L to the K 2.0

L to the K 2.0 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from L to the K 2.0, Clothing Store, Mandalay.

၈ ဒဿမ ၈ အဆင့်ရှိငလျင်ကြောင့်  ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး ရုရှား၊ အမေရိကန်၊ ဂျပန်နဲ့ အီကွေ‌ဒေါမှာ သတိပေးချက်တွေ ထုတ...
30/07/2025

၈ ဒဿမ ၈ အဆင့်ရှိငလျင်ကြောင့် ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး ရုရှား၊ အမေရိကန်၊ ဂျပန်နဲ့ အီကွေ‌ဒေါမှာ သတိပေးချက်တွေ ထုတ်ပြန်

မော်စကို၊ ဇူလိုင် ၃၀ -၂၀၂၅
မျိုးဆက်(VOM)

ရုရှားနိုင်ငံ အရှေ့ဘက်ကမ်းရိုတန်းမှာ ရစ်ချ်တာစကေး ၈ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဂျပန်၊ ၊ ရုရှား၊ အမေရိကန် ဟာဝိုင်အီ၊ ကယ်လီဖိုးနီးယားကမ်းရိုးတန်နဲ့ အီကွေဒေါ အပါအဝင် ပစိဖိတ်သမုဒ္ဒရာ‌ဒေသတွေမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ရုရှား ကမ်ချက်ကာ ကျွန်းဆွယ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဒေသတွင်း လေဆိပ်တခုပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူအများအပြာ ဒဏ်ရာရခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေ့ ပြောပါတယ်။ ငလျင်ကြောင့် လူ ၂၀၀၀ နေထိုင်တဲ့ ဆိပ်ကမ်းမြို့တမြို့ရဲ့ အစိတ်အပိုင်းတွေ ရေလွှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဆူနာမီလှိုင်းတွေဟာ အမြင့် ၃ မီတာကနေ ၄ မီတာထိ ရှိခဲ့တယ်လို့ပြောပါတယ်။

အမေရိကန်ကတော့ လာမယ့် နာရီပိုင်းအတွင်း ဟာဝိုင်အီမှာ ဆူနာမီလှိုင်းတွေရောက်နိုင်ကြောင်း သတိပေးထားပြီး ဂျပန်နိုင်ငံကလည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ထားကာ အရှေ့ဘက်ကမ်းရိုးတန်း ရှိ ဒေသခံတွေကို ဘေးကင်းရာသို့ ရွှေ့ပြောင်းဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်မိုးလေဝသအေဂျင်စီက ဟော့ကိုင်းဒိုးအရှေ့ဘက်ကမ်းရိုးတန်းမှာ ၃၉ စင်တီမီတာခန့်ရှိ ဆူနာမီလှိုင်းလုံးတခု နီမူရိုသို့ ရောက်ရှိခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။ နောက်ဆက်တွဲ လှိုင်းတွေ ပိုမိုရောက်ရှိနိုင်တယ်လို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။

အိုဆာကာမြို့တောင်ဘက် ဝါကာယာမာအထိ ဂျပန်မြောက်ပိုင်းနဲ့ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာ လှိုင်း သုံးမီတာအထိရှိနိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဆူနာမီလှိုင်းတွေ ထပ်ခါတလဲလဲ လာနိုင်တယ်လို့လည်း သတိပေးထားပြီး သတိပေးချက် မရုပ်သိမ်းမချင်း ပင်လယ်ပြင်ကိုမထွက်ဖို့နဲ့ ကမ်းရိုးတန်း‌ဒေသတွေကို ရှောင်ရှားဖို့ သတိပေးထားပါတယ်။

ဟော့ကိုင်းဒိုးကျွန်း မြောက်ပိုင်းရှိ လူအများအပြားဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေပါတယ်။ ၂၀၁၁ ခုနှစ် ဆူနာမီအပြီးမှာ ပျက်စီးခဲ့တဲ့ ဖူကူရှီးမားနျူကလီးယား
ဓါတ်အားပေးစက်ရုံ အလုပ်သမားတွေကိုလည်းဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဂျပန်အဓိကကျွန်ကြီးလေးခုမှာ မြောက်ဘက်စွန်းဖြစ်တဲ့ ဟော့ကိုင်းဒိုးကျွန်းမှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Crd to owner

Ref:CNA
Photo:AP/BBC

VOM Telegram Channel: https://t.me/VOMNEWS2023/15066?single

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: https://voiceofmyanmarnews.com/?fbclid=IwZXh0bgNhZW0CMTEAAR28Qqj_pTGKuOlrWdk5tlcmboTRklj0D2qV0dGXdsU5I_lnrlUaygVFlCI_aem_H5NJKuvgYPc2NAKeA7aubQ.

#ရုရှား #ငလျင် #ဆူနာမီသတိပေးချက် #ဂျပန် #အမေရိကန် #အီကွေ‌ဒေါ #သတိပေးချက်ထုတ်ပြန်

02/03/2025

လှိုင်သာယာFMIအိမ်ယာထဲက ငရဲခန်း (သို့မဟုတ်) တရုတ်ပြည်၏ ကိုယ်အင်္ဂါပစ္စည်းအပိုဈေးကွက်

ကိုဖြိုး(အမည်လွှဲ)သည် ဘုရင့်နောင်တံတားအဆင်းရှိ လှိုင်သာယာOceanဈေးဝယ်စင်တာတွင် မိမိအလုပ်လျှောက်ထားသော အလုပ်၏ မန်နေဂျာနှင့်တွေ့ရန် စောင့်နေလေသည်။ ဗိုလ်ချုပ်မှတ်တိုင်အနားရှိ Oceanဈေးဝယ်စင်တာတွင် သူရောက်ရှိနေပြီဖြစ်ကြောင်းကို မန်နေဂျာဆိုသူ၏ ဖုန်းနံပါတ်သို့ စာပို့၍အကြောင်းကြားလိုက်ရာ ချက်ခြင်းပင် “အိုးရှင်းရှေ့ရှိ ထွက်ပေါက်အနားရှိ ရပ်ထားသော အာရာဖတ်ကားအမည်းပေါ်သို့ တက်လာခဲ့ရန်” စာပြန်လေသည်။ အလုပ်အကိုင်ရှားပါးမှု့နှင့် စစ်မှု့ထမ်းဥပဒေကြောင့် ဘေးကျပ်နံကျပ်ဖြစ်နေသူ ကိုဖြိုးအနေဖြင့် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဂရုတွင် ချိတ်ဆက်မိသော ထိုအလုပ်ကို များစွာမသင်္ကာသော်လည်း ဝမ်းရေးအတွက် ဝင်ငွေရသည့်အလုပ်အကိုင်တစ်ခုရရှိရန် အရေးကြီးနေသောကြောင့် ဆက်သွယ်ပြီး အင်တာဗျူးရန် လာရောက်ခဲ့ခြင်းဖြစ်လေသည်။

“ကျွန်တော်က ပထမတော့ ကျားဖျန့်လုပ်တဲ့ အလုပ်ထင်နေတာ၊ ကျားဖြန့်လည်း မဆိုးပါဘူးပေါ့၊ သူက တစ်လကို ဆယ့်ငါးသိန်းအောက်ထစ်ရမယ်ပြောတာကိုး၊ ထပ်ပြီးတော့ ကြိုးစားရင် ကြိုးစားသလောက် Bonusလည်းရမယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း စမ်းကြည့်တာ မမှားဘူးဆိုပြီးတော့ လာခဲ့လိုက်တာ” ဟု ပြောသည်။ ထို့နောက် Oceanရှေ့တွင် ရပ်ထားသော အာရာဖတ်ကားအနီးသို့ အရောက်တွင် ကားခေါင်းခန်းမှ မှန်တံခါးကျလာပြီး “ညီလေးက အလုပ်လျှောက်ထားတဲ့ ကိုဖြိုးလား?”ဟု မေးလေသည်။ မေးသူမှာ အသားဖြူဖြူ မြန်မာစကားအနည်းငယ်ဝဲတဲတဲနှင့် တိုင်းရင်းသားကပြားပုံစံမျိုးဖြစ်ဟု ကိုဖြိုးတွေ့လိုက်သည်။ ကိုဖြိုးမှ “ဟုတ်ကဲ့ပါခင်ဗျ”ဟုဖြေကြားလိုက်ရာ ထိုသူမှ “လာ ကားပေါ်တက်ခဲ့ ညီလေး၊ အစ်ကိုလည်း အခုပဲ အပြင်ကအလုပ်ကိစ္စပြီးလို့ ရုံးကို ပြန်မှာ၊ မင်းနဲ့လမ်းကြုံတော့ အတော်ပဲပေါ့” ဟု ပြောလိုက်ရာ ကိုဖြိုးလည်း ဘာမှ တွေးမနေတော့ပဲ ကားခေါင်းခန်းတံခါးဖွင့်ပြီး တက်ထိုင်လိုက်တော့သည်။

ထို့နောက် FMIအိမ်ယာထဲသို့ မောင်းဝင်သွားလေသည်။ ကိုဖြိုးမှ “ကျွန်တော်သိလိုက်တာတော့ ကားက ကံရိပ်သာလမ်းရယ်၊ ပဒေသာပင်လမ်းမကြီးရယ် အဲ့ဒီလမ်းတွေကနေ မောင်းဝင်သွားတာ၊ အဲ့ဒီနောက်တော့ လမ်းကြို လမ်းကြားတွေ ပတ်မောင်းနေတော့ ဘယ်လမ်းတွေရောက်ကုန်လဲတော့ အတိအကျမပြောတတ်တော့ဘူး” ဟု ပြောလေသည်။ ဆယ်မိနစ်ခန့် ကားမောင်းပြီးချိန်တွင်မူ FMIအိမ်ယာထဲရှိ ခြံဝန်းကျယ်ကြီးထဲတွင် လက်တဖောင်ခန့်မြင့်သော ခြံစည်းရိုးကြီးများ ခတ်ထားသော ဝင်းခြံကြီးထဲသို့ ရောက်ရှိလာခဲ့သည်။ ထိုခြံဝတွင် လုံခြုံရေးဂိတ်တစ်ခုရှိပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသော လုံခြုံရေးများလည်း ရှိသည်။ ကားကို ခြံဝန်းထဲရှိ ကားပါကင်တန်းအမိုးအောက်တွင် ထိုးရပ်ကာ မန်နေဂျာဆိုသူက သူ့နောက်ကို လိုက်ခဲ့ရန် ပြောလေသည်။ ကိုဖြိုးလည်း မန်နေဂျာအနောက်ကို လိုက်ခဲ့ရာ အိမ်ကြီးအတွင်းကို ဝင်ရန်အတွက် သော့ခတ်ထားသော သံဘာဂျာတံခါးကို အရင်ဆုံးသော့ဖွင့်ပြီးမှ ဝင်ရလေသည်။ အိမ်ကြီးအတွင်းသို့ ရောက်သည်တွင် ဆေးရုံသုံးခုတင်ကြီးများ၊ ဆေးဝါးထည့်သော ကတ္ထူပုံးအလွတ်များကို တွေ့ရလေသည်။ ကိုဖြိုးလည်း စိတ်ထဲတွင် မသင်္ကာဖြစ်စပြုလာသည်။

အိမ်ကြီး၏ လှေကားကြီးအပေါ်မှ တက်ပြီး ဒုတိယအထပ်သို့ ရောက်သည်နှင့် တပြိုင်နက် လူသုံးယောက် ဘွားကနဲပေါ်လာကာ ကိုဖြိုး၏ လက်နှစ်ဖက်နှင့် ခါးကို သိုင်းဖက်ကာ ဝိုင်းချုပ်လိုက်ကြလေသည်။ ကိုဖြိုးလည်း ရုတ်တရုတ်ဖြစ်သဖြင့် ကြောင်သွားကာ မရုန်းမိသေးချေ။ ပြီးမှ သတိဝင်ကာ “ကျွန်တော့်ကိုလွှတ် ကျွန်တော့်ကိုလွှတ်” ဟု အော်ပြီး အားကုန်ရုန်းလေတော့သည်။ သို့သော် အားကောင်းမောင်းသန် ယောင်္ကျားကြီး ၃ယောက်အပြင် သူ့ကို ခေါ်လာသော မန်နေဂျာဆိုသူကပါ ဝိုင်းချုပ်ထားသဖြင့် ကိုဖြိုးတစ်ယောက် လွတ်အောင် ရုန်းမထွက်နိုင်တော့ပေ။ ကိုဖြိုးကို ဘာစကားတစ်ခွန်းမှ မပြောပဲ ဝိုင်းချုပ်ထားကာ အိမ်အနောက်ဖက် အပေါ်ထပ်တွင်ရှိသော အခန်းလွတ်တစ်ခန်းထဲကို ထည့်ပြီး အပြင်ဖက်မှ သော့ပိတ်ထားလိုက်လေတော့သည်။ ကိုဖြိုးလည်း တံခါးကို အားကုန်တွန်းဖွင့်ကြည့်သည်။ ဆောင့်ကန်ကြည့်သည်။ တံခါးလက်ကိုင်ကို အားကုန်လှည့်ဖွင့်ကြည့်သည်။ တံခါးက လုံးဝမပွင့်ပေ။ သူ့ကို ဘာရည်ရွယ်ချက်နှင့် ဖမ်းထားခြင်းလဲဟု ကိုဖြိုးတွေးကြည့်မိသည်။ စစ်တပ်ထဲ ပို့မလို့လား? ဒါမှမဟုတ် ကျားဖြန့်မှာ အလကားခိုင်းစေမလို့လား? မရိုးသားသော သူများဖြစ်သည်ကတော့ သေချာသည်။ ယခုပင် ကိုဖြိုးကို မင်းမဲ့တိုင်းပြည်ကဲ့သို့ အဓမ္မဖမ်းဆီးထားပြီး မဟုတ်ပါလား? ကိုဖြိုး အပြင်ကို ဟစ်အော်ပြီး အကူအညီတောင်းကြည့်သည်။ တောင်းပန်ကြည့်သည်။ ဘာမှ မထူးခြားပေ။

ယခုကိုဖြိုးရောက်နေသော အခန်းမှာ ပြတင်းပေါက်တစ်ပေါက်သာရှိသော အခန်းငယ်လေးဖြစ်သည်။ အခန်းထဲတွင် သောက်ရေသန့်ဗူး ဗူးကြီးတစ်ဗူးနှင့် ရေခွက်တစ်ခွက်သာ ရှိပြီး ကျန်တာဘာတစ်ခုမှ မရှိပေ။ ပြတင်းပေါက်တွင်လည်း သံပန်းတံခါးဖြစ်သောကြောင့် သံပန်းများ တပ်ထားလေသည်။ မောလည်း မောနေပြီဖြစ်သောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်သည်။ ကိုဖြိုးရှိနေသောအခန်း၏ တံခါးတွင် ခြစ်ရာ ကုတ်ရာများကို အများကြီး သတိထားမိလိုက်သည်။ ဖြစ်နိုင်ခြေရှိသည်မှာ ဤအခန်းထဲတွင် မိမိရှေ့တွင် လူများစွာပိတ်လှောင်ခံခဲ့ရခြင်းဖြစ်နိုင်သည်။ ထိုသူများ ဘာဖြစ်ကုန်လဲဆိုတာ တွေးရင် ကိုဖြိုး ချောက်ခြားလာသည်။ ထိုအခန်း၏ ပြတင်းပေါက်မှ လှမ်းကြည့်လျှင် ခြံဝန်းထဲက ကားပါကင်ကို လှမ်းမြင်ရသည်။ သူအခန်းထဲရောက်ပြီး တစ်နာရီခန့်အကြာတွင် သူ့ကို ခေါ်လာသော အာရာဖတ်ကားအနက်ကြီးစက်နှိုးသံကို ကြားရသောကြောင့် မှန်ပြတင်းမှ ကြည့်လိုက်ရာ ကားပေါ်သို့ ကျွတ်ကျွတ်အိတ်အမည်းအထုတ်ကြီးများ တင်နေကြသည်ကို တွေ့ရသည် စုစုပေါင်း အထုတ်အနက်ကြီး ၃ ထုတ်တင်ပြီးသည့်နောက်တွင် ကားကြီးက အပြင်သို့ ပြန်ထွက်သွားလေသည်။

ကိုဖြိုးလည် ဒီအတိုင်း ထိုင်မနေရဲတော့ပေ။ ဒီအိမ်ကြီးထဲမှ လွတ်လမ်းမရှာနိုင်ပါက မိမိလည်း တစ်ခုခုဖြစ်တော့မည်မှာ ကြိမ်းသေဖြစ်လေသည်။ ကိုဖြိုး သံပန်းတံခါးကို ကြည့်လိုက်ရာ သံပန်းတံခါးမှာ ပြတင်းပေါက်သစ်သားဘောင်တွင် မူလီအပေါ်၂လုံး၊ အောက်၂လုံး စုတ်ကာ ကပ်ထားခြင်းဖြစ်ကြောင်းတွေ့ရသည်။ အခန်းထဲတွင် ဝက်အူလှည့်စသော ကိရိယာများလည်း ရှာကြည့်သော်လည်း မတွေ့ပေ၊ ထို့ကြောင့် ကိုဖြိုး ခါးတွင် ပတ်ထားသော ခါးပတ်ခေါင်းအချွန်ဖြင့် မူလီများကို ထိုးလှည့်ကြည့်ရာ အနည်းငယ်လှည့်လို့ရကြောင်း တွေ့ရသောကြောင့် မူလီ၄လုံးစလုံးကို စိတ်ရှည်လက်ရှည်ဖြင့် လှည့်ချွတ်လိုက်ကာ သံပန်းတံခါးကို ဆွဲဖြုတ်လိုက်လေသည်။ ထို့နောက် မှန်တံခါးကို ဖွင့်ကာ အပေါ်ထပ်မှ ဖြစ်ချင်ရာဖြစ်ဟု သဘောထားပြီး ခုန်ချလိုက်လေသည်။ ဆယ့်ငါးပေခန့်အမြင့်မှ ခုန်ချလိုက်သောကြောင့် အောက်ထပ်ကိုဒူးထောက်ကာ ကျသွားလေသည်။ ဘယ်ဖက်ဒူးခေါင်းမှ ဆိုးဝါးစွာ နာကျင်သွားသော်လည်း ဇောနဲ့မို့ ခြံဝင်းအနောက်ဖက်ပိုင်းကို ပြေးသွားကာ ခြံစည်းရိုးနှင့် ကပ်လျက်ပေါက်နေသော သရက်ပင်ကြီးအပေါ်သို့ ဖက်တက်ပြီး ခြံစည်းရိုးကို ကျော်တက်ကာ ထိုအိမ်ကြီးမှ ဝေးလျှင်ပြီးရောဟု သဘောထားပြီး ခြေဦးတည့်ရာ ပြေးခဲ့လေသည်။ မိနစ်နှစ်ဆယ်ခန့်မျှ ပြေးပြီးသည့်နောက်တွင် ရင်ထဲတွင် ဆို့တက်လာ၍ ဆက်မပြေးနိုင်တော့ပဲ ရေမြောင်းတစ်ခု၏ဘေးတွင် ထိုင်ချကာ ခဏအမောဖြေလိုက်ရသည်။

ထို့နောက် လမ်းတွင်တွေ့သော ဆိုင်ကယ်တစ်စီးကို အကူအညီတောင်းပြီး ရန်ကုန်ပုသိမ်လမ်းမကြီးပေါ်သို့ လိုက်ပို့ရန် အကူအညီတောင်းရလေသည်။ ဆိုင်ကယ်စီးလာသော ဦးလေးကြီးက သဘောကောင်းသောကြောင့် ကိုဖြိုးကို လမ်းမပေါ်အထိ လိုက်ပို့ပေးလေသည်။ ကိုဖြိုးလည်း ရန်ကုန် ပုသိမ်လမ်းမကြီးပေါ်ရောက်သောအခါတွင် တက္ကစီတစ်စီးကို ငှားစီးပြီးလျှင် အိမ်အထိ အမြန်ဆုံးပြန်ခဲ့ရလေသည်။ ကိုဖြိုးသည် ထိုအဖြစ်အပျက်များကို ပြန်ပြောနေရင် ကတုန်ကယင်ဖြစ်နေသည်။

“ကျွန်တော်ထင်တာကတော့ လူတွေကို အလုပ်ပေးမယ်လို့ လိမ်ခေါ်ပြီးတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ထုတ်ရောင်းနေတဲ့ လုပ်ငန်းဖြစ်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အိမ်ထဲမှာ ဆေးရုံသုံးပစ္စည်းတွေ ခုတင်တွေမနည်းဘူး။ သာမန်အိမ်တွေမှာ ဒီပစ္စည်းတွေရှိနေစရာ ဘာအကြောင်းမှ မရှိဘူးလေ၊ ပြီးတော့ ကျွန်တော့်လိုမျိုး လိမ်အခေါ်ခံရပြီးတော့ ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ရောင်းခံခဲ့ရတဲ့ မြန်မာပြည်သားတွေ ဘယ်လောက်တောင်ရှိခဲ့ပြီလဲ မသိဘူး” ဟု ပြောပြသည်။ “ရဲစခန်းသွားတိုင်ရင်လည်း မတော်လို့ ရဲတွေက သူတို့လူတွေဖြစ်နေရင် တိုင်တဲ့ ကိုယ်ပဲဒုက္ခရောက်မှာလေ။ ဒါကြောင့် ကိုယ့်လိုအဖြစ်မျိုးကို တခြားလူတွေ မကြုံတွေ့စေချင်လို့ အခုလို ပြန်ပြောပြပြီးတော့ မျှဝေလိုက်ရတာ” ဟု ပြောပြသည်။

Credit
(သီဟဇော် - Hlaingtharyar news media)

Exclusive Itemလေးမို့ အထည်ရေအများကြီးမရလို့ မြန်မြန်လေးလာမှာပေးကြနော်🥺💛GiGi💛Price_25000 ksSize-S (can fit M)Preorder/No ...
14/04/2022

Exclusive Itemလေးမို့ အထည်ရေအများကြီးမရလို့ မြန်မြန်လေးလာမှာပေးကြနော်🥺💛

GiGi💛

Price_25000 ks

Size-S (can fit M)

Preorder/No Prepaid



ခုလို နွေရာသီနဲ့ လိုက်တဲ့ Dressလေး🥵❤️Price- 25700 ksS size (can fit medium)Preorder/No Prepaid
14/04/2022

ခုလို နွေရာသီနဲ့ လိုက်တဲ့ Dressလေး🥵❤️

Price- 25700 ks

S size (can fit medium)

Preorder/No Prepaid



အပေါ်က coatလေးနဲ့ဝတ်လည်းလှတယ်နော်💕VENLY💕CODE-BR509Price-24500 ksSize-S(can fit M)Fabric-spanribsPreorder/No Prepaid
13/04/2022

အပေါ်က coatလေးနဲ့ဝတ်လည်းလှတယ်နော်💕

VENLY💕

CODE-BR509

Price-24500 ks

Size-S(can fit M)

Fabric-spanribs

Preorder/No Prepaid



ဒါလေးတွေမှာလို့ရသေးတယ်နော် Instock ပါ💕
13/04/2022

ဒါလေးတွေမှာလို့ရသေးတယ်နော် Instock ပါ💕

Giveaway Postကနေ မဲပေါက်တဲ့ Account ပိုင်ရှင်လေးပါ🥳Ei Thandar Htun cbလာခဲ့ပေးပါရှင့်
13/04/2022

Giveaway Postကနေ မဲပေါက်တဲ့ Account ပိုင်ရှင်လေးပါ🥳

Ei Thandar Htun cbလာခဲ့ပေးပါရှင့်

မသင်ဇာဝတ်ထားသလို skirtလေး ပြထားတဲ့အရောင်တွေ Instock ပါရှင်❤️တခြားအရောင်တွေလည်းထပ်ရောက်ဖို့ရှိပါတယ်❤️Price-10000 ksSize-F...
13/04/2022

မသင်ဇာဝတ်ထားသလို skirtလေး ပြထားတဲ့အရောင်တွေ Instock ပါရှင်❤️
တခြားအရောင်တွေလည်းထပ်ရောက်ဖို့ရှိပါတယ်❤️

Price-10000 ks

Size-Free

Instock ‼️


Designလေးကဆန်းပြီး လှလိုက်တာ🥺❣️SYLVIACode-BR508Price-24850 ksFabric-spanribs, cotton (sleeves)Size-S (can fit M)Preorder...
13/04/2022

Designလေးကဆန်းပြီး လှလိုက်တာ🥺❣️

SYLVIA

Code-BR508

Price-24850 ks

Fabric-spanribs, cotton (sleeves)

Size-S (can fit M)

Preorder/No Prepaid



Address

Mandalay

Website

Alerts

Be the first to know and let us send you an email when L to the K 2.0 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category