21/01/2025
Uno No Mercy 🤗
ဆော့နည်းသိစရာမလိုပါဘူး ယုတ်မာချင်စိတ်ရှိရင်ရပါပြီတဲ့ 💫
ဒါကတော့ တကယ်ဆော့နည်းပါ 😬
No mercy မှာ 168cards ပါပါတယ်
Recommended player ကတော့ 2-4person ပါ
ရိုးရိုး uno မှာပါတဲ့ +2,+4 အပြင် ပျော်ပျော်ပါးပါး ကိုယ့်လက်ထဲကဒ်မဆန့်တော့လို့ သူများလက်ပါငှါးဆော့ရမယ့် +6,+10 တွေပါပါတယ်
ရတယ် လူ၃ယောက်လောက် လက်ငှါးဆော့မယ်တော့ မတွေးပါနဲ့ လက်ထဲ 25ကဒ်ကျော်သွားရင်တော့ ရှုံးပါပြီ 🤣
ပွဲထဲကထွက်ရပါမယ်
Reverse+4 ကဒ်ကတော့ reverse လုပ်ခံရပြီး ကဒ်ချရမယ့်သူက 4ကဒ်ဆွဲရမှာပါ
(Original uno က reverse က ကူပေးသလိုဖြစ်ပေမယ့် ဒီ reverse+4 ကတော့ အလှည့်လည်းအောက်ခံရသလို 4ကဒ်ပါဆွဲရမှာပါ)
Wild Card က ကိုယ်က အရောင်တစ်ရောင်ခေါ်လိုက်တဲ့အခါ ကိုယ့်နောက်ကျ ကဒ်ချရမယ့်သူက ကဒ်ဖွင့်ဆွဲရမှာပါ
(ကိုယ်ခေါ်တဲ့အရောင်တက်မလာမချင်း ထိုင်ဆွဲနေရမှာပါ
ဝိုင်းထဲ ဘာအရောင်မရှိတော့ဘူးလဲသိရင် ညစ်ပတ်လို့ကောင်းတဲ့ကဒ်လေးပါပဲ)
တစ်ခြားကတော့ original uno ဆော့နည်းအတိုင်းပါပဲ
(ပုံတွေက UNO official page ကသွားမလာတာပါ 🤣)
1ဘူး - 13000mmk
Deposit 4000mmk