03/01/2026
မြန်မာ့စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွင်
ကဏ္ဍပေါင်းစုံ၊ ပြည်တွင်းပြည်ပနေရာ
ဒေသပေါင်းစုံမှ ပူးပေါင်းပါဝင်တိုက်ပွဲဆင်နွှဲလျှက်ရှိသောမိဘပြည်သူတော်လှန်ရေးသူရဲကောင်းတို့ခင်ဗျား။
မနေ့ကစတင်မိတ်ဆက်ခဲ့တဲ့ကျွန်တော်တို့
"ကိုးမျဉ်းစောင်းလေး(9/4)"မှတာဝန်ယူထုတ်လုပ်ပေးသော
ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် ၏
ဓဝယ်တပ်တော်အာဇာနည်နေ့အထိမ်းအမှတ် ထုတ်ကုန်"မှတ်တမ်း" နှင့်ပက်သက်ပြီးအသေးစိတ်ရှင်းပြအသိပေးလိုပါတယ်ခင်ဗျား။
"ဓဝယ်အမျိုးသားအလံနှင့် ဓဝယ်တပ်တော်အလံတံဆိပ်"
တနင်္သာရီတိုင်းကိုအခြေပြုထားသော
ထားဝယ်အမျိုးသားစုတစ်ရပ်လုံး(မအလမှအပ)ကိုကိုယ်စားပြုသော ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၏
ဓဝယ်တပ်တော်အာဇာနည်နေ့အတွက်ထုတ်လုပ်ထားသည်ဖြစ်၍
ထားဝယ်အမျိုးသားကိုယ်စားပြုအလံအမှတ်တံဆိပ်နှင့်ဓဝယ်တပ်တော်အလံတံဆိပ်တို့ကိုထည့်သွင်းရိုက်နှိပ်ထားပါတယ်။
"Don't Forget"
မိဘပြည်သူတို့အနေနှင့်တော်လှန်ရေးအစဦးပိုင်းတွင်ကျဆုံးခဲ့သူများကို အောက်မေ့မှတ်မိပါသေးရဲ့လော?
လှည်းတန်းကျောင်းရှေ့မှတ်တိုင်တွင် ကျဆုံးခဲ့သော
လူငယ်ကျောင်းသား၏အမည်နာမကို မှတ်မိပါသလား။
UNရုံးရှေ့တွင်တစ်ကိုယ်တော်မတ်တတ်ရပ်ဆန္ဒပြခဲ့သောလူငယ်ကိုမှတ်မိသေးပါသလား?
အခြားရေတွက်၍မရသောကျဆုံးသူရာ၊ထောင်မကတော့ပေ။
တိုက်ပွဲတွင်ကျဆုံးခဲ့သောရဲဘော်ရဲဘက်ပေါင်းလည်းမနည်းတော့ပေ။
သူတို့၏
အမည်နာမပုံရိပ်များက ကမ္ဘာတည်သရွေ့မေပျောက်ဖျောက်ဖျက်၍မကောင်းပြီ။
သို့သော်လူသားဟူသည်မေ့လျော့တတ်၏။
ဖြစ်ပြီးသမျှကျူးလွန်ခံခဲ့ရသောမတရားမှုထောင်သောင်းကိုလည်းကောင်း။
တော်လှန်ရေးတွင်ရဲရင့်စွန့်စွာတိုက်ပွဲဝင်ရင်း
ကျဆုံးခဲ့ကြသောပြည်သူနှင့်ရဲဘော်အပေါင်းကိုလည်းကောင်း
မမေ့လျော့၊မပျောက်ပျက်ကြပါစေနှင့်။
"Don't Forgive"
အာဏာလုစစ်ကောင်စီတပ်ဖွဲ့ဝင်များ
နှင့်အပေါင်းအပါများမှ မြန်မာပြည်သူလူထုအပေါ်ကျူးလွန်မှောက်မှားခဲ့သောပြစ်မှုအပေါင်းကိုတရားမျှတမှုမရမချင်း ခွင့်လွှတ်ကျေအေးခြင်းမပြုကြပါရန်အသိပေးတိုက်တွန်းခြင်း။
"ရင်ဘတ်ရှိ QR code"
ကျဆုံးသူများကိုအမြတ်တနိုးတန်ဖိုးထားခြင်းအားဖြင့်နှလုံးသားဖြင့်အနီးဆုံးသိမ်းဆည်းမှတ်မိ
စေခြင်း။
"ဈေးနှုန်းနှင့် ဘဏ္ဍားရေးအပိုင်း"
မှတ်တမ်းတစ်ခုကို ဘတ်ဖြင့် 800 THB
မြန်မာကျပ်ငွေတန်ဖိုး (100,000) တစ်သိန်းသတ်မှတ်ထားပါတယ်။
ဤထုတ်ကုန်ရောင်းချမှုမှ
ရရှိအမြတ်ငွေအားအသုံးပြုမည့်ရည်ရွယ်ချက်:
ရောင်းချ၍ရရှိသည့်အမြတ်ငွေအားလုံး၏
75% ကို ဓဝယ်တပ်တော်၏ကျဆုံးရဲဘော်မိသားစုများကိုထောက်ပံ့ရန်နှင့် ထိခိုက်ဒဏ်ရာရဲဘော်များကိုပြုစုစောင့်ရှောက်ရေးနှင့်ပြန်လည်ထူထောင်ရေးကဏ္ဍများတွင်အသုံးပြုသွားမည်ဖြစ်ပြီး
ကျန် 25%ကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၏တပ်ဖွဲ့လိုအပ်ချက်များတွင်ဖြည့်တင်းအသုံးပြုသွားမည်ဖြစ်သည်။
ဝယ်ယူအားပေးလိုသူများအနေဖြင့် ယခုလက်ရှိတွင်
မိမိတို့ "ကိုးမျဉ်းစောင်းလေး (9/4)"Facebook စာမျက်နှာ၏ messenger မှ ဆက်သွယ်ဝယ်ယူအားပေးနိုင်ပါသည်။
တထည် 800 ဘတ်
မြန်မာငွေ (100,000)တစ်သိန်းကျပ်
#ကိုးမျဉ်းစောင်းလေး
#ဓဝယ်တပ်တော်
#ထားဝယ်
#မှတ်တမ်း
#တော်လှန်ထုတ်ကုန်