21/08/2026
တြိရတနာInstock
ရှာလေဖွေလေ တွေ့ရှိလေ ဆိုတာ
တကယ်မှန်သောစကား ပါပဲ ။
ဒီနှစ်ခုက တော်တော်ကို
လိုက်ဖက် ထိမိနေတာ
ကို တွေ့လိုက်ရတော့
အရမ်း အံ့ဩလို့ပါ။
ကိုယ့်တယောက်ထဲ အပေါ် သိသာရင်
တောင် လက်အညောင်းခံပြီး လာမရေးဘူး။
အခုက ကိုယ်တိုင်လဲသိသာတဲ့အပြင်
အခုက မြ ညွှန်ပေးတဲ့သူတွေကလဲ
အတော် သိသာတယ်ဆိုပြီး
Feedback တွေက များလာလို့ လာကြွားတာပါ။
မြရဲ့ပေ့မှာရော TikTok မှာပါ
ဆံသားနဲ့ ပတ်သက်ပြီး
လာဆွေးနွေးကြတယ်။
ရင်ဖွင့်ကြတယ်။
ဘာတွေသုံးရမလဲ
အကြံတောင်းကြတယ်။
မြပြောသလို တွဲစပ်သုံးကြတယ် ။
သိသာတာဆိုရင် လာကြွားကြတယ်။
မြတို့ တူတူ ပျော်ကြတယ်။
အဲ့လို community လေးပေါ့နော်
မြတို့က ။
ဒီ တြိရတန ဆိုတာလဲ မြ မညွှန်းလဲ
သူ့ဘာသာ နာမည်ရှိပြီးသား
နှစ်ချို့ ဘရန်းတခုပါပဲ။
အခုဟာက
စွယ်တော်ရွက် Combo လေး
ဖြစ်နေတာကို ပြောပြချင်တာ ။
ပုံမှန်ဆို တြိရတန ဖြန်းတယ် ။
ဖြန်းတဲ့ ပမာဏ မမှန်တာဖြစ်စေ
ဖြန်းနည်းမမှန်တာဖြစ်စေ
မသိသာလို့ စိတ်ဓာတ်ကျ တတ်ကြပါတယ်။
နှစ်ဘူးကုန်ပြီ ဘာမှလဲ မသိသာဘူး။
တော်ပြီ ဆက်မသုံးတော့ဘူးဆိုပြီး
တခြား ဘရန်း တခု ထပ်စမ်းကြပြန်ရော။
အဲ့ထဲ မြတို့လဲ ပါပါတယ်။
ဒါပေမဲ့ မြတို့ အသုံးပြုနည်းကို
သေချာ ပြန်စမ်းသပ်ပြီး
ပြောင်းသုံးကြည့်လိုက်တော့
ရလဒ်က သုံးပတ်က နေ ၂ လအတွင်း
တော်တော်ကြီး သိသာတာကို တွေ့ရလို့
တော်တော် ဝမ်းသာပြီး လာပြောပြတာပါ။
သုံးနည်းကတော့
မနက်နိုးတာနဲ့ တြိရတန ကို ဦးရေပြားကို
ဖြန်းတယ်။ ညဘက်ကြ မအိပ်ခင်
ဦးရေပြားကို Klarity serum လိမ်းအိပ်တယ်။
အဲ့တာနေ့တိုင်း နော် ပုံမှန်ပဲ ။
ခေါင်းလျော်တဲ့ ရက်ကြ မလျော်ခင်
တြိရတနကို ဖြန်းထားတယ်။ နာရီဝက်လောက်ကြာတော့ shampooနဲ့သေချာလျော်တယ်။
လေမမှုတ်ခင် ဦးရေပြားကို Klarity serumလိမ်းတယ်။ အဲ့လိုလေး သေချာပုံမှန်သုံးပေးတာ
ဘာတွေ သိသာလာလဲ ဆိုတော့
ဆံပင်ကျွတ်တာ တော်တော်ကို နည်းသွားပြီး
ဆံပင် အသစ်တွေ ရက်ရက်စက်စက်
ကိုထွက်လာတာ ဗျာ တကယ် ပျော်စရာကြီး။
ဒါ့အပြင် ဦးရေပြားအဆီပြန်တာကိုလဲ
သက်သာစေပြီး ဆံပင်အမြစ်တွေကို ခိုင်စေပါတယ်။
အရင်လို ဘီးဖြီးတိုင်း ပြတ်မထွက်တော့ဘူးလေ။
ဆံပင်အရမ်းကျွတ်နေရင်
ဆံပင်အုံထူချင်ရင်
ဒီအတွဲလေး သုံးကြည့်ပါ။
ရလဒ်က မြတို့ စမ်းသပ်ချက်အရ
သုံးပတ်ဆိုသိသာပါတယ်။
တယောက်နဲ့ တယောက် lifestyle မတူတာ
ဖြစ်လို့ အတိအကျတော့ တွက်လို့မရပေမဲ့
သိသာတာတော့ တော်တော်ကြီးကို
သိသာတာဖြစ်လို့ try ကြည့်စေချင်ပါတယ်။
စျေးကလဲ တြိရတန တဘူး ၄၅၀၀
Klarity ၁၆၅၀၀ ပဲ ဆိုတော့
လူတိုင်း တတ်နိုင်တဲ့
ဘတ်ဂျတ်ဆေ့ဖြစ်တာလေးပါ။
Har tonic စျေးကြီးတာတွေ
သုံးပြီး မသိသာလို့ စိတ်ညစ်နေရင်
အခု မြပြောတဲ့ အတွဲလေးကို
စမ်းကြည့်လိုက်နော် ။
ဘာမှ မသိသာဘူးဆိုတာမရှိဘူး။
ဦးရေယားတာသက်သာလာတယ်။
ဆံပင်ကျွတ်တာတော်တော်နည်းသွားတယ်။
ဆံပင်အသစ်တွေအများကြီးထွက်လာတယ်။
အုံထူအရှည်မြန်ချင်ရင် သုံးကြည့်လိုက်ပါ။
ကြိုက်သွားစေရမယ်😎😎✌️
#တြိရတန