A Sone

A Sone Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Sone, Bago.

02/03/2026
06/10/2025
06/10/2025

သီတင်းကျွတ် ?

11/06/2025

တစ်ယောက်ယောက်ကကိုယ့်ကို လိုအပ်နေတာလေးကို သဘောကျတယ် ။မရှိမဖြစ်ဆိုတာမျိုးကို မဆိုလိုပါဘူး တစ်ခုခုဆိုရင် ကိုယ့်ကို အရင်ပြေးမြင်တာကိုယ့်ကို သတိတရ ရှိနေတာ ၊ကိုယ့်အတွက် သီးသန့် လေး အချိန်ပေးတာစသဖြင့်...ကိုယ့်ကိုလိုလိုချင်ချင် ရှိတာလေးကိုသဘောကျတယ် ။💛 #ခက်နှောင်

09/06/2025

တစ်နေ့မှာ မင်းရဲ့ဖြစ်တည်မှုပုံစံကို
အသိအမှတ်ပြုတဲ့သူ ရှာတွေ့ဦးမှာပါ...

မင်းရဲ့ အမူအကျင့်လေးတွေ
ဂရုစိုက်တတ်မှုတွေ၊ စိတ်ထားလေးတွေကို
သတိထားမိပြီး တန်ဖိုးထားပေးမယ့်လူက
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာဦးမှာပါ

ဒါကြောင့် တချို့ခွဲခွာခြင်းတွေကို
မနာကျင်တော့ဘဲ မေ့ပစ်လိုက်ပြီးတော့
ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးချစ်ပေးပါနော်...🤍💛

(30.5.25)
#မေပလ်ခင် 🍁

07/06/2025

သူစိမ်းတွေကိုကျ လေးလေးစားစား ဆက်ဆံပြီး ကိုယ့်ဘေးက လူတွေကိုကျ အရေးမကြီးသလို ဆက်ဆံမိနေရင် အရမ်းမှားနေပါပြီ ။

ကိုယ့်ရဲ့ မပြည့်ဝမှုတွေကို သည်းခံနားလည်ပြီး အချိန်အကြာကြီး ဘေးမှာရှိနေတယ်ဆိုတာဟာ သူတို့မှာ အခြားသူအစားထိုးစရာ မရှိလို့ မဟုတ်ဘူး ။ ဒါဟာ စစ်မှန်တဲ့ မေတ္တာတရားပါ ။ ဒါကို အရေးမကြီးသလို သဘောမထားမိပါစေနဲ့ ။
အခုလို အချိန်ကြာကြီးရှိနေဖို့က လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး ။

တချို့ လူတွေရဲ့ ကြီးမားတဲ့ အမှားဟာ လူရွေးမှားတာပဲ ။ အချိန်ကြာကြီး ကိုယ့်အပေါ် ကောင်းပေးလာခဲ့သူကို ပစ်ပြီး .. မနေ့တစ်နေ့ကမှ တွေ့တဲ့ တစ်ယောက်ကို ရွေးချယ်မိတယ် ၊ ဟန်ဆောင်မှုမပါတဲ့ စစ်မှန်တဲ့လူကို ပစ်ပြီး အပေါ်ယံ ချိုသာမှုတွေနောက် လိုက်မိတယ် ။

လောကမှာ ကိုယ်ချစ်ရသူကို မပိုင်ဆိုင်ရတာထက် … ကိုယ့်ကို တန်ဖိုးအထားချင်ဆုံးသူနဲ့ ဝေးကွာရတာက ပိုနာကျင်ရစေတယ် ။ ဘာကြောင့်ဆို အချစ်က အချိန်မရွေးပြန်ရှာတွေ့နိုင်ပြီး … ကိုယ့်ကို တန်ဖိုးထားမဲ့သူက ဘဝမှာ များများစားစား မတွေ့ရတတ်ဘူး ။ လူတိုင်း ရချင်လို့လည်း ရနိုင်တာမဟုတ်ဘူး ။

ဒါကြောင့် ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားပါ ။
Long time relationship တွေကို ဂရုစိုက်ပါ ။
ကိုယ့်အတွက် အချစ်လို့ထင်တဲ့သူကို ရှာတွေ့တဲ့အခါမှာလည်း ကိုယ့်ရဲ့ ခင်ရာအပေါင်းသင်းတွေနဲ့ ယှဉ်ရွေးစရာ ၊ စွန့်ပစ်စရာမလိုတဲ့ သူသာ ရွေးချယ်ပြီး ချစ်ပါ ။

လူတစ်ယောက်အတွက်ကြောင့် လူတွေအများကြီးကို လစ်လှူရှုမိရင် … အဲဒီ့လူ ကိုယ့်အနားမရှိတော့တဲ့အခါ သင့်ဆီမှာ ဘယ်သူမှ ကျန်နေတော့မှာ မဟုတ်ဘူး ။

သင့်ကို တန်ဖိုးအထားချင်ဆုံးသူကို စွန့်လွှတ်မိရင်
နောင်တ နှင့် အထီးကျန်မှာဟာ ဘဝတစ်လျှောက်လုံး ခံစားရတတ်ပါတယ် ။

- Thar Htwe -

ကိုယ်တိုင်လွတ်မြောက်ခြင်း 🩵📚

 #6နာက်ကျမှ လက်ထပ်ရခြင်းက မှားသော လက်ထပ်ခြင်းထက်စာရင် ပိုကောင်းပါတယ်🥹🥹
06/06/2025

#6နာက်ကျမှ လက်ထပ်ရခြင်းက မှားသော လက်ထပ်ခြင်းထက်စာရင် ပိုကောင်းပါတယ်🥹🥹

26/05/2025

သူတပါးကို ကူညီလိုက်ပြီး
ကိုယ်ကြပ်တည်းသွားတာတွေရှိတယ်။
ကိုယ်ကြပ်တည်းခံပြီး ကူညီလို့မဖြစ်ဘူးဆိုတဲ့အတွေးရှိတာတောင် တကယ်လက်တွေ့မှာ
သနားတဲ့စိတ် အားနာတဲ့စိတ် ကူညီလိုက်ချင်တဲ့စိတ်က တွန်းပို့နေတော့
အသက်ကိုမနည်းရှူလိုက်ရတဲ့လတွေ ရှိတယ်၊

ဒါပေမယ့် တစ်ချို့က နားမလည်ပါဘူး။
သူအဆင်ပြေနေတာပဲ သူအတွက်က
မပြောပါ့လောက်ပါဘူးဆိုပြီး မလေးစားဘူး တန်ဖိုးမထားဘူး။

crd

26/05/2025

အခုဆို အရာရာကို ကံပါသလောက်လို့ပဲ တွေးတယ်
အများကြီးတွေးထားပြီး ဖြစ်မလာရင်
နောက်ဆုံး ကိုယ်ပဲ အရူးမီးဝိုင်း ဖြစ်ရတာ ။

ကိုယ့်အနားမှာနေပေးတိုင်း အမြဲတမ်းရှိနေပေးမယ်လို့
တွေးထားလို့မရဘူး ၊ ဒါဟာ သူတို့စိတ်ပဲ ။
ချစ်ချင်တဲ့အချိန်ကျ ချစ်ပြီး
ပြစ်ချင်တဲ့ အချိန်ကျ ပြစ်သွားကြဦးမှာပဲ ။

ကိုယ့် အနားမှာရှိပေးနေတဲ့အချိန်တော့
အစစ်မှန်ဆုံး အရာတွေပဲ ပေးဖြစ်တယ် ။
နောက်ပိုင်း ကိုယ့်ကို မနှစ်သက်တော့ရင်တောင်
ကိုယ့်မှာ နောင်တရပြီး ကျန်မနေခဲ့ဖို့ လိုတယ် ။

ဒါ့ကြောင့် အရာရာဟာ ကံပါသလောက်ပဲ မို့
ဆက်ချစ်လဲရတယ် ၊ ဒီတိုင်း ပစ်ခဲ့လဲရတယ် ။

crd

26/05/2025

ငါအယုံကြည်ထားဆုံးသူဆီကနေ
ငါ့ကိုဘယ်လောက်တောင်အထင်သေးပြီးနှိမ်ထားလဲ
ဆိုတာသိလိုက်ရတဲ့အချိန်ကငါစိတ်အနာဆုံးအချိန်ပဲ
ငါတစ်သက်လုံးလူမှားကိုသံယောဇဉ်ရှိမိခဲ့တာပဲ

crd

25/05/2025

ဘယ်မှာပဲနေနေ၊ ဘယ်သူနဲ့ပဲနေနေ စိတ်ကိုသက်သောင့် သက်သာဖြစ်စေတဲ့သူတွေအနားမှာပဲနေချင်တယ်။

မျက်နှာကြည့်ပြီး မနေရဲ၊ မပြောရဲ၊ မလုပ်ရဲဖြစ်တာဟာ စိတ်ဒဏ်ရာအများကြီးရစေတယ်။ ကျန်းမာရေးကိုဆိုးရွားစေတယ်။

ဒါကြောင့် စကားတွေထိန်းမပြောရတဲ့သူတွေ ပတ်ဝန်းကျင်တွေအနားမှာပဲ ရှင်သန်ချင်တယ်။

Address

Bago

Website

Alerts

Be the first to know and let us send you an email when A Sone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share