 ) ဒီထဲမှာ Bunka Fashion College က Global Ranking အမြင့်ဆုံးပါ။ Fashion Field ထဲမှာဆို Europe က Schoolတွေနဲ့အပြိုင်ကို ထိပ်ပိုင်းမှာရှိပါတယ် ။ သူက College နဲ့ University ဆိုပြီး နှစ်ခုရှိပါတယ်။ Bunka Fashion College က ဂျပန်နိုင်ငံရဲ့ပထမဆုံး Fashion School ပါ။ အဲ့မှာ Fashion Creation, Fashion Technology, Fashion Marketing and Distribution, Fashion Accessories and Textiles ဆိုပြီး Dept လေးခုနဲ့ Courseတွေအမျိုးမျိုးရှိတာကြောင့် တခုထဲကို သေသေချာချာသင်ချင်တဲ့သူတွေတက်သင့်ပါတယ်။ Designer or Patternerဆို Fashion Creation , Stylistလုပ်ချင်တယ်ဆို Fashion Marketing and distribution ကိုယူပေါ့ ။ အဲလို သေသေချာချာရွေးလို့ရပါတယ် ။ ကျောင်းလျှောက်ဖို့အတွက် N2 Level or Eju 200မှတ်အထက်လိုပါတယ်။ ဂျပန်မှာ Language School တက်ထားရင်တော့ n2တွေဘာတွေ မလိုဘူးထင်ပါတယ်။ bunka မှာပဲ Janapanese Language Schoolလည်းရှိတာမို့ Bunkaကိုတက်ချင်ရင် အဲက Language Schoolကိုတက်တာပိုပြီးအဆင်ပြေမယ်ထင်ပါတယ်။ University မှာဆိုရင် ၁၂နှစ်နဲ့ညီမျှနဲ့အထက်တန်းပညာရေးပြီးဆုံးကြောင်းလက်မှတ်တို့ဘာတို့လိုပါတယ်။ အသေးစိတ်ကျောင်းWebsite မှာကြည့်ပါနော်။ ကျောင်းလခက ပထမတစ်နှစ်မှာကို Courseအပေါ်မူတည်ပြီး ပထမနှစ်ကို 1270000¥ကနေ 148000¥အထိရှိပါတယ်။ နောက်နှစ်တွေကျရင်တော့ကျောင်းဝင်ကြေး( 260000¥ or 300000¥ ) လျော့သွားမှာပါ။ Coursesအပေါ်မူတည်ပြီး ၃နှစ် ၄နှစ် ကြာပါတယ်။ College မို့ Diploma or Advance Diploma ရမှာပါ။ Degreeရချင်တာဆိုရင်တော့ University ဘက်ကိုသွားပါ။ ဒါပေမယ့် University ကကျ လက်မှုပညာကိုသေချာသင်ရတာမျိုးမဟုတ်ပဲ စာဘက်ကို ပိုအားသန်ပါတယ်။ လက်တွေ့သေသေချာချာ လုပ်ချင်တယ်ဆို College ကိုပဲတက်ပါ။

အားသာချက်က Ranking မြင့်တယ်။ Department တွေများသလို ဘာသာရပ်တွေအများကြီးရှိလို့ ကိုယ်သင်ချင်တာကိုသေသေချာချာရွေးလို့ရတယ် ။

အားနည်းချက်က လူအရမ်းများတော့ စက်တွေဘာတွေသုံးတဲ့အခါ မလောက်တာတို့ ၊ ကျောင်းသားတွေကို သေချာဂရုမစိုက်ပေးနိုင်တာတို့ရှိတယ်လို့ကြားပါတယ်။

( 2 ) Esmod Japon

မြတ်လက်ရှိတက်နေတဲ့ကျောင်းပါ ။ ပြင်သစ်ကကျောင်းဖြစ်ပြီး ကမ္ဘာ့ပထမဆုံးFashion Schoolပါ။ ဒီကျောင်းက သုံးနှစ်တက်ရပါတယ် ။ Department ကလည်း တခုထဲရှိတာပါ။ ရွေးစရာများများမရှိဘူးပေါ့နော် ။ ပထမနှစ်နဲ့ ဒုတိယနှစ်ကို English လိုယူလို့ရပါတယ်။ တတိယနှစ်ကို ပြင်သစ်မှာသွားတက်မယ်ဆို ပြင်သစ်စာအတန်းပါတွဲယူပါ။ ဂျပန်မှာတက်မယ်ဆိုရင်တော့ ဂျပန်စာလုပ်ပေါ့နော်။ Japanese Classတော့သီးသန့်မရှိပါဘူး။ ဂျပန်နိုင်ငံမှာ Language School ၆လအထက်တက်ထားရင်ဖြစ်ဖြစ် Jlpt N2 Level ရှိရင် ကျောင်းလျှောက်လို့ရပါတယ် ။ ကျောင်းတက်နေရင်းနဲ့ CNAM ဆိုတဲ့ Bachelor Programပါ တွဲယူလို့ရတာမို့ နည်းနည်းပင်ပန်းပေမယ့် သုံးနှစ်နဲ့ဘွဲ့ရမှာပါ။ မြတ်ကိုယ်တိုင်လည်း ယူထားပါတယ်။ မယူလည်း ရပါတယ် Diploma ရမှာပါ။ Department တွေအများကြီးမရှိလို့ ကျောင်းက ခွဲမသင်ပါဘူး အကုန်လုပ်ရပါတယ်။ Fashion design, drawing and pattern , Cad , sewing အဲဒါတွေကသေချာလုပ်ရပါတယ်။ Fashion History, Marketing နဲ့ Textile ကတော့ သိပ်အများကြီးမသင်ရပါဘူး ။

အားနည်းချက်က Department တွေအများကြီး မရှိလို့ Coursesတွေ ရွေးစရာမရှိပါဘူး။ အရမ်းပင်ပန်းပါတယ်။ တဝက်တပျက်နဲ့ရပ်သွားတဲ့သူတွေမနည်းပါဘူး။

အားသာချက်က ကျောင်းကသေးတော့ ဆရာမတွေက သေချာဂရုစိုက်ပါတယ်။ English လိုသုံးလို့ရပြီး ဆရာမတွေကအစ ဂျပန်တွေချည်းမဟုတ်တော့ Communication လုပ်ရတာ ပိုလွယ်ပါတယ်။ Esmod က ကျောင်းပြီးတဲ့အခါ အလုပ်ရတဲ့ Rating တော်တော်ကောင်းပါတယ်။ 90%အထက်မှာရှိပါတယ်။အလုပ်ရှာတာကိုလည်း ကျောင်းဘက်က သေချာပြင်ဆင်ပေးပါတယ်။ Resume , Portfolioတွေစစ်ပေးရုံတင်မကဘူး အင်တာဗျူးပါ လေ့ကျင့်ပေးပါတယ်။ ရော့ အင့် နဲ့အလုပ်သွင်းပေးတာမဟုတ်လို့ ကိုယ့်ဘက်ကတော့ကြိုးစားရမှာပေါ့နော်။ မြတ်ဆို March မှ Graduation လုပ်မှာကို Augustထဲက Patterner အနေနဲ့ အလုပ်ရနေပါပြီ။

Esmodကို ရွေးတက်ရတဲ့အကြောင်းကလည်း အလုပ်သေချာရှာပေးတာရယ် ။ English လို ပြောလို့ရတာရယ်ကြောင့်ပါ။ တတ်လို့မဟုတ်ပါဘူး လေ့ကျင့်ချင်လို့ပါ။ 😛😛😛😛😛😛😛

ကျောင်းလခက ပထမနှစ်ကို ကျောင်းဝင်ကြေးအပါအဝင် 1612000¥ပါ။ ဒုတိယနှစ်နဲ့ တတိယနှစ်ကတော့ ကျောင်းဝင်ကြေး 300000¥လျော့သွားပါမယ် ။ Bechelor Program က 400000¥ပါ။ ဘွဲ့ရဖို့အတွက် ကျောင်းလခစုစုပေါင်း 4636000¥ ကုန်ကျပါတယ် ။ Plusအနေနဲ့ ပထမနှစ်မှာစာအုပ်တွေနဲ့ပစ္စည်းတွေဝယ်ရတာ150000¥ နဲ့ ကွန်ပျူတာ လိုပါတယ်။

( 3 ) Tokyo Business School

ဒီကျောင်းက Fashion Schoolတော့မဟုတ်ပါဘူး။ သူက Businessပိုင်းပါ။ Bachelor of Art and Design Management တို့ဘာတို့ ယူချင်တယ်ဆို ဒီလိုကျောင်းမျိုးရွေးချယ်စရာရှိပါတယ်။ Graduate ကနေ Master တွေ MBAတွေပါရှိပါတယ်။ အသေးစိတ်ကို ကျောင်းWebsite မှာ သွားကြည့်ပါနော်။

မြတ်သိသလောက်ပဲရေးပေးတာမို့ ဒါက လုံးဝပြီးပြည့်စုံတာတော့မဟုတ်ပါဘူးနော်။ ကိုယ်တကယ်တက်မယ်ဆို သေသေချာချာ Googleထပ်လုပ်ပါ။ ။ တကယ်တက်မယ်ဆို မြတ်ကိုလာတိုင်ပင်လို့လည်းရပါတယ် သိသလောက်တော့ ကူညီပေးပါ့မယ်။ ကျောင်းတွေကများတာမို့ ကိုယ်တက်ချင်တဲ့ဘာသာရပ်အပေါ်မူတည်ပြီး ကျောင်းရွေးသင့်ပါတယ်။ Textileတို့ဘာတို့ဆို Tama Art University တို့ဘာတို့ရှိပါသေးတယ်။ အကြမ်းဖျဉ်းအနေနဲ့ကတော့ ဂျပန်မှာ Fashion ကျောင်းတက်မယ်ဆို ကုန်ကျစရိတ်ကဒီလောက်လောက်ရှိတယ် ။ ဒီလိုမျိုးလေးတွေရွေးလို့ရတယ်ဆိုတာ သိသလောက်လေး Sharing လုပ်ပေးတာပါ။ တခြားသိချင်တာရှိရင်လည်း Commentချန်ထားခဲ့ပြီးမေးလို့ရပါတယ်နော်။

နောက် Blog တွေမှာလည်း Fashionနဲ့ပတ်သက်တာလေးတွေကို ရေးမှာမို့ နောက်ထပ်Blogလေးတွေမြင်အောင် Page ကို Like& See First လုပ်ထားပါလို့….တခြားသူငယ်ချင်းတွေပါသိရအောင် Share ပေးမယ်ဆိုရင်လညိး အတိုင်းထက်အလွန်ကျေးဇူးပါလို့…😍😍😍😍😍

05/09/2025

Embroidery Stitches 🪡 🧵

App For Fashion Students and Fashion Designers 📕✍️✍️✍️🪡🪡🎓🥼👗မင်္ဂလာပါရှင်။  My Chasing Dreamsကနေ ကြိုဆိုပါတယ်။ Fashion De...
05/09/2025

App For Fashion Students and Fashion Designers

📕✍️✍️✍️🪡🪡🎓🥼👗

မင်္ဂလာပါရှင်။ My Chasing Dreamsကနေ ကြိုဆိုပါတယ်။ Fashion Designerတယောက်အနေနဲ့ဖြစ်ဖြစ် Fashion School တက်နေတဲ့သူပဲဖြစ်ဖြစ်သုံးသင့်တဲ့Appလေးတွေအကြောင်းပါ။
Activeဖြစ်အောင် အရင်ကပို့စ်ကိုပြန်တင်တာမို့ ခေတ်မှီသေးလားတော့မသိပါဘူး။ 😛

1. Pinterest

အားလုံးလည်းသုံးနေကြမယ်လို့ထင်ပါတယ်။ Ideaအသစ်အဆန်းတွေရဖို့ Research လုပ်လို့ကောင်းတယ်။ ပုံတွေကို Collection အနေနဲ့ Album အလိုက် Saveလုပ်ထားလို့ရသလို၊ ပုံတပုံရှာတာနဲ့ ပုံစံတူတွေအများကြီးထွက်လာပြီး တကယ်ကို အချိန်အများကြီးမကုန်ပဲ Data Collecting လုပ်နိုင်တဲ့ Appပါ ။

2. Procreate

ဒါက ပုံဆွဲတဲ့Appပါ ။ ဒီApp ကတော့ ဝယ်ရပါတယ်။ ဂျပန်ယန်း၁၂၀၀လားမသိဘူး ပေးရပါတယ်။ တခါပဲဝယ်ရတာမို့ တန်ပါတယ်။ ပုံဆွဲရတဲ့Appမို့ Ipadရှိမှပဲ သုံးလို့အဆင်ပြေမယ်ဆိုပေမယ့် မသိသေးတဲ့သူတွေသိအောင်ပါနော်။ ကိုယ်သုံးမဲ့Fabric Textileတွေဘာတွေဆို ပုံရိုက်ပြီး အလွယ်တကူနဲ့ Sketch မှာ ထည့်လို့ရသလို Color penနဲ့ဆွဲသလို မှားတိုင်း အစကနေပြန်စစရာမလိုတာမို့ တော်တော်အချိန်ကုန်သက်သာတဲ့Appပါ။

❗️PS!
Sketch နဲ့ ibis paint x ဆိုတဲ့ Appလည်းသုံးဖြစ်ပါတယ်။ Free Download လို့ရတာမို့ မဝယ်ချင်ရင် ဒီနှစ်ခုထဲကတခုသုံးကြည့်ပါနော်။ ibis paintက Only Japanese Version ပါနော်။

3. Vouge Runway

Fashion နဲ့ပတ်သက်တဲ့သတင်းတွေ အသစ်အသစ်သော Designer Collection တွေနဲ့ Runway ပုံတွေ ကြည့်လို့ရတဲ့ Appပါ ။ Fashion Field ထဲမှာ အလုပ်လုပ်မယ်ဆို ကြည့်ကိုကြည့်သင့်ပါတယ်နော်။

4.Instagram

သုံးစေချင်လို့တမင်ထည့်ရေးတာပါနော်။ မြန်မာမှာ Facebook ကပိုအသုံးများပေမယ့် Modelတွေ Clothing Brandတွေရဲ့ Update ဖြစ်တဲ့ စတိုင်တွေ သတင်းတွေ အကျီဒီဇိုင်းတွေကို Instagram မှာပဲ အများဆုံးတွေ့ရမှာပါ။ အကုန်သာ Follow လုပ်ကြီး အကုန်ကြည့်ပေတော့ပဲ။

5. Art Authority

Classic Painting တွေ နဲ့ Art work တွေကို ပြတိုက်သွားစရာမလိုပဲ Quality ကောင်းကောင်းနဲ့ကြည့်ရမဲ့Appပါ။ ဝယ်ရတယ်ဆိုပေမယ့် ပြတိုက်တခါဝင်ကြေးဖိုးတောင်မရှိတာမို့ သုံးပျော်ပါတယ်။ Portfolio အတွက် အများကြီး Inspiredဖြစ်သလို Fashion History ကို နားလည်ဖို့လည်း အထောက်အကူဖြစ်ပါတယ်။

6. Illustrator ( or Adobe Creative Cloud )

မြတ်ကတော့ ဒီ AppကိုFlat Drawing ဆွဲတဲ့အချိန်မှာ သုံးတာများပါတယ်။ သူကကျွမ်းကျင်မှုအပေါ်မူတည်ကြီး အမျိုးမျိုးသုံးလို့ရသလို တရားဝင်ဝယ်သုံးရင်တော့ နည်းနည်းလည်းစျေးကြီးပါတယ် ။ Creative Cloud အကောင့်တခုကို Registration လုပ်ပြီး Adobeက Appတွေကို Computer မှာကော Ipadမှာကော သုံးလို့ရပါတယ်။ Video Editing တွေကော Photoshop တွေကော ပါပြီးသားပါ။ ကျောင်းသားကဒ်နဲ့ဝယ်သုံးရင်တော့ တန်ပါတယ်။ legalမဟုတ်ပေမယ့် သုံးတတ်ရင်Crack Versionက တန်ပါတယ်။ အလကားမို့ပါ။ 😛😛😛

7. Fashion Design FlatSketch

Flatsketch Design တွေ အများကြီးရှိတာမို့ အဲဒါတွေသုံးပြီး ကိုယ့်စိတ်ကြိုက်ဖန်တီးကြည့်လို့ရပါတယ်။ အကျီချုပ်မယ်ဆို ဒီဇိုင်းကိုကြည့်လိုက်တာနဲ့နားလည်ရလွယ်သလို
Flat Drawing လုပ်တဲ့အခါမှာလည်း အများကြီး Inspired ဖြစ်တဲ့ Appပါ။

8. Pantone

Color Story and Color Palette လုပ်ဖို့ အဆင်ပြေတဲ့ Appပါ။ Color နံပါတ်တွေလည်းရှိတာမို့ Textile အတွက် အရောင်ရွေးရင်လည်း လွယ်ကူတာမို့ သုံးသင့်ပါတယ်။

တခြားအဆင်ပြေတဲ့ ကောင်းတဲ့ App တွေလည်းအများကြီးရှိပါသေးတယ်နော်။ မြတ်ကိုယ်တိုင်သုံးနေတာတွေနဲ့ သိသလောက်ပဲ Shareပေးတာမို့ 100% Perfect တော့မဟုတ်ပါဘူးနော်။ App Logoလေးတွေမြင်အောင် Screenshot ပုံလေးထည့်ထားပါတယ်။ သိသလောက်လေး Share လုပ်ပေးတာမို့ တခြားသိချင်တာရှိရင် Comment ချန်ထားခဲ့ပြီးမေးလို့ရပါတယ်။

😍😍😍😍😍😍

住所

Shibuya-ku, Tokyo
1640001

ウェブサイト

アラート

Myat - Chasing Dreamsがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Myat - Chasing Dreamsにメッセージを送信:

共有する