Thoon online shop

Thoon online shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thoon online shop, Clothing (Brand), Bomyattun stree, Hinthada.

Permanently closed.
14/02/2023

လောကမှာ တချို့အရာတွေက အပေါ်ယံတွေများတယ်
ကိုယ့်အပေါ် ကောင်းသယောင်နဲ့
နောက်ကွယ်ကျ ကြိတ်ပြီး မနာလိုမုန်းတီးနေကြတာ..

ဒီလို ကြုံတွေ့ရတိုင်း အပြုံးမပျက်ပါနဲ့
လူတွေပြောပြောနေတဲ့
ဘဝကပေးတဲ့ သင်ခန်းစာတွေဆိုတာ...
လူတွေဆီကပဲ သင်ယူရတာမျိုးပါ။

ပြုံးပြတိုင်းလည်း မနောလှတယ်မထင်လိုက်နဲ့
တချို့က ကျီးအာသီးလိုပဲ အပြင်ပန်းကောင်းသလောက် အတွင်းကျ ပုတ်နေတာမျိုး။

အပြောမချိုတိုင်း မနောတိုတယ်မထင်လိုက်နဲ့
တချို့က လူတွေအကြောင်းကိုသင်ခန်းစာတွေအပ်ကြောင်းထပ်အောင် ကြုံဖူးတော့
အတွင်းကဘယ်လောက်ချိုချို အပြင်မှာ ခါးသယောင်နဲ့ခပ်ပြတ်ပြတ်နေတတ်တာမျိုးပါ။

လူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ဗီဇဆိုတာ
သက်မှတ်ထားတာခြင်းတူတယ်
လူတစ်ယောက်ရဲ့ စိတ်ဓါတ်
အဆင့်အတန်းဆိုတာ ကြာကြာပေါင်းမှသိရသလို
ဗီဇဆိုတာမျိုးက ချစ်နေတုန်းမပေါ်ပေမယ့်
မုန်းလာတဲ့အခါ တဖြည်းဖြည်းချင်းပေါ်လာတတ်တယ်။

ဘယ်သူတွေ ဘယ်လိုပေတံနဲ့တိုင်းတိုင်း
လူတစ်ယောက်ရဲ့ စိတ်ဓါတ်က
လူတစ်ယောက်ရဲ့ လုပ်ရပ်အပေါ်မူတည်ပါတယ်။
ဒါကြောင့် စိတ်ဓါတ်ကောင်းအောင်
လုပ်ရပ်တွေ ကောင်းဖို့လိုသလို
စိတ်ဓါတ်ကောင်းမှလည်း အတွေးကောင်းတွေကနေတစ်ဆင့် ဘဝအမြင့်ကိုရောက်အောင်တွန်းပို့နိူင်မှာပဲဖြစ်ပါတယ်။

လေးစားစွာဖြင့်~~~
(ရာမညမြေ)13/2/2023

#မေဆုအတွေးရသစာစုလေးများ

14/02/2023

စိတ်၏အေးချမ်းရာအရပ်

ချမ်းသာခြင်းနှစ်မျိုးကို ရွေးပါဆိုရင်
စိတ်ချမ်းသာခြင်းတွေကိုပဲ
ရွေးချယ်ဖြစ်တော့တယ်...

မြန်မာ့အလှ မြန်မာ့ဘ၀

14/02/2023

စိတ်ပင်ပန်းလာရင်...
လူက
ဘယ်အရာကိုမှ
သည်းမခံ နိုင်တော့ဘူး။

ှာshinyoonလို့ရိုက်ရှာပြီးစာတွေဖတ်လို့ရပြီ

14/02/2023

🖤လောကဓံကို အထာကျကျ

ရင်ဆိုင်သွားနှိင်ဖို့ဆိုရင်

ကိုယ် မရှိသင့်တဲ့နေရာမှာ

ကိုယ်အရာမဟုတ်သလို နေလိုက်ပါ…


14/02/2023

ငယ်ငယ်တုန်းက
လူကြီးတစ်ယောက်ရဲ့
အရေးပါမှုကို အားကျတယ်
ကိုယ်အရွယ်ရောက်လာတော့
မာယာများလိုက်တာဆိုပြီး
ကလေးတစ်ယောက်ရဲ့
ဖြူစင်မှုကို
ပြန်တမ်းတမိပြန်ရော

#သျှင်ယွန်း
ှာshinyoonလို့ရိုက်ရှာပြီးစာတွေဖတ်လို့ရပြီ

14/02/2023

ကျွန်မ မာနမကြီးပါဘူး
သို့သော်
ရှိသင့်ရှိထိုက်တဲ့ မာနလေးတော့ရှိတယ်
ကိုယ့်ကို အဖက်မလုပ်တဲ့သူကို
ကိုယ်ကလည်း ခပ်ကင်းကင်းပဲ ဆက်ဆံတယ်

#သျှင်ယွန်း
ှာshinyoonလို့ရိုက်ရှာပြီးစာတွေဖတ်လို့ရပြီ

04/01/2023

ကျွန်မ မျက်နှာက
ဟန်မဆောင်တတ်တဲ့ အထဲပါတယ်

စိတ်ထဲ တစ်ခုခု အဆင်မပြေရင်
မျက်နှာမှာ ချက်ချင်းပေါ်တယ်

ဟန်ဆောင်ပြီးလည်း မပြုံးတတ်သလို
ဖားပြီးလည်း မပေါင်းတတ်တော့
ကျွန်မမှာ မိတ်ဆွေနည်းတယ်

#သျှင်ယွန်း

Address

Bomyattun Stree
Hinthada

Telephone

+959688577039

Website

Alerts

Be the first to know and let us send you an email when Thoon online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share