08/08/2024
ပါချုပ်ဆရာတော် ဘုရားက တရားတစ်ပုဒ်မှာ ဟောထားပါတယ်။
ဘုရားလောင်းတွေက ဒါန ပါရမီဆိုလည်း အမြဲမပြတ် ပြုလုပ်တယ်။
သီလ ပါရမီဆိုလည်း အမြဲမပြတ် ပြုကျင့်တယ်။
ဘာဝနာလည်း အမြဲမပြတ် ပွားများတယ်တဲ့။
သာမန်လူတွေလည်း ဘုရားလောင်းလို လိုက်ကျင့်လို့ ရပါတယ်တဲ့။
ကိုယ်က ဒါနပါရမီ ဘယ်လောက်များများ ဖြည့်ကျင့်ခဲ့လည်း ခြေရာကို ကြည့် သိနိုင်တယ်တဲ့။
ကိုယ့်ခြေဖဝါးရာက အလယ်မှာ ခွက်မနေဘူးဆို ကိုယ်က အရင်ဘဝတွေက ဒါနကောင်းမှု များစွာ ပြုလုပ်ခဲ့သူပါတဲ့။
မြတ်စွာဘုရားရဲ့ ခြေရာက ခွက်ရာ မရှိပဲ ခြေဖဝါးတစ်ခုလုံး ပြည့်ပြည့်ဝဝ ပါပဲတဲ့။
ဒါန ကောင်းမှုတွေစဥ်ဆက်မပြတ် လုပ်နိုင်ဖို့ လိုပါတယ်။
ကျမတော့ အခုနောက်ပိုင်း တစ်ဖက်လူကို အားပေးနှစ်သိမ့်တာ ကူညီဆောင်မတာ အိမ်သူအိမ်သားတွေအတွက် ချက်ပြုတ်ရာမှာလည်း ငါက လုပ်အားဒါန ပြုနေတယ်လို့ နှလုံးသွင်းပါတယ်။