Libra Book Store Hmawbi

Libra Book Store Hmawbi လိုတဲ့စာအုပ်လေးတွေအချိန်မရွေးမေးလို့ရပါတယ်
မြန်မာတနိုင်ငံလုံးRoyal Expressရတဲ့မြို့တိုင်းCODရပါတယ်
November Book Storeလက်ခွဲPageပါ
viber - 09 980 861 086

“အချစ်ရဲ့ နောက်ဆက်တွဲအဖြစ် အချစ်ပဲတော့ ဘယ်ဖြစ်နိုင်မလဲ နွယ် ။မေတ္တာရယ် သစ္စာရယ် ပြီးတော့ သံယောဇဉ်လေးတွေရယ်နဲ့ အချစ်ရဲ့ န...
17/06/2026

“အချစ်ရဲ့ နောက်ဆက်တွဲအဖြစ်
အချစ်ပဲတော့ ဘယ်ဖြစ်နိုင်မလဲ နွယ် ။

မေတ္တာရယ် သစ္စာရယ် ပြီးတော့
သံယောဇဉ်လေးတွေရယ်နဲ့
အချစ်ရဲ့ နောက်ဆက်တွဲ စာမျက်နှာတွေကို
ခိုင်မြဲအောင် မောင် ချုပ်ထားပေးမှာပေါ့ကွယ်။"

ဆရာမဝင်းဝင်းလတ်ရဲ့ ၁၉၉၇ ခုနှစ် အမျိုးသားစာပေဆုရ စာအုပ်လေးဖြစ်တဲ့ အချစ်၏ နောက်ဆက်တွဲစာမျက်နှာ စာအုပ်လေး ပြန်လည်မှာယူနိုင်ပါပြီရှင့် ။

ရုပ်ရည်ချောမော သိမ်မွေ့ပြီး ပညာ အရည်ချင်း အပြည့်ရှိသော ဆရာဝန်မလေး တစ်ယောက် ဖြစ်သော်ငြားလည်း ခင်ပွန်းသည်က နောက်ထပ်လူတစ်ယောက် တွေ့သွားတဲ့အခါ ကွာရှင်းပေးခဲ့ရပါတယ် ။ မြေလတ်မြို့သို့ ရောက်လာတဲ့ ခွဲစိတ်ဆရာမလေး ခင်ဦးနွယ် အလုပ်ကို အလွန်ကြိုးစားပြီး သားလေး နှစ်ယောက်နဲ့ ဘဝကို ရပ်တည်ခဲ့ရပါတယ် ။ ဒါပေမဲ့ တော်စပ်ခဲ့ဖူးတဲ့ ခင်ပွန်းသည် အကြောင်းတော့ စကားပြောတိုင်း ထည့်ထည့်ပြောနေတတ်တယ်။

မြေလတ်မြို့ရဲ့ဆေးရုံအုပ်ကြီး ဦးအောင်မြင်ကတော့ ခွဲစိတ်ပညာကို လွန်စွာ တန်ဖိုးထားပြီး ဆေးရုံတစ်ခုလုံးကိုလည်း အေးချမ်းစွာ အုပ်ချုပ်နိုင်စွမ်းရှိတဲ့သူ လှလှပပ ကြော့ကြော့မော့မော့ နေတတ်ပြီး ငွေဘယ်လိုရမလဲသာ စိတ်ဝင်စားတဲ့ ဒေါက်တာမူယာတင် ခင်ဦးနွယ်ရဲ့ ဘဝကိုအပြည့်အဝ နားလည်ပေးနိုင်သော မြေလတ်ဆေးရုံမှာ အားကိုးရတဲ့ သူနာပြုဆရာမကြီး နော်အေမီ စိတ်ထားကောင်းပြီး အလုပ်ကိုလည်း ကြိုးစားတဲ့ ဒေါက်တာ
သက်ဇော်နိုင် လောကကြီးနဲ့ လူတချို့ကိုခနဲ့ပြီး မိန်းမဆိုရင်လည်း အထင်မကြီး အရက်ကိုသာ တပ်မက်တဲ့ ဒေါက်တာ ယဉ်မျိုး

စိတ်နာစရာတွေများခဲ့တဲ့ အိမ်ထောင်ရေးကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလပ် ဖြစ်ခဲ့ရတဲ့ ဆရာဝန်မလေးရဲ့ လေးစားဖွယ် အားမာန် ၊ စိတ်ဓာတ် နဲ့ နေပုံထိုင်ပုံတွေနဲ့ မြေလတ်ဆေးရုံလေးထဲက ဆရာဝန်များ အကြောင်းမျိုးစုံကို စာအုပ်လေးထဲမှာ ရေးသားဖော်ပြထားပါတယ် ။

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#အချစ်၏နောက်ဆက်တွဲစာမျက်နှာ #ဝင်းဝင်းလတ် #ဝတ္ထု

" ကျွန်မတို့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်    ပျောက်ဆုံး မနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ရဖို့ သိပ်ကို အရေးကြီး...
17/06/2026

" ကျွန်မတို့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံး မနေဖို့ အရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ရဖို့ သိပ်ကို အရေးကြီးပါတယ်။ "

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

{မူရင်းရေးသားသူအားလေးစားစွာဖြင့်crdပေးပါသည်။}

#ယုနွယ်လင်း #ကိုယ်ကမှကိုယ့်လူပါ

17/06/2026

ဖက်စိမ်းကွမ်းတောင် ရွှေဝတ္ထုတိုများ သည် စာရေးဆရာမ ခင်ခင်ထူး၏ ဝတ္ထုတို ၁၅ ပုဒ်ကို စုစည်းထားသော စာအုပ်တစ်အုပ် ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ဖက်စိမ်းကွမ်းတောင် ရွှေဝတ္ထုတိုများသည် ၂၀၀၃ ခုနှစ် အမျိုးသား စာပေဆု (ဝတ္ထုတိုပေါင်းချုပ်)ကို ရရှိခဲ့သည်။ ပါဝင်သော ဝတ္ထုတိုများသည် ရွှေအမြုတေမဂ္ဂဇင်းတွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီးသော ဝတ္ထုတိုများ ဖြစ်သည်။

#ဖက်စိမ်းကွမ်းတောင်ရွှေဝတ္ထုတိုများ #ဝတ္ထု

"မင်းလမ်းကို မင်း ဖြောင့်ဖြောင့်သွားပါ ၊ မမကို ပြန်လှည့်မကြည့်ဘဲ မင်းပျံနိုင်သမျှ မြင့်မြင့်ပျံပါ။ မင်းနားမှာ မမ မရှိပေမ...
16/06/2026

"မင်းလမ်းကို မင်း ဖြောင့်ဖြောင့်သွားပါ ၊
မမကို ပြန်လှည့်မကြည့်ဘဲ မင်းပျံနိုင်သမျှ မြင့်မြင့်ပျံပါ။ မင်းနားမှာ မမ မရှိပေမယ့် မင်း အောင်အောင်မြင်မြင်ရပ်တည်နိုင်တဲ့နေရာတိုင်းမှာ မမရဲ့ ပျော်ရွှင်မှုရှိတယ်။”
-မြကျေးရုံ

"မမကို ပြန်လှည့်မကြည့်နဲ့ ဆိုတာကတော့မဖြစ်နိုင်ဘူး မမ ၊ကျွန်တော့်ပျော်ရွှင်မှုက မမရှိတဲ့နေရာမှာကျန်ခဲ့တာလေ၊ မမကိုပြန်လှည့်မကြည့်ရင် ကျွန်တော့်ပျော်ရွှင်မှုကို ကျွန်တော်ပြန်လှည့်မကြည့်သလိုဖြစ်တော့မှာပေါ့။”
-ရန်ပြေအေး

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#လက်ကျန်လရောင် #ပုညခင် #ဝတ္ထု

ခန့်ညားထည့်ဝါသော ဘဝအဆင့်အတန်းနှင့် စစ်မှန်သောလွှမ်းမိုးမှုကို ပိုင်ဆိုင်လိုသူတိုင်း မဖြစ်မနေဖတ်ရှုရမည့် “ပါဝါ – POWER” စ...
15/06/2026

ခန့်ညားထည့်ဝါသော ဘဝအဆင့်အတန်းနှင့် စစ်မှန်သောလွှမ်းမိုးမှုကို ပိုင်ဆိုင်လိုသူတိုင်း မဖြစ်မနေဖတ်ရှုရမည့် “ပါဝါ – POWER” စာအုပ်

“ပါဝါကို မပိုင်စိုးသူသည် ပါဝါ၏အသုံးချခြင်းကိုသာ ခံရပါလိမ့်မည်”

လောကကြီးတွင် လူအများစုသည် လောက၏စည်းမျဉ်းများအတိုင်း ရှင်သန်နေထိုင်ကြသော်လည်း၊ အနည်းငယ်သော “ထိပ်သီးလူသား”များကမူ ထိုစည်းမျဉ်းများကို ကိုယ်တိုင်ရေးဆွဲကြသည်။

၎င်းတို့သည် အဘယ်ကြောင့် အမြဲတမ်း ဩဇာညောင်းနေရသနည်း။ ၎င်းတို့၏ ခြေလှမ်းတိုင်းတွင် အဘယ်ကြောင့် ခန့်ညားထည်ဝါသော အရှိန်အဝါများ ကပ်ပါနေရသနည်း။

အဖြေသည် အရည်အချင်းတစ်ခုတည်းတွင် မဟုတ်ဘဲ “ပါဝါ” ကို ပိုင်စိုးခြင်းတွင် ရှိသည်။

ဤလောကတွင် လူနှစ်မျိုးနှစ်စားတည်းသာ ရှိပေသည်။ ယင်းတို့မှာ ပါဝါကို ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်အသုံးချနိုင်သူနှင့် ထိုပါဝါ၏ လွှမ်းမိုးခြယ်လှယ်ခြင်းကို ခံရသူတို့ပင် ဖြစ်သည်။

စင်စစ်အားဖြင့် ပါဝါဟူသည် စားသောက်ခြင်း၊ အိပ်စက်ခြင်းတို့ကဲ့သို့ပင် လူသားတို့အတွက် မရှိမဖြစ်သော သဘာဝလိုအပ်ချက်တစ်ရပ် ဖြစ်ပေသည်။ အကယ်၍ သင်သည်သာ ပါဝါကို ဆုပ်ကိုင်ပိုင်စိုးထားနိုင်ခြင်း မရှိခဲ့ပါလျှင်၊ တပါးသူတို့ စီမံခင်းကျင်းထားသော ပါဝါကစားကွက်အတွင်း၌ အသက်မဲ့သော နယ်ရုပ်တစ်ရုပ်အသွင်သို့ မလွဲမသွေ သက်ဆင်းသွားရပေလိမ့်မည်။

အကယ်၍ သင်သည် အလုပ်ခွင်၊ လူမှုရေးနှင့် မိသားစုနယ်ပယ်များတွင် ပိုမိုလေးစားခံရပြီး ထည်ဝါသော ရပ်တည်မှုတစ်ခုကို ပိုင်ဆိုင်လိုလျှင် ဤစာအုပ်သည် သင့်အတွက် အကောင်းဆုံးသော လက်နက်တစ်ခု ဖြစ်လာပါလိမ့်မည်။

ပါဝါကို နားလည်သူဖြစ်ပါစေ..။ ပါဝါကို ပိုင်စိုးသူဖြစ်ပါစေ..။

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#ပါဝါ

15/06/2026

လေရူးသုန်သုန် - မြသန်းတင့်

လေရူးသုန်သုန်ထဲက အိုဟာရာက တဇွတ်ထိုးနိုင်တယ်။ သူလိုချင်တာကို ရအောင်ယူတတ်တယ်၊ အတ္တများတယ်၊ ကိုယ်ကျိုးကြည့်တယ် မနာလို၀န်တိုတတ်တယ်၊ တဖက်သားအပေါ်မှာ အနိုင်ယူချင်တယ်၊ လောဘကြီးတယ်၊ ကြွားချင်တယ်၊ ပိုက်ဆံမက်တယ်၊ ဩတပ္ပစိတ်ကင်းတယ်၊ ဟန်ဆောင်တယ်၊ စကားလက်အိုဟာရာရဲ့ စရိုက်ဟာ ကျင့်၀တ် စံနှုန်းတွေနဲ့ တိုင်းထွာရင် အများကြီးမကောင်းတာကများတယ်။ သူ့မှာ စိတ်ကောင်းရှိတာကလေးနဲ့ ရိုးအတာကလွဲရင် ကျန်တဲ့အရည်အချင်းတွေက ကျင့်၀တ်နဲ့ မကိုက်တာတွေချည်းပဲ။ ဒါတောင် ကျွန်တော်တို့ဟာ စကားလက်အိုဟာရာကို ချစ်နေကြတယ်၊ သနားနေကြတယ်၊ ကြင်နာနေကြတယ်၊ သူကလည်း သူ့ကိုသနားတာ၊ ကြင်နာတာကို အမုန်းဆုံးပဲ၊ အဲဒီလောက် မသိသာဆိုးဝါးပြီး မာနကြီးတဲ့မိန်းမမျိုး။ ဒါပေမဲ့ ဘာဖြစ်လို့ ကျွန်တော်တို့တစ်တွေဟာ စကားလက်အိုဟာရာကို စွဲလမ်းနေရသလဲ။ ခေတ်ပျက်ကြီးထဲမှာ သူ့ကိုယ်သူ ရှင်သန်ကျန်ရစ်အောင် လုပ်တယ်။ သူ့ပတ်၀န်းကျင်၊ သူ့အသိုင်းအဝိုင်းကို တတ်နိုင်သမျှကလေးနဲ့ ကာကွယ်စောင့်ရှောက်တာတွေကို မြင်ရတော့ သူ့ကို ကျွန်တော်တို့ သဘောကျသွားကြတယ်။

သူ့ဘ၀ရပ်တည်ရေးအတွက် သူ ကြိုးစားရုန်းကန်သွားပုံကိုကြည့်ပြီး သူ့ကိုသနားသွားကြတယ်။ ချီးကျူးမိကြတယ်။ ကိုယ်လည်း ဒီလိုအခြေနေမျိုးကိုရောက်ရင် ဒီလိုလုပ်ချင် လုပ်မှာပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အလန့်တကြား ရှာတွေ့သွားကြတယ်။ သူ့ကို ခွင့်လွှတ်မိကြတယ်။ စာနာသွားကြတယ်။ ဒါဟာ စာရေးဆရာက ရေးပြလိုက်တဲ့ စကားလက်ရဲ့ ရုပ်ပုံလွှာပါပဲ။ သူပြတဲ့အတိုင်း ကျွန်တော်တို့ စာဖတ်သူတွေကလည်း မြင်လိုက်ကြရတယ်။ ဒါကြောင့် ❝ လေရူးသုန်သုန် ❞ ဟာ ၀တ္ထုတစ်ပုဒ်အနေနဲ့ ဒီလောက်အောင်မြင်သွားတာပါ။

တန်ဖိုး = တစ်သိန်းကျပ်✅
(အစုံလိုက်ပဲရောင်းလို့ရပါမယ်နော်)

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောင်ငွေချေရပါသည်။

#မြသန်းတင့် #လေရူးသုန်သုန် #စာအုပ် #ဝတ္ထု ာသား

👧 မေတ္တာရှင်မလေးပေါ်လီယာနာ // ထင်လင်း"ပျော်ရွှင်တယ်ဆိုတာ ၀မ်းသာတာနဲ့တူတယ်။ မပျော်ရွှင်ဘူးဆိုရင် ဝမ်းနည်းနေတာပေါ့။ ပေါ်လီ...
15/06/2026

👧 မေတ္တာရှင်မလေးပေါ်လီယာနာ // ထင်လင်း

"ပျော်ရွှင်တယ်ဆိုတာ ၀မ်းသာတာနဲ့တူတယ်။
မပျော်ရွှင်ဘူးဆိုရင် ဝမ်းနည်းနေတာပေါ့။

ပေါ်လီယာနာလေးကတော့ မပျော်ရွှင်ရဘူးဆိုရင်တောင် ဝမ်းသာနည်းတမ်းလုပ်ကစားပြီး ပျော်ရွှင်ကြည့်ပါတယ်။

လိုချင်တာမရတဲ့အခါတိုင်း..ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အခါတိုင်း.. ဘယ်လိုဝမ်းသာရမလဲရအောင်ရှာတတ်တယ်။

သူ့ရဲ့ကစားနည်းကိုလိုက်ကစားတဲ့သူတိုင်းဟာ ပြောင်းလဲသွားကြတယ်။
အရမ်းကိုစိတ်ချမ်းသာသွားကြတယ်။"

အကောင်းမြင်စိတ်များတဲ့သူကို “ပေါ်လီယာနာ စိတ်ထားရှိသူ”လို့ တင်စားခေါ်ဝေါ်ကြတဲ့အထိ အတိုင်းထက်အလွန် အောင်မြင်မှုတွေရခဲ့တဲ့ ဒီစာအုပ်ကို ဆရာထင်လင်းက #မေတ္တာရှင်မလေးပေါ်လီယာနာ အဖြစ် ဘာသာပြန်ရေးသားခဲ့တာပါ။

ဒီစာအုပ်ထဲက ရွှေဝါရောင်ကျစ်ဆံမြီးလေးနှစ်ခုနဲ့ မျက်နှာပေါ်က မှဲ့ခြောက်တွေနဲ့ ဆယ့်တစ်နှစ်အရွယ် ရုပ်ဆိုးဆိုးကလေးမလေးတစ်ယောက်။

ဝမ်းသာစရာကိုသာ အမြဲရှာတတ်တဲ့ သနားစရာ
ကလေးမလေးတစ်ယောက်အကြောင်း ဖတ်ရင်း မျက်ရည်ဝဲမိတာအမှန်ပဲ။

“ဒီနေရာမှာ မှန်မရှိတာကို သမီး ဝမ်းသာနိုင်ပါတယ်။
မှန်မရှိတော့ သမီးမျက်နှာကမှဲ့ခြောက်တွေကို မမြင်ရတော့ဘူးပေါ့”

“အို...ကြည့်စမ်း မမနန်စီ။ သမီး သတိမထားမိဘူး။ ကြည့်စမ်း။ ဟို အဝေးကြီးကို ကြည့်လိုက်စမ်း။သစ်ပင်တွေ အိမ်‌တွေနှင့် ဝတ်ကျောင်း အချွန်တွေနှင့်။ မြစ်ရေကလည်း ငွေရောင်တောက်လို့။ အို...မမနန်စီရယ်။ ဒီလိုဟာမျိုး ကြည့်စရာရှိနေရင် ပန်းချီကား ဘယ်သူလိုဦးမလဲဟင်။ အန်တီပေါ်လီက သမီးကို ဒီအခန်းပေးတာ သမီး သိပ်ဝမ်းသာတာပဲ” တဲ့။

မှန်မရှိတော့လည်း မှဲ့ခြောက်တွေမမြင်ရတော့ဘူးပေါ့ ပြောရင်း ပျော်ရရှာတယ်။ သူသိပ်ကြိုက်‌တဲ့ ပန်းချီကားတွေမရှိတော့လည်း ဟိုးအဝေးကြီးက သစ်ပင်တွေ မြစ်ရေတွေကြည့်ပြီး
“ပန်းချီကား ဘယ်သူလိုဦးမလဲ” လို့ ရေရွတ်ရင်း ပျော်နေရှာပြန်တယ်။

ကလေးနဲ့မတန်အောင် တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပျော်စရာအဖြစ် ‌ပြောင်းလဲခံစားတတ်တဲ့ သူ့ရဲ့အကောင်းမြင်စိတ်လေးဟာ လူတိုင်းအတုယူစရာပါ။

လူတိုင်းကို ဝမ်းသာစရာ ကစားနည်းတွေသင်ပေးခဲ့တဲ့ ကလေးမလေး ကားအက်စီးဒင့်ကြောင့် သူ့မခြေထောက်တွေပြန်မကောင်းနိုင်မှန်းသိခဲ့တာတောင် စိတ်ဓာတ်ကျမသွားတဲ့ ဒီကလေးမလေးအကြောင်း ဖတ်ပြီးတဲ့နောက်ပိုင်း အရာရာကို အကောင်းဘက်ကနေ မြင်ကြည့်ဖို့ ပိုပြီးစိတ်အားထက်သန်ခဲ့တယ်။

နောက်ဆုံးမှာ...

“သမီး သိပ် သိပ်ကို ဝမ်းသာတယ်။ ဘာအတွက်မဆို ဝမ်းသာတယ်။ အခိုက်အတန့် လမ်းမလျှောက်နိုင်ဘဲ ဖြစ်သွားတာ‌ကိုတောင် ဝမ်းသာတယ်။ ဘာကြောင့်လဲဆိုတော့ ‌ခြေ ၂ချောင်းနှင့် လမ်းလျှောက်ရတာဟာ ဘယ်လောက် ကောင်းတယ်ဆိုတာ မလျှောက်နိုင်တဲ့အခါကျမှ သိတာ အန်တီရဲ့။ နက်ဖြန်ဆိုရင် သမီး ၈ လမ်းတောင် လျှောက်ရတော့မယ်။

အားလုံး အချစ်တွေတစ်ပုံကြီးနှင့်
ပေါ်လီယာနာ” တဲ့

နောက်ပြီး ဒီစာအုပ်ထဲမှာ ပျော်‌အာင်လုပ်ပြီး ကစားရတဲ့ ကစားနည်းတွေလည်း အများကြီးရှိသေးတယ် အချိန်ရရင် မဖတ်ရသေးတဲ့သူတွေကို ဖတ်ကြည့်စေချင်တယ်။

ဒီစာအုပ်ဖတ်ပြီးတဲ့နောက်ပိုင်း တစ်ခုခုဆို ပျော်စရာကိုပဲရှာပြီး တွေးတတ်လာတယ်။ ကိုယ့်အတွက်တော့ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်လေးပါပဲ။

(မူရင်းရေးသားသူအားလေးစားစွာဖြင့်crdပေးပါသည်။)

တန်ဖိုး = ၁၀၀၀၀ကျပ်✅

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတနိုင်ငံလုံးroyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#မေတ္တာရှင်မလေးပေါ်လီယာနာ #ထင်လင်း #စာအုပ် #ဝတ္ထု

လွမ်းစရာရှိလို့ကျွန်တော်မအားသေးကြောင်းပြောလိုက်မိပါတယ် ခင်ဖုန်းသက်ဝေ။မေနဲ့ဩဂုတ်မှာ အရင်လေတွေ တိုက်ရင်အရင်ပန်းတွေပဲ ပွင့်...
14/06/2026

လွမ်းစရာရှိလို့
ကျွန်တော်မအားသေးကြောင်း
ပြောလိုက်မိပါတယ် ခင်ဖုန်းသက်ဝေ။

မေနဲ့ဩဂုတ်မှာ အရင်လေတွေ တိုက်ရင်
အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ။

လိုအပ်ရင် ပန်းအသစ်တွေလဲပေးဖို့
ဘယ်အပင်ကိုမှ ကျွန်တော် မတောင်းဆိုချင်ပါဘူး။

အပြည့်အ၀ လွမ်းခွင့်ရတာဟာလည်း
လူဖြစ်ကျိုးနပ်မှု အခက်အခဲတစ်ခုပါကွယ်။

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#သန်းတင့် #ခင်ဖုန်းသက်ဝေဂယ်လာရီ #ကဗျာ

ဆုံနေရက်နဲ့လွမ်းလေခြင်း - ဂျူး " ဒါဟာ အချစ်လား မဟုတ်ပါဘူးနော်    ဒါဟာ မေတ္တာသာ ဖြစ်ပါသည် " နှလုံးသားရဲ့အလိုဆန္ဒ ကို ဦးန...
14/06/2026

ဆုံနေရက်နဲ့လွမ်းလေခြင်း - ဂျူး

" ဒါဟာ အချစ်လား မဟုတ်ပါဘူးနော်
ဒါဟာ မေတ္တာသာ ဖြစ်ပါသည် "

နှလုံးသားရဲ့အလိုဆန္ဒ ကို ဦးနှောက်ရဲ့ ထိန်းချုပ်
မှုကြောင့် ရပ်တန့်ပစ်လိုက်ရတဲ့အချိန်တိုင်း
အမှတ်ရနေမိတဲ့ ဇာတ်ကောင်ဟာ
" အင်ကြင်းဝေ " တဲ့ ။

ဧရာဝတီမြစ်ရေလျှံတဲ့နေ့မှာ စတွေ့ခဲ့ကြတဲ့
ဆုံတွေ့မှုတစ်ခု ။ ချောင်းထဲကျသွားတဲ့
စာအုပ်လေးကို လိုက်ဆယ်ပေးခဲ့တဲ့ ကလေးလေး
တစ်ယောက် နဲ့ ကလေးလေးခြေထောက် ငုတ်စူးသွားလို့ စိတ်ပူခဲ့တဲ့ အသက် ၇ နှစ်ကြီးတဲ့
ကလေးမလေးတစ်ယောက် ။

မောင်သက်ဝေ နဲ့ အင်ကြင်းဝေ တဲ့ ။

"အင်ကြင်းဝေ"ဆိုတာ စိတ်ပညာကိုလေ့လာနေတဲ့ ကျောင်းဆရာမတစ်ဦးရဲ့ သမီး ။
"မောင်သက်ဝေ"လေးက အမေမရှိတော့ဘဲ ဘုန်းကြီးကျောင်းမှာကပ်နေရတဲ့ ကလေးလေး ။

ပိုးတုံးလေးကနေ လှပတဲ့လိပ်ပြာကလေး
ဖြစ်အောင် မောင်သက်ဝေ ဘဝကို ပြောင်းလဲ
ပေးချင်တဲ့ အင်ကြင်း ။ စိတ်နှလုံးသားနူးညံ့အောင် ကဗျာတွေ စာတွေပေးဖတ် ပြောပြပြီး
လူတော်လေးဖြစ်အောင် လုပ်ပေးခဲ့တဲ့ အင်ကြင်း။မောင်လေးတစ်ယောက်လို
ချစ်မြတ်နိုးစွာဂရုစိုက်ပြုစုခဲ့တဲ့ အင်ကြင်း ။

" မမ ကျနော် မမနဲ့ မင်္ဂလာဆောင်ချင်လိုက်တာ "

" မမ နဲ့ ကျနော် တစ်အိမ်တည်းနေရရင်
ကောင်းမှာပဲနော် "

အဖေရဲ့ မေတ္တာအကြင်နာကို မရခဲ့တဲ့
သက်ဝေဟာ အင်ကြင်းရဲ့ အကြင်နာတွေ​ကို
ခံစားခဲ့ရပါတယ် ။ အဲ့ဒါကြောင့် သူ သိပ်ချစ်ရတဲ့သူဟာ မမ ။

မမ အင်ကြင်းကို တွေ့ချင်လို့ အင်ကြင်းတို့
အိမ်နားက ပွဲရုံတွေမှာ အလုပ်ဝင်လုပ်ခဲ့တဲ့
သက်ဝေ ။

" ဘာဖြစ်လို့ ဂုဏ်ရောင်လမ်းက ပွဲရုံတွေမှာ ကျွန်ခံချင်ရတာလဲဆိုရင် မမရဲ့ အိမ်ရှိလို့ပေါ့ " တဲ့လေ ။

အင်ကြင်းကို မမတစ်ယောက်ထက် ပိုပြီး
ချစ်မိခဲ့တဲ့ မောင်သက်ဝေ ။ မမဟာ သူ့အတွက်အစစအရာ ဂရုစိုက်ပေးခဲ့တော့ ပြန်ချစ်မှာပဲ
ထင်ပြီး မမဖြစ်စေချင်သလို ပညာတတ်ဖြစ်အောင် အင်္ဂလိပ်စာကျွမ်းအောင် လုပ်ခဲ့တာ ။

မောင်လေးတစ်ယောက်လို ချစ်မိရာက
သည်ထက်ပိုပြီး ချစ်မိဖို့ရာ ရှေ့ဆက်မတိုးရဲတော့တဲ့ အင်ကြင်း ။

" ကိုယ့်ထက် အသက်ငယ်တဲ့သူတွေကို
မချစ်ရဘူးတဲ့ ။ သမီးနဲ့သူဟာ မထိုက်တန်ဘူး ။ "

ပတ်ဝန်းကျင်နဲ့ ကိုယ် ကိုယ်တိုင်ရဲ့ ကန့်သတ်ချက်တွေကြားမှာ ရှေ့ဆက်မရတော့တဲ့ အဖြစ် ။
သိပ်ကို နာကျင်စရာ ကောင်းလှပါတယ် ။

မမက လာဗင်ဒါပန်းကြိုက်တယ်ဆိုလို့ လာဗင်ဒါပန်းခင်းဆီအရောက်ပို့ပေးခဲ့တဲ့ မောင်လေး ။

မောင်လေးဘဝကို မြင့်စေချင်တယ်ဆိုလို့
အမွှေးရနံ့ကုထုံးပညာရှင်ဖြစ်တဲ့အထိ မမ ဖြစ်စေချင်သလို ကြိုးစားခဲ့တဲ့ မောင်လေး ။

မေတ္တာ နဲ့ ချစ်ခြင်းကြားက အလွှာလေး ။
ဒီအလွှာလေးကို မကျော်နိုင်လို့ ရပ်တန့်လိုက်ရတဲ့ အချစ်တစ်ခုလေ ။ ဒီအဖြစ်ကို မမေ့နိုင် ဘယ်တော့မှ မမေ့ ။

ချစ်နေပေမဲ့ မေတ္တာပါလို့ ခေါင်းစဉ်းပြောင်းတပ်ပြီး နေရတာ ဘယ်လောက် အသည်းနှလုံးက နာကျင်စရာကောင်းပါလိမ့် ။ အင်ကြင်းဝေ ရဲ့ ခံစားချက်ကို ရင်နာနာနဲ့ နားလည်ခဲ့ရတာ ။

လာဗင်ဒါပန်းခင်းတွေမြင်တိုင်း ချစ်နေပေမဲ့
မဆုံဖြစ်ခဲ့ကြတဲ့ သက်ဝေ နဲ့ အင်ကြင်းတို့ကို
မြင်ယောင်နေမိတော့တာ ။

" တချို့အချစ်တွေက မဆုံစည်းခဲ့ကြပေမယ့်
မချစ်ခဲ့ကြတာ မဟုတ်ပါဘူး "

ဖတ်မိတိုင်း ရှေ့ဆက်မတိုးနိုင်တဲ့ အင်ကြင်းဝေရဲ့ အဖြစ်ကိုသိပြီး စိတ်မောခဲ့ရတာ ။ တခါတခါ အင်ကြင်းဝေရဲ့ ခံစားချက်ကို နားလည်ပြီး
တခါတခါ ချစ်နေတာပဲ ပတ်ဝန်းကျင်ကို
ဂရုမစိုက်နေပါနဲ့လို့ ပြောချင်နေမိတာ ။ ဒါပေမဲ့
ဒီလိုလုပ်ဖို့ကလည်း သိပ်ကို ခက်ခဲလှပါတယ် ။

" မနက်လည်းဆုံ ညလည်းဆုံ
ဆုံနေရက်နဲ့လွမ်းလေခြင်း "

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#ဆုံနေရက်နဲ့လွမ်းလေခြင်း #ဂျူး #ဝတ္ထု

13/06/2026

စစ်နှင့်ငြိမ်းချမ်းရေး” သည် ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း၏ လက်ရာမြတ်ဖြစ်ပြီး၊ ၁၉ ရာစု နပိုလီယန်ခေတ် ရုရှားနိုင်ငံ၏ သမိုင်းကြောင်းအပြောင်းအလဲကြီးကို နောက်ခံထားကာ မိသားစု သုံးစု၏ ဘဝဇာတ်ကြောင်းများကို ရက်နွဲ့ထားသည်။

ဆရာကြီး မြသန်းတင့်၏ ပြန်ဆိုချက်သည် မူရင်း၏အနှစ်သာရကို မပျက်စီးစေဘဲ စာဖတ်ပရိသတ်အတွက် ဖတ်ရလွယ်ကူစေရန် သမိုင်းဆိုင်ရာ နောက်ခံများနှင့် ဒဿနိကအကြောင်းအရာများကို မြန်မာ့အရေးအသားနှင့် ကိုက်ညီစွာ ရေးသားထားပါတယ်။

သမိုင်းဝင်ခေတ်ကြီးများကို စိတ်ဝင်စားသူများ၊ ကမ္ဘာ့စာပေအမွေအနှစ်များကို လေ့လာလိုသူများ၊ မဖြစ်မနေ ဖတ်သင့်တဲ့ ဂန္တဝင်စာပေပဲ ဖြစ်ပါတယ်။

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#မြသန်းတင့် #စစ်နဲ့ငြိမ်းချမ်းရေး #ဘာသာပြန်စာအုပ်

Address

Hmawbi

Website

Alerts

Be the first to know and let us send you an email when Libra Book Store Hmawbi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share