Ton Ton online shop

Ton Ton online shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ton Ton online shop, Baby Goods/Kids Goods, Dawei, Dawei.

11/09/2025

ကလေးမျက်နှာ၊ကိုယ်လုံး ထိခိုက်မှု အနာတရဖြစ်တဲ့အခါ
••••••••••••••••••••••••••••••••••••••••••••••••

ဒီတစ်ခါမှာတော့ ကလေးရှိတဲ့မိဘများသိထားသင့်တဲ့အကြောင်းအရာလေးတစ်ခုကို ရေးသားပေးမှာဖြစ်ပါတယ်။ ကလေးငယ်လေးတွေဟာ အသက် ၂နှစ်ကျော်လာတဲ့အခါ အလွန်ဆော့ကစားလာကြပါတယ်။ အဲဒီအခါမှာ အန္တရာယ်ရှိမယ့်ကစားနည်းမျိုးတွေကို မိဘတွေကကာကွယ်တားဆီးပေးတတ်ကြပါတယ်။ ဒါပေမယ့်လည်း ကလေးသဘာဝ ကစားခုန်ပေါက်တာတွေကိုတားလို့မရတဲ့အခါ ထိခိုက်ရှနာဒဏ်ရာကတော့ တစ်ခုမဟုတ်တစ်ခုဖြစ်တတ်ကြတာပါပဲ။ ဒီတော့ မိဘတွေအနေနဲ့ ကလေးတွေ ထိခိုက်ပွန်းပဲ့ရှနာဖြစ်တဲ့အခါပြုလုပ်ပေးသင့်တဲ့ရှေးဦးသူနာပြုစုနည်းအကြောင်းကိုဝေမျှချင်တာပဲဖြစ်ပါတယ်။

🔹ကလေးများပွန်းပဲ့ရှနာဖြစ်ရင်ဆေးခန်းပြဖို့လိုအပ်သလား?

အသေးစားပွန်းပဲ့ဒဏ်ရာများကိုတော့ အိမ်မှာတင်ပဲ နည်းမှန်လမ်းမှန်နဲ့ပြုစုကုသပေးနိုင်ပါတယ်။ဒါပေမယ့် ဆေးရုံ/ဆေးခန်းပြပြီး ဆေးကုသမှုခံယူရမယ့်အခြေအနေတွေလည်းရှိနိုင်ပါတယ်။

ပွန်းပဲ့ခြင်း သို့မဟုတ် ပြတ်ရှဒဏ်ရာတစ်ခုခုဖြစ်ခဲ့ရင်

▪️အနာကြီးသလား
▪️ဘယ်နေရာမှာဖြစ်သလဲဆိုတာနဲ့
▪️အခြားသောအချက်များပေါ်မူတည်ပြီး ဆေးကုသမှု ခံယူကောင်းခံယူရနိုင်ပါတယ်။ တစ်သတ်မှတ်တည်းတော့မရှိပါဘူး။

🔹ဆေးရုံ/ဆေးခန်းမှာဆေးကုသမှုခံယူရမယ့်အခြေအနေတွေကတော့

▪️ဒဏ်ရာမှာ သွေးများ ပန်းထွက်နေခြင်း
▪️ဒဏ်ရာမှာ အရာဝတ္ထုတစ်ခုခုထိုးဖောက်ဝင်ရောက်ခြင်းမျိုးရှိနေခြင်း
▪️ဒဏ်ရာပေါ်မှ ဖိအားပေးထားတာတောင် သွေးတိတ်သွားခြင်းမရှိခြင်း
▪️ဒဏ်ရာတွင်းသို့ ဖုန်၊သဲ၊မှန်စ၊ကျောက်ခဲစများစွာဝင်နေခြင်း
▪️မျက်နှာနှင့်အရေးကြီးကိုယ်အင်္ဂါအစိတ်အပိုင်း(ဥပမာ မျက်စိ)တစ်ဝိုက်တွင် ဒဏ်ရာရရှိခြင်း
▪️လူ သို့မဟုတ် တိရစ္ဆာန်တစ်ကောင်ကောင် ကိုက်ခဲမှုခံရခြင်း စတဲ့အချက်များရှိနေခြင်း
▪️ကလေးငယ်မှာ မေးခိုင်ကာကွယ်ဆေးမထိုးထားခြင်း စသည်တို့ဖြစ်ပါတယ်။ အထက်ပါအချက်များရှိနေရင်တော့ ချက်ချင်းဆေးရုံ/ဆေးခန်းပြပြီး ဆေးကုသမှုခံယူရမှာပါ။

🔹ကလေးငယ်ထိခိုက်ရှနာဖြစ်တဲ့အခါ မိဘများအနေနဲ့ ပြုလုပ်ပေးရမယ့်အချက်များ

▪️ဒဏ်ရာမှ သွေးများပန်းထွက်နေလျှင် Towel တဘက်တစ်ခုကိုယူပြီး အနာပေါ်မှ ဖိထားပေးပါ။ Pressure ပေးပြီးသွေးထွက်နည်းအောင်ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ဒဏ်ရာမှ သွေးတိတ်သွားလျှင် ရေဖြင့်ဆေးကြောပြီး ပတ်တီးစီးခြင်း သို့မဟုတ် ပလတ်စတာစည်းခြင်း ပြုလုပ်ရပါမယ်။ ပြီးလျှင်တော့ အနီးဆုံး ဆေးရုံ/ဆေးခန်းပို့ဆောင်ရမှာပါ။

▪️ဒဏ်ရာမှာ အရာဝတ္ထုတစ်ခုခုထိုးဖောက်ဝင်ရောက်ခြင်းမျိုးရှိနေလျှင် အတင်းဆွဲထုတ်ဖို့မကြိုးစားပါနဲ့။ ဒဏ်ရာပတ်ပတ်လည်ကို Towel တဘက်တစ်ခုကိုယူပြီး ဖိထားပေးပါ။ ပြီးလျှင်တော့ အနီးဆုံး ဆေးရုံ/ဆေးခန်းပို့ဆောင်ရမှာဖြစ်ပါတယ်။

🔹ကလေးငယ်ဖြစ်သော ပွန်းပဲ့ရှနာဒဏ်ရာဟာ အသေးစားဖြစ်ပြီးသွေးထွက်မှုမရှိလျှင် သို့်မဟုတ် သွေးစို့ရုံသာဖြစ်ပြီးသွေးထွက်မှုနည်းလျှင်တော့ အိမ်မှာတင် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပေးလို့ရပါတယ်။

▪️ဒဏ်ရာရသွားတဲ့ကလေးငယ်ကို စိတ်တည်ငြိမ်အောင်ချော့မော့ပေးပါ။
▪️အနာမှသွေးထွက်နေလျှင် သန့်ရှင်းသောအဝတ်စနဲ့ဖိထားပေးပါ။ ၁၅မိနစ်ကျော်တဲ့အထိသွေးဆက်ထွက်နေရင်တော့ ဆေးခန်းပြရမှာဖြစ်ပါတယ်။
▪️ဒဏ်ရာမှသွေးတိတ်သွားရင် ဖုန်နဲ့အညစ်အကြေးတွေပြောင်စင်အောင် စီးဆင်းနေတဲ့ရေ(ဥပမာ ရေဘုံဘိုင်)အောက်မှာ ရေဆေးပေးပါ။ အနာကိုပွတ်တိုက်ပြီးဆေးကြောခြင်းမပြုရပါ။
▪️Normal Saline သို့မဟုတ် Antiseptic Solution အပျော့စားကို အနာပေါ်မှဆေးကြောပေးပါ။ အနည်းငယ်စပ်နိုင်ပါတယ်။ ဒါပေမယ့် ပိုးမွှားများဝင်ရောက်ခြင်းကနေကာကွယ်နိုင်ပါတယ်။
▪️အနာပတ်ဝန်းကျင်ကို သန့်စင်သောပတ်တီးစ သို့မဟုတ် ရေနွေးစိမ်ထားသောတဘက်စအသေးနဲ့ သန့်ရှင်းပေးပါ။ ဂွမ်းခြောက်ကိုအသုံးပြုရင် ဂွမ်းအစအနအမှုန်များ အနာတွင်းသို့ဝင်နိုင်လို့ သတိပြုသုံးရပါမယ်။
▪️သန့်ရှင်းရေးပြုလုပ်ရာမှာ အနာဆီသို့ ဦးတည်ပြီးမလုပ်ရပါ။ အနာမှဝေးရာပတ်ဝန်းကျင်သို့ ဦးတည်ပြီးသန့်ရှင်းပေးရမှာဖြစ်ပါတယ်။
▪️ဒဏ်ရာပေါ်သို့ Petroleum Jelly အလွှာပါးပါးလိမ်းပေးနိုင်ပါတယ်။ ​
▪️ပြီးလျှင် ပိုးသတ်ထားသော အနာကပ်ပလာစတာကပ်ထားနိုင်ပါတယ်။ အနာကြီးလျှင်တော့ သန့်စင်သောပတ်တီးစည်းထားရပါမယ်။
▪️အနာကို သန့်ရှင်းခြောက်သွေ့အောင်ထားရပါမယ်။
၂၄နာရီတစ်ခါ Dressing လဲပေးရပါမယ်။ (Dressing လဲခြင်းဆိုသည်မှာ အနာကို Saline သို့မဟုတ် ရေနွေးနဲ့ဆေးကြောခြင်း၊ ဆေးထည့်ခြင်း ၊ ပတ်တီးစည်းခြင်း သို့်မဟုတ် အနာကပ်Plasterကပ်ခြင်း တို့ဖြစ်ပါတယ်)
▪️၂-၃ရက်နောက်ပိုင်းမှာ အနာကိုအုပ်ထားဖို့မလိုတော့ပါ။ ဖွင့်ဟထားလို့ရပါပြီ။
▪️ဒဏ်ရာအနာဖေးတက်တဲ့အချိန်မှာ ကလေးက အနာကိုမခွာဖို့ဂရုပြုပေးပါ။ ပိုးဝင်နိုင်ပါတယ်။

🔺ဒါ့အပြင် အနာတစ်ခုဖြစ်တဲ့အခါ ပိုးဝင်ခြင်းရှိမရှိသတိပြုရပါမယ်။ အနာမှ နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ ခရမ်းရောင်သန်းလာခြင်း၊ ပူခြင်း ၊ ပြည်တည်ခြင်းများရှိလာလျှင် ဆေးခန်းပြရမှာဖြစ်ပါတယ်။

ဒီအချက်လေးတွေကတော့ ကလေးများထိခိုက်ရှနာ့ဖစ်တဲ့အခါ မိဘများအနေနဲ့အိမ်မှာတင်ပြုလုပ်ပေးနိုင်တဲ့ ရှေးဦးသူနာပြုစုနည်းများဖြစ်ပါတယ်။

🔹ကလေးငယ်ရှိတဲ့အိမ်တိုင်းမှာ

▪️ပိုးသတ်ထားသောပတ်တီး (2လက်မ,4လက်မဆိုက်ဒ်တစ်လိပ်စီ)
▪️ဂွမ်းထုပ်
▪️အရက်ပြန် သို့မဟုတ် Antiseptic Solution အပျော့စား
▪️ အနာကပ် Plaster စတဲ့အရာတွေကိုဆောင်ထားသင့်ပါတယ်။

အခုဆိုရင်တော့ ကလေးလေးတွေထိခိုက်ဒဏ်ရာရတဲ့အခါ မိဘများအနေနဲ့အိမ်မှာတင်ပြုလုပ်ပေးနိုင်တဲ့ ရှေးဦးသူနာပြုစုနည်းလမ်းလေးတွေနဲ့ အိမ်မှာဆောင်ထားသင့်တဲ့ပစ္စည်းလေးတွေစာရင်းကို ရေးသားပေးခဲ့တာဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင်။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
🔺တစ်ဆင့်ပြန်လည်ကူးယူခြင်း ခွင့်မပြုပါ။

မီးမီးလေးတို့အတွက် အသားကောင်း ပစ္စည်းအသန့် အတွင်းမှာဘောင်းဘီ ပါ1/2/3 years  အခုမှာ အခုရ09250769271
24/01/2024

မီးမီးလေးတို့အတွက် အသားကောင်း ပစ္စည်းအသန့် အတွင်းမှာဘောင်းဘီ ပါ

1/2/3 years

အခုမှာ အခုရ

09250769271

ချည်သားစစ်စစ် အသားကောင်းလေး1yr to 6yr09250769271
24/01/2024

ချည်သားစစ်စစ် အသားကောင်းလေး

1yr to 6yr

09250769271

ပိုင်ဝေ့ဂါဝန် အသားကောင်း ၁ထည်လုံးချည်သားအပြည့်ပါတယ်ရှင်4နှစ် မှ 6နှစ်ထိ အသင့်ရှိ
24/11/2023

ပိုင်ဝေ့ဂါဝန် အသားကောင်း ၁ထည်လုံးချည်သားအပြည့်ပါတယ်ရှင်

4နှစ် မှ 6နှစ်ထိ အသင့်ရှိ

ပွဲဂါဝန်လေးတွေ
23/11/2023

ပွဲဂါဝန်လေးတွေ

ချည်ဆွဲသား ဂါဝန် အသားအေးအေးအိအိ  အသစ်ရောက် ❤️size - 3yr  to  6yr 📞 09250769271   ထားဝယ်မြို့
15/11/2023

ချည်ဆွဲသား ဂါဝန် အသားအေးအေးအိအိ အသစ်ရောက် ❤️

size - 3yr to 6yr

📞 09250769271

ထားဝယ်မြို့

2 way ၀တ်လို့ရတဲ့ ချည်သားဂါ၀န်+ အပေါ်ထပ်ကုတ် လေး ၂မျိုးပါတဲ့ ဂါဝန် လေး 💟💟💟 size - 3yr to 7 yr 📞 09250769271ထားဝယ်မြို့
14/11/2023

2 way ၀တ်လို့ရတဲ့ ချည်သားဂါ၀န်+ အပေါ်ထပ်ကုတ် လေး ၂မျိုးပါတဲ့ ဂါဝန် လေး 💟💟💟

size - 3yr to 7 yr

📞 09250769271
ထားဝယ်မြို့

ပြင်သစ်ဇာ လေးနဲ့ ချည်သားဖုလေးတွေပါတဲ့ ပုလဲရှန်သားအကောင်းစားလေးကို တွဲစပ် ထားတဲ့ ဘိုဆန်ဆန် ပွဲဂါ၀န်လေး လိုချင်တာဆို ဒါလေး...
11/11/2023

ပြင်သစ်ဇာ လေးနဲ့ ချည်သားဖုလေးတွေပါတဲ့ ပုလဲရှန်သားအကောင်းစားလေးကို တွဲစပ် ထားတဲ့ ဘိုဆန်ဆန် ပွဲဂါ၀န်လေး လိုချင်တာဆို ဒါလေးယူ အကောင်းစားဆန်ဆန်လေးနဲ့ လှနေရော အတွင်းသားတစ်ထည်လုံး ချည်သားအခံ 💟💟💟

size - 2yr to 6yr

09250769271
ထားဝယ်မြို့

ပွဲတက်ဂါဝန် ရနိုင်တဲ့ဒီဇိုင်းတွေပါ
07/11/2023

ပွဲတက်ဂါဝန် ရနိုင်တဲ့ဒီဇိုင်းတွေပါ

အရမ်းလှတဲ့အဆင်လေး 🥰 ဒီဇိုင်း၂မျိုးကာလာ၂ရောင်ရ✔️ရင်-40✔️တင်-50
04/11/2023

အရမ်းလှတဲ့အဆင်လေး 🥰

ဒီဇိုင်း၂မျိုးကာလာ၂ရောင်ရ

✔️ရင်-40

✔️တင်-50

Address

Dawei
Dawei

Telephone

+959250769271

Website

Alerts

Be the first to know and let us send you an email when Ton Ton online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ton Ton online shop:

Share