Ywet Thit Wai

Ywet Thit Wai RTWသဘာဝဆေးဆိုးဗမာချည်ထည်လေးတွေထုတ်လုပ်ထားပြီး အရည်အသွေးမြင့်၊ conditionကောင်းတဲ့ဘေထည်တွေရောင်းပါတယ်🌿

ပေါ့ပါးလှပပြီး သက်သောင့်သက်သာရှိတဲ့ ဗမာချည်ထည်တွေကို ဈေးနှုန်းအရည်အသွေးမှန်ကန်စွာနဲ့ ထုတ်လုပ်သွားမှာပါ။

ဟုတ်လား😅
06/10/2025

ဟုတ်လား😅

🙂🙂

27/08/2025

အကြီးနဲ့ မတော်ရင် အငယ်ကိုပေး၊ အငယ်နဲ့မတော်တာ အကြီးကယူဝတ်ကြတာမျိုးက ကိုယ်တို့ငယ်ငယ်ကတည်းက မိသားစုတွေ အမျိုးတွေကြားက ချစ်စရာကောင်းတဲ့ အလေ့အထတစ်ခုပဲ။ ကိုယ်တိုင်လည်း အစ်မဝမ်းကွဲတွေ၊အကိုဝမ်းကွဲတွေရဲ့ အကျလေးတွေ ဝတ်ခဲ့ဖူး၊ ကိုယ့်အကျတွေလည်း ညီမလေးတွေကို ပေးခဲ့ဖူးပြီး ယူတော့ရော၊ပေးတော့ရော ပျော်နေခဲ့တာကို မှတ်မိနေတယ်။
အကြီးတွေရဲ့ အဝတ်တွေဆိုလည်း သပ်သပ်ရပ်ရပ်လေးတွေပဲ ရခဲ့တာမို့လို့ ကိုယ်ပြန်ပေးတော့လည်း သန့်သန့်ပြန့်ပြန့်လေးတွေပဲ ပေးဖြစ်ခဲ့တာ။ ခုကတော့ အမျိုးသားရဲ့ မတော်တော့တဲ့ ရှပ်ကို styling ပြန်လုပ်ဝတ်ထားတာ။ styling my husband's shirts ဆိုပြီး seriesလိုက် vlog ရိုက်ရင် ကောင်းမလားတွေးနေတယ်။ ဝိုင်းဝန်းအကြံပြုကြပါဦး။🤗

P.S.အမျိုးသားကတော့ သိပ်မပေးချင်ဘူး။သူနဲ့တော်သေးတယ်ချည်းပဲ ဇွတ်ပြောနေတာ..ဆိုပေမယ့် ကျမကတော့ အထပ်လိုက် ဘီရိုထဲ ထည့်ထားပြီးပါပြီ။🤭

‎လူတွေကိုယ့်အပေါ် ယုံကြည်ကြတယ်ဆိုတဲ့ ခံစားချက်က တကယ်ကောင်းတာနော်..။‎‎ကိုယ်ကကျတော့ အချစ်ခံရတာ၊ အမုန်းခံရတာတွေကို သိပ်အာရု...
12/08/2025

‎လူတွေကိုယ့်အပေါ် ယုံကြည်ကြတယ်ဆိုတဲ့ ခံစားချက်က တကယ်ကောင်းတာနော်..။

‎ကိုယ်ကကျတော့ အချစ်ခံရတာ၊ အမုန်းခံရတာတွေကို သိပ်အာရုံမရှိဘူး။ ကိုယ်မို့လို့ကို ချစ်ကြတာလည်းရှိသလို ကိုယ်မို့လို့ကို မုန်းကြတာလည်းရှိနိုင်တာပဲမို့လို့ လုပ်ယူလို့လည်းမရတဲ့ကိစ္စလို့ထင်တယ်။

‎ယုံကြည်မှုကကျတော့တည်ဆောက်ယူရတာ။ ကိုယ်ဆိုတဲ့ပုံရိပ်ကို ဖန်တီးယူရတာဆိုတော့ ယုံကြည်မှုပေးလေ ယုံကြည်ထိုက်အောင်ပိုနေဖြစ်လာလေပဲ။

‎ချည်ထည်တွေတုန်းကလည်း မှာတဲ့အရေအတွက်ထက်များသွားလို့ပြန်ပို့ဖို့ကို ဒိုင်က ယူသာထားလိုက်ညီမလေး ပေးနိုင်တဲ့အချိန်မှပေးဆိုတာချည်းပဲ။ ဘေထုပ်ဆိုလည်း ကြိုက်သလောက်ယူ ကြိုက်သလိုခွဲပေး အရင်းအနှီးအတွက် စိတ်ကိုမညစ်ခဲ့ရဘူး။

‎အပြင်မှာသိကြလားဆိုတော့လည်း လုပ်ငန်းလုပ်မှသာ မေးရင်းမြန်းရင်းခင်သွားကြတဲ့လူတွေ။ ခုလည်းသင်တန်းယူနီဖောင်းမှာတာ 'ဘယ်လောက်ကျလဲပြောထားပါဦး'ဆိုတော့ 'ရတယ်ဆရာမ အေးဆေးမှလွှဲ'တဲ့။ အရင်အခေါက်တွေဆိုလည်း မှာပြီး ပစ္စည်းကားတင်ပြီးမှ ဘယ်လောက်ကျတယ် လှမ်းပို့တာရယ်။

‎အဲဲဒါကြောင့် အငယ်တွေကိုဆိုအမြဲပြောဖြစ်တယ်။ ယုံကြည်ထိုက်တဲ့လူဖြစ်အောင်နေဖို့။ personal branding ဆိုလည်း ချစ်စရာကောင်းတဲ့၊ social ကောင်းတဲ့ image ကိုချည်းပဲ လုပ်မယူပဲနဲ့ ယုံကြည်ထိုက်တဲ့ လေးစားထိုက်တဲ့ ပုံရိပ်ကိုတည်ဆောက်ယူဖို့။

‎ရွက်သစ်ဝေလေးက ရပ်မသွားပါဘူးနော်။ မတူတဲ့ပုံစံနဲ့ပြန်လာဖို့ ပြင်ဆင်နေပါတယ်။ ယုံကြည်ပြီးကြိုဆိုပေးကြပါဦးနော်။

ပေါ်တော်မူ adminလေး နည်းနည်းပွားချင်လို့ပါရှင်။ကျမအပါအဝင် မိန်းကလေးတော်တော်များများ ကြုံဖူးကြမယ့်ပြဿနာလေးပါ။ဘာလဲဆိုတော့ ...
01/07/2025

ပေါ်တော်မူ adminလေး နည်းနည်းပွားချင်လို့ပါရှင်။

ကျမအပါအဝင် မိန်းကလေးတော်တော်များများ ကြုံဖူးကြမယ့်ပြဿနာလေးပါ။

ဘာလဲဆိုတော့ ငယ်ဘဝက လူကြီးတွေ၊ သူငယ်ချင်းတွေ၊ ပတ်ဝန်းကျင်ကလူတွေရဲ့ ပြောစကားတွေကြောင့် အဝတ်အစားနဲ့ပတ်သက်ပြီး ယုံကြည်မှုအမှားတွေဝင်ခဲ့ကြရတာပါ။

ဒီနေရာမှာ ကျမအဖြစ်အပျက်နဲ့ပဲ ပြောပြရရင် ကျမကငယ်ငယ်က အသားတော်တော်ညိုတယ်၊ ရွယ်တူတွေထဲမှာ အရပ်ရှည်တဲ့အထဲပါတယ်၊ ပြီးတော့ အရေပြားကျန်းမာရေးအားနည်းတာရော ကိုယ်တိုင်ဂရုစိုက်ရကောင်းမှန်းမသိတာရောနဲ့ ခြေကျင်းဝတ်နဲ့ခြေသလုံးမှာ အမာရွတ်လေး​​တွေ တော်တော်များများရှိတယ်။

အဲ့ဒီလိုနဲ့ အမာရွတ်တွေပေါ်မှာစိုးလို့ ဘောင်းဘီ၊ စကတ်ဆို အရှည်ပဲဝတ်ဖြစ်တာများတယ်။ သူငယ်ချင်းတွေယှဥ်လျှောက်ရင် ကိုယ့်အရပ်ကရှည်နေတော့ ဖိနပ်အမြင့်စီးရင် ကျန်တဲ့လူတွေကိုအားနာရလို့ ဖိနပ်အပါးပဲ ရွေးစီးဖြစ်တာများတယ်။ အရောင်နုတာ တောက်တာတွေဝတ်ရင် အသားရောင်နဲ့မလိုက်မဖက်ဆိုပြီး 'စ' တာမျိုး​​တွေကြုံရတော့ အရောင်ဆို ရင့်ရင့်၊ ပုပ်ပုပ်၊ ငြိမ်ငြိမ်တွေပဲရွေးဖြစ်တော့တယ်။ တက္ကသိုလ်ပြီးတဲ့အထိပဲဆိုပါတော့။

နောက်တစ်ချက်က ကျမတို့ ငယ်ဘဝတုန်းက ဆယ်ကျော်သက်လောက်မှာ ကိုယ်နဲ့ဘယ်လိုအဝတ်အစားကလိုက်ဖက်လဲ၊ ဘယ်လိုဆံပင်ပုံစံလေးက ကိုယ်နဲ့လှမလဲ စသဖြင့် ကိုယ့်ကိုယ်ကိုယ်စိတ်ဝင်စားလာတာနဲ့ အဲ့ဒီမိန်းကလေးကို 'လှကိုလှချင်တယ်၊ ခုအရွယ်ကတည်းက ယွနေပြီ၊လင်စောစောရတော့မယ် (အဲ့ဒါကြားခဲ့တဲ့စကားအတိုင်းနော်) ဆိုတာမျိုးတွေ ပြောကြလေ့ရှိပါတယ်။ အဲ့ဒါကြောင့်လည်းကျမဆိုရင် ကျောင်းပြီးတဲ့အချိန်အထိ မေမေကိုယ်တိုင်ဝယ်ပေးတာဖြစ်စေ၊ မေမေ့ထောက်ခံချက်နဲ့ဝယ်တာဖြစ်စေ မဟုတ်ရင် အဲ့ဒီအဝတ်အစားကို မဝတ်ရဲပါဘူး။ တော်ရုံလည်း ကိုယ့်ဖာသာအဝတ်မဝယ်ဖြစ်တော့ပါဘူး။

ဖက်ရှင်နဲ့ပတ်သက်တဲ့ ကျမရဲ့အမြင်ကို စ ပြောင်းပေးခဲ့တာကတော့ ကျမပထမဆုံးအလုပ်က စီနီယာအစ်မပါ။ သေချာတော့မမှတ်မိတော့ပေမယ့် သူပြောခဲ့တာက 'ပိန်လို့ ဝလို့၊ အရပ်ပုလို့ ရှည်လို့၊ လူကောင်ကြီးလို့ သေးလို့၊ အသားမည်းလို့ ဖြူလို့ဆိုပြီး အကုန်လိုက်စဥ်းစားနေရင် အစ်မတို့ ကိုယ်ကြိုက်တာကိုယ် ဘယ်ဝတ်ရတော့မလဲ'တဲ့။ 'အဓိကက ကိုယ်ဝတ်လိုက်တဲ့အဝတ်အစားက ကိုယ်သွားမယ့်နေရာနဲ့ လိုက်ဖက်ပြီး ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေဖို့ပဲ'တဲ့။

အဲ့ဒီစကားတစ်ခွန်းတည်းနဲ့တော့ ကျမဘာမဆို ဝတ်ရဲသွားတာမဟုတ်ပါဘူး။ အသက်နှစ်ဆယ်လောက်အထိ ရိုက်သွင်းခံလာရတဲ့ အတွေးတွေဆိုတော့ ဝုန်းဒိုင်းဆိုပြီး ချက်ချင်းကြီးပြောင်းလဲမသွားပါဘူး။ ဒါပေမယ့် အလှအပကိုစိတ်ဝင်စားလာပြီး ကိုယ်ပိုင်ဝင်ငွေလေးလည်းရှိလာတဲ့အချိန်၊ ကိုယ့်ကိုယ်ကိုယ်လည်း ငါ့အားနည်းချက်တွေက သူတို့ပြောသလောက်ထိလည်း ဆိုးရွားမနေပါဘူးလို့ ကိုယ်တိုင်လက်ခံလာနိုင်တဲ့အချိန်ကို ရောက်တော့မှ ကိုယ်ကြိုက်တာကိုယ်ဝတ်ရဲလာတာပါ။

ခုကတော့ အ​ခေါက်တိုင်းနီးပါး ကိုယ်ဝတ်ဖြစ်တဲ့အဝတ်အစားတိုင်း၊ ဆံပင်ပုံစံတိုင်း၊ ဖိနပ်ပုံစံတိုင်းက ကိုယ်ကြိုက်တာသေချာတာတွေပဲများပါတယ်။trend တွေနဲ့ ကိုက်ညီတာလည်းပါမယ် မကိုက်တာလည်းပါမယ်၊ အဝတ်များ အသုံးများတဲ့ ပုံစံဟုတ်ချင်လည်းဟုတ်မယ် ဟုတ်ချင်မှလည်းဟုတ်မယ်၊ တန်ဖိုးကြီးတာ နည်းတာ ဘာမဆိုဖြစ်နိုင်တယ်။ ဒါပေမယ့် သေချာတာတော့ အဲ့ဒီအဝတ်အစား၊ ဖိနပ်၊ အိတ်၊ အသုံးအဆောင်ကို ဆင်မြန်းထားတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိလေးနဲ့ တအားကြီးလှနေတာမျိုးမဟုတ်ရင်တောင် သန့်သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ်လေးဖြစ်နေရင်ကို နေရထိုင်ရအဆင်ပြေပြီး ဝတ်ရဲ သုံးရဲ သွားရဲနေတော့တာပါပဲ။

ချစ်ရတဲ့အမျိုးသမီးလေးတွေကိုလည်း ဘေးလူတွေရဲ့ ကန့်သတ်ချက်နဲ့ဘောင်တွေကိုကျော်လွန်ပြီး ကိုယ့်ကိုယ်ကိုယ်ချစ်တတ်၊ ကိုယ့်အားသာချက်ကို မြင်တတ်၊ ကိုယ်နဲ့လိုက်ဖက်မယ့် ကိုယ်ကြိုက်တဲ့ ဖက်ရှင်ကို ကိုယ့်စိတ်တိုင်းကျ ရွေးချယ်တတ် ရွေးချယ်ရဲကြစေချင်တဲ့စိတ်နဲ့ ဒီစာလေးကိုရေးလိုက်ပါတယ်ရှင်။

#ရွက်သစ်ဝေ


21/05/2025

Nobody-မင်မင်ငြိမ်ချက်သားကောင်း..ဘာတွေလုပ်..
Me-မင်မင်ချည်တွေထိုး..ywa🤫

နှစ်သစ်ကစ အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာနဲ့ အေးချမ်းပျော်ရွှင် ဘေးဘယာများကင်းစင်စွာဖြတ်သန်းနိုင်ကြပါစေလို့...
17/04/2025

နှစ်သစ်ကစ အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာနဲ့ အေးချမ်းပျော်ရွှင် ဘေးဘယာများကင်းစင်စွာဖြတ်သန်းနိုင်ကြပါစေလို့ Ywet Thit Wai အထည်ဆိုင် မိသားစုများမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

#ရွက်သစ်ဝေ
#ဗမာချည်ထည်
#ဘေထည်

👕Tee & top 👕🔔ကြိုက်တာယူ ၅၀၀၀ ကျပ်..Discount ထည်လေးတွေကို ပုံမှာ ဈေးတခါတည်းထည့်ပေးထားလို့ ကြိုက်တာလေးတွေ့ရင် လာမေးလို့ရပါ...
30/01/2025

👕Tee & top 👕
🔔ကြိုက်တာယူ ၅၀၀၀ ကျပ်..Discount ထည်လေးတွေကို ပုံမှာ ဈေးတခါတည်းထည့်ပေးထားလို့ ကြိုက်တာလေးတွေ့ရင် လာမေးလို့ရပါတယ်ရှင်။

🌿ဟင်္သာတမြို့တွင်း အိမ်လာယူလို့ရ..ပို့ပေးရမယ်ဆိုရင် စနေနေ့တိုင်း မြို့တွင်း အပို့လေးရှိပါမယ်။အိမ်ရောက်ငွေချေရ။

🌿ကျန်မြို့များ ငွေကြိုလွှဲပါရှင်။

🌿ပစ္စည်းစုချင်ရင် ငွေလွှဲထားပြီး စုလို့ရ..။

🌿ဝယ်ယူပြီးပစ္စည်းပြန်လဲမပေးပါ။ Cancel မရပါရှင်။ order confirm မလုပ်ခင်ပုံလေးသေချာကြည့်ပြီးရွေးပေးပါရှင့်။
🤗🤗🤗

P.S.အင်္ကျီရောင်းတဲ့ပို့စ်ပါနော်။ မော်ဒယ်မရောင်းပါ။ မော်ဒယ်ကိုလိုချင်ရင် သိန်းတစ်ထောင်နဲ့အိမ်လာတောင်းပါ။😝

ထမင်းစားပြီးနောက် မင်မင့်လက်ရှိခြေနေPhoto-Credit
29/01/2025

ထမင်းစားပြီးနောက် မင်မင့်လက်ရှိခြေနေ

Photo-Credit

အဝါရောင်တွေ💛
28/01/2025

အဝါရောင်တွေ💛

27/01/2025

Page လေးငြိမ်နေလို့ beauty tips လေးတွေတင်ဦးမယ်နော်။ ဈေးလည်းရောင်းမယ် ဟာသတွေလည်းရှယ်မယ် ဒီလို vlog လေးတွေလည်းတင်ဦးမယ်လို့🤗

Address

Ngu War Street
Hinthada
044

Telephone

+959791493181

Website

Alerts

Be the first to know and let us send you an email when Ywet Thit Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share