Nippon Vistas

Nippon Vistas 🌍 Adventurer 🌄

🔥 Fearless 💪

🎯 Focused 🔥

🔥 Unstoppable 🚀

 #တိုကျိုအနီးငလျင်သိုက် #ဂျပန်ငလျင် ကျွမ်းကျင်သူများ၏ သုံးသပ်ချက်- အခုတလောငလျင်အသေးတွေခပ်စိပ်စိပ်လှုပ်နေပါတယ်၊ တိုကျိုပင...
23/04/2025

#တိုကျိုအနီးငလျင်သိုက်
#ဂျပန်ငလျင် ကျွမ်းကျင်သူများ၏ သုံးသပ်ချက်-
အခုတလောငလျင်အသေးတွေခပ်စိပ်စိပ်လှုပ်နေပါတယ်၊
တိုကျိုပင်လယ်အော်မြောက်ပိုင်းမြေအောက်မှာ"ငလျင်အသိုက်" ရှိခြင်းဖြစ်ပြီးမကြာခဏငလျင်လှုပ်ခြင်း၏အကြောင်းရင်း ဖြစ်နိုင်ပါတယ်။

Kantoဒေသမြေအောက်မှာငလျင်သိုက်
ရှိလို့ တကယ်၍ပြင်းထန်တဲ့ငလျင်လှုပ်ရင် တိုကျိုအနီးဒေသများ
အထူးသတိထားရမှာဖြစ်ကြောင်း
သတင်းရေးထားပါတယ်။

ခုတလောနေ့တိုင်းနီးပါးလှုပ်တဲ့ငလျင်
⤵️
18-4-2025(M 5)
Nagano ခရိုင်

19-4-2025(M4.1)
Naganoခရိုင်

20-4-2025(M4.2)
Chiba ခရိုင်

21.4.2025(M4.2)
Saitama ခရိုင်

22.4.2025 (M 4.3)
Fukushima ခရိုင်

အခုတလောဂျပန်မှာ
ခပ်စိပ်စိပ်လှုပ်နေတာမို့
အရေးပေါ် အိတ်အစားအစာနဲ့ရေ
ပြင်ဆင်ထားသင့်ပါတယ် ။

ငလျင်နိုင်ငံမို့ကြောက်နေရမှာမဟုတ်ပါ
သတိထားနေထိုင်ရမှာဖြစ်ပါတယ်။

ဂျပန်ရောက်မြန်မာလူမျိုးများဘေးကင်းပါစေ🙏

Crd NHK

Uniqlo သူဌေး Mr. Tadashi Yanai ပြောတဲ့ စီးပွါးရေးမှာ အောင်မြင်ဖို့ မှတ်သားလိုက်နာစရာ အတွေးအခေါ် (အလုပ်ဝင်ခါစ New face ဝန...
20/04/2025

Uniqlo သူဌေး Mr. Tadashi Yanai ပြောတဲ့ စီးပွါးရေးမှာ အောင်မြင်ဖို့ မှတ်သားလိုက်နာစရာ အတွေးအခေါ် (အလုပ်ဝင်ခါစ New face ဝန်ထမ်းတွေအပေါ် ပြောကြားခြင်းမှ ထုတ်နုတ်ထားခြင်းဖြစ်ပါတယ်)

………………..

◼︎知ってることとできることは違う。
သိတာနှင့် လုပ်တတ်တယ်ဆိုတာ သီးခြားစီဖြစ်တယ်။

◼︎人を教えるには自分がまずできるようになること。
တခြားသူကို သင်ပြပေးဖို့အတွက် ကိုယ်တိုင်ဒီအရာကို လက်တွေ့လုပ်နိုင်ဖို့လိုတယ်။

◼︎ビジネスの世界での判断基準はお客様の満足だ。お客様が満足しない限り仕事をやってもそれは仕事にならない。
စီးပွါးရေးနယ်ပယ်ကို အဆုံးအဖြတ်ပေးတာက ဝယ်ယူသုံးစွဲသူ Customers ရဲ့စိတ်ကျေနပ်မှုသာဖြစ်တယ်၊ Customers စိတ်ကျေနပ်မှု မပေးနိုင်သရွေ့ အဲဒီအလုပ်က အလုပ်မဟုတ်ဘူး။

◼︎評価の基準は自分ではなくお客様の方にある。売る立場ではなく買う立場にある。
သင့်အလုပ်ရဲ့အရည်အသွေးကို အဆုံးအဖြတ်ပေးလို့ရတာက သင်မဟုတ်ဘူး၊ Customers သာဖြစ်တယ်၊ ရောင်းပေးတဲ့သူမဟုတ် ဝယ်ယူသူဆီမှာသာ ဆုံးဖြတ်ခွင့်ရှိတယ်။

◼︎全て商売の原点は現場にある。販売計画、稼働計画、レイアウト計画を考えて改善する。そのプロセスの繰り返し。
အရောင်းအဝယ်အားလုံးရဲ့ ပင်မဇစ်မြစ်ဆိုတာ လုပ်ငန်းခွင်ထဲမှာသာရှိတယ်။ ဆိုင်ကို ဘယ်လိုလည်ပတ်မလဲ၊ ရောင်းအားတိုးအောင် ဘယ်လိုလုပ်မလဲ၊ ဆိုင်ပုံစံကို ဘယ်လိုမျိုးလုပ်မလဲ၊ ဒါတွေကို ပိုကောင်းမွန်အောင်၊ မရိုးအောင် ဆင့်ကဲပြောင်းလဲခြင်း Kaizen ကိုလုပ်ရမယ်။ တခါလုပ်ပြီးတာနှင့်မပြီးဘူး၊ ဒီလုပ်ငန်းစဉ်ကို အမြဲတစေ ထပ်တလဲလဲ လုပ်နေဖို့လိုတယ်။

◼︎本気で仕事に向き合う。仕事を適当にやってると自分が成長しません。
အလုပ်လုပ်တဲ့အခါ စိတ်အားထည့်မှုရှိရမယ်။ အလုပ်ကို အပေါ်ယံ၊ သာမန်ကာလျှံကာသာလုပ်ရင် မိမိရဲ့တိုးတက်မှုလည်း ရှိလာမှာမဟုတ်ဘူး။

◼︎まず謙虚になること。無知の知を自覚する。
この中で誰ひとりも天才はいない。
ဦးစွာကိုယ့်ကိုယ်ကို နှိမ့်ချပြီး သင်ယူတတ်ရမယ်၊
ကိုယ်မသိသေးဘူးဆိုတာကိုသိပြီး ကိုယ်တိုင်လက်ခံထားရမယ်၊ ဒီနေ့အလုပ်ဝင်တဲ့အထဲမှာ ဘယ်သူတဦးတယောက်ကမှ ထူးချွန်ပါရမီရှင် Genius မပါဝင်ဘူး။

◼︎相手の話を聴く。耳は二つある、口は一つしかない。だから自分が言う2倍のことを聴く。
တဖက်သားပြောစကားကို အလေးအနက်ထား နားထောင်မယ်။ နားက ၂ ပေါက်ပါတယ်၊ ပါးစပ်က ၁ ပေါက်တည်း၊ ဒါ့ကြောင့် ကိုယ်ပြောလိုတဲ့ ပမာဏရဲ့ ၂ ဆကို နားထောင်ပါ။

◼︎基本動作ができない人は何にをやってもダメ。まずは基本の基ができること
အောက်သက်မကျေတဲ့လူက ဘာလုပ်လုပ် သုံးစားမရဘူး။ ပထမဦးဆုံးက အခြေခံကို နောကြေနေရမယ်၊ အောက်သက်ကြေရမယ်။

◼︎自分の頭で考える。行動する。
ခေါင်းသုံးပါ၊ လက်တွေ့လုပ်ပါ။

◼︎英語は必須。英語は世界共通言語。英語は道具。道具を上手く使う。
လူတိုင်း အင်္ဂလိပ်စကားပြောတတ်ရမယ်၊ အင်္ဂလိပ်ဘာသာဆိုတာ ကမ္ဘာသုံး၊ အင်္ဂလိပ်ဘာသာဆိုတာ ဘာသာစကားထက်ပိုတဲ့ Tool ဖြစ်တယ်၊ ဒီ Tool ကိုကျွမ်းကျင်စွာ အသုံးချတတ်ရမယ်။
…………………
Uniqlo သူဌေးဆိုတာ ဂျပန်သူဌေးအများစုရဲ့စံပုဂ္ဂိုလ်ဖြစ်တယ်၊ သင့်အလုပ်ထဲက သူဌေးတွေလည်း ဒီပုဂ္ဂိုလ်တွေ ဘာပြောလဲ နားထောင်ကြတယ်၊ ဒီပုဂ္ဂိုလ်ပြောတဲ့ စကားလုံးတွေကို ကိုယ်တိုင် လိုက်နာသလို Self branding, Self promotion အတွက် အသုံးချလို့လည်းရတယ်။

一緒に学ぼう!

𝘾𝙧𝙚𝙙𝙞𝙩 𝙩𝙤 ML with respect.
‘လူငယ်များအတွက်စာကြည့်တိုက်’

🫤ဒီတခေါက်တော့ရပီဆိုပီး မျှော်လင့်နေတာလေး🥺🥺🥺📍📍¥50,000 ပေးမည့်အစီအစဉ်ရပ်ဆိုင်း📍📍ကုန်ဈေးနှုန်းတွေ တက်နေတာရယ်၊ အမေရိကန်ကနေ က...
19/04/2025

🫤ဒီတခေါက်တော့ရပီဆိုပီး မျှော်လင့်နေတာလေး🥺🥺🥺

📍📍¥50,000 ပေးမည့်အစီအစဉ်ရပ်ဆိုင်း📍📍

ကုန်ဈေးနှုန်းတွေ တက်နေတာရယ်၊ အမေရိကန်ကနေ ကောက်ခံတဲ့ အခွန်တွေကြောင့် ဖြစ်လာနိုင်တဲ့ အခက်အခဲတွေကြောင့် ဝန်ကြီးချုပ်မှလူတစ်ဦးကို ¥50,000 ထောက်ပံ့ပေးဖို့စီစဉ်ခဲ့ပေးမဲ့လဲ

ဧပြီလ 17ရက်နေ့ ညနေ 7နာရီအချိန်က ထုတ်ပြန်ခဲ့တဲ့ သတင်းမှာတော့
တကယ်တမ်း အကောင်အထည်ဖော်ဖို့ လုပ်တဲ့အခါမှာတော့ လူအများရဲ့ ဝေဖန်မှုတွေ၊ ကန့်ကွက်မှုတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် အစိုးရနဲ့ အာဏာရပါတီက ဒီအစီအစဉ်ကို လောလောဆယ် ဆိုင်းငံ့ထားဖို့ (ဒါမှမဟုတ်) ပြန်လည် စဉ်းစားဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

တိုတိုပြောရရင်တော့ ဂျပန်အစိုးရက လူတွေကို ငွေထောက်ပံ့ပေးဖို့ စဉ်းစားခဲ့ပေမဲ့၊ အများရဲ့ သဘောထားအမြင်တွေ မတူညီတဲ့အတွက် အဲဒီအစီအစဉ်ကို ခဏ ရပ်ဆိုင်းထားလိုက်တာပဲ ဖြစ်ပါတယ်။
みんなさん、残念でしたね。

ဂျပန်-မြန်မာ Group တွေမှာမသိတဲ့သူတွေကိုဂျင်းထည့်ပြီး ထောက်ပံ့ကြေး ¥50,000 ပေးနေပြီ အောက်က links ကိုနှိပ်ပြီးလျှောက်ပြီးယူရမယ်ဆိုပြီး
အလိမ်အညာ links တွေနဲ့ Post တင်နေတာရပ်ကြပါတော့

မနေနိုင်လို့ပြောမိပြန်ပြီ

🗓️2025/04/19(土)
📝ယုဇုမေမေ

https://www.facebook.com/share/p/18xZ6x1YJi/?mibextid=wwXIfr
16/04/2025

https://www.facebook.com/share/p/18xZ6x1YJi/?mibextid=wwXIfr

ဂျပန်မှာဝယ်လို့ရတာသိသလောက် မျှဝေပေးထားပါတယ် ။

🟠မုန်လုံးရေပေါ်
https://www.facebook.com/100057398231577/posts/1184740360115894/

🔴ငရုတ်သီးမှုန့်
https://www.facebook.com/100057398231577/posts/727852639138004/

🟡ကော်မှုန့်
https://www.facebook.com/100057398231577/posts/689748969615038/

🟣အကြော်မှုန့်
https://www.facebook.com/100057398231577/posts/698692358720699/

🟢ပဲမှုန့်အစိမ်း/ ပဲစိမ်းမှုန့်
https://www.facebook.com/100057398231577/posts/724558076134127/

🟠ပဲမှုန့် (ပဲကျက်မှုန့်)
https://www.facebook.com/100057398231577/posts/689695646287037/

🔴မုန့်ဖုတ်ဆော်ဒါ
https://www.facebook.com/100057398231577/posts/734644871792114/

⚫️ကျောက်ကျော
https://www.facebook.com/100057398231577/posts/690248582898410/

🔵ပင်ပွါး
https://www.facebook.com/100057398231577/posts/729102939012974/

⚫️ကျောက်ကျောအမဲရောင်
https://www.facebook.com/100057398231577/posts/722632016326733/

🟠ရွှေကြည်မှုန့်

https://www.facebook.com/100057398231577/posts/724541172802484/

🟡ဂျုံမှုန့် /ဆန်မှုန့် / ကောက်ညှင်းမှူန့်

https://www.facebook.com/100057398231577/posts/724512776138657/

🔴ဘိန်းစေ့

https://www.facebook.com/100057398231577/posts/724761586113776/

🟣ကြာဇံ ၂မျိုး

https://www.facebook.com/100057398231577/posts/698542565402345/

🟤ညှပ်ခေါက်ဆွဲဖတ်
https://www.facebook.com/100057398231577/posts/698614105395191/

🟢နို့ဆီ/ နို့စိမ်း

https://www.facebook.com/100057398231577/posts/724836492772952/

🟠ဆေးဘဲဥ

https://www.facebook.com/100057398231577/posts/698703705386231/

🟢ပျဉ်းတော်သိမ်ရွက်

https://www.facebook.com/100057398231577/posts/725063122750289/

🔵ကရဝေးရွက်
https://www.facebook.com/100057398231577/posts/725096489413619/

🟤ဇီယာ

https://www.facebook.com/100057398231577/posts/725109146079020/

🟤မဆလာ

https://www.facebook.com/100057398231577/posts/725103896079545/

🟤သစ်ဂျပိုးခေါက်

https://www.facebook.com/100057398231577/posts/725308629392405/

🟤နာနတ်ပွင့်
https://www.facebook.com/100057398231577/posts/725119192744682/

🟢စပါးလင်

https://www.facebook.com/100057398231577/posts/726344572622144/

🟠ဆီ

https://www.facebook.com/100057398231577/posts/720874573169144/

🔴ငရုတ်သီးကြော်ဆီချက်

https://www.facebook.com/100057398231577/posts/726884012568200/

🟡ဆနွင်းမှုန့်
https://www.facebook.com/100057398231577/posts/725619016028033/

🟠အသားတု

https://www.facebook.com/100057398231577/posts/716171983639403/

🔵ငံပြာရည်။ခရုဆီ၊ပဲငံပြာရည်(အကြည်/အနောက်)
https://www.facebook.com/100057398231577/posts/726760139247254/

⭕️ရေ

https://www.facebook.com/100057398231577/posts/720867039836564/

🟡ရှာလကာရည်/ သံပုယိုရည်

https://www.facebook.com/100057398231577/posts/727415222515079/

🟢ကြံမဆိုင်

https://www.facebook.com/100057398231577/posts/727717672484834/

🟢ဂွေးသီး

https://www.facebook.com/100057398231577/posts/710289277561007/

🟠ကျွဲခေါင်းသီး

https://www.facebook.com/100057398231577/posts/709401690983099/

🔵မာလာရှမ်းကော

https://www.facebook.com/100057398231577/posts/727894402467161/

🟠တုံယမ်း

https://www.facebook.com/100057398231577/posts/727864555803479/

🟤ငါးနီတူခြောက်

https://www.facebook.com/SUMyanmarDARUMA/videos/605674817687515/

🟢မုန့်ဖတ်ခြောက်

https://www.facebook.com/100057398231577/posts/728987862357815/

🟡ကုလားပဲ

https://www.facebook.com/100057398231577/posts/729028182353783/

🟣နွားနို့/မလိုင်/နံပြား

https://www.facebook.com/100057398231577/posts/731985448724723/

🟠ဆီထမင်း

https://www.facebook.com/100057398231577/posts/733296278593640/

🟡နှမ်း/ နှမ်းထောင်း/နှမ်းဆီ
https://www.facebook.com/100057398231577/posts/733326895257245/

🟤မကျည်းသီး/ ထန်းလျက်
https://www.facebook.com/100057398231577/posts/733874575202477/

🔴ကြာဇံချက်
https://www.facebook.com/100057398231577/posts/848841630372437/

🟢ရှောက်သီးသုပ်
https://www.facebook.com/100057398231577/posts/854774183112515/

🔵ကွေ့တီယို
https://www.facebook.com/100057398231577/posts/777121314211136/

🟠အုန်းနို့

https://www.facebook.com/100057398231577/posts/855182943071639/

🟡ပဲဆီ

https://www.facebook.com/100057398231577/posts/1054455126477752/

တခြားရှာနေသူတွေသိအောင် Share ပေးပါ။

#အစားအစာ

🚨 2025ခုနှစ်7လပိုင်းမှာ 2011ခုနှစ်ဆူနာမီထက်၃ဆလောက်ကြီးမားတဲ့ဆူနာမီဖြစ်မယ်ဆိုတာတကယ်လား???🌊 တကယ်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ...
06/04/2025

🚨 2025ခုနှစ်7လပိုင်းမှာ 2011ခုနှစ်ဆူနာမီထက်၃ဆလောက်ကြီးမားတဲ့ဆူနာမီဖြစ်မယ်ဆိုတာတကယ်လား???

🌊 တကယ်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီစာကိုဖတ်မိတဲ့သူတစ်ယောက်ပဲဖြစ်ဖြစ် သတိပိုချပ်မိပြီး အန္တရာယ်ကင်းစေချင်တာကြောင့် အနည်းငယ်ဘာသာပြန်ပေးလိုက်ပါတယ်...

နှစ်၃၀အတွင်းဖြစ်ဖို့၈၀%သေချာတဲ့၊ဖြစ်လာရင် ဂျပန်မှာပဲကို လူအယောက်၃သိန်းနီးပါးသေနိုင်တဲ့ 南海トラフက ဒီနေ့ပဲဖြစ်ဖြစ် မနက်ဖြန်ပဲဖြစ်ဖြစ် မထူးဆန်းပါဘူးနော်…

အခုတလော FBတို့ You Tubeတို့မှာ ကာတွန်းဆရာမ​ Tatsuki Ryoရေးထားတဲ့ 「私が見た未来」「ကျွန်မမြင်တဲ့အနာဂတ်」ဆိုတဲ့စာအုပ်အကြောင်းခဏခဏမြင်လာတော့ တကယ်လား၊ဘာတွေရေးထားလဲဆိုတာသိချင်တဲ့စိတ်ကြောင့် ယန်း၁၂၀၀အကုန်ခံပြီး၀ယ်ဖတ်ဖြစ်ခဲ့တယ်...
ဖတ်နေရင်းနဲ့ ကြက်သီးထလာတာမျိုး၊ ၀မ်းနည်းလာတာမျိုး၊ စိတ်အားတက်လာတာမျိုးတွေလည်းဖြစ်ခဲ့ပါတယ်...

ဆရာမရဲ့စာအုပ်ထဲမှာ ဆရာမဟာ နိမိတ်အိပ်မက်ခဏခဏမက်ကြောင်း၊ အိပ်မက်တွေကိုမှတ်စုနဲ့ရေးထားတတ်ကြောင်း၊ သရဲတစ္ဆေမြင်တာမျိုးတော့မရှိကြောင်း၊ သူဟာအရင်ဘ၀ကအိန္ဒိယကSai Ba Baသမီးဖြစ်ခဲ့ကြောင်းစတာတွေရေးသားထားခဲ့ပါတယ်...
စာမျက်နှာ ၂၁၉ရွက်ရှိပေမဲ့ စာမျက်နှာ၉၀ထိပဲဖတ်လို့ပြီးပါသေးတယ်...

ဆရာမမက်တဲ့အိပ်မက်တွေဟာ တိုက်ရိုက်ကြီး မက်ချလိုက်တာမျိုးမဟုတ်ဘဲ၊ အိပ်မက်ကျမ်းတွေနဲ့ဘာသာပြန်ရတာ၊ ဆက်စပ်အဓိပ္ပါယ်ကောက်ယူရတာမျိုးလည်းရှိသလို ခုနှစ်တွေလတွေရက်တွေအထိပါသေချာအတိအကျမြင်မက်တဲ့အိပ်မက်မျိုးတွေလည်းရှိတယ်တဲ့...

2011ခုနှစ်3လပိုင်း ဂျပန်အရှေ့ပိုင်းဆူနာမီမတိုင်ခင်မှာ 「大災害は2011年3月」ဆိုတဲ့မျက်နှာဖုံးနဲ့ကာတွန်းရေးခဲ့ပေမဲ့လူတွေသိပ်သတိမထားမိဘဲ တကယ်ဖြစ်ပြီးမှပြန်သတိထားမိပြီးဟိုလေးတကျော်ကျော်ဖြစ်ခဲ့တာပါ...

အခု 2025ခုနှစ်7လပိုင်းမှာဖြစ်မဲ့ 大災難နဲ့ပတ်သက်ပြီး လူတွေပိုပိုပြီးသတိထားမိပြီး ကြိုတင်ဘေးရှောင်မှု၊ကြိုတင်ကာကွယ်မှုတွေလုပ်စေချင်ပါတယ်...

🌊2025年7月に起こること
2025ခုနှစ်7လပိုင်းမှာဖြစ်ပွားမဲ့အရာ

အင်ဒိုကိုသွားခဲ့တုန်း(ဆရာမအင်ဒိုသွားတာ2011ခုနှစ်လောက်ကထင်တယ်)က ရှေ့မှာဖြစ်မဲ့ဘေးအန္တရာယ်အိပ်မက်ကိုမက်ခဲ့ပါတယ်...
ဥပမာပြရမယ်ဆိုရင် ပစ်ပြီးဗွက်ဗွက်ဗွက်ဗွက်နဲ့ပွက်နေတဲ့ဟင်းရည်က လှိုက်တက်လာသမျိုး ဂျပန်ကျွန်းစု၏ တောင်ဘက်တွင်ရှိသော ပစိဖိတ်သမုဒ္ဒရာ၏ ရေများ လှိုက်တက်လာတယ် ဆိုတဲ့အိပ်မက်ကိုမက်ခဲ့ပါတယ်...
ပင်လယ်ရေအောက် မီးတောင်ပေါက်ကွဲတာလား ဒါမှမဟုတ် ဗုံးပေါက်ကွဲတာလား သေချာမသိပေမယ့် အဲ့တုန်းကအတူတည်းတဲ့အမျိုးသမီးကိုတောင်ပြန်ပြောပြခဲ့သေးတယ်...

ပြီးတော့အခုတလော(၂၀၂၁ခုနှစ်၇လပိုင်း၅ရက် မနက်၄း၁၈တုန်းကအိပ်မက်) အဲ့အိပ်မက်ပြန်မက်ခဲ့တယ်...
ဒီတစ်ခေါက်အိပ်မက်မှာတော့ ရက်စွဲပါအတိအကျပါလာခဲ့တယ်...
🗓 ဘေးအန္တရာယ်ဖြစ်မှာကတော့ 2025ခုနှစ်7လပိုင်းမှာပါ...

ဂျပန်🇯🇵နဲ့ ဖိလစ်ပိုင်🇵🇭 ကြားမှာရှိတဲ့ ပင်လယ်ရေအောက်ကြမ်းပြင်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာပါ...
အဲ့ပေါက်ကွဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မှာ ကြီးမားတဲ့လှိုင်းလုံးကြီးတွေ လေးဘက်လေးလံပျံ့ကျဲသွားပြီး ပစိဖိတ်သမုဒ္ဒရာအနီးရှိနိုင်ငံတွေမှာ ဆူနာမီဖြစ်ပေါ်စေခဲ့တာပါ...

အဲ့ဆူနာမီဟာ 2011ခုနှစ်3လပိုင်း ဂျပန်အရှေ့ပိုင်းဆူနာမီထက် ၃ဆလောက်ကြီးမယ်ထင်ရတဲ့ ကြီးမားလွန်းလှတဲ့ဆူနာမီလှိုင်းလုံးကြီးတွေပါပဲ...

အဲ့လှိုင်းလုံးကြီးတွေရဲ့ရိုက်ခတ်မှုကြောင့် ကုန်းမြေတွေတွန်းပို့ခံရသလိုဖြစ်ပြီး ဟောင်ကောင်၊ ထိုင်ဝမ်နှင့် ဖိလစ်ပိုင်နိုင်ငံအထိ မြေတွေတစ်ဆက်တည်းဖြစ်ကုန်သလို မြင်မက်ခဲ့တာပါ(ကမ္ဘာ့မြေပုံပြောင်းသွားမလားမသိဘူးနော်...)

🌍ဆူနာမီပြီးရင်ရောက်ရှိလာမဲ့ကမ္ဘာသစ်

အရေးကြီးတာက ကြိုတင်ပြင်ဆင်ထားဖို့ပါပဲ...
ဘေးပြီးသွားရင် ဘယ်လိုအသက်ရှင်နေထိုင်သွားမလဲဆိုတာကိုစဥ်းစားပြီး အခုကတည်းကနေပြင်ဆင်၊ဆောင်ရွက်သွားဖို့အရေးကြီးတယ်ဆိုတာကိုသတိချပ်စေချင်ပါတယ်...

2025ခုနှစ်7လပိုင်းဆူနာမီပြီးရင် အရမ်းကိုတောက်ပနေတဲ့အနာဂတ်ကိုမြင်မက်ခဲ့ပါတယ်...
တစ်ကမ္ဘာလုံးမှာ လူတိုင်းလူတိုင်းဟာ လန်းဆန်းတက်ကြွတောက်ပနေပြီး အသက်၀င်၀င်လှုပ်ရှားနေတာမျိုးကို ခံစားရပါတယ်...

ဆရာမရဲ့အိပ်မက်စာအုပ်ထဲတစ်ချို့အပိုင်းလေးတွေ၊ဆရာမပုံဆွဲထားတာလေးတွေကို နည်းနည်းတင်ပေးလိုက်ပါတယ်...
အများကြီးတင်ရင် မူပိုင်ခွင့်ပြဿနာတွေရှိလို့ပါ...

မြေငလျင်သတင်းတင်တုန်းက ဘယ်ဒေသတွေအထူးသတိထားရမလဲဆိုတာလည်းတင်ပေးခဲ့ပါတယ်...
သတိဆိုတာပိုတယ်မရှိပါဘူး...
ဆိုတော့ကာ ကြိုတင်ပြင်ဆင်ထားလို့ရတာတွေကြိုတင်ပြင်ဆင်၊ ဘာတွေပဲဖြစ်လာဖြစ်လာ အကောင်းဆုံးရင်ဆိုင်ပြီး ကာလဆိုးကြီးကိုအတူကျော်လွှားကြပြီး အတူတူအသက်ရှင်ကျန်ကြရအောင်...

ဂျပန်မှာနေရင် credit card တစ်ခုလောက်ကတော့ ရှိကိုရှိထားသင့်ပါတယ်။ဒီနေ့မှာတော့ အစစ်အဆေးသိပ်ပြီးမတင်းကျပ်တဲ့ credit card တွ...
05/04/2025

ဂျပန်မှာနေရင် credit card တစ်ခုလောက်ကတော့ ရှိကိုရှိထားသင့်ပါတယ်။ဒီနေ့မှာတော့ အစစ်အဆေးသိပ်ပြီးမတင်းကျပ်တဲ့ credit card တွေကို ပြောပြပေးမယ်နော်။

▼Website တွင်ဂျပန်လိုနှင့်တကွဖတ်ရှုရန်▼
https://www.mjcsn.com/details/2903

① Mitsui Sumitomo Credit Card (三井住友カード(NL))
Card လျှောက်တဲ့သူရဲ့ အသက်အရွယ်နဲ့မဆိုင်ဘဲ အဖွဲ့ဝင်ကြေး အခမဲ့နဲ့လုပ်လို့ရပါတယ်။Card လျှောက်ပြီးတာနဲ့ချက်ချင်းCardရနိုင်ပြီး အင်တာနက်ကနေဈေးဝယ်တာ၊ကွန်ဗီနီမှာဈေးဝယ်တာတွေလုပ်လို့ရပါတယ်။ဈေးဝယ်လို့ရလာတဲ့ Point တွေကိုစုပြီးတော့ 1pointကို 1ယန်းနဲ့ ပြန်သုံးလို့ရပါတယ်။
Card လျှောက်ရန် link:
https://www.smbc-card.com/camp/numberless/index.jsp?dk=cpc-goo-brd-pr-213042

②AC Master Credit Card
အဖွဲ့ဝင်ကြေး အခမဲ့နဲ့ card လုပ်လို့ရပါတယ်။ဂျပန်ပြည်တွင်းမှာသာမက AC Master Cardအမှတ်အသားပါတဲ့ ATM မှာငွေထုတ်ပြီးသုံးလို့ရပါတယ်။
Card လျှောက်ရန် link:
https://lp.acom.co.jp/cf8d8c66/index.html?p1=afac10165&gclid=Cj0KCQjwiuC2BhDSARIsALOVfBKyPtY_Di4dBY10Ux7XXkLru-mxO4jjQmupNwJ636s5tvpIqTCDQRIaAnHnEALw_wcB

③ JCB Card W
အသက် ၃၉နှစ်အောက်တွေ cardလုပ်မယ်ဆိုရင် အဖွဲ့ဝင်ကြေး အခမဲ့ဖြစ်ပါတယ်၊Card ကိုသုံးပြီးရလာတဲ့ point တွေကို Disney parkလက်မှတ်နဲ့ Amazon Gift Card တွေနဲ့လဲလှယ်လို့ရပါတယ်။
Card လျှောက်ရန် link:
https://www.jcb.co.jp/promotion/ordercard/w/?13235013150100&tk_id=cojp_oswsp_lst_2016o_os2745&utm_medium=lst__oss&utm_source=google__oss&utm_term=00075436__oss__B_google&utm_campaign=00075436__oss__B&gad_source=1&gclid=Cj0KCQjwiuC2BhDSARIsALOVfBKZ6oLcJemzLOaO3zBNWv-JcOo1KnQ23nJJlUN3RZyhuJDjhi_0TbkaAka3EALw_wcB

④Rakuten Credit Card
100ယန်းသုံးတာနဲ့ 1pointရပြီးတော့ ရတဲ့ point တွေကို 1pointကို 1ယန်းသုံးလို့ရပါတယ်။ လုပ်ရအလွယ်ဆုံးcard ဖြစ်ပါတယ်။
Card လျှောက်ရန် link:
https://www.rakuten-card.co.jp/card/

ဒါ့အပြင် SIM Cardနဲ့ ဖုန်းဝယ်တဲ့အခါ တစ်ခါတည်းလုပ်လို့ရတဲ့ EPOS Card ၊ PayPay Cardတွေလည်းရှိပါတယ်။

ကိုယ်နဲ့အဆင်ပြေမယ့် brandနာမည် ဥပမာ「Visa,Master,JCB」၊Card ရဲ့ထူးခြားချက်ဖြစ်တဲ့ အဖွဲဝင်ကြေးအခမဲ့ 「年会費無料」၊Cardရတာမြန်တယ်「スピード発行」စတဲ့ စာလုံးလေးတွေရိုက်ပြီးရှာကြည့်လို့ရပါတယ်။

ဒါပေမဲ့ Cardလုပ်ပြီး တစ်နှစ်လုံးမှတစ်ခါမှမသုံးဘူးဆိုရင် နောက်နှစ်မှာ ယန်းဘယ်လောက်ပေးရမယ်ဆိုတာမျိုးသတ်မှတ်ချက်ပါ card တွေရှိတာကြောင့် မလျှောက်ခင်မိမိလျှောက်မယ့် card အကြောင်း ကြိုတင်လေ့လာဖို့ အကြံပြုပါရစေ။

✅ဂျပန်ငလျင် update သတိပြုရန်🇯🇵ဒီနေ့ 2025.3.31ဂျပန်စံတော်ချိန် 14နာရီ၄၈မီးနစ် ဂျပန်ရဲ့NHK သတင်းမှာ ဂျပန်ငလျင်ဖြစ်နိုင်တာက...
02/04/2025

✅ဂျပန်ငလျင် update သတိပြုရန်🇯🇵

ဒီနေ့ 2025.3.31ဂျပန်စံတော်ချိန် 14နာရီ၄၈မီးနစ် ဂျပန်ရဲ့NHK သတင်းမှာ ဂျပန်ငလျင်ဖြစ်နိုင်တာကိူဖော်ပြထားတယ်။ဂျပန်မှာနှစ်(၃၀)အတွင်းမှဖြစ်နိုင်တဲ့ငလျင်က အတိုင်းအတာ magnitude
(9)အထိရှိနိုင်တယ်ခန့်မှန်းထားပြီး၊ဖြစ်နိုင်ခြေ
(80)%ရှိတယ်လို့ပြောထားပါတယ်။အဲ့ဒီအတွက်လည်း ဂျပန်အစိူးရကကြိူတင်ပြင်ဆင်မှူတွေတတ်နိုင်သလောက်လုပ်ထားပါမယ်တဲ့ဗျာ။

အားလုံးကိူ သတိပေးချင်ရုံပါ။ဘယ်နေရာပဲရောက်ရောက် သတိဝီတိယနဲ့နေကြဖိူ့ပါပဲ။
အားလုံးဘေးရန်းကင်းပါစေဗျ။

● ဂျပန်: နန်ခိုင်ငလျင်အန္တရာယ် ခန့်မှန်းချက်အသစ် ●

မိတ်ဆွေတို့ရေ၊ ဂျပန်နိုင်ငံမှာ ဖြစ်ပွားနိုင်တဲ့ နန်ခိုင်ငလျင်ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေတွေကို ပြောပြပေးမယ်နော်။ ဒီငလျင်ဟာ အရင်က ခန့်မှန်းထားတာထက် ပိုဆိုးနိုင်တယ်လို့ သိရပါတယ်။

အစိုးရကနေ ပြန်လည်တွက်ချက်မှုတွေအရ ဆူနာမီရေလှိုင်းတွေ မြင့်တက်လာနိုင်ပြီး လူတွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာမယ်ဆိုရင် လူ ၂၉၈,၀၀၀ လောက်အထိ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ခန့်မှန်းထားတဲ့ လူ ၃၂၀,၀၀၀ ထက် အနည်းငယ်လျော့နည်းသွားတာပါ။ ဒါပေမဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်ပြီး အဆောက်အအုံတွေကို ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်မယ်ဆိုရင် သေဆုံးသူဦးရေကို သိသိသာသာ လျှော့ချနိုင်ပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ရင်း ကျန်းမာရေးချို့တဲ့ပြီး သေဆုံးနိုင်တဲ့သူတွေကိုပါ ထည့်တွက်ထားပါတယ်။ အဲဒီလို သေဆုံးသူဦးရေက ၅၂,၀၀၀ လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ကယ်ဆယ်ရေးစခန်းတွေရဲ့ အခြေအနေကို မြှင့်တင်ဖို့ အရေးကြီးပါတယ်။

ငလျင်ရဲ့ အတိုင်းအတာကတော့ မဂ္ဂနီကျုဒ် ၉ လောက်အထိ ရှိနိုင်ပြီး အင်မတန်အားကောင်းတဲ့လှုပ်ခတ်မှုတွေနဲ့ ကြီးမားတဲ့ဆူနာမီတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ မြို့နယ်ပေါင်း ၆၀၀ လောက်အထိ ငလျင်ဒဏ်ခံရနိုင်ပြီး မြို့နယ် ၁၄၉ ခုမှာဆိုရင် အင်အားပြင်းထန်တဲ့ ငလျင်ဒဏ်ကို ခံစားရနိုင်ပါတယ်။ ဆူနာမီရေလှိုင်းတွေကလည်း ၁၃ ခရိုင်မှာ ၁၀ မီတာအထိ မြင့်တက်လာနိုင်ပါတယ်။

ဒီငလျင်ကြောင့် လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ၊ စီးပွားရေးထိခိုက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ လူပေါင်း ၁၂.၃ သန်းလောက်အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရနိုင်ပြီး စီးပွားရေးပျက်စီးမှုက ဂျပန်ရဲ့ တစ်နှစ်တာဘတ်ဂျက်ထက် ၂ ဆ ပိုများနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ငလျင်အန္တရာယ်အကြောင်း သိရှိနားလည်ထားပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားဖို့ အရေးကြီးပါတယ်။


#မြန်မာ #ဂျပန်

Address

Bago
273-0003

Alerts

Be the first to know and let us send you an email when Nippon Vistas posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nippon Vistas:

Share