TRACY by May

TRACY by May Korea, BKK Cosmetic & Skincareများ၊ Factory Outlet Bagများကို​​စျေ

မင်မင်တို့ ငွေဈေးတွေကအဆင်မပြေတော့လို့ ဆက်ရောင်းရင်လဲ ခွက်ဆွဲရတော့မဲ့ အနေအထားမို့ အရောင်းခဏရပ်ထားပါပြိးနော် 🥴Photo Crd
28/09/2021

မင်မင်တို့ ငွေဈေးတွေကအဆင်မပြေတော့လို့ ဆက်ရောင်းရင်လဲ ခွက်ဆွဲရတော့မဲ့ အနေအထားမို့ အရောင်းခဏရပ်ထားပါပြိးနော် 🥴
Photo Crd

Top 🛍️8500ksWaiting time 2/3 weeks ✅Size Chart ✅- Chest up to 40" - front length 16" - back length 18"(ထိုင်းဆိုင် တိုက်...
17/09/2021

Top 🛍️

8500ks
Waiting time 2/3 weeks ✅

Size Chart ✅
- Chest up to 40"
- front length 16"
- back length 18"

(ထိုင်းဆိုင် တိုက်ရိုက်မှာပေးတာပါ ပုံတူကူးစက်ရုံချုပ်သားမဟုတ်ပါဘူးနော် ‼️)

Top 🛍️9300ksWaiting time 2/3 weeks ✅Size Chart ✅- Bust : Stretch 40"- Length : 14.5"(ထိုင်းဆိုင် တိုက်ရိုက်မှာပေးတာပါ ပု...
17/09/2021

Top 🛍️
9300ks
Waiting time 2/3 weeks ✅

Size Chart ✅
- Bust : Stretch 40"
- Length : 14.5"

(ထိုင်းဆိုင် တိုက်ရိုက်မှာပေးတာပါ ပုံတူကူး စက်ရုံချုပ်သား မဟုတ် ‼️)

Suncream က skincare step တော်တော်လေးကို အရေးကြိးပါတယ်နော်
14/09/2021

Suncream က skincare step တော်တော်လေးကို အရေးကြိးပါတယ်နော်

Sunscreen 🌞✨

Sunscreen လိမ်းဖို့ လိုအပ်လား?
Sunscreen ကို နေ့တိုင်းလိမ်းရမှာလား?
Sunscreen လိမ်းရင် ဘာဖြစ်မလဲ?

Chat Box မှာလာလာမေးကြတဲ့ Sunscreen အကြောင်းကို Re က နည်းနည်းလေး Sharing လုပ်ပေးချင်ပါတယ် 🤍

Re ကိုယ်တိုင်ကလည်း စကားအများကြီးပြောရတာ မကြိုက်လို့ တိုတိုနဲ့ လိုရင်းလေးတွေပဲ ပြောပြမယ်နော် 🤍

Sunscreen လိမ်းဖို့ လိုအပ်လားဆိုရင် .....
လိုအပ်ပါတယ် .....
Skin Care Step တွေမှာ အရေးအကြီးဆုံး Step မို့လို့ Sunscreen က အရမ်းအရမ်းကိုလိမ်းဖို့ လိုအပ်ပါတယ်..... 🤍

Sunscreen ကို.....

Sunny Day
Cloudy Day
Rainy Day
Days Inside
Snowy Day
Windy Day တိုင်းမှာ လိမ်းပေးသင့်တယ်
နေ့တိုင်း နေ့တိုင်း လိမ်းပေးသင့်ပါတယ်
ကုန်ကုန်ပြောရရင် မျက်လုံးနှစ်လုံး ပွင့်တာနဲ့ အလင်းရောင်မြင်ရရင် Sunscreen လိမ်းရမယ်ဆိုတာ သတိရပေးပါ..... 🤍

Sunscreen လိမ်းရင် ဘာဖြစ်မလဲဆိုတော့.....

Sunscreen က ကိုယ့်ရဲ့ငယ်ရွယ်နုပျိုမှုကို အများကြီး အထောက်အကူပြုစေပါတယ်
နေကလာတဲ့ UVA နဲ့ UVB တို့ကို Sunscreen ကပဲ အကာအကွယ်ပေးနိုင်တာပါ
အသက်ငယ်ငယ်နဲ့ မျက်နှာက မရင့်ချင်ဘူး အသားအရည်ထိန်းထိန်းသိမ်းသိမ်းနဲ့ အသက်ကြီးတဲ့အထိ နုပျိုချင်ရင် Sunscreen ကို မဖြစ်မနေ လိမ်းပေးပါ..... 🤍

Bonus 😝✨

Sunscreen လိမ်းရင် SPF 30-50 ကြားရှိရပါမယ်

SPF ပါတဲ့ မိတ်ကပ်တွေက Sunscreen လောက် နေလောင်ဒဏ်ကိုကာကွယ်ဖို့ မလုံလောက်ပါဘူး

ဘယ်တော့မှ မျက်လုံးနဲ့ နှုတ်ခမ်းနားမှာ Sunscreen လိမ်းဖို့ မမေ့ပါနဲ့

Vitamin A ပါတဲ့ Sunscreen မျိုးကိုရှောင်ပါ

Date Out နေတဲ့ Sunscreen တွေမလိမ်းပါနဲ့

ဝက်ခြံထွက်လွယ်တဲ့ သူတွေရှိလား ကိုယ့်အသားရေက အရမ်း Sensitive ဖြစ်တော့ မျက်နှာသစ်ပီးရင် ဘယ်တော့မှ တဘက်မသုံးရဲဖူးဆိုတဲ့ ဆစ်...
14/09/2021

ဝက်ခြံထွက်လွယ်တဲ့ သူတွေရှိလား ကိုယ့်အသားရေက အရမ်း Sensitive ဖြစ်တော့ မျက်နှာသစ်ပီးရင် ဘယ်တော့မှ တဘက်မသုံးရဲဖူးဆိုတဲ့ ဆစ်တို့ရေ

💗 Cotton Pad လေးတွေ / Face Towel လေးတွေနဲ့ပဲ
အမြဲသုံးရတယ်

💗 Fairy ရဲ့ဒီ Towel လေးကို ကြိုက်တာက အသားထူတယ် အိတယ် အမွှေးမထွက်ဖူး

💗 Towel လေးထဲ Toner စွတ်ပီး မျက်နှာကပ်ထားချင်လဲရတယ်
6000mmk
Waiting time 1week

▪️အရင်က ဒီ Hold Live တံဆိပ်ကို ရောင်းတာတောင် တသောင်းကျော်တယ် ▪️ ခုစျေးချတော့ တချပ်ကို 7500ks နဲ့ရလိုက်တယ် ▪️ ဒီတံဆိပ်က S...
14/09/2021

▪️အရင်က ဒီ Hold Live တံဆိပ်ကို ရောင်းတာတောင် တသောင်းကျော်တယ်

▪️ ခုစျေးချတော့ တချပ်ကို 7500ks နဲ့ရလိုက်တယ်

▪️ ဒီတံဆိပ်က Sivanna တို့ Odbo တို့ထက်တောင် စျေးများတယ်နော်

အရေအတွက်အများကြိးမပါလို့ ကြိုက်ရင် ယူချထားလိုက် ဆစ်တို့ရေ😒

Waiting time 1 week ✅

ဒိကာလမာ ချွေတာသင့်တာ ချွေတာကြမယ်
13/09/2021

ဒိကာလမာ ချွေတာသင့်တာ ချွေတာကြမယ်

[EDITORIAL] BUDGETING SKINCARE

လူတော်တော်များများ ဘတ်ဂျက်ချိန်နေကြရတဲ့အချိန်ဖြစ်လို့ အလှအပမှာဘယ်လိုမျိုးဟိုနားနည်းနည်း ဒီနားနည်းနည်းနဲ့ချွေတာလို့ရလည်းဆိုတဲ့ ကိုယ်ပိုင်အတွေ့အကြုံလေးတွေကိုရေးလိုက်ပါတယ်။ ဒီစာလေးကို ၂၀၁၈ လောက်ကရေးခဲ့ဖူးပေမယ့် ဒီအချိန်မှာအသုံးဝင်မယ်ထင်လို့ ပြန်ပြီးတော့ update လုပ်လိုက်ပါတယ်။

🌸 ကိုယ့်အသားအရေကအထူးတလည်လိုအပ်တာမဟုတ်ရင် facial foam and makeup remover ကို drugstore brand လောက်ပဲသုံးလည်းအဆင်ပြေပါတယ်။ အချို့သောအသားအရေတွေက ကိုယ့်အသားအရေအတွက်သီးသန့်ထုတ်ထားတဲ့ facial foam and makeup remover ကိုသုံးရတတ်တာမို့ အားလုံးကို drugstore brand ပဲသုံးပါလို့မညွှန်းတာပါ။

🌸 ကိုယ်တိုင်က ကိုယ့်အသားအရေကို အများကြီးဂရုစိုက်ချင်တာ (extra care) မဟုတ်ဘဲ ထိန်းသိမ်းတဲ့အပိုင်းလောက်ဘဲ (maintenance) ငြိမ်အောင်ထိန်းချင်တာဆိုရင်တော့ skincare ကိုအဆင့်တွေအများကြီးမလိုအပ်ဘဲနဲ့ နှစ်ဆင့်၊ သုံးဆင့်လောက်နဲ့ပဲအဆင်ပြေပါတယ်။ ဥပမာ - မိတ်ကပ်ဖျက်မယ်၊ မျက်နှာသစ်မယ်၊ ပြီးရင် moisturiser လိမ်းမယ်။ ဒီလောက်လေးနဲ့အဆင်ပြေပါတယ်။ ကိုယ့်အသားအရေက moisturiser ကိုမကြိုက်တတ်ဘူးဆိုရင်တော့ hydrating ဖြစ်တဲ့ serum/ essence ကိုလိမ်းပြီးတော့လည်း skincare routine ကိုအဆုံးသတ်လို့ရပါတယ်။ Minimalism skincare ပေါ့။

🌸 ဘတ်ဂျက်ကိုခွဲတဲ့နေရာမှာ မျက်နှာသစ်ကိုဈေးအနည်းဆုံးသုံးပြီးတော့ serum/ essence တွေကိုတော့ ငွေကိုသေသေချာချာသုံးသင့်ပါတယ်။

🌸 Morning skincare ထက်ကို evening skincare ကို ပိုပြီးတော့အသားပေးပြီးတော့ budget သုံးသင့်တယ်။ Evening skincare ကိုသုံးတဲ့အခါမှာ အသားအရေနဲ့အဆင်ပြေရင် အသားအရေကို ညဘက်ကုစားပေးတဲ့နေရာမှာထိရောက်တဲ့အတွက်ကြောင့်မို့လို့ morning ကိုနည်းနည်းခိုလို့ရပါတယ်။

🌸 ဘတ်ဂျက်ချွေတာနေတဲ့အချိန်မှာ နည်းနည်းလေး cost heavy ဖြစ်တဲ့ brightening skincare, anti-ageing skincare တို့ကိုသိပ်ပြီးမသုံးဘဲနဲ့ normal skincare တွေဘက်မှာပဲသုံးသင့်ပါတယ်။ အလားတူပဲ ဘတ်ဂျက်ချွေတာနေတဲ့အချိန်မှာ essential item တွေကိုပဲငွေပိုသုံးသင့်ပါတယ်။

🌸 Skincare အထုပ်လေးတွေကိုဝယ်သုံးပြီးတော့လည်းငွေချွေတာလို့ရပါတယ်။ အများကြီးပုံလိမ်းတတ်တဲ့အကျင့်မရှိရင် အချို့ skincare အထုပ်လေးတွေက နှစ်ပါတ်-သုံးပါတ်ဝန်းကျင်လောက်အသုံးခံတတ်ပါတယ်။

🌸 Skincare တွေကိုဝယ်တဲ့နေရာမှာ sale တွေကိုရှာပြီးတော့ဝယ်ပါ။ ကိုယ်ရှာနေတဲ့ product က 1+1 sale event ရှိတယ်ဆိုရင် သူငယ်ချင်းတွေနဲ့စုဝယ်တာမျိုးလုပ်လို့ရပါတယ်။ Sheet mask တွေကို discout ချတဲ့အချိန်မှာဝယ်တာကအတန်ဆုံးမို့ ကိုယ်က sheet mask တွေကပ်တတ်ရင်တော့ အဲ့ဒီအချိန်ကိုစောင့်ပြီးတော့ဝယ်ပေါ့နော်။

🌸 Skincare လုပ်တဲ့နေရာမှာ မျက်နှာပေါ်မှာလိမ်းတာတင်မဟုတ်ဘဲနဲ့ ခန္ဓာကိုယ်ကျန်းမာ‌ရေး၊ အစားအသောက်ကလည်းအရေးကြီးတာမို့လို့ အဲ့ဒီအပိုင်းတွေကိုလည်းဂရုစိုက်ပေးပါ။ ဘတ်ဂျက်ချွေတာတဲ့အချိန်မျိုးမှာ ကျန်းမာရေးကောင်းဖို့ကလည်းအင်မတန်ကို လိုအပ်ပါတယ်။

🌸 Sheet mask မှာကျန်နေတဲ့အရည်တွေကိုသိမ်းထားပြီးနောက်ထပ်သုံးလို့ရလားလို့ ခဏခဏမေးကြပါတယ်။ သိပ်ပြီးတော့ recommend မလုပ်ပါဘူး။ ကျန်တဲ့ essence တွေကို body lotion နဲ့‌ရောပြီးတော့လိမ်းလို့ရပါတယ်။

🌸 Facial oil တွေကဈေးကြီးရင် extra virgin cold-pressed coconut oil ကိုသုံးလို့ရပါတယ်။ ဒါပေမယ့် အဆီပြန်တဲ့အသားအရေတွေ၊ ချွေးပေါက်ပိတ်လွယ်တဲ့အသားအရေတွေသုံးဖို့အတွက် recommend မလုပ်ပါဘူး။

🌸 Body scrub တွေကိုလည်းပုံမှန်သုံးတယ်။ အခုအချိန်မှာအများကြီးလည်းမဝယ်ချင်ဘူးဆိုရင်တော့ အလွယ်နည်းကတော့ သကြား (ပုံမှန်သကြားပါ၊ သကြားမှုန်၊ သကြားခဲအကြီးမရပါဘူး) ၊ shower gel နဲ့ အုန်းဆီကို 3:2:1 အချိုးမျိုးလေးနဲ့ရောမွှေပြီးသုံးလို့ရပါတယ်။ ခပ်ပျစ်ပျစ်အနေမျိုးဖြစ်အောင်ရောမွှေရမှာပါ။ အချိုးအတိအကျမရှိပါဘူး။ စိတ်မှန်းလေးနဲ့ပေါ့။

အားလုံးအတွက်အသုံးဝင်ပါစေလို့မျှော်လင့်ပါတယ်။
Stay healthy. Stay safe.

Love,
Rosie

မင့် VIP လေးတွေ သေချာဖတ်ပါ
13/09/2021

မင့် VIP လေးတွေ သေချာဖတ်ပါ

Collagen အကြောင်း တစေ့တစောင်း

Collagen ဆိုတာဟာ Irene တို့ ခန္ဓာကိုယ်ထဲမှာ အလိုအလျောက် သူ့နေရာနဲ့သူ ပါပြီးသားဖြစ်ပါတယ်။ လေ့လာရသလောက် Collagen အမျိုးပေါင်းများစွာ ရှိပါတယ်။ Collagen အမျိုးအစားအားလုံးကလည်း သူ့နေရာနဲ့သူ အသုံးဝင်ပုံချင်းမတူကြပါဘူး။ ဒီအမျိုးအစားအများကြီးထဲကမှ လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ Collagen ၅ မျိုးအကြောင်းကို အဓိက ထားပြီး ပြောပြပေးပါမယ်။

အရိုးအတွက် ကိုလာဂျင်

Irene တို့ရဲ့ အရိုးတွေရဲ့ သန်မာမှုဟာ ကိုယ်တွင်း ကယ်ဆီယမ်နဲ့ ကိုလာဂျင်ပေါင်းပြီးမှ ဖြစ်ပေါ်လာတာပါ။ အရိုးမှာ ကိုလာဂျင်အားနည်းပြီဆိုတာနဲ့ အရိုးပွ၊ အရိုးပါးရောဂါ တွေဖြစ်လာတတ်ပါတယ်။
အရွတ်တွေလည်း အားနည်းလာတဲ့အခါ ကြာကြာမတ်တပ်ရပ်မနိုင်တာ ၊ လမ်းမလျှောက်နိုင်တာ စတဲ့ အရွတ်နဲ့ဆိုင်တဲ့ ပြဿနာတွေ ခံစားရတတ်ပါတယ်။ များသောအားဖြင့် လူငယ်တွေထက် အသက်ကြီးသူတွေမှာ ပိုပြီး တွေ့ရများပါတယ်။

အရိုးနုအတွက် ကိုလာဂျင်

ဒီ collagen တွေက သွေးကြောနံရံတွေမှာ ရှိနေတတ်ပြီး လှုပ်ရှားလို့ရတဲ့ အရိုးနုတွေလို့ ပြောလို့ရပါတယ်။ လက်သည်း၊ ခြေသည်း စတာတွေကလည်း အရိုးနုအုပ်စုဝင်ဖြစ်တာမို့ အရိုးနုကိုလာဂျင်အားနည်းလာတဲ့အခါ လက်သည်းခြေသည်းတွေအပြင် ခန္ဓာကိုယ်မှာရှိတဲ့ လှုပ်ရှားလို့ရတဲ့ အဆစ်အမြစ်တွေ ထိခိုက်ပျက်စီးလာနိုင်ပါတယ်။ တံတောင်ဆစ်၊ ဒူးဆစ်တွေ နာကျင်တာကစပြီး လှုပ်ရှားလို့မရတော့တဲ့အထိ ဆိုးကျိုးရှိနိုင်တာမို့ အရေးပါတဲ့ ကိုလာဂျင်အုပ်စုထဲပါပါတယ်။
အပေါ်မှာပြောခဲ့သလို သွေးကြောနံရံမှာကပ်နေတဲ့ ကိုလာဂျင်တွေတဲ့ဖြစ်တဲ့အတွက် ကိုလာဂျင်အားနည်းလာတာနဲ့အမျှ သွေးကြောနံရံတွေဖောင်းလာတာ၊ အရေပြားမှာ အကွက်တွေထလာတာ၊ နှာခေါင်းသွေးလျှံတာ စတဲ့ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

အဆုတ်၊ အသည်း အတွက် Collagen

အဆုတ်/အသည်းမှာပါတဲ့ ကိုလာဂျင်တွေ ဘယ်လိုပျက်စီးနိုင်သလဲဆိုရင် - ဥပမာ - ဆေးလိပ်သောက်များတာ၊ မီးခိုးငွေ့၊ ဆေးလိပ်ငွေ့ ရှူရှိုက်များတာ၊ လေထုညစ်ညမ်းတာတွေကြောင့် အဆုတ်ပျက်စီးနိုင်ပြီး အရက်သောက်ခြင်းကြောင့် အသည်းမှာ ရှိတဲ့ ကိုလာဂျင်ဓာတ်ကို ဆုံးရှုံးနိုင်ပါတယ်။ နောက်ဆက်တွဲက အဆုတ်ရောဂါ၊ အသည်း ရောဂါတွေ ဖြစ်လာတာပါပဲ။

ကျောက်ကပ် အတွက် ကိုလာဂျင်

ကျောက်ကပ်တည်ဆောက်ပုံထဲမှာ ကိုလာဂျင်ကလည်း အခန်းကဏ္ဍတစ်ခုကနေ ပါဝင်တယ်။ ကျောက်ကပ်ရဲ့ သဘောသဘာဝက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာမို့ ကျောက်ကပ်ထိခိုက်လာတာနဲ့အမျှ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများလာပါတယ်။ ဒီအဆိပ်အတောက်တွေကတစ်ဆင့် ကျောက်ကပ်ရောဂါဖြစ်လာပါတယ်။ အူနဲ့ အစာလမ်းကြောင်းကိုလည်း ထိခိုက်နိုင်တာမို့ ဝမ်းချုပ်တာ၊ ဝမ်းမမှန်တာ စတဲ့ နောက်ဆက်တွဲ ပြဿာနာဖြစ်လာပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဆဲလ်နံရံ

ခန္ဓာကိုယ်တစ်ခုလုံးလို့ ပြောတဲ့အတွက် ဒီဆဲလ်နံရံတွေမှာရှိတဲ့ ကိုလာဂျင်တွေပျက်စီးသွားတဲ့အခါ ခေါင်းအစခြေအဆုံး (ဆံပင်ကနေစလို့ အသားအရေပျက်စီးတာ) ပြဿာနာဖြစ်နိုင်ပါတယ်။ လိုတာထက်ပိုပြီး ဆံပင်ကျွတ်တာ၊ ဆံပင်ဖြူတာဖြစ်တတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဆံပင်ဖြူလာတာဟာ ကိုလာဂျင်ဓာတ်လျော့နည်းဆုံးရှုံးလာမှုကို ပြသနေတာပါ။ လူငယ်တွေလည်း ဆံပင်ဖြူကြတာရှိပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ကိုလာဂျင်ဆုံးရှုံးနေပြီဆိုတာ သိဖို့လိုပါတယ်။ ဒီကိုလာဂျင်အမျိုးအစားက အမျိုးသမီးတွေအတွက် သားအိမ်၊ အချင်းမှာလည်း ရှိတတ်တာကြောင့် အမျိုးသမီးသားအိမ်နဲ့အချင်းကို ကောင်းမွန်စွာ develop ဖြစ်စေဖို့ကလည်း ကိုလာဂျင်ဓာတ်ကို အရေးတကြီး လိုအပ်ပါတယ်။ ကိုလာဂျင်ဓာတ်ချို့တဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကလေးမွေးဖွားရာမှာ လမစေ့ပဲမွေးတာ၊ သန္ဓေသားကို ထိခိုက်တာကစ ကိုယ်ဝန်ပျက်ကျသည်အထိ ဖြစ်တတ်ပါတယ်။

ကိုလာဂျင်က ခန္ဓာကိုယ်ထဲမှာ အလိုအလျောက်ရှိနေတတ်တယ်ဆိုပေမယ့် အနေအထိုင်အစားအသောက်အပေါ်မူတည်ပြီိး ကိုလာဂျင်ဓာတ် ပျက်စီးဆုံးရှုံးမှုဖြစ်လာတတ်ပါတယ်။

ဘယ်အရာတွေက ကိုလာဂျင် ပျက်စီးစေသလဲ?

နေပူထဲထွက်များခြင်း

အပြင်ထွက်များတဲ့အခါ UV rays တွေကြောင့် အရေပြားဆဲလ်တွေ ပျက်စီးရာကစ ကိုလာဂျင်ဆုံးရှုံးမှုရှိပါတယ်။ ဒါကြောင့် အကာအကွယ်မပါပဲ နေပူထွက်တာတွေကို လုံးဝ ရှောင်သင့်ပါတယ်၊ နေရောင်ကာ Sunscreen တွေကို အမြဲလိမ်းသင့်တယ်။ မဟုတ်ရင် Collagen လျော့ကျလာပြီး အရွယ်မတိုင်မီ အိုမင်းတာ၊ အရေးအကြောင်းဖြစ်တာ တွေ ဖြစ်လာတတ်ပါတယ်။

ညစ်ညမ်းသော လေထုကို ရှူရှိုက်ခြင်း

ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ငွေ့ကိုရှုရှိုက်ခြင်း ဒါတွေကတော့ အဆုတ်အတွက် risks အများဆုံး habit တစ်ခုဆိုတာ တော်တော်များများ သိပြီးသားပါ။ ဒါတွေအပြင် မီးခိုငွေ့တွေ ရှုရှိုက်များတာတွေကလည်း အဆုတ်အတွက် လိုအပ်တဲ့ ကိုလာဂျင်ကို ဆုံးရှုံးစေပါတယ်။ တိုးတက်နေတဲ့ မြို့ပြတွေမှာ ကားတွေ၊ ဆိုင်ကယ်တွေ များလာတာနဲ့အမျှ လေထုကလည်း ညစ်ညမ်းလာပါတယ်။ ဒါတွေကလည်း အနည်းနဲ့အများ အဆုတ်ကိုထိခိုက်နိုင်ပါတယ်။

အစားအသောက်စနစ်

အထူးသဖြင့် အရက်၊ alcohol ပမာဏများတဲ့အရာတွေ စားသောက်ခြင်းက အသည်းအတွက် လိုအပ်တဲ့ ကိုလာဂျင်တွေကို ပျက်စီးစေပါတယ်။

ခန္ဓာကိုယ်မှာ ရှိပြီးသား ကိုလာဂျင်တွေ​က အသက်အရွယ်ကြီးလာတာနဲ့အမျှ တဖြေးဖြေးကုန်ဆုံးလာတော့တာပါပဲ၊ ဒါတွေကို ထိန်းသိမ်းဖို့၊ ကုန်ဆုံးသွားတာတွေ ပြန်လည် ဖြည့်တင်းဖို့က Irene တို့ ကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ် ...

ဒါကြောင့်လည်း အခုနောက်ပိုင်း ကိုလာဂျင် ကိုလာဂျင်ဆိုပြီး အရမ်းခေတ်စားလာတာပါ... လူတွေကလည်း ကိုလာဂျင်ဆိုရင် ခန္ဓာကိုယ်အတွက် အရမ်းကောင်းတယ်ဆိုတာကို သိလာတဲ့အခါကျတော့ Collagen ကို Supplement အနေနဲ့ရော၊ အလှကုန်ပစ္စည်းတွေမှာပါ ထည့်သုံးလာကြတာကို တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Collagen ကို လူတော်တော်များများက စိတ်ဝင်တစားရှိတဲ့အတွက် နောက်တစ်ပိုင်းမှာ Irene သောက်နေတဲ့ Collagen အကြောင်းကို တောင်းဆိုသူများရဲ့ ဆန္ဒအတိုင်း Review ရေးပေးသွားပါမယ်။

ချစ်သော
Irene Pretty.



Collagen အေၾကာင္း တေစ့တေစာင္း

Collagen ဆိုတာဟာ Irene တို႔ ခႏၶာကိုယ္ထဲမွာ အလိုအေလ်ာက္ သူ႔ေနရာနဲ႔သူ ပါၿပီးသားျဖစ္ပါတယ္။ ေလ့လာရသေလာက္ Collagen အမ်ိဳးေပါင္းမ်ားစြာ ရွိပါတယ္။ Collagen အမ်ိဳးအစားအားလုံးကလည္း သူ႔ေနရာနဲ႔သူ အသုံးဝင္ပုံခ်င္းမတူၾကပါဘူး။ ဒီအမ်ိဳးအစားအမ်ားႀကီးထဲကမွ လူ႔ခႏၶာကိုယ္အတြက္ အေရးပါတဲ့ Collagen ၅ မ်ိဳးအေၾကာင္းကို အဓိက ထားၿပီး ေျပာျပေပးပါမယ္။

အရိုးအတြက္ ကိုလာဂ်င္

Irene တို႔ရဲ့ အရိုးေတြရဲ့ သန္မာမွုဟာ ကိုယ္တြင္း ကယ္ဆီယမ္နဲ႔ ကိုလာဂ်င္ေပါင္းၿပီးမွ ျဖစ္ေပၚလာတာပါ။ အရိုးမွာ ကိုလာဂ်င္အားနည္းၿပီဆိုတာနဲ႔ အရိုးပြ၊ အရိုးပါးေရာဂါ ေတြျဖစ္လာတတ္ပါတယ္။
အရြတ္ေတြလည္း အားနည္းလာတဲ့အခါ ၾကာၾကာမတ္တပ္ရပ္မနိုင္တာ ၊ လမ္းမေလၽွာက္နိုင္တာ စတဲ့ အရြတ္နဲ႔ဆိုင္တဲ့ ျပႆနာေတြ ခံစားရတတ္ပါတယ္။ မ်ားေသာအားျဖင့္ လူငယ္ေတြထက္ အသက္ႀကီးသူေတြမွာ ပိုၿပီး ေတြ႕ရမ်ားပါတယ္။

အရိုးႏုအတြက္ ကိုလာဂ်င္

ဒီ collagen ေတြက ေသြးေၾကာနံရံေတြမွာ ရွိေနတတ္ၿပီး လွုပ္ရွားလို႔ရတဲ့ အရိုးႏုေတြလို႔ ေျပာလို႔ရပါတယ္။ လက္သည္း၊ ေျခသည္း စတာေတြကလည္း အရိုးႏုအုပ္စုဝင္ျဖစ္တာမို႔ အရိုးႏုကိုလာဂ်င္အားနည္းလာတဲ့အခါ လက္သည္းေျခသည္းေတြအျပင္ ခႏၶာကိုယ္မွာရွိတဲ့ လွုပ္ရွားလို႔ရတဲ့ အဆစ္အျမစ္ေတြ ထိခိုက္ပ်က္စီးလာနိုင္ပါတယ္။ တံေတာင္ဆစ္၊ ဒူးဆစ္ေတြ နာက်င္တာကစၿပီး လွုပ္ရွားလို႔မရေတာ့တဲ့အထိ ဆိုးက်ိဳးရွိနိုင္တာမို႔ အေရးပါတဲ့ ကိုလာဂ်င္အုပ္စုထဲပါပါတယ္။
အေပၚမွာေျပာခဲ့သလို ေသြးေၾကာနံရံမွာကပ္ေနတဲ့ ကိုလာဂ်င္ေတြတဲ့ျဖစ္တဲ့အတြက္ ကိုလာဂ်င္အားနည္းလာတာနဲ႔အမၽွ ေသြးေၾကာနံရံေတြေဖာင္းလာတာ၊ အေရျပားမွာ အကြက္ေတြထလာတာ၊ ႏွာေခါင္းေသြးလၽွံတာ စတဲ့ ျပႆနာေတြ ျဖစ္လာတတ္ပါတယ္။

အဆုတ္၊ အသည္း အတြက္ Collagen

အဆုတ္/အသည္းမွာပါတဲ့ ကိုလာဂ်င္ေတြ ဘယ္လိုပ်က္စီးနိုင္သလဲဆိုရင္ - ဥပမာ - ေဆးလိပ္ေသာက္မ်ားတာ၊ မီးခိုးေငြ႕၊ ေဆးလိပ္ေငြ႕ ရွူရွိုက္မ်ားတာ၊ ေလထုညစ္ညမ္းတာေတြေၾကာင့္ အဆုတ္ပ်က္စီးနိုင္ၿပီး အရက္ေသာက္ျခင္းေၾကာင့္ အသည္းမွာ ရွိတဲ့ ကိုလာဂ်င္ဓာတ္ကို ဆုံးရွုံးနိုင္ပါတယ္။ ေနာက္ဆက္တြဲက အဆုတ္ေရာဂါ၊ အသည္း ေရာဂါေတြ ျဖစ္လာတာပါပဲ။

ေက်ာက္ကပ္ အတြက္ ကိုလာဂ်င္

ေက်ာက္ကပ္တည္ေဆာက္ပုံထဲမွာ ကိုလာဂ်င္ကလည္း အခန္းက႑တစ္ခုကေန ပါဝင္တယ္။ ေက်ာက္ကပ္ရဲ့ သေဘာသဘာဝက ခႏၶာကိုယ္ထဲမွာရွိတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးနိုင္တာမို႔ ေက်ာက္ကပ္ထိခိုက္လာတာနဲ႔အမၽွ ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ေတြမ်ားလာပါတယ္။ ဒီအဆိပ္အေတာက္ေတြကတစ္ဆင့္ ေက်ာက္ကပ္ေရာဂါျဖစ္လာပါတယ္။ အူနဲ႔ အစာလမ္းေၾကာင္းကိုလည္း ထိခိုက္နိုင္တာမို႔ ဝမ္းခ်ဳပ္တာ၊ ဝမ္းမမွန္တာ စတဲ့ ေနာက္ဆက္တြဲ ျပႆာနာျဖစ္လာပါတယ္။

ခႏၶာကိုယ္တစ္ခုလုံးရဲ့ ဆဲလ္နံရံ

ခႏၶာကိုယ္တစ္ခုလုံးလို႔ ေျပာတဲ့အတြက္ ဒီဆဲလ္နံရံေတြမွာရွိတဲ့ ကိုလာဂ်င္ေတြပ်က္စီးသြားတဲ့အခါ ေခါင္းအစေျခအဆုံး (ဆံပင္ကေနစလို႔ အသားအေရပ်က္စီးတာ) ျပႆာနာျဖစ္နိုင္ပါတယ္။ လိုတာထက္ပိုၿပီး ဆံပင္ကၽြတ္တာ၊ ဆံပင္ျဖဴတာျဖစ္တတ္ပါတယ္။ အသက္ႀကီးလာတဲ့အခါ ဆံပင္ျဖဴလာတာဟာ ကိုလာဂ်င္ဓာတ္ေလ်ာ့နည္းဆုံးရွုံးလာမွုကို ျပသေနတာပါ။ လူငယ္ေတြလည္း ဆံပင္ျဖဴၾကတာရွိပါတယ္။ ဒီလိုျဖစ္လာၿပီဆိုရင္ ကိုလာဂ်င္ဆုံးရွုံးေနၿပီဆိုတာ သိဖို႔လိုပါတယ္။ ဒီကိုလာဂ်င္အမ်ိဳးအစားက အမ်ိဳးသမီးေတြအတြက္ သားအိမ္၊ အခ်င္းမွာလည္း ရွိတတ္တာေၾကာင့္ အမ်ိဳးသမီးသားအိမ္နဲ႔အခ်င္းကို ေကာင္းမြန္စြာ develop ျဖစ္ေစဖို႔ကလည္း ကိုလာဂ်င္ဓာတ္ကို အေရးတႀကီး လိုအပ္ပါတယ္။ ကိုလာဂ်င္ဓာတ္ခ်ိဳ႕တဲ့တဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြဟာ ကေလးေမြးဖြားရာမွာ လမေစ့ပဲေမြးတာ၊ သေႏၶသားကို ထိခိုက္တာကစ ကိုယ္ဝန္ပ်က္က်သည္အထိ ျဖစ္တတ္ပါတယ္။

ကိုလာဂ်င္က ခႏၶာကိုယ္ထဲမွာ အလိုအေလ်ာက္ရွိေနတတ္တယ္ဆိုေပမယ့္ အေနအထိုင္အစားအေသာက္အေပၚမူတည္ၿပီိး ကိုလာဂ်င္ဓာတ္ ပ်က္စီးဆုံးရွုံးမွုျဖစ္လာတတ္ပါတယ္။

ဘယ္အရာေတြက ကိုလာဂ်င္ ပ်က္စီးေစသလဲ?

ေနပူထဲထြက္မ်ားျခင္း

အျပင္ထြက္မ်ားတဲ့အခါ UV rays ေတြေၾကာင့္ အေရျပားဆဲလ္ေတြ ပ်က္စီးရာကစ ကိုလာဂ်င္ဆုံးရွုံးမွုရွိပါတယ္။ ဒါေၾကာင့္ အကာအကြယ္မပါပဲ ေနပူထြက္တာေတြကို လုံးဝ ေရွာင္သင့္ပါတယ္၊ ေနေရာင္ကာ Sunscreen ေတြကို အျမဲလိမ္းသင့္တယ္။ မဟုတ္ရင္ Collagen ေလ်ာ့က်လာၿပီး အရြယ္မတိုင္မီ အိုမင္းတာ၊ အေရးအေၾကာင္းျဖစ္တာ ေတြ ျဖစ္လာတတ္ပါတယ္။

ညစ္ညမ္းေသာ ေလထုကို ရွူရွိုက္ျခင္း

ေဆးလိပ္ေသာက္ျခင္း၊ ေဆးလိပ္ေငြ႕ကိုရွုရွိုက္ျခင္း ဒါေတြကေတာ့ အဆုတ္အတြက္ risks အမ်ားဆုံး habit တစ္ခုဆိုတာ ေတာ္ေတာ္မ်ားမ်ား သိၿပီးသားပါ။ ဒါေတြအျပင္ မီးခိုေငြ႕ေတြ ရွုရွိုက္မ်ားတာေတြကလည္း အဆုတ္အတြက္ လိုအပ္တဲ့ ကိုလာဂ်င္ကို ဆုံးရွုံးေစပါတယ္။ တိုးတက္ေနတဲ့ ၿမိဳ႕ျပေတြမွာ ကားေတြ၊ ဆိုင္ကယ္ေတြ မ်ားလာတာနဲ႔အမၽွ ေလထုကလည္း ညစ္ညမ္းလာပါတယ္။ ဒါေတြကလည္း အနည္းနဲ႔အမ်ား အဆုတ္ကိုထိခိုက္နိုင္ပါတယ္။

အစားအေသာက္စနစ္

အထူးသျဖင့္ အရက္၊ alcohol ပမာဏမ်ားတဲ့အရာေတြ စားေသာက္ျခင္းက အသည္းအတြက္ လိုအပ္တဲ့ ကိုလာဂ်င္ေတြကို ပ်က္စီးေစပါတယ္။

ခႏၶာကိုယ္မွာ ရွိၿပီးသား ကိုလာဂ်င္ေတြ​က အသက္အရြယ္ႀကီးလာတာနဲ႔အမၽွ တေျဖးေျဖးကုန္ဆုံးလာေတာ့တာပါပဲ၊ ဒါေတြကို ထိန္းသိမ္းဖို႔၊ ကုန္ဆုံးသြားတာေတြ ျပန္လည္ ျဖည့္တင္းဖို႔က Irene တို႔ ကိုယ္တိုင္မွာပဲ တာဝန္ရွိပါတယ္ ...

ဒါေၾကာင့္လည္း အခုေနာက္ပိုင္း ကိုလာဂ်င္ ကိုလာဂ်င္ဆိုၿပီး အရမ္းေခတ္စားလာတာပါ... လူေတြကလည္း ကိုလာဂ်င္ဆိုရင္ ခႏၶာကိုယ္အတြက္ အရမ္းေကာင္းတယ္ဆိုတာကို သိလာတဲ့အခါက်ေတာ့ Collagen ကို Supplement အေနနဲ႔ေရာ၊ အလွကုန္ပစၥည္းေတြမွာပါ ထည့္သုံးလာၾကတာကို ေတြ႕ရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ Collagen ကို လူေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္တစားရွိတဲ့အတြက္ ေနာက္တစ္ပိုင္းမွာ Irene ေသာက္ေနတဲ့ Collagen အေၾကာင္းကို ေတာင္းဆိုသူမ်ားရဲ့ ဆႏၵအတိုင္း Review ေရးေပးသြားပါမယ္။

ခ်စ္ေသာ
Irene Pretty.

Laneige sleeping mask Price_26000mmk (70ml) Instock Korea မာ Sale ချတုန်းကမင်PreOrderမကောက်ပဲဝယ်ချထားပြိးရောက်မှရောင်းပေ...
10/09/2021

Laneige sleeping mask

Price_26000mmk (70ml) Instock

Korea မာ Sale ချတုန်းကမင်PreOrderမကောက်ပဲဝယ်ချထားပြိးရောက်မှရောင်းပေးတာပါရှင့်

ဒါက ရေဓာတ်ကိုအခြေခံပြီး ထုတ်လုပ်ထားတာမို့ မျက်နှာ အသားအရေမွဲခြောက်တဲ့သူတွေ အသားအရေမညီတဲ့သူတွေအတွက် အဆင်ပြေစေပြီး မျက်နှာကို Glow စေမှာပါနော် မင်မင်အရမ်းကြိုက်တာလေးပါရှင့်

Oily skin တွေလဲ သုံးလို့ရတယ်နော် မင်ဆို oily skin တစိပတ်မာတစ်ရက်ခြား ညဘက် လိမ်းအိပ်တယ် မနက်ထလာရင် လုံးဝလုံးဝ စိုစို အိအိ‌ေလးပါ အရမ်းအရမ်းမိုက်ပါတယ် အကယ်လို့ ဝက်ခြံ အဆီဖု ရှိလို့ mini size ကို အရင်စမ်းသုံး မယ်ဆိုလဲ ရပါမယ်နော်
တစိပတ်မာ သုံးကြိမ်လောက် ညအိပ်ခါနိးလိမ်းပေးယုံဖြင့် အသားရည်တင်းရင်းသိသာတဲ့ Result ရမာပါနော်
Ws လိုချင်တဲ့ သဲလေးတို့လဲ ရပါတယ်နော်

ရာသီဥတုကြောင့် နှုတ်ခမ်းကွဲ/ခြောက် တက်သူများ💋မူရင်းနှုတ်ခမ်းသားလေး မဲညစ်နေသူများ💋Matt type lipstick တွေအမြဲဆိုးရတာ ကြိုက...
10/09/2021

ရာသီဥတုကြောင့် နှုတ်ခမ်းကွဲ/ခြောက် တက်သူများ
💋မူရင်းနှုတ်ခမ်းသားလေး မဲညစ်နေသူများ
💋Matt type lipstick တွေအမြဲဆိုးရတာ ကြိုက်သူများအတွက်
နှူတ်ခမ်းသားလေး ပျက်စီးမှုကို ကာကွယ်ပေးပြီး baby lip လေးလို ဖူးဖူးအိအိလေးနဲ့ ပန်းနုရောင် နှုတ်ခမ်းသားတစ်စုံကို ပိုင်ဆိုင်စေမယ့်
🔹Laneige Lip Sleeping Mask လေးပါရှင့်
🔷Price:25500mmk (20g)
👉👉Now 18000mmk Korea မာsale ရှိတုန်း မင်ဝယ်ထားလို့ ရှယ်တန်ပါတယ်နော်
🔵Price;6000ks(3g)
❌ဒါလေးကစျေးကွက်မှာ အရမ်းကို အတုတွေထွက်တာများလို့ ပစ္စည်းအတုအပ သတိပြုပါနော်
100%authentic korea direct ပါနော်

🖍Lirikos Sel Marine Mud Peeling Cleansing Foam Price;6500ks ရွှံ့ဆေးနဲ့ပင်လယ်ဆားအဓိက အခြေခံပြီးပြုလုပ်ထားပါတယ် အဆီပြန် ဆ...
10/09/2021

🖍Lirikos Sel Marine Mud Peeling Cleansing Foam Price;6500ks
ရွှံ့ဆေးနဲ့ပင်လယ်ဆားအဓိက အခြေခံပြီးပြုလုပ်ထားပါတယ်

အဆီပြန် ဆားဝက်ခြံ ချွေးပေါက်ကျယ်ပြီး အဆီကျိတ်ရှိတဲ့သူတွေအတွက်
အရမ်းအဆင်ပြေတယ်..

ရွှံ့စေးက Oil Control လုပ်ပေးလို့ အဆီပြန်တာသက်သာစေတယ်.

Sea Salt ပါလို့ ပုံမှန် exfolating လုပ်သလိုပဲနော်..ဆဲလ်သေတွေဖယ်ပေးတယ်..
မင်မင် အပြာလေးသုံးဖူးတယ် အစိအစိလေးတွေပါတယ်

Cho Co (အကွက်)Digital စပန့် လက်တို+ဘီတိုInstockမင် အိမ်မာဒါလေးတွေပဲဝတ်တယ် ပေါ့ပေါ့ပါးပါးရှိတယ် ရေလျှော်လဲမကျုံ့ဖူး အရမ်း...
06/09/2021

Cho Co (အကွက်)Digital စပန့် လက်တို+ဘီတို
Instock
မင် အိမ်မာဒါလေးတွေပဲဝတ်တယ် ပေါ့ပေါ့ပါးပါးရှိတယ် ရေလျှော်လဲမကျုံ့ဖူး အရမ်းဝတ်ကောင်းတယ်
-6500mmk
ဒါလေးကဖြစ်နိုင်ရင် မင်ကို Cashပဲ ‌ရှင်းပေးကြပါနော်😥

Address

Hpa-an

Telephone

+959797273018

Website

Alerts

Be the first to know and let us send you an email when TRACY by May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share