29/10/2022
မိတ်ဆွေတို့ လုပ်ငန်း ကို (အခမဲ့ )ကူညီကြော်ငြာပေးပါရစေ။
ရောင်းမကောင်းဘူးဆိုတာ.. ရံဖန်ရံခါမှာ..
ကိုယ့်ကုန်ပစ္စည်းမကောင်းလို့ မဟုတ်ပဲ ၊
လူအများမြင်ကြ၊ သိကြအောင် မကြော်ငြာရသေးလို့ပါ... ။
ကိုယ့်ကုန်ပစ္စည်းက လူအများအကျိုးပြုနိုင်တယ်လို့ ယုံကြည်တယ်ဆိုရင်..
ရဲရဲကြီး ကြော်ငြာပါ။
ကိုယ့်ကုန်ပစ္စည်းက လူအများအခက်အခဲကို ဖြေရှင်းပေးနိုင်တယ်လို့ယုံကြည်ရင်..
ရဲရဲကြီးကြော်ငြာပါ ။
လူအများအကျိုးပြုတဲ့ထုတ်ကုန်တစ်ခုကို ..ကြော်ငြာ တယ်ဆိုတာ .. ကောင်းကျိုးတွေကို မျှဝေမှု တစ်ခုပါ။
မျှဝေမှုလုပ်ရမှာ .. ရှက်စရာမလိုသလို၊
ကြော်ငြာရမှာလဲ မရှက်ပါနဲ့။
ကျွန်တော့် ရဲ့ ပိုစ့်တစ်ခုက လူဦးရေ ၅ သိန်းကျော်လောက် ပြန့်နှံ့ရောက်ရှိပါတယ်။
ကိုယ့်လုပ်ငန်းကုန်ပစ္စည်းကို လူနည်းနည်းမြင်မိသည်ဖြစ်စေ၊ များများမြင်မိသည်ဖြစ်စေ .. အကျိုးတစ်စုံတစ်ရာရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။
မိတ်ဆွေရဲ့လုပ်ငန်း က ..
Online Shop
ဟိုတယ်ပဲဖြစ်ဖြစ်
တည်းခိုခန်းပဲဖြစ်ဖြစ်
စားသောက်ဆိုင်
စတိုးဆိုင်
မြန်မာထုတ်ကုန်
အလှကုန်
အွန်လိုင်းစတိုး
ဝန်ဆောင်မှု လုပ်ငန်း ..
အများအကျိုးပြုတဲ့ ဘယ်လိုလုပ်ငန်းဖြစ်ဖြစ်/ ထုတ်ကုန်ဖြစ်ဖြစ်ပါ..
မန့်ခဲ့ပြီး .. မိမိလုပ်ငန်း/ထုတ်ကုန်ကို ကြော်ငြာသွားနိုင်ပါတယ်ခင်ဗျာ။ ။
SME လုပ်ငန်းများ ဖြစ်ထွန်းရောင်းကောင်းကြပါစေလို့ ဆန္ဒပြုရင်း...
#မာသင်