NTH Vintage shop

NTH Vintage shop ��မင်္ဂလာပါ �
� second quality သန့်သန့်လေးတွေ?

Blazer များဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ
30/11/2025

Blazer များဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ

30/11/2025
🤗Please!🧥 Man Blazer 🧥🇯🇵 Japan quality💯👍Good condition 💵 Fair price 💵Detail 🖼️⬇️🤗 Welcome to Cb🤗📞09970535164 / 096780551...
17/03/2025

🤗Please!
🧥 Man Blazer 🧥
🇯🇵 Japan quality
💯👍Good condition
💵 Fair price 💵
Detail 🖼️⬇️
🤗 Welcome to Cb🤗
📞09970535164 / 09678055196
📝COD မရသေးပါခင်ဗျာ
🤗စနေနေ့တိုင်း Deli အပ်မည်ဖြစ်ပါတယ်ခင်ဗျာ🙏

💥 NTH မှ Polo shirt အလန်းလေးတွေတင်ပေးသွားမှာပါ😊 like👍 & Follow လေးလုပ်ပေးထားပါဦးနော်🙏Design🌟 အလန်းလေးတွေ မိုက်ချက်👍👍👍
23/08/2021

💥 NTH မှ Polo shirt အလန်းလေးတွေတင်ပေးသွားမှာပါ😊 like👍 & Follow လေးလုပ်ပေးထားပါဦးနော်🙏

Design🌟 အလန်းလေးတွေ မိုက်ချက်👍👍👍

21/08/2021
Thrift huntingလုပ်ဖူးလား? ဘယ်လိုမျိုးလဲဆိုတော့ဘေထုပ်ကို ဝါသနာပါလို့ကိုတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ရှာဝယ်တာမျိုးပေါ့။ “အဝ...
08/08/2021

Thrift huntingလုပ်ဖူးလား?

ဘယ်လိုမျိုးလဲဆိုတော့ဘေထုပ်ကို ဝါသနာပါလို့ကိုတစ်ဆိုင်ဝင်
တစ်ဆိုင်ထွက်လိုက်ရှာဝယ်တာမျိုးပေါ့။ “အဝတ်အစားဝယ်တာပဲဘာဝါသနာလိုသေးလို့လဲ”ဆိုတော့pre-owned ထဲမှာ
ကိုယ်မြင်တတ်ရင်မြင်တတ်သလိုအသစ်နီးပါးအကောင်းစားတွေရနိုင်မှာမို့ပါ။ ဘေထုပ်စျေးရုံကြီးထဲမှာtee,Jean,အိတ်တွေ ဂျက်ကတ်တွေ hoodieတွေအစုံရှိမယ်
ပျော်သလောက်ပတ်ပြီးလိုချင်သလောက်ဝယ်ရင်တောင်
သောင်းဂဏန်းနဲ့တင် အထည်အရေအတွက်ဆယ်ဂဏန်းလောက်ရတယ်။ အဲ့ဒါတစ်ခုနဲ့တင်ပျော်ဖို့ကောင်းနေပြီ။

ဒါပေမဲ့ဘေထုပ်စျေးရုံကြီးတွေက February
လ အာဏာသိမ်းပြီးကတည်းကသူတို့နည်းသူတို့ဟန်နဲ့CDMလုပ်ကြပုံပေါ်တယ်။
ခုထိတစ်ဆိုင်မှအဲ့ဒီစျေးရုံတွေမှာပြန်မဖွင့်ဘူးဗျာ🤍
အဲ့ဒီတော့စျေးရုံကြီးတွေထဲကဘေထုပ်သည်ကြီးတွေအခုဘယ်လိုရောင်းနေကြလဲဆိုတော့လမ်းဘေးတွေမှာ tentတွေနဲ့
ရောင်းတယ် သူတို့အိမ်တွေမှာရောင်းတယ် အတည်တကျနေရာ
မရှိတဲ့စျေးသည်တွေကမနက်ခင်းစျေးတွေမှာရောင်းတယ်။

Admin ကတော့ Personal ပြောရရင်China boycottတာကိုတတ်နိုင်တာအကုန်လုပ်တာပါ။ အဲ့ဒီမှာChina အထည်တွေအစား
ဘာတွေအစားထိုးပြီးဝတ်ကြမလဲ? ဘန်ကောက်
ကိုရီးယားကပထမဆုံးပေါ်လာတဲ့ရွေးစရာတွေပေါ့။ ဒါပေမဲ့ထသွားထလာ
အိမ်နေရင်းဝတ်အတွက်သောင်းဂဏန်းလောက်သုံးဖို့အဆင်မပြေတော့တဲ့အခါthriftကိုရွေးချယ်စရာအနေနဲ့ထားပြီးကိုယ့်
Local marketတွေထဲကစျေးသည်ကြီးတွေဆီအားပေးဖို့တိုက်တွန်းပါတယ်။ ဝန်ခံရမှာကတော့Chinaအထည်တွေဟာ
ဝတ်ပျော်တယ် ပေးရတာနဲ့တန်တယ် trendyဖြစ်တယ်။
ဒါပေမဲ့thriftတွေဟာလည်းtrendကိုမမီတာက
လွဲရင်ကျန်တာအရည်အသွေးမီပါတယ်။

အိုကေ အဲ့ဒီတော့ thrift huntingလုပ်ကြမယ်!

1️⃣ ကိုယ့်အတိုင်းအထွာနဲ့ကိုယ့်အကြိုက်ကိုသိပါစေ
Thriftထည်တွေကိုဝတ်ကြည့်ဖို့ကအဆင်မပြေပါဘူး
hygieneအရလဲလုံးဝမလုပ်သင့်တာပါ။ သေချာပိုးသတ် လျှော်ပြီးမှဝတ်ပါနော။ အဲ့ဒီတော့ကိုယ့်ခန္ဓာကိုယ်အတိုင်းအထွာ
နဲ့ရွေးပါ ဘေထုပ်ဆိုတာက ဆင်တူတွေမပါတတ်ဘူး
တစ်ထည် တစ်မျိုးပဲမို့ကြိုက်တာတွေ့ရင်တခါတည်းတန်းသာယူခဲ့ တွေ့တုန်းစုထားရတာ လိုချင်မှပြေးရှာရင်မတွေ့တတ်ဘူးလေ ဟုတ်တယ်မလား...

2️⃣keep in touchဖြစ်ပစေ!
ဘယ်သူတွေနဲ့keep in touchရမလဲဆိုဘေထုပ်သည်ကြီးတွေနဲ့။
ကိုယ်နဲ့ကီးကိုက် ပြောရဆိုရဝယ်ရတာအဆင်ပြေရင် အဲ့ဒီဆိုင်ရှင်ရဲ့phoneနံပါတ်ဖြစ်ဖြစ်တောင်းခဲ့ပါ။ သူတို့ကဘယ်တော့မှတမျိုးထဲမရောင်းဘူး။ ဒီတစ်လမှာJeanဆို နောက်တစ်လ
မှာTshirt အဲ့ဒီလိုရောင်းလေ့ရှိတယ်။ တခါတလေ အိတ်,အရုပ်တွေရောင်းတယ်။ သူများမရွေးရသေးတဲ့အသစ်တွေ
ကိုယ်ကြိုက်တတ်တာတွေတွေ့ရင်သူတို့ကဖုန်းနဲ့ အသိပေးတယ် ချန်ထားပေးတယ်။ မဖောက်ရသေးတဲ့အသစ်တွေချပြီးunboxingလုပ်ပေးတာမျိုးလဲရှိတယ်။ စျေးနှုန်းဆိုတာသူတို့ စေတနာရှိရင်ရှိသလိုnegotiateလုပ်လို့ရ လျှော့ပေးတတ်တာမို့ စျေးဆစ်တာမျိုးလဲမလုပ်ပါနဲ့လို့။

3️⃣ဘေထုပ်ကိုbrandနဲ့ ကိုယ့်taste (၂)ခုထဲကိုဦးတည်ရွေး!
အဲ့ဒီ(၂)ခုထဲအကြုံးမဝင်ရင်တော့ဘေထုပ်မှမဟုတ်ဘူး
ဘယ်အထည်ဖြစ်ဖြစ်စိတ်ဝင်စားဖို့မကောင်းဘူးပြောရမှာပါ။
Brandရွေးဖို့ပြောတာက သက်တောင့်သက်သာရှိလို့ အရည်အသွေးကောင်းလို့၊ကိုယ့်tasteနဲ့ကိုက်ရင်တော့brand
မဟုတ်လဲဝတ်ပျော်တာပဲ။ များသောအားဖြင့်10kမကျော်ဘူးကိုး။ အနာအဆာ(ဥပမာ -ဇစ်ပြုတ်,ကြယ်သီးပြုတ်)ဆိုရင်လဲ
အရမ်းကြိုက်ရင်ဝယ်ခဲ့ပြီးမှ စက်ချုပ်ဆိုင်မှာပြန်အပ်လို့ရတာပဲ။

4️⃣ဘေထုပ်မှာလဲsaleချတာမျိုးရှိတယ်!
ဘယ်ချိန်တွေမှာချလဲဆို သူတို့ပစ္စည်းတွေရှင်းထုတ်ချင်တဲ့အခါမျိုးပေါ့။ များသောအားဖြင့်ဘေထုပ်ရောင်းသူတွေက သူတို့
ဝယ်ပြီးသားthriftအထုပ်လိုက်ကြီးတွေကိုဂိုထောင်ငှါးပြီး
သိမ်းကြပါတယ်။ အဲ့ဒီမှာဂိုထောင်ငှါးခမတတ်နိုင်တော့တဲ့အခါမျိုးမှာအဲ့မှာသိမ်းသမျှထုတ်ရောင်းတာမျိုး... တစ်ထည်ကို၃၀၀
တစ်ထောင်ဆို ၃ထည်ယူပါဆိုပြီးရောင်းတာမျိုးတွေလဲရှိကြပါတယ်။

5️⃣Local thrift marketမှာပဲတွေ့နိုင်မှာလေးတွေရှိတယ်။
ဥပမာနွေရာသီကုန်လို့ဆောင်းဦးရောက်ပြီဆို hoodieတွေjacketတွေအတွက်ရာသီပေါ့။ ဝယ်လို့ကောင်းပြီပေါ့နော်။ ဒါပေမဲ့ကိုယ်ကနွေကုန်ခါနီးမှာကတည်းကကြို
ဝယ်ထားရင်တော့ဆောင်းတွင်းမှာဝယ်တာထက်စျေးတော်တော်
သက်သာပြီးရပါလိမ့်မယ်။ ဘေထုပ်မှာသူတို့အခေါ်အဝေါ်လေး
တွေလဲသက်သက်ရှိသေးတယ်။ ဥပမာHoodieကို “ပိုလိုဘာ”လို့မေးဝယ်မှသိကြတယ်။ “Pullover”ကိုခေါ်တာပါတဲ့😁

တစ်ခါလောက်တော့စမ်းကြည့်သင့်တဲ့thrift huntingပါပဲ။
Thriftထည်တွေမဝတ်ဖူးသေးဘူး စမ်းဝတ်ကြည့်ချင်တယ်
အပြင်မှာလဲမဝယ်ချင်သေးဘူးဆိုရင် အခုonline thrift store
လေးတွေတဖြည်းဖြည်းများလာပါပြီ။ ရောင်းတဲ့သူအများစုက
လူငယ်တွေဖြစ်တဲ့အပြင်thriftကိုတကယ်စိတ်ဝင်စားကြတာမို့
ပိုပြီးကျယ်ကျယ်ပြန့်ပြန့်တွင်ကျယ်လာဖို့များပါတယ်

Original Uploader🖤

𝐓𝐡𝐫𝐢𝐟𝐭 (ခြိုးခြံချွေတာခြင်း)❣️𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬 ဆိုတာ ပိုင်ရှင်က၀တ်ပီးသော်လည်း နောက်တစ်ဦး ၀တ်ဖို့အတွင် လုံလောက်တဲ့ quality ...
07/08/2021

𝐓𝐡𝐫𝐢𝐟𝐭 (ခြိုးခြံချွေတာခြင်း)❣️
𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬 ဆိုတာ ပိုင်ရှင်က၀တ်ပီးသော်လည်း နောက်တစ်ဦး ၀တ်ဖို့အတွင် လုံလောက်တဲ့ quality နဲ့ သက်တမ်းရှိပြီးသားပါ....

Branded တွေ ၀တ်မှSmart ကျတဲ့ ခေတ်က နောက်ကျကျန်ခဲ့ပါပီနော် အခုဆို လူငယ်တော်တော်များအနေနဲ့ ကိုယ်နဲ့ comfortable ဖြစ်ပီး ဈေးသက်သက်သာသာနဲ့ ရနိုင်တဲ့
secondhand clothes ( 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬) လို့ခေါ်တဲ့ မြန်မာ မှာဆိုရင် (ဘေထုပ်)လို့ လူသိများတဲ့ အ၀တ်အထည်တွေကို ရွေးချယ်၀တ်ဆင်နေကြပါပီ ....နိုင်ငံတကာမှာလည်း
𝐓𝐡𝐫𝐢𝐟𝐭 Store တွေ တော်တော်များများရှိတာ တွေ့နေရပါတယ် တစ်ချို့ အနောက်နိုင်ငံသားလူငယ်တွေဆိုရင် second hand clothes တွေကိုတောင်save money အနေနဲ့ ရှာဖွေ ၀တ်နေကြပါပီနော်
မြန်မာမှာ (ဘေထုပ်)၀တ်တာနဲ့ ပိုက်ဆံမတက်နိုင်လို့ ၀တ်တယ်ဆိုတဲ့ ခေတ်က ကုန်သွားပါပီနော်....
ဟုတ်ပီ ...ဒါဆို ဘာလို့ 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬(ဘေထုပ်) ကို ၀တ်ဆင်ကြသလဲ?????

✅ပိုက်ဆံ အကုန်အကျ သက်သာမယ်...
(𝐒𝐚𝐯𝐞 𝐌𝐨𝐧𝐞𝐲)
✅ဖိအားမရှိဘူး(𝐒𝐚𝐯𝐞 𝐒𝐭𝐫𝐞𝐬𝐬)

🟢ပိုက်ဆံအကုန်အကျသက်သာမယ်....

𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬ထဲမှာ ရွေးချယ်နိုင်ရင်
တကယ့် branded အ၀တ်အစားတွေပါအစ ပါပါတယ် ပုံမှန် အ၀တ်အစားစတိုး ဆိုင်တစ်ခုမှာ branded အကျီတစ်ထည်အနေနဲ့ ပေးရမဲ့ ပမာဏ ထက်အဆပေါင်းများစွာ သက်သက်သာသာနဲ့ ၀တ်ဆင်နိုင်ပါမယ် ဒါဆို သင့်ရဲ့ ပိုက်ဆံအကုန်အကျများစွာ သုံးစရာမလိုတော့ဘူးပေါ့(ရွေးတတ်ဖို့တော့ လိုတာပေါ့နော် )

🟢ဖိအားမရှိဘူး.....

အ၀တ်အစား ၀တ်ပီဆိုတာနဲ့ ကိုယ်ဈေးကြီးကြီးပေး၀ယ်ထားတဲ့အ၀တ်အစားဆိုရင် ဘာ်နေကာသွားသွား ဂရုတစိုက်တော့ရှိရတယ် အစွန်းအထင်းတွေ ပေသွားမလား /ညစ်ပတ်သွားမလားဆိုပြီးပေါ့....
ဘာလို့လဲ ကိုယ့်လုပ်အားခနဲ့ပိုက်ဆံအကုန်အကျများများပေး၀ယ်ထားရတာကို ဒါဆို ဒီ𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬တွေ၀တ်တဲ့အခါ အဲ့တာအပေါ်စိတ်မသက်ရောက်ဘူး ဈေးသက်သက်သာသာနဲ့‌ပေး၀ယ်ထားတာကြောင့်စွန်းပေသွားလည်း
လွှင့်ပစ်လို့ရတယ် /မကြိုက်တော့ဘူးလား အ၀တ်အထည်တွေ ပြန်လှူဒါန်းလို့တောင်ရပါသေးတယ် ....

Brand အစွဲမရှိပဲ ကိုယ်နဲ့ comfortable
ဖြစ်နိုင်ပီး အ၀တ်အစားတစ်မျိုးကို အချိန်အကြာကြီး ပေးမ၀တ်ချင်တဲ့ လူငယ်တွေအနေနဲ့ကတော့ 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬 တွေကတော့ ရွှေပါပဲရှင်
Thrift vibes

Address

Mandalay

Telephone

+959975992887

Website

Alerts

Be the first to know and let us send you an email when NTH Vintage shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share