Gold & Gray

Gold & Gray ယုံကြည်စိတ်ချစွာအားပေးနိုင်ပါတယ်

17/12/2020
တကယ့်အစစ်အမှန်တွေ💓Photo credit # #
02/12/2020

တကယ့်အစစ်အမှန်တွေ💓

Photo credit # #

"သံပုရာသီး အစွမ်းအံ့မခန်း"တကယ်ကောင်းတယ်..........................................သိမ်းထား သင့်တဲ့ ဗဟုသုတလေးတွေပါသံပုရာသီ...
21/10/2020

"သံပုရာသီး အစွမ်းအံ့မခန်း"တကယ်ကောင်းတယ်
..........................................
သိမ်းထား သင့်တဲ့ ဗဟုသုတလေးတွေပါ

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။

*နှုတ်ခမ်းကွဲခြင်း*
မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

*ဆံပင်ကျွတ်ခြင်း*
အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*
ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*
ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ပြီးရင်တော့ မျက်နှာ နဲ့ လက် ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။
နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေ တဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်အကောင်းဆုံးပေး စွမ်းစေနိုင် တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက် ကင်းစေ တဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း
စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*
သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင် လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။

*တံတောင်ဆစ်မည်းခြင်းအတွက်*
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေ မယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေတွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတော က်ပြောင် လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ် မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရ်ှနဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရ်ှနဲ့ တိုက်ပေးရင် ပိုကောင်း ပါ တယ်။

*ခြေထောက်*
သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။တစ်ပတ်လောက် လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*
ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့သတ္တုဓာတ်တွေကြောင့် ခန္ဓာ ကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေး ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ်တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာ တိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျမ္မာရေး လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ် တင်ပြလိုက်ပါတယ် …

၁။သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူးသဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊

၂။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။

၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။

၄။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။
၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။

၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝြေခင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။

၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။

၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။

၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။

၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက် စေသည်။

၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။

၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။

၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။

၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်၀က်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။

၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက် မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။

၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။

၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီသသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။

၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီး အခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော် ရည်တွင် ထည့် ကာ ခေါင်းလျော်နိုင်ပါသည်။

၁၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက ဆီး ရွှင်စေပါတယ်။

၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ် ရသော သွက်ချာပါဒ၊ ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။

စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန် သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊ သူ့ရဲ့ ဘေးထွက် ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊
ပိန်နေသူများ ဝစေသည်ရှေးရှေးသော ဆရာတော်ကြီး များကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ဝြဖိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။

အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေ တဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊ဝနေသူကို ပိန်စေ သည်
၀လွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ဝိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ဝြမဲ ဝနေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့ လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထား စရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာ၀န်တိုင်းက ထောက်ခံ ထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း ..

ရောက်လေရာတွင် သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်မိန်းခလေး ဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်… အလှအပကို မြတ်နိုး တတ်ကြတာ… သဘာ၀ပါ… ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်… လက်တွေ့… ၇ ရက်အတွင်း… သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်…

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်… အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..
ပါ၀င်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ… ရောစပ်ပြီး လိမ်းပေးရမှာပါ…

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး… အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ…

အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ… ထို့နောက် …. ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး… မွှေပေးပါ…

အသုံးပြုနည်း

ညအိပ်ယာ၀င်ခါနီးတိုင်း……

ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်၀င်အောင် ပွတ်လိမ်းပေးပါ… ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်…

တစ်ပါတ်အတွင်း သိသာစွာ… ဗိုက်ချပ်လာသည်ကို… လက်တွေ့… တွေ့မြင် ခံစားရမှာပါ…

မှတ်ချက်- ညစာကို ပုံမှန် ထက်… လျှော့စားပေးရင်… ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်…တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်။

Credit..မူရင်း

13/10/2020

♥️♥️♥️

Toner သုံးနည်း အမြဲမေးကြတဲ့ ကိုယ့်အချစ်တွေ သေချာ ဖတ်ကြည့်ပေးနော် 💧***တိုနာလိမ်းနည်း**တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝ...
27/09/2020

Toner သုံးနည်း အမြဲမေးကြတဲ့ ကိုယ့်အချစ်တွေ
သေချာ ဖတ်ကြည့်ပေးနော် 💧

***တိုနာလိမ်းနည်း**

တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ
ဟုတ်ပါသလား

တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။ သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။ တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။ တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။

ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။ အနေတော်လောက်ထည့်ပြီး သုံးရတယ်။ ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။

သတိပြုရမှာက တိုနာသုံးပြီး တခြားskin care ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင် တစ်မိနစ်ထားပြီးမှ တခြားskin care ဆက်
သုံးရမယ်။
အားလုံးပဲလှနိုင်ကြပါစေရှင် .... 🥰♥️


═════════════════════❝ပဋ္ဌာန်းရွတ်ဖတ်ပူ‌‌ေဇာ်ရတဲ့အကျိုး❞═════════════════════ပဋ္ဌာန်းရွတ်ဖတ်ပူ‌ေဇာ်ရတဲ့အကျိုး ကျေ းဇူးကြ...
14/09/2020

═════════════════════
❝ပဋ္ဌာန်းရွတ်ဖတ်ပူ‌‌ေဇာ်ရတဲ့အကျိုး❞
═════════════════════

ပဋ္ဌာန်းရွတ်ဖတ်ပူ‌ေဇာ်ရတဲ့အကျိုး
ကျေ းဇူးကြောင့်.
မကောင်းတာတွေဖယ်ရှားပေးကာ
ကောင်းကျိ ု းများ ရရှိစေပါတယ်.

ပဋ္ဌာန်းကို အများကြီးပူ‌ေဇာ်ရင် .....

ကိုယ့်အနားက အတွင်းစိတ်ဓာတ်မမှန်ကန်တဲ့သူတွေ မိတ်ဆွေတုတွေနဲ့ ဝေးစေတယ်.

အတွင်းဓာတ်ခံကောင်းတဲ့
မိတ်ဆွေစစ်တွေနဲ့ တွေ့စေတတ်တယ်.

လူတွေရဲ့ စိတ်တွေကို
တဖြေးဖြေးသိလာတတ်တယ်.

ကိုယ်နဲ့ပတ်သက်တဲ့ တခြားသူတွေရဲ့
အတွင်းစိတ်ဓာတ်တွေ အနာဂတ်မှာ
ဖြစ်မှာတွေကို အိမ်မက်နဲ့ဖြစ်ဖြစ်
သိလာတတ်တယ်.

နောင်ဘုရားဖူးလို့ ပဋ္ဌာန်းတရား
ဟောကြားတာကိုနာရရင်လည်း
တိရစ္ဆာန် ဘဝရောက်နေရင်တောင်
ကြည်ညိုစိတ်ဖြစ်ပြီး အဲဒီဘဝကနေ
သုဂတိဘုံကိုရောက်နိုင်တယ်.

သုဂတိဘုံရောက်နေချိန် ဘုရားဟောတဲ့
ပဋ္ဌာန်းတရားနာကြားခွင့်ရရင်
ရဟန္တာ အထိဖြစ်နိုင်တယ်။

ပဋ္ဌာန်းတန်ခိုး အကျိုးအနန္တ
တရားတော်တွေကို ရိုရိုသေသေ
လေးလေးစားစား သဒ္ဓါ တရားအပြည့်နဲ့
အဓိပ္ပါယ်ကိုနှလုံးသွင်းပူဇော်ရင်
လူ့ချမ်းသာ နတ်ချမ်းသာကိုသာမက
နိဗ္ဗာန်ထိအောင် အကျိုးပေးနိုင်တယ်။

ပဋ္ဌာန်းမေတ္တာပို့ ...

ဟေတုပစ္စယော - သတ္တဝါအားလုံး- မကောင်းသော လောဘ၊ဒေါသ၊မောဟ အကုသိုလ်ဟိတ်တရားတို့ကို ပယ်ရှားနိုင်ကြ၍ ကောင်းမြတ်သော အလောဘ၊ အဒေါသ (မေတ္တာ)၊အမောဟ (ပညာ) ကုသိုလ်ဟိတ် တရားတို့သာ အမြစ်သဖွယ် ကိန်းတည်ကြပြီးကောင်းမြတ်သော စိတ်၊ စေတသိက်၊ ရုပ် တရားတို့သာနိဗ္ဗာန်ထိတိုင် တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ.

🙏အာရမ္မဏပစ္စယော- သတ္တဝါအားလုံး- မကောင်းသော ရူပါရုံ၊သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ဖောဋ္ဌဗ္ဗာရုံ၊ဓမ္မာရုံတို့နှင့ မတွေ့ကြုံကြဘဲ ကောင်းမြတ်သော အာရုံများနှင့်သာ တွေ့ကြုံကြ၍ ကောင်းမြတ်သော အကျိုးတရားတို့ကိုသာ ရရှိခံစားနိုင်ကြပါစေ.

🙏 အဓိပတိပစ္စယော - သတ္တဝါအားလုံးတို့၏ သန္တာန်၌ မထက်မြက်သော ညံ့သောဆန္ဒ၊ ဝီရိယ၊ စိတ်၊ပညာ တရားတို့ အကြီးအမှူးဦးစီးဦးဆောင်မပြုကြဘဲ ထက်မြက်သော ကောင်းသော ဆန္ဒ၊ဝီရိယ၊စိတ်၊ပညာ တရားတို့သာ အကြီးအမှူးဦးစီးဦးဆောင်ပြုကြလျက် အလွန်အကြူးအထူးကြီးကျယ် မြင့်မြတ်သော အကျိုးတရားတို့သာရရှိခံစားနိုင်ကြပါစေ.

🙏 အနန္တရပစ္စယော - သတ္တဝါအားလုံး-မကောင်းသောစိတ်၊စေတသိက်(နာမ်) တရားတို့ အကြားအလပ်မရှိ ဆက်ကာ ဆက်ကာမဖြစ်ကြဘဲ၊ ကောင်းမြတ်သောစိတ်၊ စေတသိက်(နာမ်) တရားတို့သာ အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆက်ကာ ဆက်ကာ ဖြစ်ပွားနိုင်ကြပါစေ.

🙏သမနန္တရပစ္စယော- သတ္တဝါအားလုံး-မကောင်းသောစိတ်၊စေတသိက်(နာမ်) တရားတို့ (ကောင်းစွာ) အကြားအလပ်မရှိ ဆက်ကာဆက်ကာ မဖြစ်ကြဘဲ၊ကောင်းမြတ်သောစိတ်၊စေတသိက်(နာမ်) တရားတို့သာ (ကောင်းစွာ) အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆက်ကာဆက်ကာဖြစ်ပွားနိုင်ကြပါစေ.

🙏သဘဇာတပစ္စယော - သတ္တဝါအားလုံး -မကောင်းသော ရုပ်၊နာမ်တရားများအတူတကွ မဖြစ်ကြဘဲ ကောင်းသော ရုပ်၊နာမ်တရားများသာ အတူတကွ ဖြစ်နိုင်ကျေးဇူးပြုနိုင် ကြပါစေ.

🙏 အညမညပစ္စယော- သတ္တဝါအားလုံး- မကောင်းသော ရုပ်၊နာမ်တရားများနှင့်အချင်းချင်းယှဉ်တွဲ၍ အပြန်အလှန် ကျေးဇူးမပြုကြဘဲကောင်းမြတ်သော ရုပ်၊ နာမ်တရားများတို့နှင့်သာ အချင်းချင်းယှဉ်တွဲ၍ အပြန်အလှန် ကျေးဇူးပြုမှုကို ခံစားနိုင်ကြပါစေ.

🙏 နိ ဿ ယပစ္စယော - - သတ္တဝါအားလုံး- မကောင်းသော ရုပ်၊နာမ်တရားတို့၌မှီ၍ မဖြစ်ကြဘဲ၊ကောင်းမြတ်သော ရုပ်၊နာမ်တရားတို့၌သာ အမှီပြု၍ ကောင်းကျိုးအမျိ ုးမျိုးတို့ကိုသာခံစားနိုင်ကြပါစေ.

🙏ဥပနိ ဿ - ယပစ္စယော သတ္တဝါအားလုံး- မကောင်းသော ပညတ်၊နာမ်၊ ရုပ် တရားတို့နှင့် မကောင်းသော မိဘ၊ မကောင်းသော ဆရာ၊မိတ်ဆွေ၊ရာသီဥတု၊ နေရာထိုင်ခင်း၊ အစားအသောက်တို့၌အားကြီးသော မှီရာအဖြစ် အမှီမပြုကြရဘဲ ကောင်းသော ပညတ်၊နာမ် ရုပ် တရားများနှင့်ကောင်းမြတ်သော မိဘ၊ဆရာ၊ မိတ်ဆွေ၊ ရာသီဥတု၊နေရာထိုင်ခင်း၊အစားအသောက်တို့၌ သာအားကြီးသောမှီရာအဖြစ် မှီကြရ၍ ကောင်းကျိုး အမျိုးမျိုးတို့ကိုသာခံစားရရှိနိုင်ကြပါစေ.

🙏 ပုရေဇာတပစ္စယော- သတ္တဝါအားလုံး-မကောင်းသော အာရုံ၅ ပါးရုပ်တရား၊ဝတ္ထုရုပ်တရားများ ရှေးဦးကြိုတင်မဖြစ်ကြဘဲ ကောင်းမြတ်သော အာရုံ၅ ပါး ရုပ်တရားများ၊ဝတ္ထု ရုပ်တရားများသာ ရှေးဦးကြိုတင် ဖြစ်နှင့်ကြ၍ ကောင်းမြတ်သော ကုသိုလ်တရား၊ အကျိုးဝိပါတ်တရားတို့သာ တိုးပွားဖြစ်ထွန်းနိုင်ကြပါစေ.

🙏 ပစ္ဆာဇာတပစ္စယော - သတ္တဝါအားလုံးတို့၏ ဖြစ်နှင့်ပြီးသောရှေးရှေးရုပ်တရားအားနောက်နောက်မှ ဖြစ်သော နာမ်တရားများကကျေးဇူးပြုရာတွင မကောင်းသော အကုသိုလ်နာမ်တရားတို့၏ ကျေးဇူးပြုမှုကို မခံကြရဘဲ ကောင်းမြတ်သော ကုသိုလ်၊အဗျာကတ နာမ်တရားတို့၏ ကျေးဇူးပြုမှုကိုသာခံယူနိုင်ကြပါစေ.

🙏အာသေဝနပစ္စယော - သတ္တဝါအားလုံး-မကောင်းသော အကုသိုလ်တရားများအဖန်တလဲလဲ ထုံခြင်းသဘောဖြင့်ထပ်ကာ ထပ်ကာ မဖြစ်ပွားကြဘဲ ကောင်းမြတ်သောကုသိုလ်တရားကြိယာအဗျာကတ တရားတို့သာ မဂ်ဖိုလ်နိဗ္ဗာန်တိုင်ထိ အဖန်တလဲလဲထုံခြင်းဖြင့်ထပ်ကာထပ်ကာ ဖြစ်ပွားနိုင်ကြပါစေ.

🙏 ကမ္မပစ္စယော -သတ္တဝါအားလုံး- မကောင်းသော စေတနာကံတရားတို့ကိုမပြုလုပ်ဖြစ်ကြဘဲ၊ ကောင်းမြတ်သောစေတနာကံတရားတို့ကိုသာ ပြုလုပ်ဖြစ်ကြ၍ ယခုဘဝနောင်ဘဝ နိဗ္ဗာန်တိုင်ထိ ကောင်းကျိုးအဆက်ဆက်တို့ကိုသာခံစားရရှိနိုင်ကြပါစေ.

🙏ဝိပါကပစ္စယော - သတ္တဝါအားလုံး- ကောင်းမြတ်သော အကျိုးတရားတို့ကိုသာအဆက်မပြတ် ရရှိပိုင်ဆိုင်ကြ၍ ထိုမှတဆင့် ကောင်းမြတ်သော အကျိုးတရားအမျိုးမျိုးတို့ ကိုသာနိဗ္ဗာန်တိုင်ထိ ထပ်ကာထပ်ကာ ရရှိခံစားနိုင်ကြပါစေ.

🙏 အာဟာရပစ္စယော - သတ္တဝါအားလုံး-ရရှိထားကြသော နာမ်ရုပ်ခန္ဓာကြီးအားမကောင်းသော ရုပ်အာဟာရ သြဇာဓာတ်များ၊မကောင်းသော နာမ်အာဟာရ ဓာတ်များဖြင့်အထောက်အပံ့မပြုကြဘဲ ကောင်းမြတ်သောရုပ် နာမ်အာဟာရဓာတ် တို့ဖြင့်သာ အထောက်အပံ့ပြုဖြစ်ကြ၍ နိဗ္ဗာန်ကိုလွယ်ကူစွာ မျက်မှောက်ပြုနိုင်ကြပါစေ.

🙏 ဣနြ္ဒိယ ပစ္စယော - သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ် ချယ်လှယ်မှုကို မခံကြရဘဲ ကောင်းမွန်သော ရုပ်နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ် ချယ်လှယ်မှုတို့ကိုသာနိဗ္ဗာန်တိုင်ထိ ရရှိခံစားနိုင်ကြပါစေ.

🙏 စျာနပစ္စယော- သတ္တဝါအားလုံး- မကောင်းသော အကုသိုလ်တရားတို့၌စူးစူးစိုက်စိုက်အာရုံမပြုဖြစ်ကြဘဲ ကောင်းမြတ်သောကုသိုလ်တရားတို့၌သာ စူးစူးစိုက်စိုက အာရုံပြုနိုင်ကြ၍ နိဗ္ဗာန် တိုင်ထိ ကောင်းကျိုးတရားတို့ကို ရရှိနိုင်ကြပါစေ.

🙏 မဂ္ဂပစ္စယော- သတ္တဝါအားလုံး- ဒုဂ္ဂတိဘုံသို့ ရောက်စေတတ်သည့် မကောင်းသော အကုသိုလ် မဂ္ဂင်ခရီး လမ်းကြောင်းကို မလျှောက်ဖြစ်ကြဘဲသုဂတိဘုံ နိဗ္ဗာန်ဘုံတို့ကိုသာရောက်စေနိုင်သော ကောင်းမြတ်သော ကုသိုလ်မဂ္ဂင်လမ်းကြောင်းကိုသာ လျှောက်လှမ်းနို င်ကြပါစေ.

🙏 သမ္ပယုတ္တပစ္စယော - သတ္တဝါအားလုံး- မကောင်းသော စိတ် စေတသိက်နာမ်တရားအချင်းချင်းအညီအညွတ် ယှဉ်တွဲပေါင်းစပ်ခြင်းမပြုကြဘဲကောင်းသောစိတ် စေတသိက် နာမ်တရားအချင်းချင်းတို့သာအညီအညွတ် ယှဉ်တွဲပေါင်းစပ်၍ နိဗ္ဗာန်တိုင်ထိ သွားနိုင်ကြပါစေ.

🙏 ဝိပ္ပယုတ္တပစ္စယော- သတ္တဝါအားလုံး- အချင်းချင်း အညီအညွတ်မယှဉ်တွဲသောအားဖြင့် ရုပ်နာမ်တရားတို ကျေးဇူးပြုရာ၌မကောင်းသော ရုပ်နာမ်တရားတို မယှဉ်တွဲသောအားဖြင့် ကျေးဇူးမပြုကြဘဲ ကောင်းမြတ်သောနာမ်တရားတို့က ကောင်းမွန်သော ရုပ်တရားတို့ကို၊ကောင်းမွန်သော ရုပ်တရားတို့က ကောင်းမြတ်သောနာမ်တရားတို့ကိုမယှဉ်တွဲသောအားဖြင့် ကျေးဇူးပြုနိုင်ကြ၍ နိဗ္ဗာန်တိုင်ထိ ကောင်းကျိုးအမျိ ုးမျိုးတို့ကိုသာရရှိခံစားနိုင်ကြပါစေ.

🙏အတ္တိပစ္စယော - သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့ထင်ရှားစွာ မဖြစ်ပေါ်ကြဘဲ ကောင်းသော ရုပ်နာမ် တရားတို့သာ ထင်ရှားစွာဖြစ်ပေါ်ကြ၍ ကောင်းကျိုးအမျိုးမျိုးတို့သာ နိဗ္ဗာန်တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ.

🙏နတ္ထိပစ္စယော -သတ္တဝါအားလုံး- မကောင်းသော နာမ်တရားတို့ ချုပ်ငြိမ်းသွားခြင်းမရှိတော့ခြင်းဖြင့် ကောင်းသော နာမ်တရားတို့သာ နိဗ္ဗာန်တိုင်ထိ အစားထိုးကာ ဆက်လက်ဖြစ်ပွားနိုင်ကြပါစေ.

🙏 ဝိဂတပစ္စယော- သတ္တဝါအားလုံး- မကောင်းသော နာမ်တရားတို့ ကင်းစင်သွားခြင်း၊မရှိတော့ခြင်းဖြင့် ကောင်းသော နာမ်တရားတို့သာ နိဗ္ဗာန်တိုင်ထိ အစားထိုးကာ ဆက်လက်ဖြစ်ပွားနိုင်ကြပါစေ.

🙏 အဝိဂတပစ္စယော- သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့မကင်းသောအားဖြင့်မဖြစ်ပေါ်ကြဘဲ ကောင်းသော ရုပ်နာမ်တရားတို့သာမကင်းကွာသောအားဖြင့် ဖြစ်ပေါ်ကြ၍ ကောင်းကျိုးအမျိုးမျိုးတို့သာ နိဗ္ဗာန်တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ.....

မျှဝေ ပူဇော်ပါသည်။
မူရင်းpageအားcreditပေးပါသည်။
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com

13/09/2020

Making lover song lay 🎵🎵

ဒို့အားလုံးရဲ့ ပြည်ထောင်စုမိခင်ကျက်သရေရှိလိုက်တာ🎀🎀
05/09/2020

ဒို့အားလုံးရဲ့ ပြည်ထောင်စုမိခင်
ကျက်သရေရှိလိုက်တာ🎀🎀

Address

46st/107Cst Between/Aungtaryar QT, Chanmyatharsi Township
Mandalay

Website

Alerts

Be the first to know and let us send you an email when Gold & Gray posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share