Main Main

Main Main Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Main Main, Lashio.

09/09/2025
08/04/2024
01/04/2024
29/03/2024
02/01/2024

ရှယ်တန်တဲ့ 40000တန်စကောထမင်းလေး
စာကြပါဦးရှင့် 🤗💜

အဆီကျ review ေလး🖤
28/10/2022

အဆီကျ review ေလး🖤

           အခုရက်ပိုင်းထဲစိတ်ညစ်စရာတွေများတော့ဝက်ခြံအဆီဖုတွေထွက်နေတဲ့ကောင်မလေးတွေများမှာပဲ.ကိုယ်လဲရှေ့၂လကစိတ်တွေကျပြီးရင...
26/10/2022



အခုရက်ပိုင်းထဲစိတ်ညစ်စရာတွေများတော့ဝက်ခြံအဆီဖုတွေထွက်နေတဲ့ကောင်မလေးတွေများမှာပဲ.ကိုယ်လဲရှေ့၂လကစိတ်တွေကျပြီးရင်းကျနဲ့
မျက်နှာမှာဝက်ခြံတွေဆိုတာအများကြီးပဲ.ဒါလေးတွေကBudgetလဲsaveတဲ့အပြင်တကယ်ကြီးကိုသက်သာလာတာမို့Sharingလာလုပ်ပေးတာ.
ပုံမှန်မျက်နှာသစ်ပြီးတာနဲ့ Tonerသုံး moiသုံးပီးAcnes gelကိုဝက်ခြံပေါ်တို့တယ်.တခြားstepတွေလျှော့တယ်မတည့်မှာစိုးလို့.
ညဖက်၃ညတစ်ခါ Innisfree clay maskသုံးရေနွေးနွေးနဲ့သစ်ချပြီးရင် JM Solutionကmaskလေးကပ်.မနက်ဆိုလုံးဝမျက်နှာလေးကအိအိလေးနဲ့Glowသွားတာ.အပြင်ပန်းကပဲCareနေလို့မရတာကြောင့်Enatလဲသောက်ပေးတယ်.oily skinဆိုတော့ညတိုင်းတော့မ
သောက်ဘူးတစ်ညခြားတစ်ခါC vitနဲ့တွဲသောက်တယ်.ခုဆိုဝက်ခြံညှစ်ထားတဲ့အမာရွတ်တွေတောင်မရှိတော့ဘူးရယ်.ခြင်ကိုက်ရာတွေသက်သာတယ်Allergicတွေသိသိသာသာကိုသိပ်မဖြစ်တော့ဘူး.ဆံပင်အရှည်မြန်တယ်.လက်သည်းလေးတွေဆိုအရင်ကချိုင့်ခွက်လေးတွေရှိတယ်.ခုအကုန်ပြည့်လာတဲ့အပြင်ပန်းရောင်လေးပါသန်းလာရော.
Skin careအပျင်းကြီးတဲ့ကိုယ်ကတော့ဒါလေးတွေနဲ့အဆင်ပြေနေတာမို့.အားလုံးကိုလဲလှစေချင်လို့ပါ❤

photocrd

24/10/2022

ပိုက်ဆံမကုန်ပဲအသားဖြူချငိသာအတွက်

24/10/2022

curling hair

တင်းတိတ်(Melasma)အကြောင်း               တင်းတိတ်ဆိုတာ နေရောင်ဒဏ်ခံရတဲ့ အရေပြားပေါ်မှာ အညိုကွက်တွေ ဖြစ်ပေါ်လာတာကို ဆိုလို...
24/10/2022

တင်းတိတ်(Melasma)အကြောင်း


တင်းတိတ်ဆိုတာ နေရောင်ဒဏ်ခံရတဲ့ အရေပြားပေါ်မှာ အညိုကွက်တွေ ဖြစ်ပေါ်လာတာကို ဆိုလိုပါတယ်။ အဓိကအားဖြင့် နေရောင်တိုက်ရိုက် ထိတွေ့တဲ့ ပါးမို့ နှစ်ဖက်၊ မေးစေ့၊ နှဖူး၊ နှုတ်ခမ်းအပေါ်ဘက် နေရာတွေမှာ တွေ့ရများပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ?
တင်းတိတ်ဖြစ်စေတဲ့ ဖြစ်စဉ်ကို တိတိကျကျ မသိနိုင်သေးပေမဲ့ တင်းတိတ် ဖြစ်စေတတ်တဲ့ အကြောင်းအရင်း များစွာရှိပါတယ်။
တင်းတိတ် ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းအရင်းကတော့နေရောင်ခြည် ကြောင့်ပဲ ဖြစ်ပါတယ်။ နေရောင်မှာ ပါတဲ့ UV rays တွေက အရေပြားပေါ် ကျရောက်တဲ့ အချိန်မှာ Reactive oxygen species တွေ ဖြစ်ပေါ်လာစေပြီးတော့ အမဲရောင်ခြယ်ဓာတ် တွေကို ပိုမို ဖြစ်ပွါးလာစေပါတယ်(melanogenesis)။
နောက်တစ်ခုကတော့ ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့်လဲ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ သန္ဓေတားသောက်ဆေး အသုံးပြုချိန်တွေမှာ ဟော်မုန်းဓာတ် အပြောင်းအလဲတွေကြောင့် တင်းတိတ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
နောက်တစ်ခုကတော့ မျိုးရိုးလိုက်တတ်ပါတယ်။ တင်းတိတ်ဖြစ်နေတဲ့ အမျိုးသမီး (၃၂၄) ယောက်ကို လေ့လာကြည့်တဲ့အချိန်မှာ ၄၈% က မိဘ မျိုးရိုးမှာ တင်းတိတ် ဖြစ်တဲ့သူရှိတာကို တွေ့ရှိခဲ့ပါတယ်။
ရှားရှားပါးပါး အမျိုးသမီး (၂)ယောက်က ပြင်းထန်တဲ့ စိတ်ဖိစီးမှုဒဏ် ခံရပြီး တင်းတိတ်တွေ ရုတ်တရက် ဖြစ်ပေါ်လာတာကို တွေ့ရတယ်လို့ မှတ်တမ်းတင်ထားပါတယ်။
အချို့သော အလှကုန်တွေကြောင့်လဲ တင်းတိတ် ပိုဆိုးစေတတ်ပါတယ်။

ဘယ်လူမျိုးတွေမှာ ဖြစ်တတ်သလဲ?
တင်းတိတ်က လူမျိုးမရွေးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အညိုဖျော့ရောင် အသားအရေရှိတဲ့ လက်တင်လူမျိုးတွေနဲ့ အာရှတိုက်သားတွေမှာ ပိုအဖြစ်များပါတယ်။ အဓိကအားဖြင့် နေလောင်ဒဏ် ပိုခံရတဲ့ သူတွေမှာ အဖြစ်များပါတယ်။

S*x
တင်းတိတ်က အမျိုးသားတွေမှာလည်း တွေ့ရပေမဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

တင်းတိတ်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြသနာတွေ ဖြစ်နိုင်သလား?
တင်းတိတ်ကြောင့် နောက်ဆက်တွဲကျန်းမာရေး ပြသနာတွေ မဖြစ်နိုင်သလို တင်းတိတ်ကနေ အရေပြား ကင်ဆာ အဖြစ်ပြောင်းလဲ သွားတာကိုလည်း မတွေ့ရှိရပါဘူး။ ဒါပေမဲ့ တင်းတိတ်တွေကြောင့် အလှပျက်ပြီး မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာတာ၊ စိတ်ဓာတ်ကျ အားငယ်လာတာတွေ တော့ ဖြစ်နိုင်ပါတယ်။


#တင်းတိတ်

အဆီဖုပြဿနာ...🤦‍♀️ အဆီဖု ဘယ်နှစ်မျိုူရှိတယ် ဘာတွေကြောင့်အဆီဖုဖြစ်လာတယ်ဆိုတာထက် . အဆီဖု ပျောက်စေတဲ့ နည်းလေးတွေပဲ ​စိတ်ဝင်စ...
23/10/2022

အဆီဖုပြဿနာ...🤦‍♀️

အဆီဖု ဘယ်နှစ်မျိုူရှိတယ် ဘာတွေကြောင့်အဆီဖုဖြစ်လာတယ်ဆိုတာထက် . အဆီဖု ပျောက်စေတဲ့ နည်းလေးတွေပဲ ​စိတ်ဝင်စားကြမယ်ထင်ပါတယ် . ကျမအဲ့တော့ အပိုစကားထက်လိုရင်းတွေပဲပြောလိုက်တော့မယ်နော် .
..ပထမဆုံးအနေန​ဲ့ အဆီဖုက မိန်းခလေးတွေအနေနဲ့ 80%ဖြစ်ကြတယ်ဖြစ်မှာပါပဲ 😇 20%ကတော်တော်careလုပ်နိုင်လို့ရယ် အစားအသောက်အနေအထိုင်မှန်လို့ရယ်ပေါ့နော်. အာ့ကြောင့် အဆီဖုထွက်လို့ Psychoမဝင်စေချင်ပါဘူး. မလောစေချင်ဘူး ❎❎

❔❔ဘယ်တွေလုပ်ရမလဲ?⁉️
✅>>> အဆီဖု ထွက်ရင် မဖြစ်မနေ လုပ်ရမှာက ရေနွေငွေ့နဲ့ပေါင်းခံခြင်းပါ . အဆိပ်အတောက်တွေနဲ့ အဆီပိုတွေကို ချွေပေါက်ကနေတဆင့်ဖယ်ရှားပေးပီး အဆီဖုကနေဝက်ခြံဖြစ်လာစေမဲ့ bacteria တွေက်ိုသေနိုင်ပီး အဆီဖု ကုသရမဲ့ treatmentအတွက် အထောက်အကူဖြစ်စေလို့ပါ
✅>>> အဲ့လိုရေနွေးငွေ့နဲ့ ပေါင်းခံပီးအချိန်မှာ
ကွကျဉအကာ
သံပုရာရည်၁စက်
ထက်ထည့်ချင်သေးရင် ပျါးရည် သို့မဟုတ် သံလွင်ဆီ တို့ကိုထည့်ပေးပြီးဟခလောက်ပီး brush တခုခုနဲ့ မျက်နှာအနံ့သုပ်လိမ်းပါ tissue လေးကပ်ပီး အထပ်ထပ်သုပ်လိမ်းပါ မိနစ်၂၀လောက်ပီးရင် ခွါပြီး ရေနွေးလေးနဲ့ဆေးချ ပါ . ပြီးရင် ချွေးပေါက်များပိတ်စေရန် ရေအေးအေးလေး နဲ့ပြန်ဆေးချ ပါ ဒါမှမဟုတ် ရေခဲဖွဖွလေး ကပ်ပေးပါ. ကြက်ဉအကာနဲ့ မလုပ်ချင်ရင် clay mask သုံးပေးလ်ို့ရပါတယ် (အဆီဖုပေါက်တဲ့အချိန်ပေါင်းတင်နည်းတွေအများကြီးထဲက အကောင်းဆုံးပေါင်းတင်နည်းကိုပြောပြထားတာပါ)
Ps. အိမ်တွင်းကုထုံးသည် မသန့်ရှင်းတာတွေဆိုရင် ပ်ုဝင်းနိုင်ပါတယ်
တစ်ပတ်ကို ၁ခါ လုပ်ရင်ကိုအဆီဖုသက်သာစေပါတယ်.
https://m.facebook.com/story.php?story_fbid=377915663235491&id=100030511805233

❔❔ ဘယ်လို skin careတွေလုပ်ပေးသင့်လဲ❓❓
✅>>>အတိုချုပ်ပြောရင် အဆီဖုဖြစ်ရင်
Cleansing ပိုင်နိုင်အောင်လုပ်ပြီး ရေဓာတ်ကောင်းကောင်းပေးနိုင်ရင် ရပါပီ . Skin care လိမ်းနေကျအတိုင်းလိမ်းပေးပါ . Oilပါတာတွေရှောင်ပီး . Skin careအဆင့်တိုင်းလိမ်းပေးလို့ရပါတယ် . ၂ပတ်တခါလောက် . Exfoliate အပျော့စားလေးတွေလုပ်ပေးပါ .Toner သုံးတဲ့နေရာမှာလဲ အညစ်အကြေးတိုက်စားစေတဲ့toner တွေသုံးပေးပါ . Cleansing ကို လုံးဝသေးချာလုပ်ပေးပါ .

❔❔အဆီဖုဖြစ်နေချိန် မျက်နှာဘယ်လိုသစ်ရမလဲ(daily)❓
✅>>>ပထဉိီးဆုံး ရေနွေးနွေးလေးနဲ့မျက်နှာအရင်သစ်ပါ
Facial wash သုံးပေးပါ . ရေနွေးနွေးလေးနဲ့ပြန်ဆေးချ ပါ
ပြီးမှ ရေအေးအေးလေးနဲ့ပြစ်သစ်ပေးပါ.အဆီဖုထွက်နေတဲ့ချိန်Tissue နဲ့သာမျက်နှာသုပ်ပါ . ပီးရင် Toner နဲ့ moisturizer ချက်ချင်းလိမ်းပေးပါ.
အဆီဖု ကို ရံဖန်ရံခါ တဖုတန် နှစ်ဖုတန် သည် ပေါက်တတ်တဲ့သူတွေတွက် Treatmentgel တို့ပေးလို့ရပါတယ် . ပိုးသေပီး ဝက်ခြံလိုဆက်မကြီးတော့ပဲ ပျောက်သွားတာမျိုးပါ

❔❔အဆီဖုအတွက်သီးသန့်သုံးချင်ရင်ဘာ Skin careတွေသုံးသင့်လဲ❔⁉️
salicylic acid
gyocolic acid,Lactic acid
Mandelic acid
Hyaluronic acid, Baobab
tea tree
Green tea
aloe vera
Exfoliator
Peeling effect
ပါဝင်တဲ့ skin careမျိုးတွေ သုံးလို့ရပါတယ် ⬇️⬇️
(သို့မဟုတ်) ကိုယ်သုံးနေကျ skin care ရှိနေတယ်ဆိုရင်လဲ cleansingသေချာလုပ်ပီး . Toner.Serum .moisturizerလောက်ပဲ နေစဉ်ပုံမှန်လိမ်းပေးလ်ု့လဲရပါတယ် .
⬇️⬇️
Hydration ဖြစ်စေတဲ့ Emulsion . Moisturizer. သုံးပေးပါ
hydration Sheet mask သုံးပါ
clay mask သုံးပေးပါ

❔❔❔ဘယ်လိုစားသောက်နေထိုင်သင့်လဲ⁉️‼️
✅ငါးကြီးဆီ
✅အသီးအနှံ🍋🍒🥕🍊🍇🍏
✅ဟင်းသီးဟင်းရွက်🥦🥬🥒🥕🍅🥝 တို့စားပေးပါ
✅ရေတနေ့ကို ၂လီတာလောက်သောက်ပါ
❎အဆီကြော် . ချိုလွန်း ငန်လွန်းအစားစာတွေရှောင်ပါ
❎Carbohydrate ပါတာတွေကို အတတ်နိုင်ဆုံးနဲနဲပဲစားပေါ့နော်
❌ မလိုအပ်ပဲ လက်နဲ့ မျက်နှာကိုသွားသွားမကလိပါနဲ့
❎make up ဖြစ်နိုင်ရင်မလိမ်းပါနဲ့ဉီး
✅လိမ်းဖြစ်ရင်လ​ cleansing ကိုသေသေချာချာလုပ်ပါ(အဆီဖုပြဿနာက အဆီနဲ့အညစ်အကြေးတွေကနေစဖြစ်တာမို့လို့ပါ)
https://m.facebook.com/story.php?story_fbid=354623902231334&id=100030511805233
အိပ်ရေးမှန်အောင်အိပ်ပါ .

Suppliment သောက်ပေးချင်ရင်လဲ ညပိုင်းကိုသောက်ပေးပါ
ဒါပေမဲ့ "စိတ်ချရပါစေနော်"ပြည်တွင်းက်ိုတရားဝင်ရောက်တဲ့ diratry suppliments ဉပမာ-✅ Vistra နဲ့ watson တို့လိုမျိုးပေါ့

❎ #အဆီဖုမျက်နှာတပြင်လုံးဖြစ်နေတဲ့သူတွေနဲ့steroidထိသွားတဲ့သူတွေအတွက်မရည်ရွယ်ပါဘူး အရမ်းဖြစ်နေတဲ့သူတွေကျတော့ အရေပြားအထူးကု ဒါမှမဟုတ် beauty cilinic တခုခုမှာ ကုသခံဖို့ အကြံပြုလိုပါတယ် 💙💚❤️💛🧡

https://m.facebook.com/story.php?story_fbid=326742488352809&id=100030511805233
crdပါရှငိ့

23/10/2022

sun cream လိမ်းရင်သတိထားရမဲ့အချက်ပည

Address

Lashio

Telephone

+959681621616

Website

Alerts

Be the first to know and let us send you an email when Main Main posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share