Zun ' s

Zun ' s Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zun ' s, Mandalay.

16/01/2024

Me - တော်ပီ ဒီလ အသုံးစရိတ်ချွေတာပီ မလိုအပ်တာတွေ မဝယ်တော့ဘူး 😌
Also me - 🥹

07/01/2024

ပဌာန်းဆက်ကို ယုံလာပြီ...

ခုတလော အသွေးအသားထဲကကို ဘုရားဖူးချင်နေတာ..
ကိုယ့်ကို ဘုရားကခေါ်နေတယ်လို့ခံစားရတယ်..
ဘုရားတောင် ထင်ပေါ်ကျော်ကြား နာမည်ကြီးတဲ့ဘုရားမဟုတ်ဘူး..
ဟိုး ဧရာဝတီတိုင်း
ရွာငယ်လေးရဲ့ အစပ်မှာရှိတဲ့
ကျောက်ဆောင်လေးတစ်ခုပေါ်မှာတည်ထားတဲ့ ဘုရား...
ရွာနာမည်က ချောင်းသာ ဆိုလား... 🌝

Crd:

ဒါမျိုးလေး Glass ချင်တယ်မှတ်လား😒ပိုက်ဆံလဲ မရှိဘူးပေါ့ဘရန်းဒတ်နဲ့ ဟိုက်အန့်တွေလဲမသုံးနိုင်ဘူး Skincare အထူးကုတွေနဲ့လဲမပြန...
28/04/2022

ဒါမျိုးလေး Glass ချင်တယ်မှတ်လား😒
ပိုက်ဆံလဲ မရှိဘူးပေါ့
ဘရန်းဒတ်နဲ့ ဟိုက်အန့်တွေလဲ
မသုံးနိုင်ဘူး Skincare အထူးကုတွေနဲ့လဲ
မပြနိုင်ဘူး ဆိုပါတော့.........

အဲ့တာတွေမလိုပါဘူး
နည်းလမ်းရှိပါတယ် 😍😍😍

ခုလိမ်းခုတော့မသိသာပါဘူး
Skincare ရဲ့အာနိသင်က
အမြန်ဆုံးတလကနေ သုံးလပါ
တဖြေးဖြေး skincare တာကြာလေ
ပိုသိသာလာလေ ပုံစံနော် 🙄🙄🙄

ကိုယ့်ကိုယ်ကိုချစ်ပါ
ကိုယ်လှဖို့ အချိန် နာရီဝက်တောင်
မပေးနိုင်ရင် ဘယ်သူကမှအချိန်လာမပေးဘူး

ဘာတွေလုပ်ရမလဲဆိုတော့

မနက်ပိုင်း
Facial foam
Toner
Serum
Moisture
Sunscreen. လိမ်းကိုလိမ်းရပါမယ်
ပြီးရင်သနပ်ခါးလူးလူး
ပေါင်ဒါ ပုတ်ပုတ် လိမ်းချင်တာထပ်လိမ်းပါ

အပြင်မသွားရင်
Sunscreen ထိပဲလိမ်းတယ်
အိမ်ထဲနေလဲ Sunscreen ထိလိမ်းရမယ်

ညပိုင်း
Makeup Remover
Facial foam
Facial scrub တပတ်တကြိမ်
ရေနွေးငွေ့ပေါင်းတင် တပတ်တကြိမ်

Sheet mask တပတ် သုံးကြိမ်

ညတိုင်းလုပ်ရမှာကတော့
မျက်နှာသစ်မယ်
Toner
Serum
Moisture
Eye cream
Lip oil

တပတ်နှစ်ကြိမ် eye mask ကပ်ဖို့လိုပါတယ်
Lip scrub တပတ် တကြိမ်

For body
တပတ်အနည်းဆုံး တကြိမ် body scrub
လုပ်ပါ တပတ်တခါ body mask နဲ့ပေါင်းပါ

နေ့တိုင်း မနက်Lotion ည Lotion လိမ်းပါ

ရေတနေ့ အနည်းဆုံး သုံးလီတာသောက်ပါ
ပိုသောက်နိုင်ရင် အကောင်း ဆုံးပါ

ရေအစား detox water သောက်ရင်
လဲ ရပါတယ် နော် ဝိတ်ကျတာပေါ့
အသားရေလဲ အရမ်းလှတယ်😍

အသားရေနဲ့ ဆံပင်အတွက်
Vitamin E 400IU (E nat)
Vitamin C 1000mg(Nat C)
ဖြည့်သောက်လို့ရပါတယ်

ဝက်ခြံအတွက်
Vitamin A 25000IU
ZINC Citrate 30mg
Evening Primrose oil 1000mg

Collagen သောက်မယ်ဆိုရင်တော့
အသက်20 သမားဆို 4000mg
25 အထက်ဆို 6000mg
30-50 ဆိုရင်တော့ 10000mg

ဆေးတွေသောက်မယ်ဆိုရင်
ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ
သောက်ကြပါ
သောက်လို့ရတာပြောပြပေးတာ
ရမ်းသန်း မသောက်ကျနဲ့နော်😏😏😏

ခုပြောပြသွားတာတွေက
ယေကျာ်း မိန်းမ မရွေး
လိမ်းကို လိမ်းရမဲ့ အဆင့်တွေပါ
လုပ်ကို လုပ်ရပါမယ်

ပိုက်ဆံသက်သာချင်ရင်
စျေးသက်သာတာ သုံးပါ
တတ်နိုင်တဲ့သူက စျေးကြိုက်တာသုံးပါ

ငွေကြေးမတတ်နိုင်တုန်းကတော့
တခုဝယ်ဖို့ကိုနှစ်လ သုံးလစုရတယ်
စုနေတဲ့အချိန်မှာ အရေးကြီးတာအရင်
ဝယ်ပါတယ် ဥပမာ lotion Sunscreen
ရေကတော့ တနေ့ သုံးဘူး ဝင်အောင်
သောက်ပါ တယ်
ပိုက်ဆံ ရှိလာတဲ့အခါကျ လိုအပ်တာအကုန်
တခါထဲ ဝယ်ထားပါတယ် ပိုလဲတန်လို့လေ😁
Mask ဆိုလဲ တလစာ ဝယ်တယ်အဲ့လို

စိတ်ရှည်ရှည်နဲ့ မနက်လိမ်းရမှာမနက်
ညလိမ်းရမှာ ညလိမ်းရင်
သုံးလကနေ ခြောက်လအတွင်း
အကျိုးရလဒ်ကို လက်တွေ့ခံစားရမှာပါ

အားလုံးပဲ Glow နိုင်ကျပါစေ

အားလုံး ကျန်းမာ ပျော်ရွှင်ပါစေ

Credit Lady Mya's Beauty Bar
#မူရင်းရေးသားသူကိုလေးစားစွာCreditပေးပါတယ်

ကိုယ့် Skin type က ဘာမှန်းမသိဘူး ဘယ်လို ခွဲရမလဲ ဆိုတဲ့ အသဲတွေအတွက် ပါ 💖Skin Type 4 မျိုး ရှိပါတယ် 1)Dry skin2)Normal ski...
02/04/2022

ကိုယ့် Skin type က ဘာမှန်းမသိဘူး
ဘယ်လို ခွဲရမလဲ ဆိုတဲ့ အသဲတွေအတွက် ပါ 💖

Skin Type 4 မျိုး ရှိပါတယ်

1)Dry skin
2)Normal skin
3)Combination skin
4)Oily skin

ကိုယ့်မျက်နှာက ဘာ skin type လဲဆိုတာကို
သိချင်ရင် Facial Foam နဲ့ အရင်မျက်နှာသစ်ပါ
ပြီးရင် အနည်းဆုံး ၁ နာရီ / ၁ နာရီ ခွဲ လောက်
ဘာမှ မလိမ်းပဲ ဒီတိုင်း ထားလိုက်ပါ

No-1 Dry skin

Dry skin သမားတွေ က မျက်နှာအသားရည်ကခြောက်ကပ်ပြီး အစိုဓါတ်လုံးဝမရှိတဲ့ မျက်နှာမျိုးပါ တချို့ဆို အရေ ခွံတွေ အဖြူဖတ်တွေတောင်
လန်နေတက်ပါတယ်

No-2 Normal skin

Normal skin သမားတွေ ကြတော့ မျက်နှာ က အဆီလည်းမပြန်သလို ခြောက်လည်း မခြောက်ပါ ဘူး ပုံမှန် အသားအတိုင်း ဖြစ်နေတာမျိုးပါ

No-3 Oily skin

Oily skin သမားတွေကြ မျက်နှာ ပြင်တစ်ခုလုံး အဆီ ပြန်နေတာ မျိုးပါ မျက်နှာ တစ်ပြင်လုံး
အဆီ ထွက်မှသာ oily skin ပါ

No-4 Combination skin

Combination သမားတွေကျတော့
T zone လို့ ခေါ်တဲ့ နှာခေါင်း နှ ဖူးပြင် နှာခေါင်းကြား အာ့နေရာ တွေပဲ ကွက်ပြီး အဆီ ထွက်တာပါ တပြင်လုံး မထွက်ရင် combination ပါ

Skincare step ရွေးပြီဆိုရင် ကိုယ် က ဘာ skin Type အမျိုး အစားလဲ ဆိုတာ သိမှသာ အဆင်ပြေမှာပါ 💖

🤍
20/03/2022

🤍

"ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်အောင် အဝတ်အစားဆင်မြန်းတတ်ဖို့ဆိုရင်"

မင်္ဂလာပါချစ်တို့ရေ။ မေသော့်ကို Inbox ကနေ ပိန်လို့ ဝလို့ အရပ်ပုလို့ ရှည်လို့ စသဖြင့် အမြဲမေးတတ်တဲ့ ပျိုမေတွေအတွက် ကိုယ့်ဘော်ဒီအချိုးအစားနဲ့ ပတ်သက်ပြီး ဘယ်လို ဖက်ရှင်မျိုးလေးတွေ ရွေးချယ်ဝတ်ဆင်သင့်တယ်ဆိုတာ သေချာ သိရအောင်လို့ I am Fashion မှာ ရေးသားပေးခဲ့ဖူးတဲ့ စတိုရီလင့်ခ် လေးတွေ ပြန်စုပေးထားပါတယ်နော်။ ကိုယ်ဖတ်ချင်တဲ့ လင့်ခ်လေးနှိပ်ပြီး ဝင်ဖတ်နိုင်ပါပြီ။

🔸 အပေါ်ပိုင်းသေးပြီး အောက်ပိုင်းကြီးတဲ့ Pear Body Shape သမားတွေ ဘယ်လိုတွဲဖက်ဝတ်ဆင့်သင့်သလဲ ဆိုတာ
https://m.facebook.com/story.php?story_fbid=2257370174383043&id=969717173148356

🔸ခါးတုတ်ပြီး ပခုံးကျယ်တဲ့ ပန်းသီးသဏ္ဍာန်လိုခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် သိထားရမယ့် ဖက်ရှင်ရေးရာများ https://m.facebook.com/story.php?story_fbid=2359901464129913&id=969717173148356

🔸 ခြေသလုံးတုတ်တဲ့ပျိုမေတွေ သိထားရမယ့် ဖက်ရှင်ပိုင်းဆိုင်ရာ အချက်များ
https://m.facebook.com/story.php?story_fbid=2929035337216520&id=969717173148356

🔸 ဗိုက်ပူပြီးဗိုက်ခေါက်ရှိတဲ့ပျိုမေတွေ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်များ
https://m.facebook.com/story.php?story_fbid=1967517290035001&id=969717173148356

🔸လေးထောင့်ကျကျခန္ဓာကိုယ်ပိုင်ရှင်တွေ သိထားရမယ့် ဖက်ရှင်ရေးရာများ
https://m.facebook.com/story.php?story_fbid=3046160168837369&id=969717173148356

🔸 လူကောင်သေးတဲ့အပြင် ခြေတံတိုတဲ့ ပျိုမေ တွေ မဖြစ်မနေသိထားရမယ့်အရာ (၆) မျိုး
https://m.facebook.com/story.php?story_fbid=1971954706257926&id=969717173148356

🔸 ခြေထောက်ခွင်တဲ့ ပျိုမေတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာ
https://m.facebook.com/story.php?story_fbid=3402903859829663&id=969717173148356

🔸 တင်ဘေးချိုင့်တဲ့ အမျိုးသမီးတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာ
https://m.facebook.com/story.php?story_fbid=3357416717711711&id=969717173148356

🔸 အရပ်ပုတဲ့ပျိုမေတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် (၁၀)ချက်
https://m.facebook.com/story.php?story_fbid=3332353856884664&id=969717173148356

🔸 Plus Size မို့ဆိုတဲ့ ဖက်ရှင်စည်းမျဉ်းတွေကိုမေ့ပြီး ဝတ်ချင်တာတွေကို အလိုက်ဖက်ဆုံး တွဲကြည့်နိုင်ဖို့
https://m.facebook.com/story.php?story_fbid=3223729631080421&id=969717173148356

🔸 အရပ်ရှည်တဲ့ပျိုမေတွေ ကိုယ်နဲ့လိုက်ဖက်တဲ့ အဝတ်အစားကို ဘယ်လိုရွေးချယ်နိုင်မလဲ
https://m.facebook.com/story.php?story_fbid=3442772499176132&id=969717173148356

🔸 ခန္ဓာကိုယ်ပိန်သွယ်ပြီး ရင်သားသေးတဲ့ပျိုမေတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ
https://m.facebook.com/story.php?story_fbid=3491357490984299&id=969717173148356

🔸 ခါးလျားရှည်တဲ့ပျိုမေတွေ သိထားသင့်တဲ့ ဖက်ရှင်ပိုင်းဆိုင်ရာအချက်များ
https://m.facebook.com/story.php?story_fbid=3552371898216191&id=969717173148356

🔸"ခါးလျားတိုတဲ့ပျိုမေတွေ သိထားသင့်တဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်များ"
https://www.facebook.com/100044307945526/posts/434016964751898/

🔸 တြိဂံဇောက်ထိုးခန္ဓာကိုယ်အချိုးအစားပိုင်ရှင်တွေ သိထားရမယ့် ဖက်ရှင်ပိုင်းဆိုင်ရာအချက်များ"
https://m.facebook.com/story.php?story_fbid=3515769345209780&id=969717173148356

🔸အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အချိုးအစား ၁၂မျိုးထဲ ကိုယ်က ဘယ်အမျိုးအစားဖြစ်သလဲ"
https://m.facebook.com/story.php?story_fbid=595920495228210&id=100044307945526

အချစ်တွေနဲ့မေ =)





for my girls ♡︎
28/01/2022

for my girls ♡︎

🙆🏻‍♀ မိန်းကလေးတိုင်းဒီစာကိုသေချာဖတ်စေချင်တယ် …

🙆🏻‍♀ မိန်းကလေးတိုင်းမြင်ရအောက် ဒီစာကို share ပေးစေချင်တယ် …

ဒီစာကိုဖတ်နေတဲ့ ကောင်မလေးရေ … မင်းကိုပြောချင်တာက မင်းဟာ လှတယ်။

မင်းရဲ့ အလှဟာ မင်းအတွက်ဘဲ ဖန်ဆင်းပေးထားတာဖြစ်လို့ တခြားသူမှာပုံစံတူ ထက်မရှိနိုင်တဲ့ မင်းမှာသာတွေ့ရတဲ့ မင်းကိုယ်ပိုင်အလှပါ။

ဒါကြောင့်မင်းအလှကို မင်းသိဖို့ အရေးကြီးဆုံးပါ။ 🌼🌼🌼

တချို့တွေဟာ မျက်နှာလေးလှတယ်။ တချို့တွေဟာ အပြုအမူနေပုံထိုင်ပုံလေး လှတယ်။ တချို့တွေဟာ စကားပြောတဲ့အသံလေးလှတယ်။ တချို့တွေဟာ အတွင်းစိတ်လေးလှတယ်။ တချို့တွေဟာအရည်အချင်းလှတယ်။ မလှဖူးလို့မင်းထင်ထားတဲ့ မျက်နှာလေးဟာ မင်းကိုချစ်တဲ့သူတွေအမြင်မှာ ကြည့်လို့ကောင်းနေမှာ ဘဲ။ မင်းတန်ဖိုးသိတဲ့သူက မင်းရဲ့ဖုံးကွယ်နေတဲ့အလှကိုရွေးမြင်မှာဘဲ။ ရယ်နေတဲ့မိန်းကလေးဟာလဲ နေရောင်ခြည်ဖြာနေတဲ့အလှမျိုးရှိသလို ငိုနေတဲ့မိန်းကလေးဟာလဲ မိုးလေးညို့နေသလိုလှတာမျိုးရှိတာဘဲ။

ဒါကြောင့် ကိုယ်ဘယ်နားလှလဲ။ ဘယ်နေရာလှလဲ။ ဘယ်လိုအရာမျိုးမှာလှလဲ။ ငါတို့ရှာဖွေရမယ်။ ရှာတွေ့တဲ့အခါ အဲအလှကိုပိုလှအောင် အရောင်တင်ရမယ်။

ကိုယ့်အလှကိုယ်မသိသ၍ မင်းကိုယ်မင်းအဖိုးတန်သလိုခံစားရမှာမဟုတ်ဖူး။ confidence ရှိမှာမဟုတ်ဖူး။ တခြားကောင်မလေးတွေကြားထဲရောက်ရင် feeling safe ဖြစ်မှာမဟုတ်ဖူး။ တခြားသူတွေရဲ့အလှကိုမြင်တိုင်း စိတ်ဓာတ်ကျမိပြီး ပျော်ရွှင်ရမှာမဟုတ်ဖူး။

အခုခေတ်မှာ လှချင်ရင် လုပ်ယူလို့ရနေပြီ ငွေပုံပေးရင် လှချင်သလောက်လှနိုင် နေတာကို အပေါ်ယံရုပ်ရှည်အလှခြင်းယှဥ်ကြည့်ပြီး ဘယ်တော့မှစိတ်ဓာတ်မကျနဲ့။ social media မှာတခြားကောင်မလေးတွေကိုကြည့်ပြီးအားကျသိမ်ငယ်မိတဲ့အခါ မင်းမှာရှိနေတဲ့အလှလေးတွေပါ မှေးမှိန်သွားလိမ့်မယ်။ ပြုပြင် ပြောင်းလဲ ပြင်ဆင် လို့မရတဲ့တခြား အရာတွေမှာပိုလှဖို့ကြိုးစားလိုက်။✨✨

နောက်ပြီးတော့ ကိုယ့်ရဲ့ပုံစံအစစ်ကိုသိပါ။ မင်းဟာ ချစ်စရာကောင်းတဲ့ Typeလား။ ကျက်သရေရှိပြီး ဗမာဆန်တဲ့ typeလား။ မွေးရာပါ ဆွဲဆောင်မှုရှိနေတဲ့ ပုံစံလားပေါ့။ မိန်းကလေးတိုင်း သူ့ type ကိုယ့် typeတူချင်မှတူမယ်။ ကိုယ့် type က ခပ်အေးအေးငြိမ်ငြိမ်လှတဲ့ သူက သူများအားကျပြီးအတင်းလိုက် sexyဆန်နေရင် မထော်မနန်း ဖြစ်တတ်သလို အတင်းလိုက် ကလေးဆန်တဲ့ပုံစံပြောင်းနေရင် ကိုယ်လဲ ပင်ပန်းသလို သူများမျက်လုံးထဲလဲအတင်းလုပ်ယူနေသလို eyes crossingဖြစ်တတ်တယ်။

ဒါကြောင့် ဘယ်သူ့ဘယ်သူ့ကိုမှ copyမကူးနဲ့။ ဒါငါ့ပုံစံ၊ ငါ့အလှဆိုတာဟာ ကြည့်လို့ အကောင်းဆုံးဘဲ။ 👍🏻👍🏻

နောက်ပြီး မိန်းကလေးတွေလှတာ​မြင်ရင် မိန်းကလေးအချင်းချင်း ချီးမွမ်းလိုက် ချစ်ပေးလိုက် အားပေးလိုက်။ ကိုယ့်အတွက်လဲ ဘာမှမဆုတ်ယုတ်သွားဖူး၊ ပင်ပန်းသွားတာမဟုတ်ဖူး။ မိန်းမဆိုရင်အလကားနေ နှိမ့်ချချင်နေတဲ့လောကကြီးမှာ မိန်းကလေးအချင်းချင်းတိုက်ခိုက်နေမယ့်အစား အပြန်အလှန် ဖေးမချစ်ခင်ကြရင်ပိုမကောင်းသွားဖူးလား ။ 🌻🌻🌻

ချစ်တဲ့
Pann Sabal

မင်မင့်လိုပဲ အတွက်ချက် ရမ်းတော်တာ 🤗
09/01/2022

မင်မင့်လိုပဲ အတွက်ချက် ရမ်းတော်တာ 🤗

Fur သား 2 ထပ်topလေး 🤗🤍 လှလှလေးနဲ့ နွေးနေမှာ 😍 ရင် -44 ထိရPrice - 17500 ksWaiting time 2/3 weeksPreorder half-prepaidPaym...
08/01/2022

Fur သား 2 ထပ်topလေး 🤗🤍 လှလှလေးနဲ့ နွေးနေမှာ 😍

ရင် -44 ထိရ

Price - 17500 ks

Waiting time 2/3 weeks
Preorder half-prepaid
Payment method - cash, mobile banking (% မယူပါ)

Order တင်ရင် ဈေးနှုန်းပါတဲ့ ss လေးနဲ့ တင်ပေးပါနော် 🥰 order တင်ပြီး cancel မရပါရှင်

𝑻𝒉𝒂𝒏𝒌𝒔 𝒇𝒐𝒓 𝒔𝒉𝒐𝒑𝒑𝒊𝒏𝒈 𝒘𝒊𝒕𝒉 𝒎𝒆 🥳🙆‍♀️

ချည်ရှပ်ရိုးရိုးလေး 😍😍 ရိုးရိုးလေးနဲ့ အရမ်းလှသောပါ 💙 ရင် -38 ထိရPrice - 14000 ksWaiting time 2/3 weeksPreorder half-prep...
08/01/2022

ချည်ရှပ်ရိုးရိုးလေး 😍😍 ရိုးရိုးလေးနဲ့ အရမ်းလှသောပါ 💙

ရင် -38 ထိရ

Price - 14000 ks

Waiting time 2/3 weeks
Preorder half-prepaid
Payment method - cash, mobile banking (% မယူပါ)

Order တင်ရင် ဈေးနှုန်းပါတဲ့ ss လေးနဲ့ တင်ပေးပါနော်ဘ🥰 order တင်ပြီး cancel မရပါရှင်

𝑻𝒉𝒂𝒏𝒌𝒔 𝒇𝒐𝒓 𝒔𝒉𝒐𝒑𝒑𝒊𝒏𝒈 𝒘𝒊𝒕𝒉 𝒎𝒆 🥳🙆‍♀️

အဲ့တာ မင်မင်ပါပဲရှင် 🥲 အမြတ်တွေက ဘယ်မှာလဲဆို ဗိုက်ထဲမှာပါ 🤩🤩
08/01/2022

အဲ့တာ မင်မင်ပါပဲရှင် 🥲 အမြတ်တွေက ဘယ်မှာလဲဆို ဗိုက်ထဲမှာပါ 🤩🤩

Address

Mandalay

Telephone

+959425887931

Website

Alerts

Be the first to know and let us send you an email when Zun ' s posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zun ' s:

Share