22/11/2026
Cindy Collection မှ ပြုလုပ်ပေးတဲ့ Fabric painting ပညာဒါနသင်တန်းကို တက်ရောက်ခွင့်ရခဲ့ပါတယ်။
ပန်းချီအခြေခံမရှိသော်လည်း ပိတ်စပေါ်မှာဖန်တီးမှုတွေပြုလုပ်နိုင်ဖို့ အနုပညာနဲ့ နည်းပညာတွေကို လေ့လာသင်ယူခွင့်ရခဲ့တာ တန်ဖိုးရှိလှပါတယ်။
ပညာဒါနသင်တန်းမှာ Creation ကောင်းကြတဲ့ Designerတွေနဲ့ Fabric Painting Artist တွေကြားမှာ ကိုယ့်အနေနဲ့ စုတ်တံနဲ့ ရင်းနှီးဖို့ အရောင်တွေ အလင်းအမှောင်တွေကို မြင်တတ်ဖို့ လိုက်ပြီးလေ့လာရတာ ချွေးပြန်ရပေမယ့် စိတ်ဝင်စားစရာတွေများလှပါတယ်။
ပုံတွေဆွဲကြ အရောင်တွေချယ်ကြ မုန့်တွေစားကြနဲ့ နွေးထွေးတဲ့ရပ်ဝန်းလေးတစ်ခုမှာ ပညာဒါနတွေဝေမျှပေးတဲ့ အစ်မMoe Phyu နဲ့ Cindy Collection Team ကို ကျေးဇူးတင်ပါတယ်ရှင်။
✨🎨 ✨