NYEIN fashion

NYEIN fashion NYEIN fashion မှ ကြိုဆိုပါတယ်ရှင့္💙

17/08/2024

ငွေဝင်ကြမ်းဖို့ ချမ်းသာဖို့ သိထားသင့်တဲ့အကြောင်းတွေ ပြောပြထားပါတယ်။ဗေဒင် ဟောစာတမ်း ယတြာ အစီအရင်များနဲ့ ဗ.....

14/08/2024
 #အချစ်ဆုံး ချစ်ခင်ပွန်း ဖတ်ကြည့်ပေးပါ.... #မိသားစုအတွက်အပြုံး #မိန်းမ ရော့မင်းကြိုက်တာဝယ်ကြိုက်တာသုံးဆိုတဲ့၊စကားထက်.......
23/12/2023

#အချစ်ဆုံး ချစ်ခင်ပွန်း ဖတ်ကြည့်ပေးပါ....

#မိသားစုအတွက်အပြုံး

#မိန်းမ ရော့မင်းကြိုက်တာဝယ်
ကြိုက်တာသုံးဆိုတဲ့၊
စကားထက်....
မိန်းမ အပြင်အတူသွားကြမယ်လေ
ပြင်ဆင်လိုက်၊
ဘာလိုချင်လည်း လိုက်ဝယ်ပေးမယ်ဆိုတဲ့၊
စကား အသုံးပြုမှုလေးက
ပိုနွေးထွေးကျေနပ်စေရတာပါ။

#မိန်းမ စားနှင့်ကွာ ဝမ်းမှမဆုံတာဆိုတဲ့၊
စကားထက်.....
မိန်းမခဏတော့စောင့်ပေးနော်၊
ဗိုက်ဆာပေမယ့်
အလုပ်မပီးသေးလို့ပါဆိုတဲ့၊
စကားအသွားအလာလေးက
ပိုစိတ်ကျေနပ်စေရတာပါ။

#မိန်းမ အိမ်အသုံးစရိတ်က
ကုန်လှချည်လားဆိုတဲ့၊
စကားထက်.....
မိန်းမကုန်စျေးနှုန်း
အခြအနေဘယ်လိုလဲ၊
လောက်အောင် ချင့်ချိန်ဝယ်ကြည့်ပေါ့ကွာ
မလောက်ရင်ပြောပေါ့ဆိုတဲ့၊
စကားလုံးလေးတွေရဲ့ ချုပ်ထိန်းသွားမှုက
ပိုမလာတဲ့ အသုံးစရိတ်နောက်မှာ
စိတ်သက်သာရာ ရစေတာပါ။

#မိန်းမ အချေအတင်မဖြစ်ချင်ဘူးကွာ
ဆိုတဲ့၊စကားထက်.....
မိန်းမ ဘာအလိုမကျတာရှိလည်း
ညှိနှိုင်းကြမယ်ပြောကြည့်ဆိုတဲ့
၁၀မိနစ္စာ
အချိန်ပေးလမ်းဖွင့်မှုက
ပိုအကျိုးသက်ရောက်စေတာပါ။

#မိန်းမ ပင်ပန်းတယ်ကွာ
အဆင်ပြေပြေနေရအောင်ဆိုတဲ့၊
စကားထက်.....
မိန်းမဒီနေ့တော့
ဘယ်လုပ်ငန်း ဘယ်အကြောင်းအရာမှာ
အဆင်ပြေတယ်မပြေဘူးဆိုပီး
သူငယ်ချင်းနဲ့ပြောသလို
ရင်ဖွင့်ချပြောပြလိုက်တာက
နှစ်ဦးနှစ်ဖက်စိတ်အဖုအထစ်
ပြေလျော့စေတာပါ။

#မိန်းမ ပြင်ပြင်ဆင်ဆင်နေစမ်းပါဆိုတဲ့၊
စကားထက်.....
မိန်းမနေကောင်းကျန်းမာရဲ့လား၊
ဘာတွေစိတ်တိုင်းမကျတာရှိလည်းလို့
တစ်လမှာ တစ်ကြိမ်လောက်မေးလိုက်ရင်ကို
စကားများရန်ဖြစ်တယ်ဆိုတာမရှိသလောက်
နည်းပါးလာမှာပါ။

#မိန်းမသားတိုင်းက
ခင်ပွန်းဝေယျာဝစ္စ
၊သားသမီးဝေယျာဝစ္စ၊
မိဘရှိရင်မိဘဝေယျာဝစ္စ၊
အိမ်မှုကိစ္စ၊အကုန်
တာဝန်ယူလုပ်ကိုင်နေရတာမို့
ငွေရှာရုံနဲ့တာဝန်ကျေပီမထင်ပါနဲ့၊
ပြည့်စုံအောင်ထားပေးနိုင်ရုံနဲ့
ပြီးမြောက်ပီမထင်ပါနဲ့၊
လိုလေသေးမရှိဖြည့်ဆည်းပေးရုံနဲ့
မလိုအပ်တာမရှိတော့ဘူးမထင်ပါနဲ့။

#စကားတစ်ခွန်းက
လက်ဆောင်တစ်ခုထက်
ပိုတန်ဖိုးရှိပါတယ်၊
စကားကအားဖြစ်စေတာနေရာ
အတော်များများမှာမို့၊
ကိုယ့်မိသားစုအေးချမ်းမှုဟာ
ကိုယ့်စကားတစ်ခွန်းပေါ်
မူတည်နေတာမေ့မထားပါနဲ့။

#ကိုယ်ပင်ပန်းသလို
တနေကုန်မနားတမ်း
မျက်လုံးထဲချွေးဝင်သည်ထိ၊
ဝေယျာဝစ္စတွေလုပ်နေရတဲ့မှီခိုဇနီးသည်ဟာ၊
သူ့ကိုပြန်မှီခိုနေသူတွေအတွက်
သူ့အပြုံးဟာအရေးပါတာမို့။

#အိမ်ထောင်တစ်ခုမှာ.....
ဘယ်သူက
ဘယ်သူ့ကို
ပိုပြုံးနိုင်စေနေတာလဲ?????

အရောင်းလေးထွက်တိုင်းအားပေးကြတဲ့ချစ်သောလေးတွေပါ။
26/11/2023

အရောင်းလေးထွက်တိုင်းအားပေးကြတဲ့ချစ်သောလေးတွေပါ။

တစ်ယောက်ယောက်ကို               ၁။ မကျေနပ်တဲ့ အခါတစ်နေ့ကျရင် ခွဲရမှာပဲလို့ တွေးလိုက်ပါ။ဒါဆိုရင်ဒေါသ မဖြစ်တော့ဘူး။၂။ တစ်ခု...
25/11/2023

တစ်ယောက်ယောက်ကို

၁။ မကျေနပ်တဲ့ အခါ
တစ်နေ့ကျရင် ခွဲရမှာပဲလို့
တွေးလိုက်ပါ။

ဒါဆိုရင်
ဒေါသ မဖြစ်တော့ဘူး။

၂။ တစ်ခုခုကို ဆုံးရှုံးသွားတဲ့ အခါ
တစ်နေ့ကျရင် ပျက်ရမှာပဲလို့
တွေးလိုက်ပါ။

ဒါဆိုရင်
ရင်ဘတ်စည်တီး မဖြစ်တော့ဘူး။

၃။ ကိုယ်လိုချင်တာကို မရတဲ့ အခါ
လိုတရဘဝဆိုတာ မရှိဘူးလို့
တွေးလိုက်ပါ။

ဒါဆိုရင်
သောက မဖြစ်တော့ဘူး။

၄။ သူများရဲ့အမှားတွေကို
တွေ့တဲ့အခါငါလဲ မှားတတ်တာပဲလို့ တွေးလိုက်ပါ။

ဒါဆိုရင်
အပြစ် မမြင်တော့ဘူး။

၅။ အဆင်မပြေမှုတွေကို ကြုံရတဲ့အခါ
ဘဝဆိုတာ တိုက်ပွဲပဲလို့ တွေးလိုက်ပါ။

ဒါဆိုရင်
အပြုံး မပျက်တော့ဘူး။

အဲဒါကို
ငြိမ်းချမ်းသော သင့်မြတ်စွာ
နှလုံးသွင်းခြင်းလို့ ခေါ်ဆိုပါတယ်။
🙏🙏🙏

အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ )
မေတ္တာဖြင့်မျှဝေပါသည်
#လူငယ်များအတွက့်စာကြည့်တိုက့် #ဘဝစာပေ #စာအုပ်စာပေလူ့မိတ်ဆွေ #ပြန်လည်မျှဝေပါသည်

Address

Bago

Telephone

+9755372520

Website

Alerts

Be the first to know and let us send you an email when NYEIN fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NYEIN fashion:

Share

Category