06/06/2026
စိတ်ကူးထဲက အောင်မြင်ခြင်း သင်္ကေတကို လက်တွေ့အဖြစ် အသက်သွင်းလိုက်တဲ့အခါ... 🐎✨
စီးပွားရေးလုပ်ငန်းတွေမှာဖြစ်ဖြစ်
ကိုယ့်ရဲ့ အိမ်ဂေဟာလေးမှာဖြစ်ဖြစ်
အောင်မြင်မှု တိုးတက်မှုနဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်တဲ့ ခွန်အားတွေ ရရှိစေဖို့
ရတနာရွှေမြင်း (၈) ကောင် ပုံရိပ်လေးတွေကို
အမြတ်တနိုး ချိတ်ဆွဲလေ့ရှိကြပါတယ်။
ဒီကျောက်ပန်းချီကားလေးကတော့
စံတော်ဝင်ကို
ယုံကြည်စွာ အပ်နှံလာတဲ့
Customer တစ်ယောက်ရဲ့
စိတ်ကူးလေးကို အလှပဆုံး
ပုံဖော်ပေးထားတဲ့ပုံထဲက
ရတနာရွှေမြင်း (၈) ကောင် ကျောက်ပန်းချီကားလေးပဲ ဖြစ်ပါတယ်။
Customer ရဲ့ ဆန္ဒလေးက
သာမန်မြင်းပုံစံမျိုးမဟုတ်ဘဲ၊
မြင်းတစ်ကောင်ချင်းစီကို
အရောင်အသွေး စုံလင်တဲ့
ရတနာရောင်စဉ်တွေနဲ့
ကိုယ်ပိုင်ဟန်ကို ပုံဖော်ချင်ခဲ့တာပါ။
ဒါကြောင့် စံတော်ဝင်ကနေ
မိုးကုတ်သဘာဝ ကျောက်မျက်ရတနာ
အစစ်အမှန်လေးတွေကို အသုံးပြုပြီး
မြင်းတစ်ကောင်ချင်းစီရဲ့
ခွန်အားပြည့်ဝတဲ့ အဟုန်နဲ့
ကျက်သရေရှိမှုကို သေသေသပ်သပ်
အနုစိတ် ဖန်တီးပေးခဲ့ပါတယ်။
ရောင်စုံကျောက်မျက်ရတနာတွေရဲ့
အေးချမ်းတဲ့ စွမ်းအင်တွေရယ်၊
ရှေ့ကို အားမာန်အပြည့်နဲ့ ပြေးလွှားနေတဲ့
မြင်း ၈ ကောင်ရဲ့ အဓိပ္ပါယ်တွေရယ် ပေါင်းစပ်သွားတဲ့အခါ
ပြည့်စုံခမ်းနားတဲ့ လက်ရာတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။
နှစ်ကာလတွေ ဘယ်လောက်ပဲကြာကြာ အရောင်အသွေးမပြယ်ဘဲ အောင်မြင်ခြင်းတွေကို အမြဲတမ်း ခေါ်ဆောင်ပေးနေမှာ အသေအချာပါပဲ။
ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်း
ဒါမှမဟုတ် အိမ်ခန်းလေးအတွက်
စိတ်ကူးထဲက အတိတ်နိမိတ်ကောင်းတဲ့
ပုံရိပ်လေးတွေကို
ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးချင်တယ်ဆိုရင်တော့... စံတော်ဝင်ရဲ့ 𝐂𝐡𝐚𝐭𝐛𝐨𝐱 လေးဆီကို အချိန်မရွေး လာရောက်တိုင်ပင်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤍
ဆက်သွယ်ရန် ဖုန်း ☎️ 09 793 9980 63, 09 789 7776 73
ဆိုင်ခွဲ (1) လိပ်စာ📍 (86) လမ်းမကြီး၊ (8)လမ်း နဲ့ (9) လမ်းကြား၊ မန်းဖော်မွန် ဘီယာဆိုင်ဘေးလမ်း၊ မန္တလေး။
ဆိုင်ခွဲ (2) လိပ်စာ📍 114 B, (51) လမ်း နဲ့ (52) လမ်းကြား၊ မန္တလေး။
#စံတော်ဝင် #စံတော်ဝင်ကျောက်ပန်းချီ #မန္တလေး #ပုံတူကျောက်ပန်းချီ