Beauty by Mo Kpg

Beauty by Mo Kpg MO os မှ ကိုယ်စားလှယ်များဖိတ်ခေါ်ပါတယ်ရ

12/07/2022

like butterfly

25/04/2022
17/04/2022

Mytel Data

1000Mb--800ks

သက်တမ်း ---3လ

ကြာချိန် မြန်

Reseller စျေး cb

မင်မင် ဒီနေ့ တင်ပေးမှာလေးကတော့ အရမ်းမဆိုးတဲ့ Dry Skin သမားတွေအတွက်ပါMild to Moderate Dry Skin သမားတွေအတွက်ပေ့ါလေ….အရမ်းပ...
09/03/2022

မင်မင် ဒီနေ့ တင်ပေးမှာလေးကတော့ အရမ်းမဆိုးတဲ့ Dry Skin သမားတွေအတွက်ပါ

Mild to Moderate Dry Skin သမားတွေအတွက်ပေ့ါလေ….

အရမ်းပြင်းထန်တဲ့ Severe Dry Skin သမားတွေကတော့ Skin Care လိုက်ရှာမနေပါနဲ့…အရေပြားဆရာဝန်ဆီသာ တန်းပြေးပါ…

Severe မှန်းဘယ်လိုသိမလဲဆိုတော့…ကွဲအက်ပြီး သွေးထွက်နေတာမျိုးပါ…

ရိုးရိုးမျက်နှာတင်းပြီး နီတာမျိုးကတော့ မင်မင်အခု Set ကလေးနဲ့ အဆင်ပြေနိုင်ခြေရှိပါတယ်

***မနက်ဘက်အစီအစဉ်….

၁ - Simple မျက်နှာသစ်ဆေးနဲ့ သစ်ပါ…အခြားမျက်နှာသစ်ဆေး ပြင်းပြင်းတွေအစား ဒီကောင့်ကိုသုံးရမှာပါ…မျက်နှာသစ်ဆေး အပျော့စားပြောင်းခြင်းက အခြင်စကောက်သက်သာစေဖို့ ပထမဆုံးခြေလှမ်းပါပဲ

၂ - Simple Soothing Toner လေးကို ဂွမ်းဖတ်မှာ ၅စက်လောက် စွတ်ပြီးသုံးပါ….သူသုံးတာက မျက်နှာသစ်ဆေး အပျော့စားသုံးတာကြောင့် မပြောင်ခဲ့တဲ့အညစ်အကြေးတွေ ဖယ်ရှားဖို့အတွက်ကော…နီတာသက်သာစေဖို့ Soothing လေးပေးဖို့ကောဖြစ်ပါတယ်

၃ - Dr G Clear Soothing Cream လေးသုံးပါ… ဒါက Dry Skin အတွက်သီးသန့်ထုတ်ထားတာမဟုတ်ပါဘူး…ဒါပေမယ့်လည်း နည်းနည်းလေးပိုလိမ်းပေးရင် အဆင်ပြေနိုင်ခြေရှိပါတယ်…သူနဲ့ Alternative က Simple Light Hydrating Moisturizer ရှိပေမယ့်…Simple တွေက ဥရောပလိုရာသီဥတုနဲ့ ကိုက်ထုတ်ထားတာကြောင့် နည်းနည်းပူသလိုရှိလို့…အခုလို နွေရာသီအတွက် အေးပြီး အနီအရောင်ကျနိုင်တဲ့ Dr G လေးရွေးပေးလိုက်တာပါ

၄ - Dr G Green Mild Up Sun+ လေးကို အနေတော်လေးလိမ်းပါ…Dry Skin သမားက နေရောင်ထိရင် ပိုနီ..ပိုယားတာကြောင့် နေရောင်လည်းကာကွယ်ဖို့လိုပါတယ်…ကိုယ်က Sensitive သိပ်မဖြစ်ရင် Alternative အနေနဲ့ Espoir Sunscreen လေးလည်းရွေးလို့ရပါတယ်

***ညဘက်အစီအစဉ်***

၁ - မနက်ဖက်လိုပဲ Simple မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ…ရေကို တစ်ရှုး ဒါမှမဟုတ် အဝတ်သန့်သန့်နဲ့ ဖွဖွလေးသုတ်ပေးပါ…ပွတ်မသုတ်ပါနဲ့နော်

၂ - Simple Toner ကို မနက်ကလိုပဲ သုံးပေးပါ

၃ - နံပါတ် ၃ အဆင့်ကတော့ နှစ်မျိုးဖြစ်သွားပါမယ်… မနက်ကသုံးတဲ့ Dr G Clear Soothing Cream ကိုတစ်ရက်… Laneige Water Sleeping Mask ကိုတစ်ရက် လိမ်းသွားပေးပါ…တစ်ရက်တစ်မျိုးစီပေါ့လေ…Laneige Sleep Mask သုံးရခြင်းက Dry Skin ကြောင့်ဖြစ်လာမယ့် ပျက်စီးမှုတွေကို ပြန်လည်ပြုပြင်နိုင်စေဖို့ပါပဲ

***သတိပြုရန်များ***

အရမ်း Dry ဖြစ်နေရင် တိုနာအဆင့်ကို ဖြုတ်ပေးပါ…

Sensitive ဖြစ်နေရင် Laneige Sleep Mask သုံးတဲ့အခါ သတိထားပေးပါ…နီတာယားတာရှိရင် ဆက်မသုံးပါနဲ့

***ပိုကောင်းအောင်လုပ်နိုင်သည်များ***

Dry Skin သမားတွေအတွက် Hydration ကောင်းကောင်းရဖို့ Hydrator ကောင်းကောင်းလိုပါတယ်…

အဲ့ဒါရဖို့အတွက် Hyaluronic Acid ပါတဲ့ Piggy Serum/ ဝက်ဆီလေးကို တိုနာနဲ့ Dr G Clear Soothing Cream ကြားမှာ မနက်/ည ထည့်လိမ်းနိုင်ရင် ပိုကောင်းပါတယ်…

Piggy Serum က အနံ့နည်းနည်းပါတော့ Sensitive ဖြစ်နေရင် သတိထားသုံးပါ…နီတာယားတာရှိရင် ဆက်မသုံးပါနဲ့

Crd to owner

28/02/2022
instock
27/02/2022

instock

ကိုယ်တိုင်သုံးနေလို့ကြိုက်😘
27/02/2022

ကိုယ်တိုင်သုံးနေလို့ကြိုက်😘

💙Mistine Yogurt Body Lotion 400ml ဈေးသက်သက်သာသာနဲ့အ‌သားအရေကြည်တောက်ချင်ရင်သုံးလိုက်တော့♥️♥️♥️လက်လီစျေး-6000ks 💁🏼‍♀️သူက သ...
21/01/2022

💙Mistine Yogurt Body Lotion 400ml

ဈေးသက်သက်သာသာနဲ့

အ‌သားအရေကြည်တောက်ချင်ရင်သုံးလိုက်တော့

♥️♥️♥️

လက်လီစျေး-6000ks

💁🏼‍♀️သူက သဘာဝဒိန်ချဉ်နဲ့ ပေါင်းစပ်ပြုလုပ်ထားတာမို့ အသားရေကို စိုပြေ ကြည်လင်စေပီး ဖြူဖွေနူးညံ့စေပါတယ် ။
လိမ်းလိုက်ရင်လည်း စေးကပ်ကပ်ကြီး မဖြစ်လို့အသားထဲစိမ့်ဝင်လွယ်တဲ့အပြင် အနံ့လေးကလဲ သင်းသင်းလေးနဲ့ ကြာရှည်ခံသေးတယ်💙

နေပူထဲမှာ အချိန်ကြာကြာအလုပ်လုပ်ရလို့ အသားအရေတွေ ညစ်ပြီး နေလောင်ခံထားရတဲ့ သူတွေအတွက်တစ်လအတွင်း သိသိသာသာသက်သာလာစေပါတယ်💙

သူက ချက်ချင်းကြီး အသားဖြူစွတ်လာတာမျိုးမဟုတ်ပဲ တစ်လအတွင်း နေ့စဉ်ပုံမှန်သုံးစွဲပေးရင် သိသိသာသာ အသားကြည်ကြည်လေး ဖြစ် လာပြီးသုံးလပြည့်ရင် နဂိုအသားအရည်ထက် ပိုဖြူလာတာပါ💙

ဈေးနှုန်းကလဲ သင့်တင့်ပြီး quality အရမ်းကောင်းတဲ့ အပြင် review တွေလည်း အများကြီးမို့ အသားဖြူဖြူဝင်းဝင်းလေးနဲ့ စိုစိုပြေပြေလေးဖြစ်ချင်သူတွေ အသားရောင်မညီတဲ့သူတွေ တစ်ဗူးလောက် စမ်းသုံးကြည့်လိုက်တော့ အချောလေးတို့ရေ 💙

🇹🇭 Made in Thailand✔️

Address

Aung Baw Ga
Kyaukpadaung
#MO

Alerts

Be the first to know and let us send you an email when Beauty by Mo Kpg posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Beauty by Mo Kpg:

Share