25/09/2021
ဝက်ခြံ အဆီဖုများ အကြောင်း
--------------------------------------------------------------------------------------------
✅ အရောင်အားဖြင့် အသားရောင် ရှိတတ်ပြီး၊ မနီ မနာသော အဖုသေးသေးလေးတွေပါ၊ အထူးသဖြင့် နဖူး၊ မေးစေ့မှာ အတွေ့များပြီး မရောင်ရမ်းသော ဝက်ခြံတမျိုးပေါ့ ။
✅ အမျိူးအစား ၂ မျိူးရှိပါတယ် ။
- Micro comedones ( သာမန်မျက်လုံးဖြင့် မမြင်နိုင်သော အဆီဖုဝက်ခြံ )
- Macro comedones ( 2-3 mm ထက်ပိုသော အဆီဖုဝက်ခြံ )
✅ အဆီဖု ဖြစ်ရတဲ့အကြောင်းအရင်းကတော့ -
မွှေးညှင်းနုလေးတွေရဲ့ ထွက်ပေါက်ပိတ်လို့ပါ ။
✅ အဆီဖု အတွေ့များတာကတော့ -
✔️ မျက်နှာ အဆီအရမ်းပြန်တဲ့ အသားရေနဲ့ ခြောက်သွေ့ယားယံတဲ့ အသားရေရှိတဲ့သူတွေ မှာ တွေ့ရတတ်ပါတယ် ။
.. ဒါ့အပြင်...
✔️ ဝက်ခြံထွက်စေသော Chemicals ( pomades , isopropyl myristate , propylene glycol , dyes မတည့်သော အရောင်ဆိုးဆေး) ပါသောပစ္စည်းများ သုံးမိတဲ့ သူတွေ
✔️ မျက်နှာကို လက်နဲ့ ခဏခဏ ကိုင်တက်တဲ့သူတွေ
✔️ ကြမ်းကြမ်းတမ်းတမ်း မျက်နှာသစ်တတ်တဲ့ သူတွေ
✔️ လက်သည်းနဲ့ ကုတ်ဖဲ့တတ်သူတွေ
✔️ သနပ်ခါးထူထူ၊ မိတ်ကပ်ထူထူ လိမ်းသူတွေ
✔️ ကိုယ်နဲ့မတည့်သော skin care , chemical , make up , သဘာဝ အိမ်တွင်းကုထုံး၊ သစ်ခေါက်၊ သစ်သီးအစေ့ဆံ သွေးလိမ်းမိသူတွေ
✔️ Chemical peeling , laser တွေ ခဏခဏ လုပ်တဲ့သူတွေ
✔️ ဆေးလိပ်သောက်တဲ့သူတွေမှာလဲ ဖြစ်တတ်ပါတယ် ။
✔️ အချိုနှင့်နို့ထွက်ပစ္စည်း၊ အဆီ ပါသော အစားစာတွေကြောင့် နှင့်
✔️ မျိုးရိုးဗီဇတို့ကြောင့်လဲ ဖြစ်တတ်ပါသေးတယ် ။
••••••••••••••••••••
🌡 [ ကုသနည်းများ ]
ဘယ်လို ကုသရမလဲဆိုရင် -
A. လိမ်းဆေး
B. သောက်ဆေး
C. ကုထုံး ( treatment)
D. အိမ်တွင်းကုထုံး တို့ရှိပါတယ်
✅ A. - လိမ်းဆေး
- Benzoyl peroxide
- Azelaic acid
- Salicylic acid ( BHA )
- Glycolic acid ( AHA )
- Retinoids ( Tretinoin , Adapalene )
- Sulfur
- Niacinamide တို့ပါတဲ့ ဆေးများနှင့် Skin Cares တွေ သုံးပေးလို့ရပါတယ် ။
✅ B. - သောက်ဆေး
- Hormonal
- Isotritenoin
- Spironolactone တို့သောက်ပေးလို့ရပါတယ် ။
✅ C - ကုထုံး ( treatment )
- Cryotherapy
- Electrosurgery ( Cautery , diathermy )
- Microdermabrasion
- Extraction တို့ရှိပါတယ် ။
✅ D- အိမ်တွင်းကုထုံး အနေနဲ့ဆို -
( အိမ်တွင်းနည်းတွေက အပေါ်က ကုသနည်းတွေလောက် မထိရောက်ပေမဲ့ ဆေးခန်းမသွားချင်တဲ့သူတွေ၊ ကုသဖို့မတတ်နိုင်တဲ့သူတွေအတွက် သက်သာစေဖို့တော့ အသုံးပြုပေးလို့ရပါတယ် )
1. Alovera gel 🌵
2. Honey 🍯
3. Tomato 🍅 - ပါးပါးလှီးပြီး ညဖက် တွင် ၁၅ မိနစ်ကပ်ပေးပါ၊ ပြီးရင် ရေပြန်ဆေးခ၊ တပတ် ၂ ကြိမ် ။
4. Steam ရေနွေးငွေ့ 🌫 - steam စက်တွေရှိသလို ဆူပွက်နေသောရေပူပေါ်မှ မျက်နှာကို ခပ်ကွာကွာထား၍ ၅ မိနစ်လောက် အငွေ့ခံပေးလို့ရပါတယ် ။
( တပတ် ၁ ကြိမ်သာ )
5. Charcoal / clay mask ကပ် ( တပတ် ၂ ကြိမ် )
7. Tea tree oil
••••••••••••••••••••
[ ဆောင်ရန် ရှောင်ရန် ]
✅ ဆောင်ရန် တွေကတော့ -
- မျက်နှာကို ညှင်သာစွာ သစ်ပါ ။
- Toner သုံးပါ။
- Moisturizer ကို အဆီ အရမ်းမပါသော water-based ကိုသုံးပါ။
- Suncream မဖြစ်မနေ သုံးပေးပါ။
🚫 ရှောင်ရမှာကတော့ -
- Scrub အရမ်းလုပ်တာတွေ
- Make up မဖြတ်ဘဲ အိပ်တာတွေ
- လေထု၊ ပတ်ဝန်းကျင် ညစ်ညမ်းတဲ့ နေရာ
- ဓါတ်မတည့်သော ဆံပင်ဆိုးဆေး ၊ skin cares တွေ
- လက်နဲ့ ခဏခဏ ကိုင်တာ ၊ ကုတ်တာတွေ ၊ ညှစ်တာတွေ
- ဆံပင်ကို နဖူး ၊ မျက်နှာ ပေါ်မှာချထားတာတွေ
- ဆေးလိပ် ၊ အချို ၊ အဆီ ၊ နို့ထွက်ပစ္စည်းတွေ အလွန်အကျွံစားသုံးတာတွေ ရှောင်ပါ ။
•••••••••••••••••••
အဆီဖုနဲ့မှားတတ်တဲ့ တခြားအဖုလေးတွေကတော့
🔶 Sebaceous hyperplasia
( အဆီကလင်းလေးများ ကြီးထွားလာခြင်း )
အထူးသဖြင့် နဖူး၊ ပါး တွေမှာ အတွေ့များပါတယ်
ကိုယ်ခံအားနည်းသူ ၊ ကိုယ်တွင်းအင်္ဂါအစားထိုးမှုလုပ်ထားတဲ့ သူတွေမှာ အဖြစ်များပါတယ် ။
လေဆာ ၊ electrocautery အပူကုထုံး ၊ isotritenoin သောက်ဆေးဖြင့် ကုသနိုင်ပါတယ် ။
🔶 Syringoma
( အန္တရယ်မပြုသော ချွေးကလင်း tumors အကြိတ်လေးများ )
မျက်လုံးပတ်ဝန်းကျင်တွင် အဖြစ်များပါတယ်
အဆီဖုနဲ့ မှားကြတာ တွေ့ရတယ် ။
လေဆာ သို့မဟုတ် အပူကုထုံး( diathermy) ဖြင့် ဖျက်ထုတ်နိုင်ပါတယ် သို့သော် အမာရွတ်ကျန်တတ်ပါတယ် ။
•••••••••••••••••••
မေတ္တာဖြင့်
Dr. Naing
#အရေပြားနှင့်အလှအပ
#ဝက်ခြံ
Credit. Dr Naing