Suu Zi Online Shop

Suu Zi Online Shop If you can't stop thinking about it then buy it

သတိပြုရန်
24/02/2025

သတိပြုရန်

Hepatitis A အသည်းရောင်အသားဝါရောဂါအကြောင်းသိကောင်းစရာ
••••••••••••••••••••••••••••••••••••••••••••••••••••••••

ယခုဆောင်းပါးမှာ ရေးသားဖော်ပြပေးချင်တာကတော့ Hepatitis A Virus အကြောင်းဖြစ်ပါတယ်။ Hepatitis A Virus ဆိုတာကတော့ အသည်းရောင်၊အသားဝါရောဂါ ကိုဖြစ်စေတဲ့ hepatitis virus တွေထဲက တစ်မျိုးဖြစ်ပါတယ်။ အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပြီးတော့ အသည်းကို ရောင်ရမ်းစေပါတယ်။ Hepatitis A ရောဂါဟာ မသန့်ရှင်းတဲ့ အစားအစာ၊ ရေ တို့ကနေ ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ရောဂါပိုးရှိတဲ့ လူ၊ ပုဂ္ဂိုလ်၊ အရာဝတ္ထု တို့နဲ့ နီးကပ်စွာထိတွေ့မိခြင်းကနေလဲ ကူးစက်နိုင်ပါတယ်။

Hepatitis A လို့ခေါ်တဲဲ့ အသည်းရောင်၊အသားဝါရောဂါ Aပိုးဖြစ်ပြီဆိုရင် Mild Case အပျော့စားဆိုရင်တော့ စိတ်မပူရပါဘူး။ များသောအားဖြင့် Hepatitis A ရောဂါဖြစ်တဲ့သူတွေက အသည်းကို နာတာရှည်ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုမရှိပဲနဲ့ ပြန်ကောင်းတတ်ကြပါတယ်။

💠Hepatitis A Virus ကူးစက်ခံရစေသော အကြောင်းအရင်းများ...................................................................................

Hepatitis A ဟာ မစင်မှတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ ဆေးပညာအရတော့ Fecal-oral transmission လို့ခေါ်ပါတယ်။ ရောဂါပိုးရှိတဲ့ မစင်၊အညစ်အကြေးကနေ အနည်းငယ်သော အမှုန်အမွှားပမာဏလောက်ကပဲဖြစ်ဖြစ် အစားအသောက်၊ရေကနေတစ်ဆင့် ပါးစပ်ထဲကိုဝင်သွားတဲ့အခါမှာ ဒီရောဂါက ကူးစက်တတ်ပါတယ်။ ဒါကြောင့် မသန့်ရှင်းတဲ့ အစားအစာတွေ ရေတွေကို သောက်သုံးမိတဲ့အခါမှာ Hepatitis A virusကူးစက်ခံရပြီးတော့ အသည်းရောင်၊အသားဝါရောဂါတွေ ဖြစ်လာတာဖြစ်ပါတယ်။

ဒါ့အပြင် Hepatitis Aရောဂါပိုးရှိနေတဲ့သူတစ်ယောက်နဲ့ နီးနီးကပ်ကပ်ထိတွေ့ဆက်ဆံမှုကနေလဲ အသည်း​ရောင်၊အသားဝါ Hepatitis A ဖြစ်စေနိုင်ပါတယ်။ ဒီ virus ဟာ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်ပေါ်မှာ လအနည်းငယ်ကြာအောင် နေနိုင်ပါတယ်။

ဒီ virus ဟာ နှာချေခြင်း၊ ချောင်းဆိုးခြင်းတွေကနေတော့ မကူးစက်တတ်ပါဘူး။ မစင်ကအညစ်အကြေးဟာ နောက်ထပ်လူတစ်ယောက်ဆီကို အစားအသောက်တွေကနေတစ်ဆင့် ပါးစပ်ထဲကို တနည်းနည်းနဲ့ ရောက်သွားတော့မှသာ ကူးစက်စေတာဖြစ်ပါတယ်။

ဥပမာအနေနဲ့ ရောဂါပိုးရှိနေတဲ့သူတစ်ယောက်က အိမ်သာသွားပြီးတဲ့အခါ လက်ကို သေချာမဆေးကြောပဲနဲ့ အစားအသောက်ချက်ပြုတ်မယ်၊ အဲဒီအစားအစာကို နောက်တစ်ယောက်ကစားလိုက်မိမယ်ဆိုရင် ရောဂါဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရောဂါပိုးမွှားတွေရှိနေတဲ့ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိရင်လည်း ရောဂါဖြစ်နိုင်ပါတယ်။

မသန့်ရှင်းတဲ့ရေထဲမှာ ပန်းကန်ခွက်ယောက်တွေ ဆေးကြောမိတာ၊ အသီးအနှံတွေကိုဆေးကြောမိတာဆိုရင်လဲ ရောဂါပိုးကူးစက်စေနိုင်ပါတယ်။

Virus ပိုးရှိတဲ့သူနဲ့ လိင်ဆက်ဆံခြင်းကလည်း ရောဂါပိုးကူးစက်စေပါတယ်။

💠Hepatitis A virus ကူးစက်ခံနိုင်ခြေမြင့်မားတဲ့ အချက်အလက်များ.…………………………….....................................................

▪️Hepatitis A ရောဂါအဖြစ်များနေတဲ့ နိုင်ငံ၊ နေရာဒေသတွေကို ခရီးသွားလာခြင်း၊ အလုပ်လုပ်ခြင်း

▪️Hepatitis A​ ရောဂါဖြစ်နေတဲ့သူနဲ့ အတူတကွနေထိုင်ခြင်း

▪️Hepatitis A ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံမှုပြုခြင်း

▪️HIV ရောဂါပိုးရှိခြင်း

▪️အိမ်ခြေယာမဲ့ဘဝနှင့်နေထိုင်ရခြင်း

▪️Party Drug ဟုခေါ်သော မူးယစ်ဆေးဝါးများသုံးစွဲခြင်းစတဲ့အချက်တွေနဲ့ ကိုက်ညိီနေသူတွေဟာ Hepatitis A ရောဂါပိုး ဖြစ်နိုင်ခြေမြင့်မားပါတယ်။

💠Hepatitis A ရောဂါပိုးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ.......................…………………………..................................

အသည်းရောင်၊အသားဝါ ဖြစ်စေနိုင်တဲ့ virus ပိုးတွေအများကြီးထဲမှာ Hepatitis A က အလွန်စိုးရိမ်စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ နာတာရှည်အသည်းရောင်ရောဂါဖြစ်နိုင်ချေနည်းပါးတဲ့အတွက်ပါ။ အင်မတန်ရှားပါးတဲ့ အခြေအနေမှာသာ Hepatitis A ဟာ ရုတ်တရက် အသည်းလုပ်ငန်းဆောင်တာပျက်စီးခြင်းများ ဖြစ်တတ်ပါတယ်။ အထူးသဖြင့်အသက်အရွယ်ကြီးရင့်သူများနှင့် နဂိုနာတာရှည်အသည်းရောဂါအခံရှိသူတွေမှာသယ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုမျိုး ရုတ်တရက်အသည်းပျက်စီးခြင်း(Acute Liver Failure) ဖြစ်ခဲ့မယ်ဆိုရင်တော့ ဆေးရုံတက်ပြီးတော့ စနစ်တကျ ကုသမှုခံယူရမှာဖြစ်ပါတယ်။ လူနာအနည်းစုကတော့ Liver Transplant (အသည်းအစားထိုးခြင်း) ကိုပြုလုပ်ရတာမျိုး ရှိနိုင်ပါတယ်။

💠အသည်းရောင်၊အသားဝါ A ပိုး ကူးစက်ခံရပြီဆိုရင် ပြသမဲ့လက္ခဏာများ.............………….....……….....………..................................

Virus ပိုးနဲ့ ထိတွေ့ပြီး ရက်သတ္တပတ်အနည်းငယ်မှာ လက္ခဏာစပြပါတယ်။ ဒါပေမဲ့ Hepatitis A ရောဂါပိုး ရှိသူတိုင်းဟာ လက္ခဏာမပြပါဘူး။ ပြသတတ်တဲ့ လက္ခဏာတွေကတော့

▪️ပုံမှန်မဟုတ်ပဲနဲ့ နွမ်းနယ်နေခြင်း
▪️ပင်ပန်းသလိုခံစားနေရခြင်း
▪️အားမရှိခြင်း
▪️ရုတ်တရက်ပျို့အန်ခြင်း
▪️ဝမ်းလျှောခြင်း
▪️ဗိုက်အောင့်ခြင်း
▪️မအီမသာဖြစ်ခြင်း
▪️အထူးသဖြင့် ညာဘက်နံရိုးအောက်နာကျင်ခြင်း
▪️ရွံ့စေးရောင်(ဖြူဖြူ)သို့မဟုတ် ခဲရောင် ဝမ်းများသွားခြင်း
▪️အစားစားချင်စိတ်မရှိခြင်း
▪️အဖျားငွေ့ငွေ့ဖျားခြင်း
▪️ဆီးအရောင်ရင့်ခြင်း
▪️အဆစ်အမြစ် နာကျင်ခြင်း
▪️မျက်သားများနှင့် အသားအရေများ ဝါလာခြင်း
▪️အလွန်အမင်းယားယံခြင်းစသည့် လက္ခဏာတွေ ပြသတတ်ပါတယ်။ ဒီလက္ခဏာတွေကတော့ အပျော့စားတွေသာ ဖြစ်တာများပြီးတော့ ရက်သတ္တပတ်အနည်းငယ်မှာ ပြန်လည်ပျောက်ကင်းနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ Hepatitis A virus ခံစားရတဲ့အခါ ပြင်းထန်နာမကျန်းမှုမျိုးဖြစ်ပြီး လများစွာကြာသွားတာလဲ ရှိနိုင်ပါတယ်။

တကယ်လို့ အခုလိုမျိုး လက္ခဏာတွေပြသနေခဲ့ပြီဆိုရင် ဆရာဝန်နဲ့ပြသပြီးတော့ ဆေးကုသမှုကို ခံယူရမှာဖြစ်ပါတယ်။

💠Hepatitis A ရောဂါကို ကာကွယ်ခြင်း......................................................................................
Hepatitis A vaccine ထိုးထားခြင်းဟာ အသည်းရောင်၊အသားဝါA ပိုး ကူးစက်ခံရခြင်းကနေ ကာကွယ်နိုင်ပါတယ်။ ဒီကာကွယ်ဆေးကိုတော့ (၂)ကြိမ်ထိုးနှံလို့ ရပါတယ်။ ပထမအကြိမ် ထိုးနှံပြီး (၆)လအကြာမှာ booster shot ကိုထိုးနှံလို့ရပါတယ်။ Hepatitis A vaccine ကို Hepatitis B vaccine နဲ့အတူတကွလည်း ထိုးနှံလို့ရပါတယ်။ Vaccine Center များ၊ ဆေးခန်းများမှာဆရာဝန်များနဲ့တိုင်ပင်ပြီး ထိုးနှံနိုင်ပါတယ်။

💠Centers for Disease Control and Prevention(CDC) ကတော့ အောက်ဖော်ပြပါလူများကို Hepatitis A vaccine ထိုးနှံသင့်တယ်လို့ ညွှန်ကြားထားပါတယ်။

▪️အသက်(၁)နှစ်နှင့်အထက် ကလေးငယ်များ
▪️Hepatitis A အဖြစ်များသောနေရာမှာနေတဲ့မိသားစုများနှင့် Caregiver ပြုစုစောင့်ရှောက်သူများ
▪️Hepatitis A ရောဂါပိုးရှိသူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုရှိသူများ
▪️ဓာတ်ခွဲခန်းများတွင် အလုပ်လုပ်သူများ
▪️အမျိုးသားချင်း လိင်တူဆက်ဆံသူများ
▪️နာတာရှည်အသည်းရောဂါရှိသူများ အထူးသဖြင့် Hepatitis B, Hepatitis C ပိုးရှိသူများ စသဖြင့်ဖြစ်ပါတယ်။

Hepatitis A ရောဂါပိုးဟာ ပျံ့နှံ့ကူးစက်တတ်တယ်ဆိုပေမဲ့လဲ အလွန်အမင်း စိတ်ပူစရာ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ ကြိုတင်ကာကွယ်လို့ ရသလို အကယ်၍ဖြစ်လာပြီဆိုရင်လဲ လက္ခဏာများပြသတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဆေးကုသမှုခံယူလို့ရပါတယ်။

အကောင်းဆုံး ကာကွယ်သင့်တဲ့ နည်းလမ်းတွေကတော့ Hepatitis A ရောဂါလက္ခဏာများ လတ်တလောရှိနေပြီဆိုရင် အစားအသောက်များ ချက်ပြုတ်ခြင်း၊ ပြင်ဆင်ကျွေးမွေးခြင်း၊ ရောင်းချခြင်းကို နေပြန်ကောင်းတဲ့အထိ လုံးဝရှောင်ကြဉ်သင့်ပါတယ်။

Sexual activities (လိင်ဆက်ဆံမှု)အားလုံးကိုရှောင်ရှားထားသင့်ပါတယ်။ မဟုတ်ရင် ကိုယ့်မိသားစု၊ ကိုယ့် Partner ကနေတစ်ဆင့် ဒီရောဂါဟာ ပျံ့နံ့နိုင်ပါတယ်။

နောက်တစ်ခုကတော့ အိမ်သာအသုံးပြုပြီးတိုင်းမှာ လက်ကို ဆပ်ပြာရည်နဲ့ သေချာဆေးကြောရမှာဖြစ်ပါတယ်။ လက်ကိုဆပ်ပြာနဲ့ဆေးတဲ့အခါမှာ စက္ကန့်(၂၀)ကြာအောင် ဆေးကြောရမှာဖြစ်ပါတယ်။

ကလေးမိဘများအနေနဲ့ မိမိကလေးကို diaperလဲပြီးတိုင်းမှာ လက်ကိုစနစ်တကျဆေးကြောရပါမယ်။ ဒါ့အပြင် ကလေးရဲ့diaperထုပ်တွေကိုလဲ သေချာလုံအောင်ထုပ်ပြီး လွှင့်ပစ်သင့်ပါတယ်။ မစင်များကို သေချာလုံအောင်မထုပ်ဘဲ လွှင့်ပစ်ခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

Hepatitis A Virus ပျံ့ပွားနေတယ်လို့ သိရှိထားတဲ့ နေရာဒေသတွေမှာဆိုရင် မိမိကိုယ်တိုင် အိမ်ထမင်း၊အိမ်ဟင်းကိုသာ စနစ်တကျချက်ပြုတ်ပြီးစားသောက်သင့်ပါတယ်။ အပြင်စာများကို စားသောက်ခြင်းကနေ ခေတ္တရှောင်ကြဉ်သင့်ပါတယ်။

ဒီအချက်လေးတွေကတော့ အသည်းရောင်၊အသားဝါ A ပိုး ကူးစက်ပုံ၊ ရောဂါကိုဘယ်လိုကာကွယ်မလဲ၊ ဖြစ်လာရင် ဘယ်လိုလက္ခဏာတွေပြသမလဲဆိုတာတွေကို ရေးသားဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

17/12/2023

ရွှေတွေငွေတွေလာနေပြီထည့်ဖို့အိတ်ကြီးကြီးယူခဲ့ပါ🤩🤩

ပေါ့ပေါ့ပါးပါး လှလှပပမိုအားနား လေးတွေစရောင်းပါပြီနော်ဘာဆိုဒ်ယူယူ တစ်ထည်ကို ၁၃၂၀၀ ပါ၅ ထည်အထက်ဈေးလေးက တစ်မျိုးရှိပါတယ်အရော...
14/12/2023

ပေါ့ပေါ့ပါးပါး လှလှပပ
မိုအားနား လေးတွေစရောင်းပါပြီနော်
ဘာဆိုဒ်ယူယူ တစ်ထည်ကို ၁၃၂၀၀ ပါ
၅ ထည်အထက်ဈေးလေးက တစ်မျိုးရှိပါတယ်
အရောင် ၁၀ ရောင်အထက်ရှိပါတယ်
ရမယ့်ဒီဇိုင်းလေးတွေဆက်တင်ပေးမယ်နော်
M 120 lb
L. 140 lb
XL 170 lb ထိ ရမယ်နော်
မှာလို့ရမယ့် ဖုန်း ၀၉၄၅၀၅၃၉၅၀၈

13/12/2023
ကျွန်မတို့ Suu Zi Online shopကနေ ပထမဦးဆုံး  မိတ်ဆက်ပေးချင်တာကတော့ ရိုးရာတိုင်းရင်သားအိတ်လေးတွေဘဲ ဖြစ်ပါတယ် 👜👜👜တိုင်းရင်း...
02/12/2023

ကျွန်မတို့ Suu Zi Online shopကနေ ပထမဦးဆုံး

မိတ်ဆက်ပေးချင်တာကတော့ ရိုးရာတိုင်းရင်သား

အိတ်လေးတွေဘဲ ဖြစ်ပါတယ် 👜👜👜

တိုင်းရင်းသားမျိုးစုံရဲ့ ရိုးရာအဆင်လေးတွေ နဲ့အိတ်လေး

တွေအဆင်စုံရှိတဲ့ အတွက်ကြောင့် ကိုကြိုက်တဲ့

တိုင်းရင်းသားဝတ်စုံလေးတွေနဲ့ တွဲဖက်ပီး ဝတ်လို့ရတယ်နော်

စျေးနှုန်းလေးကလည်း သင့်တင့်တဲ့ အတွက်လူတိုင်း
အတွက် အဆင်ပြေစေတာပေါ့နော်

အခုpost လေးကို like& share လုပ်ပေးဖို့လည်း မမေ့နဲ့နော် ချစ်customerတို့ကို မဲဖောက်ပေးချင်လို့ပါနော် 🥰🥰🥰

02/12/2023

Address

Mandalay
05031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Suu Zi Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share