KISS BABY Fashion Shop

KISS BABY Fashion Shop High-quality items

All item 30% discount😱😱
04/11/2023

All item 30% discount😱😱

All item 30% dis😱😱
04/11/2023

All item 30% dis😱😱

လက်ကျန်ဖြတ်🫣🫣တန်တန်တန်နော်~~မူရင်းဈေး -22800လျော့ဈေး~15000
04/11/2023

လက်ကျန်ဖြတ်🫣🫣

တန်တန်တန်နော်~~

မူရင်းဈေး -22800

လျော့ဈေး~15000

ဂရုစိုက်ကြပါနော် မေမေတို့
08/07/2023

ဂရုစိုက်ကြပါနော် မေမေတို့

👩‍👧‍👧အငယ်လေးရောက်လာပြီဆိုကတည်းက အမေ့ရင်ခွင်ထဲ အရင်လိုအကြာကြီး နေခွင့်မရရှာဘူး။👩‍👧‍👧အမေနဲ့ဖက်အိပ် ကပ်အိပ်ရတဲ့ သူ့အခွင့်အရ...
07/07/2023

👩‍👧‍👧အငယ်လေးရောက်လာပြီဆိုကတည်းက
အမေ့ရင်ခွင်ထဲ အရင်လိုအကြာကြီး
နေခွင့်မရရှာဘူး။

👩‍👧‍👧အမေနဲ့ဖက်အိပ် ကပ်အိပ်ရတဲ့
သူ့အခွင့်အရေးလေးကို
လက်မလွှတ်ချင်ဘဲ လက်လွှတ်ခဲ့ရတယ်။

👩‍👧‍👧အမေနဲ့အရင်လို
တီတီတာလေးတွေ ချွဲနွဲ့တာလေးတွေ
ကြာကြာလုပ်လို့မရတော့ဘူး။
အငယ်လေးကို ချိုတိုက်ရမှာမို့တဲ့။
သူ့ကျ....
ဘာလို့ ချိုချိူစို့လို့မရတော့တာလည်း တွေးရင်း
အမေ့ရင်ခွင်ထဲက
အငယ်လေးက အကြီးလေးအတွက်
အမေလုသူဖြစ်လာခဲ့တယ်။

👩‍👧‍👧အငယ်လေးက ချစ်စရာ၊ အူယားစရာလေးပါ။
ဒါပေမယ့်
အငယ်လေးကို ချစ်ရမယ်နော်လို့
အမေကပြောလို့
အငယ်လေးကို ညှာရမယ်လို့
အဖေကပြောလို့
အငယ်လေးကို အားကျလာမိတယ်။
ငါက ဘာလို့ အငယ်လေး မဖြစ်ရတာလဲလို့ပေါ့။

👩‍👧‍👧ကလေးပီပီ
လွတ်လွတ်လပ်လပ်
အော်ဟစ်ဆော့ကစားလို့လည်း မရပြန်ဘူး။
အငယ်လေး အိပ်နေလို့တဲ့၊
တိုးတိုးလေး၊ တိတ်တိတ်လေး နေရရှာတယ်။

👩‍👧‍👧အငယ်လေး အိပ်နေတုန်း
အမေနားကပ်ရတုန်း
အမေ့ကို လွမ်းရသမျှ
အတိုးချ..
ရစ်တုန်း ဂျစ်တုန်းလေး..
အငယ်လေး နိုးသွားရင်
အငယ်လေးနား အပြေးကပ်သွားတဲ့
အမေ့ကို နားမလည်တတ်သေးဘူးလေ။

👩‍👧‍👧အကြီးနဲ့အငယ်ကြား အချိန်မျှပေးချင်တဲ့
အမေလည်း.....
ပင်ပန်းလွန်းမက ပင်ပန်းပြီး
အငယ်လေးကို အကြီးလေးက မနာလိုရင်
အရင်လို ရင်ခွင်ထဲထွေးပိုက်ရမယ့်အစား
မျက်လုံးပြူးပြီး အကြီးလေးကို ကြည့်ပြီ။
အမေ့ရဲ့ ခဏတာ ခပ်စိမ်းစိမ်းအကြည့်က
အကြီးလေးအတွက်တော့ ရင်ထဲမြှားစူးတာပါပဲ။

👩‍👧‍👧အကြီးဖြစ်ပြီး အငယ်လေးကို မသိတတ်ဘူး၊
အမေကို ပင်ပန်းအောင်လုပ်တယ်ဆိုတဲ့
အတွေးနဲ့
အဘိုး အဘွား လူကြီးတွေက
အကြီးလေးကို သိပ်မကြည်ချင်ကြတော့ဘူး။
သူတို့တွေက...
အကြီးလေးဟာလည်း
ကလေးငယ်ငယ်လေးပဲဆိုတာ
မေ့မေ့သွားကြတယ်။

👩‍👧‍👧ဟိုဟာမလုပ်နဲ့
ဒီဟာမလုပ်နဲ့
အငယ်လေး အိပ်နေတယ်၊
အငယ်လေးနားမကပ်နဲ့၊
စတဲ့ စကားတွေနဲ့
အငယ်လေးနဲ့ အကြီးလေးကြား
ဝေးဝေးလါရတယ်။

👩‍👧‍👧သူရခဲ့သမျှ အခွင့်အရေးတွေ
ဝုန်းကနဲ အငယ်လေးရသွားတာ
ဘာ့ကြောင့်လဲ မစဥ်းစားတတ်သေးဘူး။
အငယ်လေးကို ညှာရမယ်လို့ ခဏခဏ
ရိုက်သွင်းခံရတဲ့ အတွေးအခေါ်နဲ့
တချို့အကြီးလေးတွေက....
အငယ်လေးတွေအပေါ် ရန်လိုလာတယ်။ နိုင်ထက်စီးနင်းလုပ်တတ်လာတယ်။
တချို့က ကျ
ခံစားချက်ကို သိုဝှက်ရင်း
အငယ်လေးအပေါ် အားကျရင်း
အနေအေးတတ်တဲ့ အငြိမ်ကလေးလေးတွေ ဖြစ်လာကြတယ်။

👩‍👧‍👧ကလေးဟာ ကလေးပါပဲ။
ကလေးကို လူကြီးလို တွေးတတ်ဖို့၊ အမြဲ​ကြင်နာ ​တတ်ဖို့၊ အမြဲခွင့်လွှတ်တတ်ဖို့၊ အမြဲ တိတ်ဆိတ်စွာ နေတတ်ဖို့ မျှော်လင့်ထားရင်
ကလေးပင်ပန်းရုံပဲရှိပါတယ်။
ဒီလိုအပြုအမူမျိုး လူကြီးတွေတောင် အမြဲ
မလုပ်နိုင်ပါဘူး။

👩‍👧‍👧ဒါ့ကြောင့်
အကြီးလေးကို ညှာတာပါ။
အကြီးလေးကို စာနာပါ။
အငယ်လေးကို လက်ခံနိုင်ဖို့
သူ့ကို အချိန်ပေးလိုက်ပါဦး။
သူလည်း အငယ်လေးလို ကလေးလေး
တစ်ယောက်ပါပဲ။

💦💦အားသွင်းပန်ကာ💦💦💦💦ခုလိုပူပြင်းတဲ့နွေမှာ မီးကမလာ ရာသီဥတုကပူဆိုတော့ တော်တော် ဒုက္ခရောက်ပါတယ်နော်💦💦💦💦ပူလွန်းလို့အိပ်မရတဲ့ည...
01/04/2023

💦💦အားသွင်းပန်ကာ💦💦

💦💦ခုလိုပူပြင်းတဲ့နွေမှာ မီးကမလာ ရာသီဥတုကပူဆိုတော့ တော်တော် ဒုက္ခရောက်ပါတယ်နော်💦💦

💦💦ပူလွန်းလို့အိပ်မရတဲ့ညဆိုအားသွင်းပန်ကာတစ်လုံးရှိရင်တော့ အဆင်ပြေသွားမယ်လို့ထင်ပါတယ်💦💦

💦💦ဒီပန်ကာလေးကPower Bankနဲ့လည်းတွဲသုံးလို့ရ ၊အားတွင်းပြီးလည်းသုံးလို့ရဆိုတော့ တော်တော် အဆင်ပြေတော်နော်💦💦

💦💦အားအပြည့်သွင်းရင် ၃နာရီလောက်ခံတာနော်

💦💦ခေါက်သိမ်းရလည်းလွယ် သယ်ချင်တဲ့နေရာကိုလွယ်လွယ်ကူကူသယ်လို့ရတယ်နော်💦💦

စျေးနှုန်း က 16500ပါရှင့်
MDY Instock ပါနော်❤️❤️

❤️❤️❤️
31/03/2023

❤️❤️❤️

❤️အရမ်းclassicဆန်တဲ့ ဝမ်းဆက်လေးနော် ❤️Size: 90~130Price : 22800
31/03/2023

❤️အရမ်းclassicဆန်တဲ့ ဝမ်းဆက်လေးနော် ❤️

Size: 90~130
Price : 22800



💦💦ပူပြင်းတဲ့နွေကိုပေါ့ပေါ့ပါးပါးနဲ့ အေးအေးအိအိဝမ်းဆက်လေးတွေနဲ့တူတူကျော်ဖြတ်မယ်💦💦ဝမ်းဆက်အသားလည်းကောင်းဈေးနှုန်းလည်းချိုတေ...
29/03/2023

💦💦ပူပြင်းတဲ့နွေကိုပေါ့ပေါ့ပါးပါးနဲ့ အေးအေးအိအိဝမ်းဆက်လေးတွေနဲ့တူတူကျော်ဖြတ်မယ်💦💦

ဝမ်းဆက်အသားလည်းကောင်းဈေးနှုန်းလည်းချိုတော့ မေမေတို့လက်မလွတ်သင့်ဘူးနော်🔥🔥🔥

ရန်ကုန်မန္တလေးအိမ်ရောက်ငွေချေရပြီးကျန်မြို့များကြိုလွှဲစနစ်ဖြင့်ဝယ်ယူအားပေးလို့ရပြီနော် 👋👋

Size: 90~160
Price: 90~120 (9800kyats)
130~160(10800kyats)


#ဆွဲအိသားဝမ်းဆက်

👸Princess လေးလိုအရမ်းလှသွာ​စေမယ့် မီးမီးလေးတွေအတွက် ဒီpostထဲကအမြန်ရွှေးပြီးဝယ်လိုက်တော့နော် မေမေတို့ရေ💕❤️Quality လဲကောင်...
27/03/2023

👸Princess လေးလိုအရမ်းလှသွာ​စေမယ့် မီးမီးလေးတွေအတွက် ဒီpostထဲကအမြန်ရွှေးပြီးဝယ်လိုက်တော့နော် မေမေတို့ရေ💕

❤️Quality လဲကောင်းdesignလည်းအလှလေးတွေ ချည်းပဲနော်❤️

❤️ပုံတစ်ပုံချင်းအောက်မှာရနိုင်တဲ့sizeနဲ့ဈေးနှုန်းလေးတွေတွဲရေးပေးထားပါတယ်ရှင့်❤️

❤️ရန်ကုန် မန္တလေးအိမ်ရောက်ငွေချေနဲ့တစ်ခြားမြို့များငွေကြိုလွှဲစနစ်နဲ့ဝယ်ယူအားပေးလို့ရပါပြီရှင့်❤️

❤️All items MDY Instock ပါရှင့်❤️

"ခြောက်လအောက် ကလေးငယ်ကို ရေတိုက်မိရင် ဘာဖြစ်တတ်သလဲ"ကလေးမိဘတို့အနေနဲ့ "ကလေးငယ်ကို အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းသာတ...
20/03/2023

"ခြောက်လအောက် ကလေးငယ်ကို ရေတိုက်မိရင် ဘာဖြစ်တတ်သလဲ"

ကလေးမိဘတို့အနေနဲ့ "ကလေးငယ်ကို အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ပါ" ဆိုတဲ့ ညွှန်ကြားချက်ကို သိကြမယ်လို့ယူဆပါတယ်။ ဒါပေမယ့် ​ရှေးအယူအဆတွေကြောင့်ဖြစ်စေ၊ မိဘက စိတ်လောအားကြီးမိပြီးဖြစ်စေ ရေတိုက်မိတဲ့အခါမှာ - ဘာမှမဖြစ်သေးသ၍တော့ ဘာမှမဖြစ်ဘူး၊ ဒါပေမယ့် ဆိုးကျိုးတွေရှိပါတယ်၊ အဲဒီဆိုးကျိုးတွေဟာ ဘာတွေဖြစ်တယ်ဆိုတာကို ပြောပြချင်ပါတယ်။

မိခင်နို့ဟာ ကလေးငယ်အသက်ခြောက်လအထိ ကလေးအတွက် လိုအပ်တဲ့အာဟာရတွေ အပြည့်အဝ ပါပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဘာရေ၊ ဘာအစာမှ ထပ်ပြီးကျွေးစရာမလိုအပ်ပဲ မိခင်နို့ကိုသာ အချိန်မှန်လေးတိုက်ပေးမယ်ဆိုရင် ကလေးဟာ ကျန်းမာသန်စွမ်းပြီး ထွားထွားလေးဖြစ်နေမှာပါ။ အမေနို့မထွက်တဲ့မိခင်တွေအတွက် နို့မှုန့်ကူရတယ်ဆိုရင်လည်း နို့မှုန့်ဖျော်တဲ့နေရာမှာ ရောစပ်ရတဲ့ ရေအချိုးအစားကို အညွှန်းမှာပါတဲ့အတိုင်း မပို၊မလိုဘဲ အတိအကျဖျော်ဖို့လိုပါတယ်။ အကယ်၍ ကလေးကို အမေနို့၊ နို့မှုန့်အပြင် မလိုအပ်ဘဲ ရေတိုက်မယ်ဆိုရင်တော့ -

၁။ အာဟာရရှိတဲ့ မိခင်နို့ ဆယ်ကြိမ်တိုက်ရမယ့်အစား နို့က ငါးကြိမ်၊ ရေက ငါးကြိမ်ဖြစ်နေရင် ကလေးအတွက် လိုအပ်တဲ့အာဟာရတွကို တစ်ဝက်ပဲရတော့မှာဖြစ်တဲ့အတွက် ကလေးငယ်ဟာ ထွားသင့်သလောက်မထွားတော့ပါဘူး။ နို့ဘူးဖျော်တဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။ ရေများများနဲ့ဖျော်မိရင် အာဟာရနည်းနည်းနဲ့ ရေများများရောသလိုဖြစ်သွားပါလိမ့်မယ်။

၂။ ရေဓာတ်များလွန်းသွားတဲ့အခါ ကျောက်ကပ်ကနေ ရေကိုဆီးအဖြစ်စွန့်ထုတ်ရင်းနဲ့ ခန္ဓာကိုယ်ရဲ့ ဆိုဒီယမ် သတ္ထုဓာတ်တွေကိုပါစွန့်ထုတ်မိပြီး ရေအဆိပ်သင့်ခြင်း (Water Intoxication) ဖြစ်ပြီး ကလေးဟာ မအီမသာဖြစ်ခြင်း၊အန်ခြင်း၊ မအိပ်တော့ဘဲ ချော့မရအောင်ငိုခြင်းတွေဖြစ်လာနိုင်ပါတယ်။

၃။ ခြောက်လအောက် ကလေးတွေရဲ့အူဟာ လူကြီးတွေ၊ ကလေးကြီးတွေနဲ့စာရင် နုနယ်လွန်းပါသေးတယ်။ အကယ်၍ ခြောက်လအောက် ကလေးကိုတိုက်တဲ့ရေထဲမှာ ပိုးတွေပါခဲ့မယ်၊ အထူးသဖြင့် ဒီလိုဆောင်းတွင်းမှာအဖြစ်များတဲ့ ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ပိုး (Rota Virus) ပါသွားခဲ့မယ်ဆိုရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ပြင်းထန်သွားတတ်ပါတယ်။

ခြောက်လကျော်ပြီဆိုရင်တော့ ရေစတိုက်နိုင်ပါပြီ။ ခြောက်လကနေတစ်နှစ်အတွင်းမှာ တစ်နေ့တာ ထပ်ဆောင်းရေပမာဏကို ၆၀မီလီလီတာ (60ml) မှ ၂၂၀မီလီလီတာ (220ml) ထိ တစ်ဖြည်းဖြည်း တိုးပြီးတိုက်သွားနိုင်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။
မေတ္တာဖြင့်
စိုင်းမြတ်သူ

Address

51*52/107C , Chanmyatharzi
Mandalay

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when KISS BABY Fashion Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share