PSA Online shopping

PSA Online shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PSA Online shopping, Clothing (Brand), Mandalay.

01/08/2023

တစိုက်မတ်မတ်မလုပ်သရွေ့ ဘာမှဖြစ်မြောက်မှာမဟုတ်ဘူး

လူအများစု အောင်မြင်ချင်ကြတယ်။ ကြီးပွားချမ်းသာချင်ကြတယ်။ နေရာတစ်ခု ရောက်ချင်ကြတယ်။ အဲဒီအတွက် လုပ်ရမယ့်အရာတွေကို စလုပ်ဖြစ်တတ်ကြတယ်။ ဒါပေမဲ့ ပြဿနာက ဆုံးခန်းတိုင်အောင် တစိုက်မတ်မတ်လုပ်တဲ့သူ၊ Consistency ရှိတဲ့သူက ရှားတယ်။

ခင်ဗျား သင်တန်းတစ်ခုခုတက်ဖြစ်ရင် သတိထားကြည့်။ စတက်ခါစမှာ လူတွေအများကြီးရှိလိမ့်မယ်။ တဖြည်းဖြည်း လျော့လျော့သွားတာ တစ်လကျော်လောက်ဆို တစ်ဝက်တောင် ရှိချင်မှရှိတော့တာကို တွေ့လိမ့်မယ်။

တစိုက်မတ်မတ် လုပ်တိုင်း ပေါက်မြောက်မယ်လို့ ပြောလို့မရပေမဲ့ တစိုက်မတ်မတ်မလုပ်သရွေ့တော့ ဘာမှဖြစ်မြေက်မှာမဟုတ်တာသေချာတယ်။

ဘယ်အရာပဲဖြစ်ဖြစ် ဖြစ်ဖြစ်မြောက်မြောက်ဖြစ်ဖို့ဆိုရင် ကောက်ရိုးမီးလုပ်လို့မရဘူး။ ခင်ဗျား အတတ်ပညာတစ်ခုကို တစ်ဖက်ကမ်းခတ်တဲ့အထိ ကျွမ်းကျင်ချင်တယ်ဆိုပါတော့၊ နာရီပေါင်းများစွာ တစိုက်မတ်မတ်လေ့ကျင့်ဖို့လိုတယ်။ Malcolm Gladwell ပြောတဲ့ နာရီပေါင်း ၁၀၀၀၀ လောက်မလေ့ကျင့်ဖြစ်ရင်တောင် အချိန်အတိုင်းအတာတစ်ခုထိတော့ တစိုက်မတ်မတ်လုပ်သွားဖို့လိုတယ်။

ပရော်ဖက်ရှင်နယ်ပဲဖြစ်ဖြစ်၊ စွန့်ဦးတီထွင်ပဲဖြစ်ဖြစ် ကြီးကျယ်တဲ့အဆင့်ရောက်သူတိုင်းက စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်နဲ့ ရူးရူးသွပ်သွပ်လုပ်ကြသူတွေဖြစ်တယ်။ ဟိုစပ်စပ်ဒီစပ်စပ်လောက် လျှောက်လုပ်နေသရွေ့ ဟိုစပ်စပ်ဒီစပ်စပ်အဆင့်ပဲဖြစ်မယ်။ ဘာမှဖြစ်မြောက်မှာမဟုတ်ဘူး။

“အောင်မြင်မှုဆိုတာ အမြဲတမ်းကြီးကြီးကျယ်ကျယ်ကြီးလုပ်လို့မဟုတ်ဘဲ တစိုက်မတ်မတ်လုပ်ခြင်းကနေ ဖြစ်လာတာဖြစ်တယ်။ တစိုက်မတ်မတ်ကြိုးစားခြင်းက အောင်မြင်မှုရရှိစေတာ။ ပြီးရင် ကြီးကျယ်ခမ်းနားမှုက ဆိုတာ လိုက်လာပါလိမ့်မယ်” လို့ Dwayne Johnson က ပြောတယ်။

တစိုက်မတ်မတ်လုပ်တယ်၊ မလုပ်ဘူးက ကိုယ့်ရဲ့ အလေ့အကျင့် (Habit) နဲ့ အများကြီးဆိုင်တယ်။ တစ်ခုခုဆို ဆုံးခန်းတိုင်တဲ့အထိလုပ်တတ်တဲ့သူဟာ ဘာလုပ်လုပ် ဆုံးခန်းတိုင်အောင်လုပ်တတ်သလို ကောက်ရိုးမီးလိုလူမျိုးကျတော့ ခဏထတောက်ပြီး ငြိမ်းသွားတတ်ကြတယ်။

ဆရာ Hein Zaw

ီ_ဘာ_ဘာ

01/08/2023

မိမိကိုယ်ကိုယ် တာဝန်ယူတက်ခြင်း

"သင့်ကြောင့် ဖြစ်ပေါ်တဲ့ ဘယ်လိုအရာမျိုးအတွက်မဆို
တာဝန်ယူစိတ်ကို မွေးမြူပါ"

Tonny Robbins

တာဝန်ယူတက်တဲ့စိတ်ဟာ ကိုယ့်ဘဝကို ကိုယ်ကျေနပ်ဖို့အတွက် အရေးအကြီးဆုံးလိုအပ်ချက် ဖြစ်တယ်။
တာဝန်ယူခြင်းမှာ ကိုယ်ကျင့်တရားတွေ၊
မိမိကိုယ်ကိုယ် လေးစားခြင်းတွေနဲ့ တခြားသူတွေအပေါ် ထားတဲ့ မေတ္တာစိတ်တွေပါဝင်နေတယ်။ဒါပေမယ့်
တာဝန်ယူမှုဟာ ဘယ်တော့မှ မျက်ကန်းတောတိုး
မဖြစ်သင့်ဘူး။

မျက်ကန်းတာဝန်ယူတယ်ဆိုတာ သူများအပြစ်ကို ကိုယ့်အပြစ်လုပ်တာ၊ သူတစ်ပါးအမှားကို ကိုယ့်အမှားလုပ်တာမျိုးပဲ။သူ့အမှားဟာ သူ့အမှားပဲ၊ အဲ့ဒီအမှားဟာ
ကိုယ်ချစ်ခင်သူတစ်ယောက်၊ ကိုယ့်မိတ်ဆွေတစ်ယောက်ကျူးလွန်ခဲ့တာဆိုရင် သူ့ကို ဖြောင့်ဖျရမယ်၊ ဝမ်းနည်းမှုကို နှစ်သိမ့်ပေးမယ်။နောင်မမှားရအောင် သင်ခန်းစာယူဖို့
စည်းရုံးမယ်၊ ဒီလိုပြုလုပ်ပေးခြင်းတွေကသာ အဲ့ဒီသူကို တကယ် ကူညီရာရောက်ပါတယ်။

ကိုယ်လုပ်တာ၊ ကိုယ်ပြောတာတွေနဲ့ ကိုယ့်ခံစားချက်တွေဟာ ကိုယ်နဲ့သာ သက်ဆိုင်တယ်၊ ကိုယ်သာ
ကိုင်တွယ်ရမယ်လို့ ဆုံးဖြတ်လိုက်တာက ဖြောင့်မတ်မှန်ကန်တဲ့ အရည်အချင်းပါ။
သို့ပေမယ့် သူများအမှားကို ကိုယ့်အမှားလုပ်၊
သူတစ်ပါး အပြစ်ကို ကိုယ့်အပြစ်လို့ သတ်မှတ်နေတာကျတော့ ဒါဟာ တာဝန်ယူတာ မဟုတ်တော့ဘူး။
တုံးအတာ ဖြစ်သွားပြီ။

တုံးအတဲ့သူတွေရဲ့ ဘဝဟာ အမြဲလှည့်စားခံရခြင်း၊ ဖိနှိပ်ခံရခြင်းတွေနဲ့ ပြည့်နေတယ်။ သူတို့ကတော့ ကိုယ့်ကိုယ်ကို ရိုးသားတဲ့သူတွေလို့ ထင်ကြလိမ့်မယ်။တကယ်က ရိုးသားတာနဲ့ တုံးအတာဟာ သပ်သပ်စီပါ။ တုံးအတဲ့သူဟာ လူဖြစ်ရှုံးတယ်၊ ရိုးသားတဲ့သူဟာ မွန်မြတ်တယ်။

တုံးအတဲ့သူရဲ့ဟာ မသိနားမလည်မှုတွေနဲ့ ပြည့်နေတယ်။ သိအောင်လုပ်ဖို့လည်း မကြိုးစားသလို လက်ရှိအခြေအနေ ကနေလည်း ရုန်းထွက်ရမယ့် နည်းလမ်းကို မသိကြဘူး။ဘဝမှာ နေမြဲအတိုင်းနေတယ်။ သူတို့ကိုယ်ကိုတော့ တင်းတိမ်ရောင့်ရဲတဲ့သူတွေလို့ အထင်ရောက်နေတက်တယ်။

လောကမှာ တုံးအတဲ့ သူတွေက လူတွေသိပ်ကြိုက်
ကြတယ်။ရိုးရိုးအအ ဆိုသူတွေ၊မသိနားမလည်မှု များတဲ့သူတွေ၊စဥ်းစားဥာဏ်နည်းတဲ့သူတွေကို အသုံးချဖို့
စောင့်နေတဲ့သူတွေဆိုတာ သပ်သပ်ကို ရှိတယ်။
သူတို့ကလည်း သူတို့လုပ်သမျှကို လွဲချလို့ရမယ့်သူတွေကိုပဲ ရှာနေတာ၊ သူတို့ပြောတာကိုဟုတ်ကဲ့ လုပ်မယ့်သူတွေကို အမြဲလိုချင်နေတာ၊အဲ့ဒါကို ကိုယ်က သူတို့အပြစ်တွေကို အားနာနာနဲ့ အတင်းတွေတာဝန်ဝင်ယူနေရင်
အချီကြီး ခံသွားရမှာ ကိုယ်ပဲ။

သူများအမှားကို ကိုယ့်အမှားပါလို့
လုံးဝတာဝန်ယူပစ်လိုက်တာ အသိဥာဏ်နည်းရာ
ရောက်တယ်။ သူများအမှားကို ထောက်ပြရမယ်။
သူနားလည်အောင် ရှင်းပြရမယ်။

ကိုယ်ကူညီနိုင်တာကို ကူညီပြီး တက်နိုင်သလောက် ပူးပေါင်းဆောင်ရွှက်ပေးတာမျိုးလုပ်ပေးတာက ဆက်ဆံရေးကို တိုးတက်စေနိုင်ပေမယ့်ကိုယ်ချစ်တဲ့ သူတွေအပြစ်လုပ်ထားရင်တောင်ကိုယ့်အနေနဲ့ သူတို့ကို မထိခိုက်စေချင်လို့ သူတို့အစား တာဝန်ဝင်ယူပေးနေရင် အဲ့လိုလုပ်တာကကြာရင် ဘယ်သူ့အတွက်မှ မကောင်းတာကို သိလာလိမ့်မယ်။

Hal Elrod ဆိုတဲ့လူကပြောဖူးတယ်။

"လူတစ်ယောက်ဟာ သူ့ဘဝထဲက အရာရာတိုင်းကို
တာဝန်ယူလိုက်တဲ့တစ်ခဏဟာ သူ့ဘဝထဲက
အရာရာတိုင်းကို ပြောင်းလဲပစ်နိုင်တဲ့ တစ်ခဏပါပဲ"တဲ့။
တာဝန်ယူခြင်းဟာ ​ပြောင်းလဲ ခြင်းရဲ့ပထမဆုံးခြေလှမ်း
ဖြစ်ပါတယ်။တာဝန်ယူစိတ်ရှိတဲ့သူဟာ သူ့ကိုယ်သူ
ဘာတွေပြုပြင်ရမယ်၊ ပြောင်းလဲရမယ်ဆိုတာကို ရှာဖွေတယ်၊ တာဝန်ယူဖို့ သတ္တိရှိတဲ့ အတွက်သူဟာ ဆင်ခြင်ပေးအကြောင်းပြတာတွေ မလုပ်ဘူး။

လူတစ်ယောက်က သူ့တာဝန်သူယူလိုက်တဲ့အချိန်မှာ
ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရစိတ်ကို ခံစားရတယ်။
သူတစ်ပါးကို အပြစ်ပုံချတာ၊ ကံကြမ္မာနဲ့ အခြေအနေတွေကို မကောင်းပြောနေတာတွေက ခနတော့ စိတ်သက်သာသွားသလိုရှိကောင်းရှိမယ်။

သူများကို အမြဲအပြစ်တင်နေတက်သူတွေ ဟာ သူတို့ဘဝကို ဘယ်တော့မှ စိတ်တိုင်းမကျတဲ့သူတွေပဲ ဖြစ်တယ်။
သူတို့ရဲ့ ပြုမူပြောဆိုပုံတွေနဲ့ ပတ်သတ်လို့ တာဝန်ယူမှု မရှိတဲ့အတွက် မိမိကိုယ်ကို ပြုပြင်ရကောင်းမှန်းလည်း မသိကြဘူး။ ကိုယ့်လို ဘယ်သူတွေရှိမလဲဆိုတာကိုပဲ လိုက်ကြည့်နေတက်ပြီး ဘဝတူသူတွေနဲ့ပဲ ပေါင်းတက်ကြတယ်။

ဒီလို လူမျိုးတွေက သူတို့ မလုပ်ချင်တဲ့အလုပ်တွေကို သူများတွေမလုပ်ဖြစ်အောင်လည်း တားဆီးတက်တယ်။
တကယ်လို့ သူတို့ မလုပ်နိုင်တာကို လုပ်နိုင်သွားတဲ့သူတွေကိုလည်း အမျိုးမျိုး ကဲ့ရဲ့ကြတယ်၊ ရှုံ့ချတက်ကြတယ်။

ဒါပေမယ့် ကိုယ်စိုက်ပျိုးတာကိုကိုယ်ရိတ်သိမ်းရမယ်ဆိုတဲ့ စကားလိုပဲ။နောက်ဆုံးကျတော့ ပြဿနာတွေကို
တကယ်ပြေလည်သွားစေမယ့် ရေရှည်ဖြေရှင်းနည်းက
ကိုယ့်ကိုယ်ကိုယ် ဘာမှားနေလဲ ပြန်ကြည့်၊
ဘာတွေကို သင်ယူဖို့လိုနေပြီလဲ၊ ဘာတွေပြောင်းလဲရမလဲ၊ အဲ့ဒီအပြောင်းအလဲတွေ တကယ်ဖြစ်ဖို့ ဘယ်လို အလေ့အကျင့်တွေကို ကျင့်ရမလဲဒါတွေကို စဥ်းစားတာကသာ အဖြေမှန်ကို ပေးနိုင်လိမ့်မယ်။

Elbert Hubbard က ခုလိုကောက်ချက်ချတယ်။

"တာဝန်ခံနိုင်မှုဆိုတာ လွတ်လပ်ခြင်းပေးဆပ်ရတဲ့
တန်ဖိုးဖြစ်တယ်"။
အများအားဖြင့် ကျွန်တော်တို့ထင်ကြတာက လူတစ်ယောက်ဟာ သူတစ်ပါးအပေါ် သူလုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ဖြစ်စေ၊ ကိုယ့်ကိုယ်ကို ဖျက်လိုဖျက်ဆီးလုပ်မိနေတဲ့ အကျင့်ဆိုးတွေဖြစ်စေ တာဝန်ယူလိုက်တဲ့
အခါ ဝန်ပိသွားမယ်လို့ ထင်ကြတယ်။ တကယ်က
တာဝန်ယူလိုက်တော့မှ ဝန်ပေါ့သွားတာ ၊လွတ်လပ်သွားတာ။

ဘာလို့လဲဆိုတော့ ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုတွေ၊
ကိုယ်ပေးခဲ့တဲ့ ဆင်ခြေ တွေဟာ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားလိုက်တာနဲ့ တစ်ပြိုင်နက်အဲ့ဒီအရာတွေရဲ့
ကျွန်တော်တို့အပေါ် ဖိစီးထားမှုတွေကို ဖြေလျော့ပေးလိုက်နိုင်လို့ ဖြစ်ပါတယ်။ဒီအရာတွေကို နောက်မဖြစ်အောင် ပြုပြင်တော့မှာမို့ စိတ်ထဲမှာ ကျေနပ်မှုရလာတယ်၊အေးချမ်းမှု ဖြစ်လာတယ်။

"ကိုယ့်ကိုယ်ကို တာဝန်ယူခြင်းဟာ ကျွန်တော်တို့ရဲ့
ကံကြမ္မာကို လုံးဝကိုယ်တိုင်ထိန်းချုပ်နိုင်ခြင်းဖြစ်လို့ အလွန်လှပတဲ့အရာ ဖြစ်တယ်"လို့ Heather Schuck က
ပြောဖူးတယ်။

ကိုယ်အလုပ်မဖြစ်တာတွေ အတွက် ဘဝကို
ဆင်ခြေပေးလို့ရတယ်။ လက်ရှိအခြေအနေတွေက
ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လို
နှေးကွေးစေကြောင်းကို အကြောင်းပြဖို့ကကျွန်တော်တို့ အတွက် သိပ်မခက်ဘူး။ ကိုယ့်ကိုယ်ကို သနားရင်း ငါကတော့ ဒီအချက်တွေကြောင့် ဘာမလုပ်နိုင်တာ၊ ညာမလုပ်နိုင်တာဆိုပြီး ကံကြမ္မာကို ရိုးမယ်ဖွဲ့နေလို့ ရတယ်။

ဒါပေမယ့် ဒီလိုလုပ်တာက နောက်ဆုံးကိုယ့်ကိုပဲ ကိုယ်လုပ်ချင်တာတွေကနေ နောက်ကျကျနေစေခဲ့တာ မဟုတ်လား၊ဆင်ခြေဆင်လက်ပေးခြင်းကနေ ဘာတွေများကောင်းတာ ရလာနိုင်လို့လဲ။ ဆင်ခြေပေးနေတာက
လက်ရှိထက် ပိုကောင်းတဲ့ ရလဒ်တွေ မပေးနိူင်ဘူး။

အခြေအနေတွေကို အကြောင်းပြ၊ နိုင်ငံရေးကို အကြောင်းပြ၊ ပတ်ဝန်းကျင်ကို အကြောင်းပြပြီး ကိုယ့်ကိုယ်ကို ရေစုန်မျှောနေရင် ကျွန်တော်တို့အနေနဲ့ ဆုံးရှုံးမှုတွေကလွဲပြီး တခြားရနိုင်စရာ မရှိဘူး။ ကိုယ်ဘာတွေပြုပြင်ရမယ်ဆိုတာကို မစဥ်းစားပဲ လူတွေက မကောင်းဘူးလို့ ထိုင်ညည်းပြ နေတက်တာကနေလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

အရင်တုန်းက ကိုယ်ကြောင့် အခုရှိနေတဲ့ ကိုယ်
ဖြစ်လာရတာပဲ။ Albert Einstein ကပြောဖူးတယ်။
"ပြဿနာတွေကို အဖြေရှာရာမှာ အဲ့ဒီပြဿနာတွေ
စဖြစ်တုန်းက အခြေအနေအနေတွေ အတိုင်းစဥ်းစား
လို့ မရတော့ဘူး"တဲ့။

ဆိုလိုတာက လက်ရှိကိုယ့်အကျင့်တွေ၊ ကိုယ်ရဲ့ စီးပွားရေးအခြေအနေတွေ၊ ကိုယ့်ပတ်ဝန်းကျင် ဒါတွေကို
လုံးဝချက်ချင်းပြောင်းဖို့ဆိုတာ မလွယ်ဘူး။ဒါပေမယ့်
အကြောင်းပြချက်တွေပေးနေရုံနဲ့လည်း ဘာမှ ထူးသွားမှာ မဟုတ်ဘူး။ ပိုပြီး ဒုက္ခရောက်လာဖို့ပဲ ရှိမယ်။

အရေးကြီးတာ ကျွန်တော်တို့ ကိုယ်ကိုယ် အပြည့်အဝ တာဝန်ယူပြီး ကိုယ်လုပ်နိုင်တာကို မပျက် လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်။ဒီလိုလုပ်နိုင်ခြင်းသည်ပင် လူတစ်ယောက်ရဲ့ ကြီးမားတဲ့ အရည်အချင်းလို့ ပြောနိုင်ပါတယ်။မိမိကိုယ်ကို တာဝန်ယူလိုက်ခြင်းလည်း ဖြစ်ပါတယ်။

USN English Language School
လမ်း 40 , 72* 73 ကြား
BJ Complex မြေညီထပ်
09891639616

Credit to original post

Chan Lin Aung

30/07/2023

သိထားရမယ်

ီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
ီ_ဘာ_ဘာ

30/07/2023

"လူတစ်ချို့ဟာ သင်မရှိလည်းဖြစ်လိမ့်မယ် သင်မရှိလည်းပျော်ရွှင်နေလိမ့်မယ်တဲ့”
သင်မရှိလို့မဖြစ်ပါဘူးဆိုသူလည်း လူတစ်ချို့ဟာ
အချိန်တန်ရင်နေသားကျသွားမှာပါပဲ။

ဒါကြောင့်မို့လူတစ်ချို့သင့်ကိုမလိုအပ်လည်း
သင်မုန်းနေစရာမလိုပါဘူး သင့်ကိုမနှစ်သက်လို့လည်းဝမ်းနည်းပြီး
သိမ်ငယ်နေစရာမဟုတ်ပါဘူး။

ဘယ်သူမှမလိုအပ်လည်း ကိုယ့်ကိုယ်ကို
နေတတ်အောင်နေရမယ် ပိုရယ်မောနိုင်ရမယ်။

ရှင်သန်ခြင်းမှာကိုယ့်ကိုယ်ကိုပိုပျော်ရွှင်အောင်
နေဖို့လိုအပ်တယ်ကိုယ့်ကိုယ်ကိုပိုဂရုစိုက်တတ်ဖို့
မြတ်နိုးဖို့လိုတယ်။

ခက်ခက်ခဲခဲနဲ့လေဒဏ်မိုးဒဏ်ခံပြီးပေါက်တဲ့အပင်
တွေဟာပိုသန်မာသလို
နာကျင်တဲ့ဒဏ်တွေများတဲ့လူတစ်ယောက်ဟာလည်း
ပိုကြံ့ခိုင်စေတယ်
နောက်ပြီးတစ်ပွင့်တည်းသော
ပန်းလေးတွေဟာလည်းပိုလှပစေတယ်တဲ့။
29.7.2023

30/07/2023

ဘဝမှာ
တစ်ခါတစ်လေ
သေသေချာချာ
စီစဉ်ထားတာတောင်
လွဲတတ်သေးတာ

မျှော်လင့်ထားသလိုဖြစ်မလာတာတော့
မထူးဆန်းတော့ပါဘူး

ဒါကြောင့်
သူတစ်ပါးဆီကအရာကို
ဘာကိုမှ မျှော်လင့်မထားတော့ပါဘူး

#သျှင်ယွန်း
ှာshinyoonလို့ရိုက်ရှာပြီးစာတွေဖတ်လို့ရပြီ

30/07/2023

ကိုယ့်အပေါ်မုန်းနေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ
မတုံပြန်ဘဲ
ပုံမှန်စိတ်လေး ထားပြီး
ဆက်ဆံလိုက်ပါ

တစ်နေ့ သူ့လမ်း သူသွားပါလိမ့်မယ်

ကိုယ့်ရဲ့အတင်းအဖျင်း
ပြောနေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ
လိုက်ဖြေရှင်းမနေဘဲ
ပုံမှန်စိတ်လေး ထားပြီး
နေထိုင်လိုက်ပါ

တစ်နေ့ သူ့ဗီဇ အမှန် ပေါ်လာပါလိမ့်မယ်

ကိုယ့်ရဲ့သိက္ခာကို
ထိပါးအောင်လုပ်နေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ
ပြန်ပြီး မတိုက်ခိုက်ဘဲ
ပုံမှန်စိတ်လေး ထားပြီး
ရပ်တည်လိုက်ပါ

တစ်နေ့ အဖြေမှန် ပေါ်လာပါလိမ့်မယ်

ကိုယ့်ကိုယ် တုပ ပြိုင်ဆိုင်ပြီး
ကျရှုံးအောင် လုပ်နေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ
ပြန်လည် မပြိုင်ဆိုင်ဘဲ
ပုံမှန်စိတ်လေး ထားပြီး
ကြိုးစား လုပ်ကိုင်ပါ

တစ်နေ့ ကိုယ့်စေတနာ
ကိုယ့်အကျိုး ပေးပါလိမ့်မယ်

ကိုယ့်ကို ထိကပါး ရိကပါး
စောင်းမြောင်း စော်ကားနေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ
မတုံပြန်ဘဲ
ပုံမှန်စိတ်လေး ထားပြီး
ဥပေက္ခာ ပြုလိုက်ပါ

တစ်နေ့ သူ့အတ္တက သူ့ကို ဒဏ်ခတ်ပါလိမ့်မယ်

ဘယ်သူတွေ
ဘာတွေ ပြောပြော
ဘာတွေ လုပ်လုပ်
ကိုယ်အတွက်
ဘာမှ ဆုတ်ယုတ်မသွားပါဘူး

မနာလိုစိတ် ( မစ္စရိယ ) များနေတဲ့
လူတွေကိုသာ
ပတ်ဝန်းကျင်က
စက်ဆုပ်ရွံရှာကြတာ သဘာဝပါဘဲ

ဒါ့ကြောင့်
အရေးမပါတဲ့
အကြောင်းအရာတွေအတွက်
လိုက်ဖြေရှင်းရင်း
အချိန်ကုန် မခံပါနဲ့

တစ်နေ့
ဘယ်သူဘာလဲ ဆိုတာ
အချိန်က အဆုံးအဖြတ် ပေးပါလိမ့်မယ်

အဓိက
ကိုယ့်ဘက်က
#ပုံမှန်စိတ်လေး ထားတတ်ဖို့ပါဘဲ

ဖုန်းပြုပြင်နည်း သင်ခန်းစာအသေးစိတ်လေ့လာရန်👇

https://www.facebook.com/100063793434743/posts/762170809252693/

ဖုန်းပြုပြင်နည်း အခမဲ့ပညာဒါန သင်ခန်းစာများ👇👇
https://fb.watch/mcVEwC2tgG/?mibextid=Nif5oz
Credit.Photo

#ဆရာBoBo

30/07/2023

လိုအပ်လို့ အရှုံးပေးတာပါ

စစ်သူကြီးတစ်ယောက်ဟာ စစ်တုရင်ကစားတာ အရမ်းတော်ပါတယ်။ဘယ်သူကမှသူ့ကိုနိုင်အောင်
မကစားနိုင်ပါဘူး…။

တစ်နေ့ မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့ အတူစစ်တိုက်ထွက်လာရင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့ အဲ့ရွာကအိမ်သေးသေး
လေးတစ်လုံးမှာ “တစ်နိုင်ငံလုံးရဲ့စစ်တုရင်ကစား
ရာမှာနံပါတ်တစ်” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတာ သွားတွေ့ကြတယ်…။

စစ်သူကြီးဟာမယုံတဲ့အတွက်အိမ်ရှင်ကိုသွားရှာပြီး
စစ်တုရင်ပြိုင်ကစားကြတာအိမ်ရှင်က(၃)ကြိမ်လုံး
ရှုံးခဲ့တော့ စစ်သူကြီးက ရယ်မောပြီးပြောတယ်
“ ဟားဟား….မောင်မင်း ဆိုင်းပုဒ်ကြီးဖြုတ်ပစ်
လိုက်တော့ ” ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက်
ထွက်သွားတော့တယ်…။

မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကိုပြန်လာကြရာ အဲ့ဒိရွာကိုပြန်ရောက်
တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေး
တာ ထပ်တွေ့တယ်။
ဒါနဲ့ အိမ်ရှင်ကိုထပ်သွားတွေ့တော့နောက်ထပ်
စိန်ခေါ်စကားပြောကြရင်းထပ်ကစားဖြစ်ကြတယ်။

ဒီတစ်ခါကျတော့စစ်သူကြီးက(၃)ပွဲလုံးဆက်
တိုက်ရှုံးသွားတယ်။စစ်သူကြီး အရမ်းအံသြ
သွားတယ်။ အဲ့ဒါနဲ့ အိမ်ရှင်ကိုမေးတာ ဘာကြောင့်
လည်းပေါ့။

အိမ်ပိုင်ရှင်ကပြောပြတာက ……
“ အရင်အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်
ထွက်တိုက်ရမဲ့တာဝန်ကြီးရှိနေတယ်။ ကျွန်တော်
မျိုးအနေနဲ့အသင်စစ်သူကြီးကိုစိတ်ဓါတ်ကျအောင်
စိတ်အားကို ချိုးပစ်လို့မသင့်ဘူး။
ဒီတစ်ခေါက်အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှို
ထားစရာ မလိုတော့ဘူးပေါ့ ”တဲ့။
-------------------------

တကယ်တော်တဲ့သူဆိုတာ အနိုင်ရနိုင်ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ,ခွင့်လွှတ်နိုင်စွမ်းရှိအောင် စိတ်သဘောထားကြီးတဲ့သူပါပဲ။

လက်တွေ့ဘဝမှာလည်း အတူတူပါပဲ…..။
သိနေလည်း မလိုအပ်ဘဲ ပြောစရာမလိုပါဘူး။
မပြောဘူးဆိုတာက မသိလို့လည်း မဟုတ်ပါဘူး။

- Lwin Pyin

ီ_ဘာ_ဘာ

30/07/2023

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရဲ့ ကုမ္ပဏီကြီးတစ်ခုရှေ့မှာ ပလာတာရောင်းတဲ့ဆိုင်ကြီးတစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်က ပလာတာတွေက အလွန့်ကိုအရသာရှိတဲ့အတွက် ကုမ္ပဏီက ဝန်ထမ်းတော်တော်များများ နေ့လည်စာစားချိန်တိုင်းမှာ လာရောက်စားသောက်လေ့ရှိတယ်။

တစ်နေ့မှာတော့ ကုမ္ပဏီက မိတ်ဆွေမန်နေဂျာ
တစ်ယောက် ဆိုင်မှာပလာတာလာစားရင်း ဆိုင်ရှင်ကို မေးခွန်းတစ်ခုမေးလိုက်တယ်။

" ခင်ဗျားက ခင်ဗျားရဲ့ဆိုင်ကို သပ်သပ်ရပ်ရပ်လည်း ပြုပြင်ထိန်းသိမ်းနိုင်တယ် ပြီးတော့ စီမံခန့်ခွဲ အုပ်ချုပ်နိုင်တဲ့ အရည်အချင်းနဲ့လည်း ပြည့်စုံတယ်။ ခင်ဗျားရဲ့ ပင်ကိုအရည်အသွေးနဲ့ အချိန်တွေကို ပလာတာရောင်းတာတစ်ခုထဲနဲ့ပဲ အချိန်ဖြုန်းနေမိတယ်လို့ မထင်ဘူးလား။
ကျွန်တော့်လို ကုမ္ပဏီအကြီးကြီးတစ်ခုခုမှာ အလုပ်လုပ်နေခဲ့တယ်လို့ ခင်ဗျား စဉ်းစားကြည့်လိုက်စမ်းပါဗျာ။
ဒီအချိန်မှာကျွန်တော့်လို မန်နေဂျာတစ်ယောက် ဖြစ်နေလောက်ပြီ။ မဟုတ်ဘူးလားဗျာ။"

ပလာတာဆိုင်ရှင်က မန်နေဂျာကို
"ဆရာရယ် ကျွန်တော်ကတော့ ကျွန်တော့်အလုပ်က ခင်ဗျားအလုပ်ထက် ပိုကောင်းတယ်လို့ ထင်ပါတယ်ဗျာ။"
လို့ပြုံးပြုံးလေး ပြန်ပြောလိုက်တယ်။
ဆက်ပြီးတော့

"ဘာလို့လည်း သိလား?လွန်ခဲ့တဲ့ဆယ်နှစ်က ခင်ဗျား
ဒီအလုပ်ကို စဝင်တဲ့အချိန်မှာ ကျွန်တော်က ပလာတာကို လက်တွန်းလှည်းလေးနဲ့ လှည့်ရောင်းနေတဲ့အချိန်ပေါ့။ ကျွန်တော်တစ်လကို ရူပီးတစ်ထောင်လောက်ပဲ ရှာလို့
ရတဲ့အချိန်မှာ ခင်ဗျားလစာက တစ်သောင်းလေ။
ဒီဖြတ်သန်းလာတဲ့ ဆယ်စုနှစ်အတွင်းမှာ ခင်ဗျားရော၊ ကျွန်တော်ရော တော်တော်လေး တိုးတက်လာခဲ့တယ်လေ။ ကျွန်တော်က ဆိုင်လေးတစ်ဆိုင်ပိုင်ဆိုင်လာပြီး
ဒီနယ်တဝိုက်မှာ နာမယ်ကြီး ပလာတာဆိုင်ကြီး ဖြစ်လာပြီး ခင်ဗျားက အဲဒီကုမ္ပဏီမှာ မန်နေဂျာတစ်ယောက် ဖြစ်လာခဲ့တယ်လေ။
အခု ခင်ဗျား တစ်လတစ်သိန်းရနေချိန်မှာ ကျွန်တော်လည်း အဲဒီလောက်ရှာနိုင်တယ်။ တခါတလေမှာ အဲဒီထက်တောင် များများရှာနိုင်သေးတယ်။ အဲဒါကြောင့် ကျွန်တော့်အလုပ်က ခင်ဗျားအလုပ်ထက်သာတယ်လို့ သေသေချာချာပြောနိုင်တာပေါ့။ဘာကြောင့် အဲဒီလို
ပြောနိုင်သလဲဆိုတော့ ကျွန်တော့်ကလေးတွေရဲ့ အနာဂတ်ကြောင့်ပေါ့။

ထပ်ရှင်းပြပါရစေဦး။ကျွန်တော်ပြောတဲ့စကားလုံးတွေကို သေသေချာချာ ဂရုစိုက်ပြီး နားထောင်ကြည့်စမ်းပါ
ကျွန်တော်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို အနိမ့်ဆုံးဝင်ငွေက စတင်ခဲ့ရတယ်လေ။ ကျွန်တော့်သား လက်ထက်မှာ ကျွန်တော့်လို မခံစားစေရတော့ဘူး။ တနေ့မှာ သူက ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်ခံရမှာလေ။ သူ သုညက စလုပ်စရာ မလိုတော့ဘူး။ သူ့မှာ သေချာတည်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းက
အသင့်စောင့်နေမှာလေ။
ခင်ဗျားရဲ့လက်ရှိအခြေအနေမှာဆိုရင် ခင်ဗျားကြိုးစားမှုကြောင့် ရရှိထားတဲ့စီးပွားရေးအကျိုးအမြတ် အသီးအပွင့်တွေက ခင်ဗျား အလုပ်ရှင်သူဌေးရဲ့ ကလေးတွေအတွက်ပဲဖြစ်သွားမယ်။ ခင်ဗျားကလေးတွေအတွက်တော့ မဟုတ်ဘူးလေ။
ခင်ဗျားရဲ့သား သို့မဟုတ် သမီးကို ခင်ဗျားလက်ရှိရနေတဲ့ မန်နေဂျာရာထူးနေရာကို တန်းပေးလို့မရဘူး။ သူတို့က သုညက ပြန်စရမှာဗျ။ ခင်ဗျားလွန်ခဲ့တဲ့ ဆယ်စုနှစ်က ကြိုးစားရုန်းကန် ခံစားခဲ့ရသလိုမျိုး ခင်ဗျားကလေးတွေပြန်ခံစား ကြိုးစားရုန်းကန်ရလိမ့်မယ်။

ကျွန်တော့်သားကတော့ ကျွန်တော့်ရဲ့လက်ရှိရောက်နေတဲ့ စီးပွားရေးအခြေအနေကနေ အဆင်သင့်ဝင်ပြီး လုပ်ငန်းကို ဆက်လက်ချဲ့ထွင်နိုင်လိမ့်မယ်။ ခင်ဗျားရဲ့ကလေး မန်နေဂျာဖြစ်လာမဲ့အချိန်မှာ ကျွန်တော့်ရဲ့သားအခြေအနေက အများကြီး မြင့်မားနေလိမ့်မယ်
ကဲ ပြောပါဦးဗျာ ဘယ်သူက အချိန်နဲ့ ပင်ကို အရည်
အသွေးတွေ ဖြုန်းတီးပစ်နေတယ်ဆိုတာ။"

မန်နေဂျာကြီး စကားတစ်ခွန်းမှပြန်မပြောနိုင်တော့ပဲ ပလာတာဖိုး ၅၀-ရူပီးပေးပြီး ထွက်သွားပါတော့တယ်

Credit မူရင်းရေးသားသူ

Address

Mandalay

Telephone

+95941844749

Website

Alerts

Be the first to know and let us send you an email when PSA Online shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share