EOU Foundation and Skin Perfect Products

EOU Foundation and Skin Perfect Products Your Daily Casual Clothing Center

Peace of mind 🌧
10/07/2021

Peace of mind 🌧

👯‍♀️အသက် ၁၈ မှ ၃၅ ကြား မိန်းကလေးတစ်ဦးအတွက် ခန္ဓာကိုယ်အချိူးအစားများ 🍑🍊🧜🏻‍♀️🧜🏻‍♀️ခါးဆိုဒ် ၂၀ လက်မ = ပိန်လွန်းသော ခါး၂၂ လက...
04/01/2021

👯‍♀️အသက် ၁၈ မှ ၃၅ ကြား မိန်းကလေးတစ်ဦးအတွက် ခန္ဓာကိုယ်အချိူးအစားများ 🍑🍊🧜🏻‍♀️

🧜🏻‍♀️ခါးဆိုဒ်

၂၀ လက်မ = ပိန်လွန်းသော ခါး
၂၂ လက်မ = ပိန်သော ခါး
၂၄ လက်မ = အဆီမရှိသော လှပသော ခါး
၂၆ လက်မ = အသားပြည့်သော ခါး
၂၈ လက်မ = ခါးတုတ်သည်
၃၀ လက်မ = အဆီများသော ခါး
၃၂ လက်မ = အဆီများလွန်းသော ခါး
၃၄ လက်မ = ဗိုက်ပူအဆီခေါက်များသော ခါး
၃၆ လက်မ = အ၀လွန်ရောဂါရှိနေသော ခါး

🍑တင်ပါး

၃၀ လက်မ = ပိန်လွန်းသော တင် ( ဝါးခြမ်းပြား )
၃၂ လက်မ = ပိန်သော တင် ( ဝါးခြမ်းလုံး )
၃၄ လက်မ = သာမန် တင်
၃၆ လက်မ = မိန်းမပီသသော တင်
၃၈ လက်မ = ဆွဲဆောင်မှုရှိသော တင်
၄၀ လက်မ = လှပပြီးဆွဲဆောင်မှုကောင်းလွန်းသော တင်
၄၂ လက်မ = ဝိတ်များသော ဝသော တင်
၄၄ လက်မ = ၀လွန်းသော တင်
၄၆ လက်မ = အ၀လွန်သော တင်

🍊ရင်သား ( ရင်ဘက် ဆိုသည်မှာ ဘရာစီယာ၏ ဆိုဒ်ဖြစ်ပါသည်။ နို့အုံ ဆိုသည်မှာ ရင်သား၏ ဆိုဒ်ဖြစ်ပါသည်။ )

၃၀ လက်မ A cup, B cup = ရင်ဘက်သေး၍ နို့အုံသေးလွန်းသော ရင်သား
၃၀ လက်မ C cup,D cup = ရင်ဘက်သေး၍ နို့အုံအနည်းငယ်ဖောင်းသော ရင်သား
၃၀ လက်မ E cup,F cup = ရင်ဘက်သေး၍ နို့အုံကြီးပြီး လှပသော ရင်သား
၃၂ လက်မ A cup, B cup = ရင်ဘက်သာမန်ဖြစ်၍ နို့အုံသေးသော ရင်သား
၃၂ လက်မ C cup,D cup = ရင်ဘက်သာမန်ဖြစ်၍ နို့အုံပြည့်ဖောင်းလှပသော ရင်သား
၃၂ လက်မ E cup,F cup = ရင်ဘက်သာမန်ဖြစ်၍ နို့အုံကြီးသော ရင်သား
၃၄ လက်မ A cup, B cup = ရင်ဘက်လှပ၍ နို့အုံသေးသော ရင်သား
၃၄ လက်မ C cup,D cup = ရင်ဘက်လှပ၍ နို့အုံပြည့်တင်းလှပသော ရင်သား
၃၄ လက်မ E cup,F cup = ရင်ဘက်လှပ၍ နို့အုံကြီးပြီးလှပသော ရင်သား
၃၄ လက်မ G cup,H cup = ရင်ဘက်လှပ၍ နို့အုံကြီးမားလွန်းသော ရင်သား
၃၆ လက်မ A cup, B cup = ရင်ဘက်ကျယ်၍ နို့အုံသေးလွန်းသော ရင်သား
၃၆ လက်မ C cup,D cup = ရင်ဘက်ကျယ်၍ နို့အုံပြည့်သော ရင်သား
၃၆ လက်မ E cup,F cup = ရင်ဘက်ကျယ်၍ နို့အုံကြီးပြီးလှပသော ရင်သား
၃၆ လက်မ G cup,H cup = ရင်ဘက်ကျယ်၍ နို့အုံကြီးမားလွန်းသော ရင်သား
၃၈ လက်မ A cup, B cup = ရင်ဘက်ကျယ်လွန်း၍ နို့အုံသေးလွန်းသော ရင်သား
၃၈ လက်မ C cup,D cup = ရင်ဘက်ကျယ်လွန်း၍ နို့အုံသာမန်ဖြစ်သော ရင်သား
၃၈ လက်မ E cup,F cup = ရင်ဘက်ကျယ်လွန်း၍ နို့အုံပြည့်တင်းလှပသော ရင်သား
၃၈ လက်မ G cup,H cup = ရင်ဘက်ကျယ်လွန်း၍ နို့အုံကြီးမားလှပသော ရင်သား
၄၀ လက်မ နှင့် အထက် = ရင်ဘက်ကြီးမားကျယ်ပြန့်လွန်းပါသည်။ ထို့ကြောင့် နို့အုံမည်သည့်ဆိုဒ်ဖြစ်ပါစေ မလှပါ။ အ၀လွန်သူများ နံရိုးကျယ်သူများ ကိုယ်လုံးကြီးလွန်းသူများ၏ ဆိုဒ်ဖြစ်ပါသည်။

🍑🍑🍑Sexy ကျတယ် အကိတ်ဖြစ်တယ်ဆိုတာ ဘယ်လိုဆိုဒ်တွေကို ခေါ်တာလဲ ?

အရပ် ၅ ပေ ၄ လက်မ အထက်အနည်းဆုံးရှိရမည် ၅ ပေ ၁၀ လက်မ ထက် မမြင့်ရ ။ ခါးဆိုဒ် ၂၂ လက်မ နှင့် ၂၆ လက်မ ကြားရှိရမည်။ တင်ပါးဆိုဒ် ၃၆ လက်မ နှင့် ၄၀ လက်မ ကြား ရှိရမည်။ ရင်သားဆိုဒ် ၃၂ လက်မ C cup,D cup, E cup,F cup ဒါမှ မဟုတ် ၃၄ လက်မ C cup,D cup, E cup,F cup နှင့် ၃၆ လက်မ C cup,D cup, E cup,F cup ရှိရမည်။ ကိုယ်အလေးချိန် ၁၁၀ ပေါင် ကနေ ၁၂၅ ပေါင်ချိန် အတွင်း ရှိရမည်။

ဒီလို အချိူ းအစားပိုင်ဆိုင်ထားသူများကိုသာ အကိတ်ဖြစ်သည်။ ဆက်စီဘော်ဒီပိုင်ဆိုင်သူ ဖြစ်သည်ဟု သတ်မှတ်ရပါသည်။ ဖက်တီးဖြစ်တိုင်း ပေါင်တုတ်တိုင်း တင်ပါးကြီးတိုင်း ဝနေတိုင်း ခါးတုတ်ကြီးဖြစ်နေတိုင်း အကိတ်ဖြစ်သည် ဆက်စီဘော်ဒီဖြစ်သည်ဟု မသတ်မှတ်ရပါ။

ယခု အချက်အလက်များထဲမှ အချိုးအစားများ သူ့နေရာနဲ့သူ သတ်မှတ်ချက်တွေ ပြည့်မှီမှသာ အကိတ်ဖြစ်သည်။ ဆက်စီဘော်ဒီပိုင်ဆိုင်သူဖြစ်ပါသည်။ ဆွဲဆောင်မှု ကောင်းသော ကိုယ်လုံးပိုင်ရှင်များဖြစ်ပါသည်။

‌ to original

ဗဟုသုတ ရအောင်Share ပြီးသိမ်းထားကြနော်!!!

Dream ✨✨
30/11/2020

Dream ✨✨

Six Pack ပေါ်စေဖို့ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင်လုပ်နိုင်မယ့်အလွယ်နည...
30/09/2020

Six Pack ပေါ်စေဖို့

ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင်လုပ်နိုင်မယ့်အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) လေ့ကျင့်ခန်းလုပ်ပါ...

လေ့ကျင့်ခန်းအားလုံးဟာကိုယ်အလေးချိန် လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင် စွမ်းအားမြင့် လေ့ကျင့်ခန်းကိုလုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီးအုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကိုလုပ်ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေကသာ ဝမ်းဗိုက်အဆီ လျော့ကျမှုရှိခဲ့တာကို တွေ့ရပါတယ်။ စွမ်းအားမြှင့် လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။

(၂) အဆီအစိမ့်ရှောင်ပါ

ပြုပြင်ထားသောအစားအစာများ အသင့်စားအစားအစာများနှင့်ကယ်လိုရီအများအပြားပါဝင်သည့်အစားအစာများကိုရှောင်ပါ။ဆီ​ကြော်မုန့်များလည်းရှောင်ကြဉ်ပါ။

(၃) ညနေခင်းတွင်အလင်းရောင်ကို လျှော့ချပါ..
စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှုရှိတာက ဝမ်းဗိုက်အဆီတိုးတာနဲ့ဆက်စပ်မှုရှိပါတယ်။ညဘက်မှာ ကော်တီဆော ဟော်မုန်းအဆင့် လျော့ကျအောင် အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အနားယူပေးဖို့ လိုပါတယ်။ ကွန်ပျူတာကို ညဥ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင်သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။

(၄) စောစော အိပ်ရာဝင်ပါ...
တစ်ညမှာ ၅-၆ နာရီခန့်ပဲ အိပ်တဲ့သူတွေက တစ်ညမှာ ၇-၈ နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာတစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိရပါတယ်။ “အိပ်ရေးပျက်တာကဆာလောင်မှု တိုးစေတဲ့ Ghrelin ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကိုဟန့်တားပေးတဲ့Leptin ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ်” လို့ အိပ်စက်မှုဆိုင်ရာ ပညာရှင် ဒေါက်တာ စတန်လေက ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်တဲ့အခါ သကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်အစာကို များများ စားမိတာကြောင့် ဗိုက်ပူလာရတာဖြစ်ပါတယ်။

(၅) ရှလကာရည် သောက်ပါ...

တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းသောက်တဲ့ အဝလွန်သူတွေက အချဉ်ရှောင်တဲ့ တခြားသူတွေထက်ဗိုက်ပူတာ ငါးရာခိုင်နှုန်း လျော့ကျမှုရှိစေတယ်လို့ဂျပန်သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ရှလကာရည်မှာ အဓိက ပါဝင်တဲ့ Acetic Acid ဟာ ခန္ဓာကိုယ်အဆီတွေလောင်ကျွမ်းအောင်လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အစာမစားခင်မှာ ရေနွေးတစ်ဖန်ခွက်ထဲကို ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။

(၆) ဒိန်ချဉ်စားပါ...

နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာဒိန်ချဉ်မှ ကယ်လ်စီယမ် ၁၁၀၀ မီလီဂရမ်လောက် ရနေရင် ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်း လျော့ကျမှုရှိတာကိုတင်နက်ဆီးတက္ကသိုလ်မှ လေ့လာ တွေ့ရှိရပါတယ်။ ကယ်လ်စီယမ်ဟာ အဆီကို လောင်ကျွမ်းစေလို့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။တခြားအစာတွေအနေနဲ့အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို) နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး) စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။

(၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ...

စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတာနဲ့ အကြီးအကျယ် ဆက်စပ်မှုရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာလို့ပါ။ ကော်တီဆော အထွက်များတာက အင်ဆူလင် ထွက်နှုန်းတိုးစေပြီး အဆီတွေ စုနေစေပါတယ်။

(၈) ဗီတာမင်ဒီကို ရယူပါ...

နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီတာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ဗီတာမင်ဒီမလုံလောက်တာကြောင့်အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။

(၉) ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ..
ဆေးလိပ်သောက်တာဟာ ဗိုက်ပူစေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေတာကြောင့်ဗိုက်ပူတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။

ကိတ်ချင်သူများ 🌚❤
29/09/2020

ကိတ်ချင်သူများ 🌚❤

 #ရေဖြင့်ဝိတ်ချနည်းခါး‌‌သေးပြီးတင်ထွက်မဲ့နည်း‌တွေပါပဲရှင်😚 ( နည်း‌တွေကအရမ်းလွယ်တာမို့လို့ လိုက်လုပ်စေချင်ပါတယ် လှတော့လှခ...
10/09/2020

#ရေဖြင့်ဝိတ်ချနည်းခါး‌‌သေးပြီးတင်ထွက်မဲ့နည်း‌တွေပါပဲရှင်😚 ( နည်း‌တွေကအရမ်းလွယ်တာမို့လို့ လိုက်လုပ်စေချင်ပါတယ် လှတော့လှချင်ပြီး ‌လေ့ကျင့်ခန်း‌မလုပ်ချင်လို့တော့မရဘူး‌‌လေနော်😒)
အရင်ဆုံး ညီမတစ်နေ့တာလုပ်တဲ့ ပုံစံအလေ့အထလေး‌ရေး‌ပေးပါမယ်နော်။ ညီမမနက်ကို 6ခွဲ 7နာရီဆိုထပါတယ် ( ဝိတ်ချတဲ့လူတွေ အဲ့အချိန်ဆိုထရပါမယ်) နိုးတာနဲ့မျက်နှာသစ်၊ အပြင်မထွက်ဘူးဆို Skincare တန်းလိမ်းပါတယ်။ ပြီးတာနဲ့ခါး‌သေး‌လေ့ကျင့်ခန်းစလုပ်ပါတယ်။ ‌‌လေ့ကျင့်ခန်းလုပ်ပုံကတော့ မတ်တပ်ရပ်ပါ ပုခုံးအကျယ်လောက် ‌ခြေထောက်ကို ကျယ်ထားပါ။ မတ်မတ်ရပ်ပါ။ လက်ကိုတံ‌‌တောင်ဆစ်ကနေ ပုခုံးနဲ့တစ်တန်းတည်း‌ကွေးပြီး လက်ဝါးကိုရင်ဘက်နားမှာထားပါ။ (ငယ်ငယ်က ကြက်ပျံငှက်ပျံဆော့သလိုပါ မျက်လုံးထဲမမြင်မှာစိုးလို့😁) အနေအထားပြီးရင် လူကတည့်တည့်ကနေ ဘယ်ဘက်လှည့် ပြီးရင်ညာဘက်လှည့်ပါ ( ဒီနေရာမှာ အရမ်းအ‌‌ရေးကြီးပါတယ် လှည့်ရင် ခန္ဓာကိုယ်အောက်ပိုင်းနဲ့ လည်ပင်းအထက်ပိုင်းလုံးဝ လိုက်မလှည့်ပါနဲ့) လက်နဲ့ခါးကိုပဲလှည့်ပါ။ ‌ဖြေး‌ဖြေး‌လေးလဲမလှည့်ပါနဲ့ မြန်မြန်လဲမလှည့်ပါနဲ့ ပုံမှန်ထက်နဲနဲပြင်းပြင်း‌‌‌‌လေးလှည့်ပါ (ဒါမှခါးကိုထိမှာမို့ပါ)
❌Warning🚫 အစားစားပြီး 3နာရီကနေ5နာရီထိ ဒီလေ့ကျင့်ခန်းကိုလုံးဝမလုပ်ပါနဲ့ ‌ရေသောက်ပြီးခါစတွေမှာလဲမလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ညီမလို မနက်နိုးတာနဲ့တန်းလုပ်စေချင်ပါတယ်။ ညီမကဟိုဘက်ဒီဘက်ကိုမှတစ်ကြိမ်လို့မှတ်ပြီး အခါ50လုပ်ပါတယ်။ စလုပ်မဲ့အစ်မတွေညီမလေး‌‌တွေက 25ခါ‌လောက်ပဲလုပ်စေချင်ပါတယ်။ ဘာ side effect မှ မရှိပါဘူး ညီမလုပ်တာ 2နှစ်ဝန်းကျင်ရှိနေပါပြီ။ (ဒီလေ့ကျင့်ခန်း‌ကို တစ်လနှစ်လလောက်မလုပ်ဘဲတစ်ခါထားကြည့်ဖူးပါတယ် ခါးဆိုဒ် ၁လက်မလောက်ပြန်ကြီးလာပါတယ်)

#တင်ထွက်နည်းနဲ့တင်ဘေးကားနည်း

တင်ထွက်နည်းကလဲ အရမ်းရိုးပါတယ် ထိုင်ထပဲလုပ်ပါတယ်(တခြား workout‌တွေလုပ်ဖူးပါတယ် ထိုင်ထလောက်ကိုမထိရောက်ပါဘူး လူပင်ပန်းတာပဲရှိပါတယ်)ထိုင်ထကနည်းမမှန်ရင် တင်မထွက်ဘဲပေါင်ကြီးလာတတ်ပါတယ် သတိထားပါ။ ထိုင်ပြီးပြန်ထရင်တင်ကိုပဲအားပြုပြီးထပါ ။ commentမှာ squatထိုင်ပုံပြပေးထားပါမယ်နော် ညီမကထိုင်ထကို Bennett ဆပ်ပြာတိုက်ထားချိန်လုပ်ပါတယ် အခါ 50ပါ။ နဂိုကမနက်50ညနေ50ပါ။ တင်ကြီးပြီးခါး‌သေးတာက ကြည့်ရင်လှပေမဲ့ ဒုက္ခတွေလဲရှိပါ‌‌သေးတယ်😩 ( စဉ်းစားပြီးမှလုပ်ကြပါ‌နော်😑) ‌ကိုယ်ဝတ်ချငိတဲ့ ready made‌တွေဝတ်လို့မရပါဘူး ခါး‌တော်ရင်တင်ကထိုးလို့ကိုမရပါဘူး တင်တော်ရင်ခါးကချောင်ထွက်နေပါတယ် 😭 အပ်ချုပ်ဆိုင်ကို အိမ်ဦးနဲ့ကြမ်းပြင်လိုပြေးပြီးသီခိုင်းရပါတယ်😴 (ကြားဖူးတာကတော့ ခါးနဲ့တင်က 10 ကွာရင်လှပါတယ်တဲ့ 10ပဲကွာ‌အောင်လုပ်ကြပါ‌နော်🙆 ကို့လိုဒုက္ခမများ‌‌စေချင်လို့ပါ🤒)
တင်ဘေးကားဖို့ကတော့ Squat ထိုင်တဲ့ပုံမျိုးကိုမှ ဘယ်ဘက်ကို 5ခါ‌လောက်သွား ညာဘက်ကိုလဲ5ခါ‌‌လောက်သွားတာကိုမှ ကိုယ်လုပ်နိုင်သလောက်ထိလုပ်ပါ ညီမကအဲ့ဒါကိုစိတ်ရမှလုပ်ပါတယ်😶 ထိုင်ထနဲ့တင်ပြည့်စုံတယ်လို့ထင်လို့ပါ။😁
#ရေနဲ့ဝိတ်ချနည်း
‌‌‌‌
ရေနဲ့ဝိတ်ချတာက လွယ်ပေမဲ့ ‌သေချာသတိထားပြီးလုပ်ပေးပါ။ ‌‌ရေကတနေ့ကို 4 liter ‌သောက်ပေးရပါတယ် မသောက်နိုင်သေးတဲ့သူ‌တွေက 3 literပဲသောက်ပါ။ (ညီမကကျ 4 liter‌ကျော်‌ကျော်‌နေလို့မနည်းကိုသတိထားပြီး‌သောက်နေရတယ်🤣 ‌ရေကတစ်နေ့ကို 4 lliter‌ကျော်‌အောင်မသောက်ရပါဘူး) မနက်နိုးတာနဲ့ မျက်နှာသစ်ပြီးရင် 1literဘူးရဲ့ တဝက်မရှိတရှိကုန်အောင်သောက်ပါ မသောက်ချင်လဲသောက်ပါ ပီးရင်ကျန်တဲ့တဝက်ကို ‌နေ့လည်စာထမင်းမစားခင်သောက်ပါ (နာရီဝက်ကြိုသောက်လို့ပြော‌ပေမဲ့ ညီမက သတိရချိန်သောက်ပါတယ် အဓိကကသောက်ဖို့ပဲလိုပါတယ်ထမင်းမစားခင်) ဝိတ်ချချင်သူ‌တွေက ထမင်းကိုနဂိုစား‌နေကျထက် တဝက်လျှောစားပါ ‌လျှော့စားတဲ့ထမင်း‌နေရာမှာ အသီးအရွက်ကိုထည့်စား‌‌ပေးပါ အစပိုင်း‌တော့ဗိုက်ဆာပါလိမ့်မယ် ဂရုမစိုက်ဘဲနေပါ တပတ်နှစ်ပတ်လောက်နေကြည့်ပါ ‌နေနိုင်သွားပါလိမ့်မယ် စားပြီးတာနဲ့လမ်း‌လျှောက်ပါ 10မိနစ်ကနေ 20မိနစ်ထိလျှောက်ပါ လမ်းလျှာက်ရင်ပဲနဲ့မလျှောက်ပါနဲ့🌚 ပုံမှန်ထက် နဲနဲမြန်မြန်လျှောက်ပါ ပိုဝိတ်ကျပါတယ် ညစာကိုလဲ အပေါ်ကတိုင်းပဲလုပ်ပါ။ ထမင်းစားပြီးပြီးချင်း‌ရေလုံးဝမသောက်ပါနဲ့ မနေနိုင်အောင်ဆာရင် အာစွတ်ရုံပဲသောက်ပါ နာရီဝက် တစ်နာရီကြာမှ တဝပြန်သောက်ပါ။ ကြားထဲမှာ ဗိုက်ဆာရင် အသီးနဲ့‌‌ရေပဲသောက်ပါ။
🚫Warning❌ ဝိတ်ချနေသူများ ဝိတ်ထိန်း‌နေ သူများသည် အအေး၊ အာလူး‌ကြော်၊ ‌ပေါင်မုန်၊ ဆီ‌ကြော်စာများ လုံးဝရှောင်ပါ (တခြားဟာ‌‌တွေရှိသေး‌ပေမဲ့ ခုပြောတာ‌တွေကိုပဲ‌ရှောင်နိုင်ရင်ရပါပြီ) ညီမဆိုအဲ့တာ‌‌တွေမစားတာ နှစ်နဲ့တောင်ချီနေပါပြီ
ညဘက်ဆို 11နာရီနောက်ဆုံးထားပြီအိပ်ဖို့လုပ်ပါ အိပ်တာ‌နောက်ကျတာက ဝိတ်လဲတတ်စေသလို အလှအပမှာလဲထိခိုက်ပါတယ် မနက်ကိုတော့ ‌‌စော‌စောထပါ။ အဓိကက ‌ရေကိုတနေ့ 4 liter‌သောက်ဖို့ပါပဲ မနက်အစောပိုင်းနဲ့ထမင်းမစားခင်‌သောက်ဖို့ပါ ‌ညီမဆိုရေအရမ်း‌သောက်တော့ အသားဆိုတာ ‌ဖြူ‌ဖွေးမနေပေမဲ့ ကြည်လင်စိုတောက်ပြီးဝင်းအိနေတာပဲ ‌‌ညီမနဲ့အရမ်းရင်းနှီးတဲ့သူတွေဆို အသားကိုကိုင်ကြည့် ညှစ်ကြတယ် 😁😋

နောက်ဆုံးနည်းကအသက်ပါပဲရှင် 😁

#အသက်အောင့်ပြီးဗိုက်ချပ်အောင်လုပ်နည်း

ဒီနည်းကိုလဲအစားစားပြီးရင်မလုပ်ပါနဲ့ မစားခင်လုပ်ပေးပါ အသက်အောင့်ပြီးစိတ်ထဲကနေ ၁ကနေရသလောက်ထိရွတ်ပါ မရတော့ရင်အသက်ပြန်ရှုပြီးနောက်တစ်ခါထပ်လုပ်ပါ ဗိုက်တကယ်ချပ်ပါတယ် 🙆
ညီမနည်းတေကချွေးတစက်တောင်မထွက်ဘဲလုပ်ရတာတွေကြီးပါပဲ(အပျင်းနည်းတွေပေါ့ရှင်😂) ညီမကိုယ်တိုင်လုပ်နေတဲ့လေ့ကျင့်ခန်းတေမို့ စိတ်ချလက်ချလိုက်လုပ်ကြည့်ပါ warningတွေလဲသေချာရှောင်ပေးပါနော်😚

နောက်တခါကျရင်မျက်နှာလေးကြည်ပြီးအမာရွတ်ပါးမဲ့skincareသုံးနည်းတွေပြောပေးမယ်နော်(ကိုယ်ကနဂိုတုန်းကဆို မျက်နှာကမဲပြီး လက်တေဆိုဖြူတဲ့လူပါ skin careရင်း careရင်းနဲ့လက်တွေထက်ကိုဖြူနေပါပီရှင်😍) ခုကစာလဲရှည်ပြီးကိုယ်လဲ‌ရေးရတာညောင်းပြီမို့နော်😚
နားလည်ရခက်ပြီးရှုပ်တဲ့နေရာတွေဆို လာမေးလို့ရပါတယ်နော်အတတ်နိုင်ဆူံး ရှင်းအောင်တော့ရေးပေးထားပါတယ်နော်🙆
အားလုံးပဲလှနိုင်ကြ‌ပါစေရှင်
#နှင်းလေး🙆
Edit အသက်အောင့်ပြီးဗိုက်ချပ်နည်းမှာ အသက်အောငိ့ပြီးရင်ဗိုက်ကိုလုံးဝရသလောက်ထိချပ်ထားရမှာပါနော် ရိုးရိုးအသက်အောင့်ရုံပဲမဟုတ်ပါဘူး စာရေးတာမေ့ကျနါခဲ့လို့ပါ🥺😚

မိန်းကလေးများပိုမိုလှပသာခန္ဓာကိုယ်ပိုင်ဆိုင်ရန်ရည်ရွယ်၍ လေ့ကျင့်ခန်းလေးတွေစုပေးထားတယ်နော် ❤တင်ဘေးချိုင့်သူများ(hip dip wo...
30/08/2020

မိန်းကလေးများပိုမိုလှပသာခန္ဓာကိုယ်ပိုင်ဆိုင်ရန်ရည်ရွယ်၍
လေ့ကျင့်ခန်းလေးတွေစုပေးထားတယ်နော် ❤

တင်ဘေးချိုင့်သူများ(hip dip workout)
https://m.facebook.com/story.php?story_fbid=2521414001406359&id=100006133511147

တင်ပါးလေ့ကျင့်ခန်း(hip workout)
https://m.facebook.com/story.php?story_fbid=2521390014742091&id=100006133511147

ရင်သားလေ့ကျင့်ခန်း(chest workout)
https://m.facebook.com/story.php?story_fbid=2520638271483932&id=100006133511147

လက်မောင်း‌သေးရန်လေ့ကျင့်ခန်း(arm workout)
https://m.facebook.com/story.php?story_fbid=2521508941396865&id=100006133511147

ခါးသွယ်‌အောင်လေ့ကျင့်ခန်း(obliques workout)
https://m.facebook.com/story.php?story_fbid=2521470051400754&id=100006133511147

ခြေသလူံး‌သေးရန်လေ့ကျင့်ခန်း(leg workout)
https://m.facebook.com/story.php?story_fbid=2521415448072881&id=100006133511147

ပေါင်အတွင်းပိုင်းအဆီတွေဖယ်ရှားပီးပေါင်သွယ်လာစေရန်(inner thigh workout)
https://m.facebook.com/story.php?story_fbid=2520838998130526&id=100006133511147

ဝမ်းဗိုက်ကြွက်သားတွေချပ်လာစေရန်(abs workout)
https://m.facebook.com/story.php?story_fbid=2520692518145174&id=100006133511147

‌ကျောဘက်ကြွက်သားတွေအတွက်(sexyback workout)
https://m.facebook.com/story.php?story_fbid=2520835441464215&id=100006133511147

လည်ပင်းနားကsexy boneလေးတွေပေါ်လာအောင်(sexy collarbone)
https://m.facebook.com/story.php?story_fbid=2521450351402724&id=100006133511147

ခန္ဓာကိုယ်တစ်ခုလူံးအတွက်လေ့ကျင့်ခန်း(full body workout)
https://m.facebook.com/story.php?story_fbid=2520624978151928&id=100006133511147

Original link 👇
Thanks for sharing
https://m.facebook.com/story.php?story_fbid=2521566038057822&id=100006133511147

23/08/2020

🍑🍑

21/08/2020

ဒီနေ့တော့ waist နဲ့ stomach အတွက် exercises လေးတွေတင်ပေးမယ်နော် 😍❤
မင်မင်တို့ page လေးကို like &follow လုပ်ထားပီး ခန္ဓာကိုယ်လှလှလေးပိုင်ဆိုင်နိုင်အောင်အတူတူကြိုးစားကြမယ် ❤
ဇွဲရှိဖို့တော့လိုတယ်နော် 🙄❤

အစားအသောက်ရွေးစားတဲ့အခါ  calorie ကိုတွက်ချက်စားပါ။🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။စမူဆ...
20/08/2020

အစားအသောက်ရွေးစားတဲ့အခါ calorie ကိုတွက်ချက်စားပါ။
🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။

စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊

ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပ္တတဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍

ကယ်လိုရီတန်ဖိုးများ
----------------------
🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ

🥩🍗🍖အသားဓာတ် (protein)🍖🍗🥩
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ

🧀🧈အဆီဓာတ် (fat )🧈🧀
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ

🥭🍇🥑သစ်သီး🍇🥭🥑
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅၀ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရှ်တဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရှ်ပြီး ကိုးလက်မကျော်အရွယ်စားရှ်တဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)

🥬🍅ဟင်းသီးဟင်းရွက်🍅🥬
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)

🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ

(🔺ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။
🔺ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။
🔺ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။
🔺ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။)

Credit
Photo crd Ha Hoang

Address

Mandalay

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959771956961

Website

Alerts

Be the first to know and let us send you an email when EOU Foundation and Skin Perfect Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share