08/05/2024
ဘုရားစာ အမြဲတမ်း
ရွတ်နေတဲ့ သူတွေက
ပါးစပ်ကို စည်းစောင့်ပြီးမှ
ပြောရပါမယ်။
စည်းမစောင့်ဘဲ
တောင်ပြော၊မြောက်ပြော ပြောနေရင်
ပြောတဲ့သူကော၊အပြောခံရတဲ့သူအတွက်ကော
အဆင်မပြေလှဘူး။
ဥပမာ--
ငါ ငွေ အရမ်းပျက်တယ်။ငါ ဘာလုပ် လုပ်
အဆင်မပြေပါဘူး။ ဒီလ ငွေတွေလည်း ရမှာ
မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို ငြီးလိုက်ရင်
သေချာပါတယ်။ကိုယ့်ပါးစပ်က နှုတ်စည်းပြီး
ဘာလုပ်လုပ် အဆင်မပြေ ဖြစ်တတ်ပါတယ်။
မိမိမိတ်ဆွေ တစ်ယောက်က အရောင်းအဝယ်
သွားမယ်ဆိုပါစို့ ရောင်းမနေနဲ့။ မမြတ်ဘူး။
အလုပ် မဖြစ်ဘူး ပြောလိုက်မိရင် ဘုရားစာ
အမြဲတမ်း ရွတ်နေတဲ့သူတစ်ယောက်က
ပြောလိုက်တဲ့အတွက် အပြောခံရတဲ့သူလည်း
နစ်နာပါတယ်။ ဘုရားစာရွတ်ပြီး ဒီလို့မျိုး လျှောက်
ပြောနေရင် မုခမင်္ဂလည်း မဖြစ်တော့ဘူး။
မိမိလုပ်သမျှ ပြောသမျှ မအောင်မြင်နိုင်
တော့ပါဘူး။
ကိုယ့်မိတ်ဆွေ၊ကိုယ့်သူငယ်ချင်းကို
အရောင်းအဝယ် လုပ်မနို့လား။
အဆင်ပြေလိမ့်မယ်။ သွားရောင်းနော်။
ငါလည်း အဆင်ပြေအောင် မေတ္တာပို့ပေးမယ်
ဆိုရင် တစ်ဖက်သူလည်း အလုပ်ဖြစ်တာ၊
မဖြစ်တာ အပထား။အဲဒီတစ်နေ့ လုပ်ရ၊
ကိုင်ရတာ စိတ်ဓာတ်တွေ ရွှင်လန်းမှု
ရလိမ့်မယ်။ကိုယ့်ပါးစပ်ကလည်း ထိုနေ့အတွက်
မုချမင်္ဂလာဖြစ်နေပါလိမ့်မယ်
သား၊သမီးတို့ကိုလည်း မိမိဘုရားရှိခိုးပြီးတဲ့အခါ
နှိမ့်ချတဲ့ အသုံးအနှုန်းတွေနဲ့ မပြောဆိုဘဲ--
ငါ့သားလေးက
ပညာတတ်ကြီးဖြစ်မှာ။
မိဘကျေးဇူး ဆပ်နိုင်မယ့် သားလေး။
ဘာသာရေး ကိုင်းရှိုင်းတဲ့သားလေး။
အဆင်ပြေမယ့် သားလေး။(သမီးလေး)
သာသနာကို ထောက်ပံ့နိုင်မယ့် သားလေး
အစရှိသည်ဖြင့် မုခမင်္ဂလာ ဖြစ်မယ့် စကားတွေပဲ
ရွေးချယ်ပြောဆို ပေးသင့်ပါတယ်။
ဒါကြောင့် ဘုရားစာ အမြဲတမ်း ရွတ်နေတဲ့သူတွေက
စကားပြော ဆင်ခြင်ရပါမယ်။ကိုယ်နှုတ်စည်းနေတာ
မသိဘဲ ပြောလိုက်မိရင် မိမိနှင့် တခြားသူတွေပါ
နစ်နာကုန်မှာ စိုးလို့ ရေးသား တင်ပြလိုက်ရပါတယ်။