TUN Online Shop

TUN Online Shop Online shopping & China Direct Supplier

Donghua Anime Phone Cover အလန်းလေးတွေ 🤩 ကြိုက်နှစ်သက်တယ်ဆိုရင် Order တင်မှာလို့ရတယ်နော် ကြာချိန် - တရုတ်ဂိုဒေါင်ရောက်ပြီ...
30/07/2022

Donghua Anime Phone Cover အလန်းလေးတွေ 🤩

ကြိုက်နှစ်သက်တယ်ဆိုရင် Order တင်မှာလို့ရတယ်နော်

ကြာချိန် - တရုတ်ဂိုဒေါင်ရောက်ပြီး ပုံမှန် 2/3ပတ်ကြားပါ

အသေးစိတ်ကိုသိလိုသော် CB ကနေတဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ



#斗罗大陆动画

 #သီတင်းကျွတ်လပြည့်နေ့           သီတင်းကျွတ်လပြည့်နေ့ •••သည်  ဗုဒ္ဓဝါဒီတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ ဖြစ်သည် ။  ကဆု...
20/10/2021

#သီတင်းကျွတ်လပြည့်နေ့


သီတင်းကျွတ်လပြည့်နေ့ •••သည်
ဗုဒ္ဓဝါဒီတို့အတွက်
နေ့ထူးနေ့မြတ်ကြီး တစ်နေ့ ဖြစ်သည် ။
ကဆုန်လပြည့် ဗုဒ္ဓနေ့၊
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
တို့ကဲ့သို့ပင်

သီတင်းကျွတ် လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင်
တာဝတိံသာ နတ်ပြည်မှ

သင်္ကဿနဂိုရ် ပြည်သို့ ကြွမြန်း ဆင်းသက်တော်မူလာသည့် နေ့ ဖြစ်သဖြင့်

ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။
မြတ်စွာဘုရားသခင် ဆင်းသက်ကြွမြန်း လာသည်ကို ရည်၍ ဘုရားရှင်အား ပူဇော်သည့် အနေဖြင့်
ထိုနေ့တွင် မီးများထွန်းကာ မြင်းမိုရ်ပွဲ ဆင်ယင် ကျင်းပ ခဲ့ကြသည်။

➖ ➖ ➖ ➖

#အဘိဓမ္မာပူဇော်ပွဲ

မြတ်စွာဘုရားရှင်သည်
တာဝတိံသာ နတ်ပြည်၌
မယ်တော်ဖြစ်ဘူးသော
သန္တုဿီတာ နတ်သား ကို အကြောင်းပြု၍

“ကုသလာဓမ်မာ၊ အကုသလာဓမ်မာ ၊
အဗျာကတာဓမ္မာ” အစရှိသည်ဖြင့် အဘိဓမ္မာ ခုနစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်

လပြည့်နေ့တွင် တာဝတိံသာ ၌ ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျက် ထိုနေ့ကို
အဘိဓမ္မာနေ့ ဟူ၍ သမုတ်ကာ
အဘိဓမ္မာပူဇော်ပွဲ ကျင်းပကြလေသည်။

➖ ➖ ➖ ➖

#ဘုရားဆုပန်နေ့

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို
ဘုရားဆုပန်နေ့.ဟု
ခေါ်နိုင်လေသည်။
အဘယ်ကြောင့် ဆိုသော်

မြတ်စွာဘုရားသည်
တာဝတိံသာမှ ဆင်းသက်လာသောအခါ
ကိုယ်တော်တိုင်
ပတ္တ​မြားစောင်းတန်း ဖြင့် ဆင်း၍

လက်ျာဖက် ရွှေစောင်းတန်းဖြင့်
နတ်တို့ ခြံရံလိုက်ပါကာ
လက်ဝဲဖက် ငွေစောင်းတန်းဖြင့်
ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာလေသည်။

ထိုသို့ နတ် ဗြဟ္မာမင်းတို့
ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူ လာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကို
ဖူးမြင်ကြရသောအခါ

( ၃၆ ) ယူဇနာ အတွင်း၌ ရှိသော
ပရိသတ် အားလုံးပင် ဘုရားဆုကို တောင်းကြသည် ။
တစ်ယောက်သောသူမျှ ဘုရားဆုကို
မတောင်းသူဟူ၍ မရှိချေ ။
ဤသည်ကို ရည်၍
ဘုရားဆုပန်နေ့ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည် ။

➖ ➖ ➖ ➖ ➖

#ဥပုသ်သီတင်းဆောက်တည်ကြခြင်း

မြတ်စွာဘုရား
သက်ဆင်းတော်မူသည်ကို ဖူးမျှော်ရန် စောင့်နေကြသော လူ အပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမေဂ္ဂလာန်က ဘုရားရှင်အား
မည်သည့်အခါ မည်သည့်အချိန်၍ လူ့ပြည်သို့ သက်ဆင်းမည်ကို လျှောက်ထားသောအခါ ဘုရားရှင်က ငါ ဘုရားကို ဖူးမျှော်လိုသူတို့သည့်
ရွာဦးကျောင်းသို့ ဥပုပ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍
ထိုနေ့ ထိုရက်၌ ဥပုသ်သီတင်း ဆောက်တည်ကြခြင်း ဖြစ်သည် ။

➖ ➖ ➖ ➖ ➖

လူ နတ် ဗြဟ္မာ ငရဲသား အားလုံး
တစ်ဦးကို တစ်ဦး မြင်တွေ့ခြင်း
🔹 🔸 🔹 🔸 🔹 🔸
မြတ်စွာဘုရားသခင်သည်
လူ့ပြည်သို့ မဆင်းမီ တာဝတိံသာ နတ်ပြည်၌ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသည်။

မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင် ဖြစ်သွား လေသည်။ ရှင်တော်ဘုရား၏

လောကဝိဝရဏ တန်ခိုးတော်အားဖြင့် လူ နတ် ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကို တစ်ဦး ထင်ရှားစွာ မြင်တွေ့ရလေသည်။

➖ ➖ ➖ ➖

အချုပ်အချယ်တို့မှ
လွတ်ကျွတ်စေသောနေ့
🔹 🔸 🔹 🔸

သီတင်းကျွတ်လပြည့်နေ့သည်
ဝါတွင်းသုံးလ၏
နောက်ဆုံးနေ့ဖြစ်သဖြင့်
ဝါဆိုတော်မူကြကုန်သော
သံဃာတော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်
သွားလာသီတင်းသုံး နိုင်သည့် အခွင့်အရေးကို ရရှိကြလေသည်။
ဤနေ့အထိ ဝါဆိုကြသည့်
သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြသည်။
လောကီတို့၏ ထုံးစံအရလည်း
အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှ လွတ်ကျွတ်စေသောနေ့ ဟုဆိုရပေသည်။

➖ ➖ ➖ ➖ ➖

အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည်---

🔹 ရဟန်းတော်များ ဝါဆိုမှထသောနေ့ ၊

🔸 ပဝါရဏာပြုကြသောနေ့၊

-မြတ်စွာဘုရားရှင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး
ဟောကြားတော်မူသည်မှာ
အောင်မြင်စွာ ပြီးဆုံးသောနေ့ ( ဝါ ) အဘိဓမ္မာအခါတော်နေ့ ၊

-နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည် သို့ ဆင်းသက်တော်မူသောနေ့၊

-ဗြဟ္မာ နတ် လူ သုံးဘုံ သူတို့ မြတ်စွာဘုရားအား အတူတကွ ကြည်ဖြူကော်ရော် ပူဇော်ကြသောနေ့ ၊

-လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှန်းလုံး
တိုးယိုပေါက်မြင်ကြသောနေ့

စသောဂုဏ်ထူး ဝိသေသ အထူးထူး နှင့် ပြည့်စုံသောနေ့ ဖြစ်သည် ။

➖ 🔹 ➖ ♦️ ➖ 🔸 ➖

(မြန်မာ့စွယ်စုံကျမ်းမှကူးယူဖော်ပြသည်။)
Crd-Khin Htun

ကဲ စတင်ပြန်ပီး  OS လူပ်ပီနော် ဘော်ဒါတို့ 😍👉 သွားသွားလာလာ ပစ္စည်းတွေတခါတည်း အလွယ်တကူယူသွားနိုင်ဖို့ စတိုင်လဲကျမယ် ဒီဇိုင်...
03/07/2020

ကဲ စတင်ပြန်ပီး OS လူပ်ပီနော် ဘော်ဒါတို့ 😍

👉 သွားသွားလာလာ ပစ္စည်းတွေတခါတည်း အလွယ်တကူယူသွားနိုင်ဖို့ စတိုင်လဲကျမယ် ဒီဇိုင်းလဲလန်းတဲ့ ဘေး စလွယ် အိတ်လေးတွေ ပြပေးမှာပဲ ဖြစ်ပါတယ်

ပုံစံဒီဇိုင်းကတော့ အောက်မှာ 👇 ပြပေးထားပါတယ်

အကြီး - ၂၅၀၀၀
အသေး - ၂၃၀၀၀

👉 မန်းလေး အိမ်တိုင်ရာရောက် ရပါမယ် ! ကျန်မြို့များကို သက်ဆိုင်ရာ ကားဂိတ်များနှင့် ပို့ပေးမှာပဲ ဖြစ်ပါတယ် !

👉 အော်ဒါတင် စနစ်ဖြစ်ပါတယ်

👉 ကြာချိန် ၃ ပတ် မှ ၄ ပတ်ပါ (လမ်းခရီး ခြေနေအရပါ )

👉 ကြိုက်နှစ်သက် ဆိုရင်ဖြင့် ပစ္စည်းတန်ဖိုး ၃၀% ပေးချေရပါမယ် , ကျန်ငွေကို ပစ္စည်းရောက်မှ ထပ်လွဲပေးရပါမယ်

👉 ယုံကြည် အားပေးမှု အတွက် ကျေးဇူးတင်ပါတယ် 🤝

စိတ်ဝင်စားရင်ဖြင့် CB တွင် မေးမြန်းစုံစမ်းနိုင်ပါတယ်

24/03/2020

" ကိုရိုနာဗိုင်းရပ် 🦠🦠🦠 ကူးစက်ခံရရင် …
ရက်စွဲအလိုက် ဒီလိုတွေခံစားရလိမ့်မယ် "

( ဒေါက်တာဇင်မင်းထွန်း ) ရေးသားသည် ။

👉( 1 - 3 ) ရက်
ရိုးရိုးတုပ်ကွေး အဖျားနဲ့တူတယ် ။
အဖျားငွေ့ငွေ့လေးရှိမယ် ။
ခေါင်းနည်းနည်းကိုက်မယ် ။
လည်ချောင်းနာမယ် ။
အစားအသောက်မပျက်ဘူး ။
စားနိုင်သောက်နိုင်တယ် ။

👉( 4 ) ရက်‌မြောက်နေ့
အဖျားငွေ့ငွေ့လေးပဲ ရှိနေဦးမယ် ။
လည်ချောင်းနည်းနည်းပိုနာလာမယ် ။
အစားအသောက်ပျက်လာမယ် ။
ခေါင်းတွေကိုက်လာမယ် ။
ဝမ်းလျှောတာတွေ ဖြစ်လာတတ်ပါတယ် ။

👉 ( 5 ) ရက်မြောက်နေ့
လည်ပင်းတွေ အရမ်းနာလာမယ် ။
အစားအသောက်စားရင်တောင် လည်ပင်းနာလာမယ် ။
ရေသောက်ရင်တောင် လည်ပင်း နာလာမယ် ။
စကားပြောရင်လည်း လည်ပင်းတွေ နာလာမယ် ။
ခြေထောက်တွေပိုပြီး ကိုက်ခဲလာတယ် ။
လူ က ညောင်းပြီးတော့ အားနည်းလာမယ် ။

👉 ( 6 ) ရက်မြောက်နေ့
အဖျားက ငွေ့ငွေ့လေးပဲရှိနေဦးမယ် ။
လည်ချောင်းတွေ အရမ်းနာလာပြီး ချောင်း‌ခြောက်တွေ ဆိုးလာမယ် ။
အသက်ရှူရတာခက်ခဲပြီး မောလာမယ် ။
ခြေလက်တွေ ပိုပြီး ကိုက်ခဲလာမယ် ။

👉 ( 7 ) ရက်မြောက်နေ့
အဖျားက 100 ကျော်လာမယ် ။
ချောင်းတွေ အရမ်းဆိုးလာမယ် ။
သလိပ်တွေ ထွက်လာမယ် ။

👉 ( 8 ) ရက်မြောက်နေ့
လူက လုံးဝ အားမရှိတော့သလိုဖြစ်ပြီးတော့ အရမ်းနုံးလာမယ် ။
အရမ်းမောလာမယ် ။
ရင်ဘတ်တွေ အရမ်းအောင့်လာမယ် ။
ခံစားရတဲ့ဝေဒနာတွေ ပိုဆိုးလာမယ် ။
ခြေဆစ်လက်ဆစ်တွေ အရမ်းကိုက်ပြီး လည်ပင်းကလည်း အရမ်းနာလာမယ်

🚑🚑🚑

အရေးပေါ် အခြေအနေမှာတော့
******************************
- ရင်ဘတ်တွေ အရမ်းအောင့်ပြီး မောလာမယ် ။
- မျက်နာတွေ ပြာလာမယ် ။
- မျက်လုံးတွေပြာလာမယ် ။
ဒါဆိုရင်တော့ ဆေးရုံအရေးပေါ် သွားဖို့ လိုပါပြီ ။

အတိုချုပ် ပြောရရင်………

လူ တစ်ယောက် ဟာ
ဖျားမယ် / ချောင်းဆိုးမယ် / မောလာမယ် ဆိုရင်တော့
မဖြစ်မနေ ဆရာဝန်ပြဖို့ လိုပါတယ်

👉 80% က သူ့ကိုယ်ခံအားစနစ်နဲ့ ခုခံပျောက်ကင်းပြီးတော့
👉 20% က ရောဂါ ပြင်းထန်တတ်ကြပါတယ်

[ ဒေါက်တာ ဇင်မင်းထွန်း ]
ကိုးကား-----

" စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် "

( မူရင်းက video ဖိုင်ပါ
လိုင်းမကောင်းလို့ ကြည့်မရတဲ့ သူငယ်ချင်းတွေ အတွက်
ဒေါက်တာ ပြောတာတွေကို စာရွက်နဲ့ချရေးပြီး ပြန်တင်ပေးတာပါ )

မြန်မာပြည်ကြီး
ဘေးမသန်းပဲ အေးချမ်းပါစေ 🙏🙏🙏

02/02/2020

ယခုရက်ပိုင်း တရုတ်ပြည်လမ်းကြောင်း ကိုရိုနာ ဗိုင်းရပ်စ် ခြေနေကြောင့် ပစ္စည်းအသွားလာ ဆင်မပြေတာမို့ ခေတ္တရပ်နားထားပါတယ်

17/01/2020
👉 Erke Shoes လေး လာပီနော် 😬👉 Size  - 41 မှ 44 👉 စျေးနှုန်း - 32000 kyats 👉 ကြိုက်နှစ်သက် မှာယူမယ် ဆိုရင်ဖြင့် ပစ္စည်းတန်...
10/01/2020

👉 Erke Shoes လေး လာပီနော် 😬

👉 Size - 41 မှ 44

👉 စျေးနှုန်း - 32000 kyats

👉 ကြိုက်နှစ်သက် မှာယူမယ် ဆိုရင်ဖြင့် ပစ္စည်းတန်ဖိုးရဲ့ ၄၀% အရင်ပေးချေပီး အော်ဒါတင်ယူနိုင်ပါတယ်ဗျ ။

ကျန်ငွေ ၆၀% ကို ပစ္စည်းရောက်ငွေချေ ရပါတယ်ဗျ ။

အမြို့မြို့ အနယ်နယ်ကို လဲ ပို့ဆောင်ပေးပါတယ် !!!

👉 ကြာချိန် အနေဖြင့် - တစ်ပတ်အတွင်းပါ ။

👉 ကြိုက်နှစ်သက် စိတ်ဝင်စားရင်ဖြင့် ဖုန်း သို့မဟုတ် ပုံကို Save ပီး မက်ဆေ့မှတဆင့် မေးမြန်းဆက်သွယ်နိုင်ပါတယ် ။

👉 ☎️ ဖုန်းနံပါတ် - 09975801999

✴ လူလူချင်းတူပေမဲ့ တန်ဖိုးချင်းမတူဘူး*✴ လူလူချင်းတူပေမဲ့ စိတ်ထားချင်းမတူဘူး✴ လူလူချင်းတူပေမဲ့ ဘဝချင်းမတူဘူး✴ ဒါကိုမှ အရာ...
28/12/2019

✴ လူလူချင်းတူပေမဲ့ တန်ဖိုးချင်းမတူဘူး*

✴ လူလူချင်းတူပေမဲ့ စိတ်ထားချင်းမတူဘူး

✴ လူလူချင်းတူပေမဲ့ ဘဝချင်းမတူဘူး

✴ ဒါကိုမှ အရာရာနဲ့နှိုင်းလို့

✴ လူတကာနဲ့နှိုင်းပြီး

✴ ကိုယ်ကနိမ့်ကျတယ်ဆိုပြီးအားမငယ်နဲ့

✴ ဓားဆိုတာ သွေးလေထက်လေပါပဲ

✴ ဘဝဆိုတာလဲ ဖိအားများလေ

✴ ပိုအောင်မြင်လေပဲမို့ ကျရှုံးတဲ့အခါတိုင်း

✴ စိတ်မပျက်နဲ့ ဆယ်ခါလဲရင်

✴ ဆယ်ခါပြန်ထ ကိုယ့်ခွန်အားနဲ့

✴ အောင်မြင်တဲ့တစ်နေ့ ကျရှုံးခြင်း

✴ သိမ်ငယ်ခြင်း၊စိတ်ဓာတ်ကျခြင်းတွေက
ဘဝတက်လမ်းတွေအတွက်တော့

✴ အကောင်းဆုံးဖိအားဆိုတာ သင်သိလာလိမ့်မယ်။

✴ ဘယ်လိုဘဝပဲဖြစ်နေပါစေ
မနက်ဖြန်ရှိနေသရွေ့တော့
သင့်မှာကြိုးစားခွင့်တွေရှိနေပါသေးတယ်
အားမယ်ပါနဲ့။

လေးစားလျက်♥♥♥
MayHsu-ရာမညမြေ
Credit.

အရုပ်များကို KG ဖြင့်ရောင်းပါတယ် တစ်ဖာကို 20 KG ပါသည် ။ Mix Toys ( ကဒ်ကြီး ကဒ်သေး ရောနေပါမယ် ) သီးသန့် ခွဲ ၊ တစ်ခု , နှစ...
27/12/2019

အရုပ်များကို KG ဖြင့်ရောင်းပါတယ်

တစ်ဖာကို 20 KG ပါသည် ။

Mix Toys ( ကဒ်ကြီး ကဒ်သေး ရောနေပါမယ် )

သီးသန့် ခွဲ ၊ တစ်ခု , နှစ်ခု , ဆယ်ခု ခွဲမရောင်းပါ ။

ကြိုက်နှစ်သက် စိတ်ဝင်စားတယ်ဆိုရင် အသေးစ်ိတ်ကို ဖုန်း သို့မဟုတ် CB တွင်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။

ဖုန်း - 09975801999

Address

၅၅/၅၆ ကြား ရွာလယ်လမ်း ၉/၄
Mandalay

Telephone

+959975801999

Website

Alerts

Be the first to know and let us send you an email when TUN Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TUN Online Shop:

Share