02/05/2021
[ Homeschooling သင်ရင် အခမဲ့နဲ့ အကောင်းဆုံး ရရှိနိုင်သော website များ အကြောင်း ]
အိမ်မှာတင် မိမိကလေးကို သင်ဖို့ ဆုံးဖြန်ထားရင် အရေးကြီးတာတွေထဲက တစ်ခုက သင်ရိုးပါပဲ။ ဘယ်လို သင်ရိုးတွေသင်မလဲ။ ဘယ်လို ဘာသာရပ်တွေသင်မလဲဆိုတာကလည်း ခေါင်းကိုက်စရာပါ။ ၈ နှစ်အောက်တွေအတွက်ကတော့ သင်ရိုးစာအုပ်ကို ဝယ်ယူပြီး သင်ရင် အဆင်ပြေပြီလို့ ဆိုပေမယ့် တကယ်တမ်း online trend နဲ့ သွားနေတဲ့ကလေးတွေမှာ ကိုယ့်ကလေးကို websites ထဲက သင်ခန်းစာတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်အောင်လုပ်ထားပေးရပါမယ်။
ကလေးအတွက် စာကြည့်ဖို့နေရာလေးရှိပြီးပြီဆိုရင် Website ထဲမှ သင်ခန်းစာတွေကို လေ့လာနိုင်အောင်လည်း လမ်းညွှန်ရပါဦးမယ်။ Website တွေမှာလည်း US နိုင်ငံအတိုင်းသွားမလား UK နိုင်ငံသင်ရိုးအတိုင်း သင်မလားဆိုတာရှိပါတယ်။ အခု ပထမ ဖော်ပြပေးချင်တာကတော့ Homeschooling resources website တွေကတော့
[ 1. Khan Academy ]
အကုန် free ရတယ် Subject မျိုးစုံ ရှိတယ်
သင်ရိုးခိုင်မာမှုရှိတယ်။ စနစ်တကျ အကောင်အထည်ဖော်ထားတယ်။
မူကြို မှ ၁၂ တန်းထိ သင်ရိုးစုံတယ်။ အထူးသဖြင့် math နဲ့ science မှာ အားကောင်းတယ်။ ရွေးချယ်စရာတွေထဲမှ နံပတ် ၁ ပညာရေး အိမ်သင်စနစ်တစ်ခုပဲ ဖြစ်ပါတယ်။ Google မှာ Khan Academy လို့ ရိုက်ထည့်လိုက်တာနဲ့ အလွယ်တကူဝင်ရောက်နိုင်ပါတယ်။
[ 2. Duolingo ]
ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် ဘာသာစကားမျိုးစုံ လေ့လာနိုင်မယ့် website တစ်ခုပါပဲ။ ဆိုဒ်ထဲဝင်လိုက်တာနဲ့ ဘယ် language ကို လေ့လာချင်သလဲဆိုတာ ရွေးပြီး သင်ယူရုံပါပဲ။ Totally free site ပါပဲ။ Language စုံတယ်။ အခြေခံက စသင်ပေးတယ်။ ရှင်းလင်းတိကျတယ်။ Eng လို နည်းနည်းရတာနဲ့ သင်ယူနိုင်တယ်။ www.duolingo.com မှာ အသေးစိတ် ဝင်ကြည့်လေ့လာနိုင်ပါတယ်။
[ 3. 826 digital ]
ဒါလည်း Free website တစ်ခုပါပဲ။ အကျိုးအမြတ် အဓိက မထား ပညာရေး မျှဝေတဲ့ foundation ပုံစံလိုမျိုးပါပဲ။ KG မှ grade 12 အထိကို project အစုံအလင်ပါဝင်ပါတယ်။ Teacher အတွက်ဆို teaching resources ရှိတယ်။ ကလေးအတွက်ဆို student resources ရှိတယ်။ ကိုယ့်ကလေး level အလိုက် ရွေးချယ် သင်ယူလို့ရပါတယ်။ Totally free site ပါပဲ။
[ 4. Brain POP ]
ဒါလည်း free website ပါပဲ။ ဘာသာရပ်အစုံ
Project အစုံရှိတယ်။ ဒီ website ကတော့ level အလိုက် ခွဲပါတယ်။
Adult learning လူကြီးပိုင်း ပိုများတယ်။ အပေါ် site တွေလောက်တော့ သိပ်မကြိုက်ပါဘူး။ သူ့ဟာနဲ့သူတော့ အဆင်ပြေ အသုံးဝင် free ရပါတယ်။
[ 5. Scholastic Learn at home ]
စာအုပ်တွေရော သင်ရိုးတွေရော မျိုးစုံ ရှိတယ်။ Subject အလိုက် တစ်ကန့်စီ ခွဲခြားခါးတယ်။ နေ့စဉ် တစ်နေ့တာအလိုက် လုပ်ရမှာတွေ ခွဲထားပေးတယ်။
English စာ အဆင်ပြေရင် ဝင်ရ လုပ်ရ ပိုအဆင်ပြေပါတယ်။ Pre KG..KG တန်းတွေကနေ စရှိတယ်။ Grade level အလိုက် စုပေးထားပါတယ်။
[ 6.BBC Bitesize ]
ကလေးများအတွက်သာမက လူကြီးများအတွက်ပါ free ရနိုင်တဲ့ online resources ဖြစ်ပါတယ်။ Subject လည်း အစုံရှိတယ်။ အကုန် အခမဲ့ရတယ်။
သင်ရတာ လွယ်ကူတာကနေ တစ်ဆင့်စီ သွားတယ်။ တစ်ချို့နိုင်ငံတွေမှာ သင်ရိုးထဲတောင်ထည့်သင်ကြပါတယ်။ Google မှာ BBC Bitesize လို့ရိုက်ထည့်ရှာတာနဲ့ ရပါတယ်။
[ 7. BBC Teach ]
Live session ပါတယ်။ Pre video recorded video တွေပါတယ်။
Parents တွေအတွက် ဘယ်လိုသင်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေပါတယ်။
ကလေးတွေကို series လိုက် သင်တာတွေရှိတယ်။ Google မှာ bbc teach လို့နှိပ်လိုက်တာနဲ့ အလွယ်တကူ သင်ယူတက်မြောက်နိုင်ပါတယ်။
[ 8.The Artful Parent ]
ဒါက screen time ကို လျော့စေတယ်။ ကလေးများအတွက် တီထွင်ဖန်တီးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ပါတယ်။ Art ပိုင်း စိတ်ဝင်စားတဲ့ ကလေးတွေ အရမ်းကို ကြိုက်ကြတဲ့နေရာလေး။ ပစ္စည်းအစုံသာဝယ်ထားပေးရင် ကလေးတွေအတွက် စမ်းသပ်စရာမျိုးစုံရနိုင်တဲ့ website တစ်ခုပါ။ Google မှာ the artful parent လို့ ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။
Free learning resources တွေအများအပြား ရရှိနိုင်တဲ့ website တွေပဲ ဖြစ်ပါတယ်။
Credit : Su Kyi Htwe
Learn languages by playing a game. It's 100% free, fun, and scientifically proven to work.