05/02/2024
လက်လွှတ်တယ်
လွှတ်ချလိုက်တယ်ဆိုတာ
စိတ်နေစိတ်ထားတစ်မျိုး
စိတ်ဓာတ်ရဲ့ အသိပညာတစ်မျိုး
ဘဝရဲ့အသိဉာဏ်တစ်မျိုးပါတဲ့။
စိတ်ဖိစီးမှုကို လက်လွှတ်လိုက်တော့
ပေါ့ပါးခြင်းကို ရတယ်။
စိတ်ရှုတ်ဝမ်းနည်းစရာတွေကို လက်လွှတ်လိုက်တော့
ပျော်ရွှင်ခြင်းကို ရတယ်။
သိမ်ငယ်တာကို လက်လွှတ်လိုက်တော့
မိမိကိုယ်ကို ယုံကြည်ခြင်းကို ရတယ်။
ပျင်းရိတာကို လက်လွှတ်လိုက်တော့
ကြွယ်ဝကောင်းမွန်ခြင်းကို ရတယ်။
အပျက်သဘောဆောင်တာကို လက်လွှတ်လိုက်တော့
တိုးတက်မြန်ဆန်ခြင်းကို ရတယ်။
မကျေနပ် ညည်းတွားတာတွေကို လက်လွှတ်လိုက်တော့
စိတ်လက်ချမ်းသာခြင်းကို ရတယ်။
တွေဝေတာတွေကို လက်လွှတ်လိုက်တော့
လွတ်လပ်ပေါ့ပါးခြင်းကို ရတယ်။
ကျဉ်းမြောင်းသေးသိမ်တာကို လက်လွှတ်လိုက်တော့
ပျော်ရွှင်ကြည်နူးခြင်းကို ရတယ်။
နိုင်းနိုင်းစနေ ( ကျွန်မဖတ်ဖို့ - ၃)