Ku Ku

Ku Ku 🙏မင်္ဂလာပါရှင့်🙏

24/05/2024

ရုပ်ရှင်ထဲမှာ မင်းသမီးက ဇာတ်နာနေပြီဆို ခွန်အားများစွာနဲ့ပြန်ထလာနိုင်တာကြည့်ပြီးအားရကျေနပ်ရပေမဲ့ ကိုယ့်အလှည့်ကျတော့ ပြန်ထဖို့အားပြင်လိုက် တစ်ရစ်ပြီးတစ်ရစ်ပြန်နစ်သွားလိုက်.....ဒီလောကဒဏ်ကျော်ဖြတ်နိုင်ရင်တော့ ငါဟာအကောင်ပဲ 😅😅😅

14/02/2024

လင်ပိုက်ဆံအကုန်သိမ်းတဲ့

မိန်းမတိုင်း စပရိုက် မရဘူး🤣



အ့လိုလား 🤔🤔

 #ဒီနေ့ အတွက်နောက်နေ့မှာနောင်တမရှိစေရ 🍀🍀🍀
01/01/2024

#ဒီနေ့ အတွက်နောက်နေ့မှာနောင်တမရှိစေရ 🍀🍀🍀

ကုန်ဈေးနှန်းတွေကအတက်ဘက်ကနေ အကျဘက်ရောက်မလာတော့....... “ယောပိုးရေ အထည်လေးတွေရောင်းကြည့်ချင်တယ်ပေါ့ သူကလဲ လုပ်ပေါ့"   အဲဒါန...
25/09/2023

ကုန်ဈေးနှန်းတွေကအတက်ဘက်ကနေ အကျဘက်ရောက်မလာတော့....... “ယောပိုးရေ အထည်လေးတွေရောင်းကြည့်ချင်တယ်ပေါ့ သူကလဲ လုပ်ပေါ့" အဲဒါနဲ့... Onlineကနေအထည်လေးတွေမှာပြီးရောင်းလိုက်တာပေါ့........................................
💖ယောပိုးကပြောရှာပါတယ် ငါ့ မိန်းမလေး အမြတ်ထဲကသူ့အတွက်အအေးတစ်ဗူးလောက်သောက်ရရင်ကျေနပ်ပါပြီတဲ့ 👍အမြတ်ကဘယ်လောက်ရတယ်ထင်ကြလဲရှင်

👗ဈေးရောင်းတော်သော
🍀ကြင်နာတက်သော
💸ဈေးမတင်ရက်သော
ကျွန်မရဲ့ အရင်း14,0000Ks ကရတဲ့ အမြတ်ငွေက 50Ks တဲ့ရှင်တို့ရေ 😁
🙏🙏၀ယ်ယူအားပေးကြသောတစ်ယောက်ချင်းစီကိုယ်ကျေးဇူးတင်ပါတယ်ရှင့်😊နောက်လဲအားပေးကြပါအုံး😍

02/09/2023

31/01/2023

😍ဈေးရောင်းချင်တယ် ဘာရောင်းလို့ရောင်းရမှန်းမသိတာကခက် 😁😁

👶🚽 ကလေးငယ် နှင့် ဝမ်းချုပ်ခြင်းတစ်ညနေခင်း ဆရာမ သီတာ၏ ဆေးခန်းသို့ ၅နှစ်အရွယ်ကလေးလေး နှင့် မိခင်တစ်ဦး ရောက်လာသည်။🤱မိခင်- ...
20/10/2022

👶🚽 ကလေးငယ် နှင့် ဝမ်းချုပ်ခြင်း

တစ်ညနေခင်း ဆရာမ သီတာ၏ ဆေးခန်းသို့ ၅နှစ်အရွယ်ကလေးလေး နှင့် မိခင်တစ်ဦး ရောက်လာသည်။
🤱မိခင်- ဆရာမရေ သားလေးက ဝမ်းချုပ်ချုပ်နေလို့ အဲ့ဒါဘာကြောင့်များ ဖြစ်တာလဲ? ဝမ်းမသွားတာလည်း ၃ရက်လောက်ရှိပြီ။
👩‍⚕️ ဆရာမ - ကလေးငယ်တွေမှာ ဝမ်းချုပ်တာက-
👉 အများစုက အမျှင်ဓာတ်များများပါတဲ့ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်များ အစားနည်းခြင်း
👉 ရေသောက်နည်းခြင်း
👉 စိတ်လှုပ်ရှားမှုများခြင်း (ဥပမာ-အိမ်ပြောင်းရလို့ (သို့) မူကြိုစတက်ရတော့မှာမို့လို့ စိတ်လှုပ်ရှားတာမျိုး)
စတာတွေကြောင့် အဖြစ်များပါတယ်။

🤱 မိခင်- ဟုတ်ကဲ့ပါ ဆရာမ။ ဆေးရောသောက်ဖို့ လိုမလား ဆရာမ?
👩‍⚕️ ဆရာမ - ဝမ်းသွားအောင် ဝမ်းပျော့ဆေးလေး ဆရာမပေးလိုက်မယ်။ ဒါပေမဲ့ အဲ့ဒါက စွဲသောက်ရတဲ့ဆေး မဟုတ်ဘူး။ ဝမ်းချုပ်တာ သက်သာသွားပြီဆို ဆရာမဆီပြန်လာပြရမယ်။

🤱 မိခင် - ဆရာမ အဲ့ဒါဆို ဆေးရပ်လိုက်လို့ ပြန်ပြီး ဝမ်းမချုပ်အောင် ဘယ်လိုလုပ်ရမလဲ?
👩‍⚕️ ဆရာမ-ကလေးငယ်တွေ ဝမ်းမချုပ်အောင်-
1️⃣ ကလေးငယ်ကို အရည်များများ ဝင်အောင် တိုက်ပါ။
2️⃣ အသီးအနှံ နှင့် ဟင်းသီးဟင်းရွက် များများ ကျွေးပါ။
3️⃣ ကိုယ်လက်လှုပ်ရှားမှု လုပ်ခိုင်းပါ။
4️⃣ ပုံမှန် အိမ်သာထိုင်တဲ့ အလေ့အကျင့် လုပ်ပေးပါ။ မနက်ထထချင်း ဖြစ်ဖြစ်၊ အစာစားပြီးဖြစ်ဖြစ်။
5️⃣ ကလေးငယ် အိမ်သာတက်တဲ့ အခါ ကလေးရဲ့ခြေဖျားက ကြမ်းပြင်နဲ့ လွတ်မနေသင့်ပါဘူး။ လွတ်နေခဲ့မယ်ဆိုလည်း ခြေထောက်တင်လို့ရအောင် ထိုင်ခုံ အသေးလေး ထားပေးပါ။ ဒါမှ သက်သောင့်သက်သာနှင့် အနေအထားမှန်ပြီ ကလေးငယ် ဝမ်းသွားဖို့ကြိုးစားရတာ ပိုမို အဆင်ပြေစေမှာ ဖြစ်ပါတယ်။
6️⃣ မူကြို နှင့် ကျောင်းတက်နေသော ကလေးဆိုရင် ကလေးငယ်အား ကျောင်းမှာ ဝမ်းသွားတတ်/မသွားတတ်မေးပါ။ တစ်ချို့ကလေးတွေက ကျောင်းမှာ ဝမ်းမသွားတတ်လို့ မသွားရင်းကနေ ဝမ်းချုပ်သွားတတ်ပါတယ်။ ဒီလို ကလေးမျိုးဆို ဝမ်းမချုပ်အောင် မနက် အိပ်ယာထကတည်းက ကျောင်းမသွားခင် ကလေးကို အိမ်သာထိုင်ခိုင်း လို့ရပါတယ်။
7️⃣ တစ်နေ့တစ်နေ့ ဝမ်းချုပ်တတ်လို့ အိမ်သာထိုင်ရတာကို ကလေးငယ်တွေ အနေနဲ့ စိတ်ဖိစီးမှု မဖြစ်အောင် အားပေးပါ။ မသွားရကောင်းလားဆိုပြီး အပြစ်တင်တာ ဖိအားပေးတာတွေ မလုပ်ပါနဲ့။
ဒီနည်းလမ်းလေးတွေလည်း ကျင့်သုံးစေချင်တယ်။ အကျင့်ရလာရင် ဆေးကိုပဲ အားကိုးစရာမလိုပဲ ပုံမှန် ဝမ်းသွားနိုင်လာမှာပါ။

🤱 မိခင် - ဟုတ် ဆရာမ ပြောတဲ့အတိုင်း လိုက်နာပါ့မယ်။
👩‍⚕️ ဆရာမ - ဆရာမ ဆေးရည်လေးလည်း ပေးလိုက်မယ်။ နောက် ၅ရက်နေ ပြန်လာပြ ရမယ်နော်။

🤱 မိခင် - ဟုတ်ကဲ့ပါ ဆရာမ။ ကျေးဇူးပါနော် ဆရာမ။
Maymay မေမေ

21/09/2022

Hello

Address

Pyitaungsu
Hpa-an
00001

Telephone

+959451361107

Website

Alerts

Be the first to know and let us send you an email when Ku Ku posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share