03/10/2021
ဘေနံ့လေးတွေပျောက်အောင် ဘယ်လိုလျှော်ကြမလဲ?
ဘေထုပ်တွေမှာ စွဲနေတတ်တဲ့အနံ့လေး ရှိတယ်။ ဘာရယ်မဟုတ် ပိုးသတ်ဆေးအနံ့လေးပါရှင့် ။ နိုင်ငံခြားကလာတဲ့အထုပ်ဆိုရင် သူတို့က size သန့်တဲ့အခါ တခါထဲ ပိုးသတ်ဆေးဖြန်းပြီးမှ ပို့တာပါ။ မြန်မာပြည်ရောက်တော့ ဂိုထောင်ထဲထည့်သိမ်းဘာညာလုပ်ကြတော့ အနံ့လေးက စွဲသလိုဖြစ်နေတာ ။တချို့ကျတော့လဲ ဘေထုပ်အနံ့လေးကိုမှ ကြိုက်လွန်းလို့ဆိုတဲ့ သူလေးတွေလဲရှိတယ် ။လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့နော် ။ဒီအခေါက်တော့ ဘေနံ့မကြိုက်တဲ့ သူလေးတွေအတွက် လျှော်နည်းလေးပြောပြပေးထားပါတယ်🤔
1️⃣ဟင်းချိုမှုန့်
ဒါလေးက အဆန်းလေးရယ်...
အိမ်မှာ ဘေထုပ်ဝါသနာအိုး အမေနဲ့အဘွားသာရှိရင်တော့ ဒီနည်းလမ်းလေးကို သိကြမှာပါ။ဆပ်ပြာမှုန့်ရယ် အချိုမှုန့်သေးသေးလေးရယ် ရောပြီးစိမ်ထားလိုက်ပါ။ကိုယ်က မွှေးတာလေးကြိုက်တယ်ဆိုရင်တော့ လျှော်ပြီးရင် အမွှေးရည်လေးနဲ့ 5မိနစ်လောက်စိမ်ပြီးသာ လှန်းလိုက်ပါရှင့် မွှေးနေရော❤
2️⃣ခေါင်းလျှော်ရည်
ကိုယ်လျှော်ချင်တဲ့ အထည်လေးကို ခေါင်းလျှော်ရည်နဲ့စိမ်ထားပြီးလျော်ပါ.. အနံ့ပြင်းပြီး မွှေးတဲ့ဟာလေးတွေဆို ပိုကောင်းပါတယ်။
သူ့အတိုင်းလဲစိမ်လို့ရတယ် အပေါ်ကဟင်းချိုမှုန့်လေးပါထပ်ထည့်ပြီး စိမ်လို့လဲရတယ်။
ပြီးရင် လေတိုက်တဲ့နေရာမှာ လှန်းထားလိုက် အနံ ရချင်လို့ကို မရဘူး...
3️⃣နောက်တစ်နည်းက
ရေအရင်လောင်း ရွှေဝါဆပ်ပြာ သို့ ကာဘော်လစ်လိုဟာနဲ့တိုက်
ပြီးရင် နာရီဝက် တနာရီလောက်စိမ်
ပြီးမှ ဆပ်ပြာနောက်တကျော့ထပ်တိုက်ပြီး ရေပြောင်အောင်လျှော်ရင် ဘာအနံ့မှ မကျန်ပါဘူး😉
4️⃣ရှာလကာရည်
ဒီကောင်ကတော့ ဆရာကြီး 😎
အနံ့ပျောက်ဖို့အတွက်ရော စွန်းနေတာလေးတွေရှိရင်ပါသူ့ကိုသုံးလို့ရတယ်။ရေနွေးထဲ ရှာလကာရည်နည်းနည်းထည့် နာရီဝက် (or) တစ်နာရီလောက်စိမ်ပြီး ဆပ်ပြာမှုန့်နဲ့လျှော်ပါ။အနံ့မွှေးတာ လိုချင်ရင် မီးပူတိုက်တဲ့အခါ အမွှေးရည်သာဖြန်းပြီးတိုက်လိုက်ပါ။
5️⃣ကျောက်ချဥ်
Vinegarက ဆရာကြီးဆို သူကဆရာဘိုးဘေးကြီးပေါ့။
အသုံးဝင်တဲ့နေရာတွေမှ အများကြီးရယ်....
သူ့ကို ပုံမှန်ဆို ချွေးနံ့ပြင်းတာအတွက်သုံးပါတယ်။အင်္ကျီမှာ ချွေးနံ့စွဲတာပဲဖြစ်ဖြစ် ဘေနံ့ပျောက်ချင်ရင်ပဲဖြစ်ဖြစ် ကျောက်ချဥ်ကို သုံးလို့ရပါတယ်။အင်္ကျီကို ပထမဆုံးကျောက်ချဥ်နဲ့ ၁ နာရီလောက် စိမ်ထားလိုက်ပါ။ပြီးရင် ဆပ်ပြာမှုန်နဲ့လျှော် နောက်ဆုံးအမွှေးဆီအရည်လေးနဲ့ ထပ်ဆေးလိုက်ရင် perfect ပဲ☺️
အထည်လေးတွေကို စိမ်ရင်လေ နာရီ၀က်၊ ၁ နာရီလောက်ပဲစိမ်ပေးကြပါ။ ပုံမှန်၀တ်နေကြအထည်တွေတောင် အကြာကြီးစိမ်လိုက်ရင် အရောင်ကျွတ်တတ်ပါတယ်။ ဆပ်ပြာနဲ့ အရမ်းအကြာကြီး စိမ်ရင်လဲ တချို့အထည်လေးတွေက ရိပြီးပြဲတတ်လို့ သေချာလေးဂရုစိုက်ပြီး လျှော်ရင်တော့ မွှေးလဲမွှေး လှလဲလှပေါ့ရှင့်
ကဲ! ဒီနည်းလေးတွေ စမ်းချင်လို့ဘဲဖစ်ဖြစ်ဖြစ် စျေးတန်တန်နဲ့ service ကောင်းကောင်းလေး
လိုချင်တာဘဲ ဖြစ်ဖြစ် ဒီ pg လေးမှာ လာဝယ်လို့ရတယ်နော်😝