17/12/2024
ချစ်သူသာလိမ်မာရင် နှစ်ဆပို ပျော်ရမှာပါ။
ချစ်ရသူဟာ ကိုယ့်အတွက်ဘာမဆိုဦးစားပေးရင်၊
ကိုယ့်အပေါ်အရာရာထက်အ လေးအနက်ထားရင်၊
သူသိတတ်သမျှမှာ ကိုယ့်ရဲ့တောင်းဆိုမှုပါမနေခဲ့ရင်
အဲ့ဒီအပျော်တွေဟာ နှစ်ဆပဲ။
သူငါ့အ ပေါ်ဒီလို လေးအလိုက်သိရင်
ကောင်းမယ်ဆိုတာမျိုး တွေးနေစရာမလိုတဲ့အထိ
သူဟာ ကိုယ့်စိတ်ရဲ့ဖြည့်စွက်စာကလေးဖြစ်နေတဲ့အခါ ကိုယ်လဲဘာကိုမှ ပူဆာမိမှာမဟုတ် တော့သလိုပေါ့။
ကိုယ်နဲ့ဘယ်ခရီးအထိ အတူသွားချင်တာလဲဆိုတာထက် ကိုယ်သွားမဲ့လမ်းတိုင်းမှာ အဆုံးထိအတူကာကွယ်ရင်း လျှောက်မဲ့ အမျိုးသားဖြစ်ဖို့သာလိုတာပါ။
တခါတ လေမှာ အချစ်ဟာ အချိန်လိုတယ်။
အချိန်ရှိသမျှတိုးပွားနေတဲ့အချစ်က လက်တွေ့ကျသလို၊အချိန်ရှိသမျှ ယိုင်နဲ့နေတဲ့အချစ်ကလဲ ပျက်စီး
လွယ်လွန်းတယ်။
ချစ်ခြင်း တွေရဲ့ သက်တမ်းတခုမှာ ရလဒ်တွေကွဲပြားသွားကြတာပဲ။ဒီအချစ်တွေကြောင့် ငိုခဲ့ကြပြီး၊ဒီအချစ်တွေကြောင့်ပဲ တသက်လုံး
ပြုံးပျော်ဖို့ဖြစ်လာနိုင်ပါတယ်။
crd🌷