Step Up Collection

Step Up Collection Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Step Up Collection, Design & Fashion, mandalay, Mandalay.

price-13000waitting time 2-3 weeks
27/06/2020

price-13000
waitting time 2-3 weeks

14000ks waiting time 2-3 weeks
27/06/2020

14000ks
waiting time 2-3 weeks

30/04/2020
gym မှာ လန်းကြမယ်လေ😍
10/07/2019

gym မှာ လန်းကြမယ်လေ😍

15/03/2019

၂၁ ရာစုရဲ့ မိန်းမသားတွေကတော့ ရှေးရှေးတုန်းကလို အရွယ်ရောက်လာတာနဲ့ အိမ်ထောင်ပြု၊ ကလေးမွေး၊ အိမ်ထောင့်တာဝန်.....

15/03/2019

မန္တလေး အစားအသောက်ကောင်းဆိုင်ရာ လိပ်စာလမ်းညွှန်ပေါင်းချုပ်📣📣📣
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🔹မုန့်တီ
မန်းလေးမြို့ကို ရောက်ပြီဆို ဘာစားမလဲ မောင်ရေခဲ ဟု အစချီမေးလျှင် လူတိုင်းနီးနီး တရာမှာ ၉၉ က မန်းလေး မုန့်တီကို တောင့်တ ကြတာပင်၊

မန်းလေးမုန့်တီမှာ ပဲမှုန့်များများ ဆီချက် အသားများများနှင့် ဖြစ်ပြီး သူ့ကို တွဲစားရန် ဆိုင်က ကြက်သွန်နီနှင့် သံပုရာသီးပေးတတ်ပေသည်၊

၃၁ လမ်း ၈၄x၈၅ ကြားက စိုးစိုးမုန့်တီ

သူ့ အောက်ဖက်တပြ မလွန်မုန့်တီတန်းက ဒေါ်သောင်းစိန်က ပိုစားကောင်းသလိုပင်.
၂၆-၂၇ကြား မြို့တော်ဥယျဉ်အရှေ့ဖက် ဒေါ်တော မုန့်တီကလည်း အမဲကြောနဲ့စားလို့ကောင်းတာပင်၊ ဒါပေမယ့် သူက မနက် နည်းနည်းနောက်ကျရင် ကုန်ပြီ၊

မုန့်တီကို သိပ်လဲ ဈေးမကြီးပဲ သိပ်လဲ မအီတဲ့ ခိုတောင်နဲ့ မုန့်တီကြား စပ်ကြားလေး စားချင်ရင်တော့ ဗောဓိကုန်းထဲက Dynasty လက်ဖက်ရည်ဆိုင်ရှေ့က ဆိုင်သေးသေးလေးရှိသည်၊

ဘုရားကြီးအာနန္ခာစောင်းတန်းက ကြီးတော်ခွေးကတော့ မုန့်တီ မရောင်းတော့ဘူး ထင်ပါတယ်၊ တခါသွားတော့ ထမင်းပဲ ရောင်းတော့တယ် ဆိုလား.......

🔹ခိုတောင်မုန့်တီ
များသောအားဖြင့် ခိုတောင်မုန့်တီသည်တွေမှာ တရွာတည်းက ဖြစ်ကြသည်၊ မန်းလေး လမ်းမတွေပေါ်မှာ ညနေ ၂ နာရိမှ ၅ နာရီကြား လှည့်ရောင်းတတ်သည်၊

မနက်ဖက် စားချင်ရင်ဖြင့် ၈၁ လမ်း ၃၀x၃၁ကြား နေရှင်နယ် ကျောင်းရှေ့မှာ ၇ှိသည်၊ ( သူကလဲ နာမည်ကြီးဗျ... ဂျာနယ်ထဲတောင် ပါလိုက်သေး )

ခိုတောင်မုန့်တီမှာ မန်းလေးမုန့်တီနှင့်မတူ။ အသားမပါ ၊ ဆီချက် ပဲမှုန့်သိပ်မများပဲ။ ပဲသီး ဂေါ်ဖီ ထည့်သုတ်ထားခြင်းဖြစ်ကာ ဗယာကြော်ထည့်သုပ်လို့လည်း ရပေသည်၊ မန်းလေး မုန့်တီလောက် မအီ၊ အဲ့လောက်လဲ ဈေးမကြီးသောကြောင့် ပိုစားကောင်းသည်၊

🔹မြီးရှည်
မန်းလေးမြီးရှည်နဲ့ ရှမ်းမြီးရှည်နဲ့ လုံးလုံးလဲ မတူ ပြားပြားလဲ မတူပါ၊ မန်းလေးမြီးရှည်သည်တွေကို ရှာချင်ရင် လွယ်လွယ်လေးပင်။ လမ်းဘေးမှာ တပုံစံတည်း အထမ်းလေးတွေနဲ့ ရောင်းတတ်ကြတာပင်။ (အဲ့သည်အထမ်းမပါရင် မြီးရှည် မစစ် .. မှတ်ကြသားကြလော့)

မန်းလေး မြီးရှည်စားပြီးရင် ဟင်းရည်ကို စားထားတဲ့ ပန်းကန်လုံးထဲ ထည့်သောက်ရသည်၊ ( အဲ့လိုမသောက် သစ္စာဖောက်ပဲ )

မန်းလေး မြီးရှည် တွင် နာမည်ကျော်ကတော့ ဗထူးကွင်းမြီးရှည်ပင်၊ ဒါပေမယ့် ကျနော်ကတော့ နည်းနည်းပေါ့လို့ မကြိုက်၊ ကျနော့်အကြိုက်က ရတနာပုံဈေး အရှေ့ဘက်က ဇော်ကြီးမြီးရှည်.. သူက ပိုပြီး လေးလေးပင်ပင်ရှိသည်၊

ပြီးတော့ ၃၃လမ်းမှာ စိန်ဝင်းမြီးရှည်၊ လမ်းလည်ဘုရားနားက မြီးရည်ဆိုင် ၊ ၈၂ လမ်းက မန်ကျည်းရိပ်နှင့် ၁၉ လမ်း မြီးရှည်ကတော့ ၀က်အူတွေ ကလီစာတွေနှင့်ပါ ရနိုင်သည်၊ (ဒါပေမယ့် ၂ နာရီလောက်မှ ဖွင့်သည်)

လမ်း ၈၀ တိုင်းကျော်ကတော့ မြီးရှည်အပြင် အခေါက်ကင် အသားကင်သုပ် ထမင်းပေါင်း ကြက်ခြေထောက် ဆီချက်ပါရသည်။

ကျွန်တော် အကြိုက်ဆုံးကတော့ ၁၆လမ်း/လမ်း၈၁ဒေါင့်က မြီးရှည်ပါပဲ။

🔹ရှမ်းအစားအစာ
အနှီ ကျွန်ုတို့နေထိုင်ရာ မန်းလေးမြို့သည်ကား ရှမ်းပြည်နယ်၏ တရုတ်မြို့တော် ဖြစ်သောကြောင့် အဲလေ မွှားလို့ ရှမ်းပြည် တရုတ်ပြည်တို့နှင့် နီးသောကြောင့် ရှမ်းစာ အလွန် ပေါလေသည်၊ မနက်မိုးလင်းသည်နှင့် တပြလျှင် ရှမ်းခေါက်ဆွဲဆိုင် တဆိုင်အနည်းဆုံး တွေ့ရပေမည်။ နေ့လယ်စာ ညနေစာအတွက်လည်း ရှမ်းထမင်းပုံစားဆိုင်များတွင် မြောက်ပိုင်းရှမ်းတို့၏ လက်ရာအား ငွေကျပ်တထောင်နှင့် သုံးဆောင်နိုင်ပေ၏ ။

🔹ရှမ်းခေါက်ဆွဲ
ရှမ်းခေါက်ဆွဲဆိုင်တွေကတော့ ပေါလွန်းများလွန်းလှသဖြင့် နည်းနည်းပဲညွှန်းတော့မည်၊ ၇၄လမ်း ၃၄x၃၅ ကြားမှာ ရွှေမူဆယ်ရှိကာ အချိုအရသာ ကြိုက်သူတွေနှင့် သင့်တော်၏ ၊ သည်ဆိုင်တွင် ဆန်ချိုအေးလဲ ရသည်၊

လမ်း ၈၀ မြကေခိုင်ဘေးကဆိုင်ကတော့ မနက်ဆိုလျှင် ကားတွေ တန်းစီနေတာပင်၊

ညဘက် ရှမ်းခေါက်ဆွဲ မြေအိုးမြီးရှည် စားချင်ရင်တော့ ၇၆လမ်း ၃၄x၃၅ ကြားက ညဈေးတန်းကို ပင် ညွှန်ရမည်ပင်၊

ညဈေးတန်းမှ လားရှီုးဆိုင်တွင် ရှမ်းတို့ဟူးပျော့ ။ ၀က်ခြေထောက်ခေါက်ဆွဲ ကောင်းသည်၊

အမဲလုံးခေါက်ဆွဲဆိုလျှင်တော့ ၃၅ လမ်း ၆၉x၇၀ ကြား က ဆိုင်က တော်တော်ကောင်းသည် ၊ ဆန်စီး အညိုနဲ့ ပိုကောင်းသည်၊ ( သူ့ဆိုင်ဘေးမှာ အိုးဆိုင် ရှိတယ်ဗျ )

🔹ရှမ်းထမင်း
မန်းလေးတွင် ပုံစား ရှမ်းထမင်းဆိုင်များမှာ ကျောင်းသားကျောင်းသူများ ရုံးဝန်ထမ်းများအတွက် အားထားရာပင်၊ ပိုက်ဆံ ၈၀၀။ ၁၀၀၀ ဖြင့် ထမင်းတနပ်ကို ဟင်းသုံးမျိုး ဖြင့် စားနိုင်သည်၊

ဆေးကျောင်းတ၀ိုက်မှာတော့ လင်းလင်း၊ အေးချမ်းမြေ စသည့်ဆိုင်များရှိပြီး။ လမ်း ၇၀ ၂၉x၃၀ ကြားတွင်လည်း ရှမ်းထမင်းဆိုင်များ အတန်းလိုက် ရှိသည် ၊
ငါးဒုက္ခ

ရေစစ်ကန်နားက ၀င်းစံပါယ်ကတော့ ထမင်းမရပေမယ့် အခြား ရှမ်းအစားအစာ ငါးထမင်း ။ ဟင်းထုပ်။ ငါးဒုက္ခ ရသည်၊ ဆမ်ဆိုင်းမြီးရှည် ။ သဘောင်္သီးထောင်း စားကောင်းသည်။.

🔹မြန်မာထမင်း
မြန်မာထမင်းစားချင်သူများအတွက် ၂၇ လမ်းတွင် တူးတူး ရှိသည်၊ ( ဒါပေမယ့် တူးတူးက ၀က် ၊ အမဲမရ ... ပြီးတော့ ဟင်းအမျိုး သိပ်မစုံ .. အရသာလည်း နည်းနည်း ပေါ့ပြီး အချိုကဲသလိုပင်) ၊ အေးမေတ္တာကတော့ ဟင်းပိုစုံသည် ( ၀က်သားဆိုလျှင်ပင် ၀က်သားနီချက် ။ အိုးကြီးချက်၊ ဟင်းလေးချက်။ ၀က်ပုန်းရည် ) အစုံရသည်။
ဇလုံနဲ့ အားရပါးရစားချင်သူများအတွက် ဇလုံကြီးထမင်းဆိုင်(၃၁လမ်း ၇၆-၇၇ ကြား)
ဒေါင်းလန်းနဲ့ စားချင်သူများအတွက် ဒေါင်းလန်းကြီးမြန်မာထမင်းဆိုင်(၃၅လမ်း၊၅၇-၅၈ ကြား)

မိန်းပေါက်နား မြောင်းကြီးဘေးက မြမဉ္ဖူပင်၊ သူက ဆိုင်လေးကသာ သေးသေးကုပ်ကုပ် ဈေးကတော့မသေး။
ကျနော်တို့ အကြိုက်ဆုံးကတော့ ၃၇/၃၈ကြား ကင်းဝန်မင်းကြီးအနောက်ပေါက်က ငြိမ်းမေတ္တာ အဖိုးကြီး-အဖွာကြီး ထ္မင်းဆိုင်ပါပဲ....

မြန်မာထမင်း အော်ဒါ(သီးသန့်)ဆိုင် ဆိုရင်တော့ ရွှေမန်းသူ ရှိပါတယ်။အတွေ့အကြုံ အလှူပွဲကြီးပေါင်း ပွဲတသိန်းတာဝန်ယူပြီးတဲ့အော်ဒါ(သီးသန့်)ဘဲရတဲ့ဆိုင်ပါ။
ကောင်းမွန်သောဝန်ဆောင်မူ့များနဲ့ မိတ်ဆွေတို့ စိတ်ချမ်းသာစွာ တနေရာထဲမှာ မြန်မာထမင်းဟင်းအပြင် ပွဲပြင်လူ၊ပန်းကန်စားပွဲ၊လက်ဖက်အကြော်စုံ၊အချိုပွဲ၊ရေသန့်ဘူး၊တစ်ရူးအစရှိသဖြင့် ဝန်ဆောင်မူ့စုံလင်စွာရရှိနိုင်ပြီး ကျန်းမာရေးနဲ့ညီညွှတ်စွာချက်ပြုတ်ထားလို့ ယုံကြည်စိတ်ချစွာ မှာယူလို့ရပါတယ်ခင်ဗျာ.....
၂၆Bလမ်းမပေါ်၊မြို့တော်ဥယျာဉ်ထိပ်၊မန္တလေးမြို့။09402550418/09796496400

🔹ဒံပေါက်
မန်းလေးမှာ ဒံပေါက်ဆိုရင် ၂၆ လမ်း ကျုံးဘေးမှာ ဒေါ်သန်းမူ ရှိပါတယ်၊ မြို့မရုံနဲ့ မျက်စောင်းထိုးမှာ သင်း ရှိပါတယ်။

၈၃လမ်း ၂၈x၂၉ ကြားမှာ ပေါ်ပီ အဲလေ သင်္ဂဟ ဒံပေါက် ရှိပါတယ်။

ကေမီမွန်ဒံပေါက်စားချင်ရင်တော့ အလှူအိမ်သာ တွေ့အောင် လိုက်ရှာကြပါ။

ကျုံးမြောက်ဘက် ဂေါက်ကွင်းသွားတဲ့လမ်းမကြီးကနေ အနောက်ဘက်ကို ဖဲ့ဆင်းပြီုး မြောင်းလေးကို ကျော်လိုက်ရင် လမ်းဘေးမှာ ဒံပေါက်ဆိုင်လေး တဆိုင်ရှိပါတယ်။ မနက်အစောကြီးရောင်းတာပါ၊ ၈ နာရီလောက်ဆို ကုန်ပါပြီ။ ဒံပေါက် ။ ပဲထမင်း ။ အုန်းထမင်းရပါတယ်။ တပွဲမှ ၂၀၀ ရယ် ကြက်သားထည့်မှ ၇၀၀ .... စားလို့လဲကောင်းပါတယ်၊

🔹အသုပ်စုံ
မူလလက်ဟောင်း အသုပ်စုံသည်တွေမှာ တောင်းအကြီးကြီးကို ရွက်ပြီး အထဲတွင် ငှက်ပျောရွက်နဲ့ အကန့်လေးတွေ ကန့်ထားပြီး ကြာဇံ၊ ထမင်း၊ ကြွက်နားရွက်၊ ပူစီနံ၊ အာလူး၊ ငါးဖယ် မှအစ ကွိစိ ကွစိ အမျိုးပေါင်းများစွာ ပါတာပင်၊

အသုပ်စုံစားချင်လျှင် လမ်းပေါ်မှာလာတဲ့ ဈေးသည်ကို ထိုင်စောင့်လျှင်စောင့် မစောင့်နိုင်လျှင်တော့ ဈေးချိုထိ သွားရမှာပင် ၊ ဈေးချို အနောက်ဘက် ကိုင်းတန်းဈေးထဲမှာ ဆိုင်ကြီးနှင့် အသုပ်စုံသည် တသည် ရှိသည်၊ ဈေးချိုတောင်ဘက်က အသည်ကတော့ တခါက ကျနော့်ကို တပွဲ ၁၅၀၀ ယူလွှတ်လိုက်သည်၊ ( ရက်စက်ပါပေ့ )

ကန်တော်ကြီးက မိုးကောင်းအသုပ်ဆိုင်ကတော့ ဆိတ်သားခြောက်သုပ် ကောင်းသည်၊ ချဉ်ချဉ်စပ်စပ်လေး ၊ တခြားအသုပ်တွေလဲ မဆိုးပါ . ဒါပေမယ့် သူက ထမင်းဆီဆမ်းဆိုလျှင် ဘာလချောင်ကြော်ပေးပြီး ထမင်းသုပ်မှာလျှင်ကြ မပေး၊ ( ကျနော်ကတော့ မရရအောင် ဇွတ်တောင်းတာပဲ )

၇၆ လမ်း ၃၃ လမ်းနားက အခြောက်ကြီး ၂ ယောက်ရဲ့ အသုပ်လဲ စားကောင်းတာပင်၊

ဆေးကျောင်းက လူတွေကတော့ စံအေးက လက်ဖက်သုပ် ရှောက်သီးသုပ်နှင့် အသက်ဆက်ကြတာများသည်၊
လျှောက်သီးသုပ် (ဓာတ်ပုံ - လုလု)
လမ်း ၈၀ လှကလေးစိန် ထိုးမုန့်ဆိုင်ရှေ့က ထမင်းသုပ်ကတော့ အမဲ အချင်း ၀မ်းတွင်းသားနှင့် ရသည်၊ စားကောင်းသည်။

၂၆လမ်း ကျုံးထိပ် Happy Palace နှင့် မျက်နှာချင်းဆိုင်မှာ အရီးတောင်းဆိုင် ရှိသည်.။
နန်းရှေ့ (ဗထူး) အသုပ်ဆိုင်က ကောင်းမှကောင်း

🔹ထိုးမုန့်
လူအများက လွယ်လွယ်နှင့် ထိုးမုန့် ခေါ်သော်လည်း အမှန်မှာကား ထိုခေါင်းစဉ်အောက်တွင် မာစကပ်၊ အိတုံ၊ ဒိုဒိုး ၊ဆနွင်းမကင်း၊ ရွှေကြည်၊ လမုန့် စသဖြင့် အမျိုးပေါင်းများစွာ ပါသည့်အပြင် တမျိုးစီတွင် မလိုင်၊ သီးစုံ ဆိုပြီး ထပ်ခွဲသေး၏။ ထို့ကြောင့် ဘာဝယ်ရမှန်း မသိလျှင် ထိုးမုန့်ဆိုင်တွင် အမြည်းစားပြီးမှ ကြိုက်ရာရွေးဝယ်နိုင်ပေသည်၊ ( ကျနော်ကတော့ ဘယ်သူ ထိုးမုန့်ဝယ်ဝယ် အမြည်းလိုက်စားတယ် )....

🔹ထမနဲ
တခြားမှတော့ တမနဲ နှမ်းမနဲကို ပြာသို တပို့တွဲမှ ထိုးပေမယ့်၊ မန်းလေးက ဒေါ်ရှိကတော့ တနှစ်ပတ်လုံး ထိုးလေသတည်း၊ ( သာဓု ... သာဓု .. သာဓု )

🔹ကြာဇံကြော်၊ ခေါက်ဆွဲကြော် ၊ ငါးရေခွံကြော်
မန်းလေးမှာ ဒန်အိုးအကြီးကြီး ရွက်လာတဲ့ အသည်မြင်ရင် ဗေဒင်မမေးနဲ့ ကြာဇံကြော်၊ ခေါက်ဆွဲကြော် သည် ပင်၊ သည် အသည်တွေဆီမှာ ရတာ နောက်တမျိုးကတော့ ငါးရေခွံကြော်ပါ၊ ငါးဖယ် အရေခွံကို ကြွပ်နေအောင်ကြော်ထားပြီး မန်းကျည်းမှည့် အချဉ်ရည်နဲ့ တို့စားလဲ ရသလို ၊ ငရုတ်ဆီင်္ အချဉ်ရည် ဘာညာသရကာ ထည့်ပြီးလည်း သုပ်ရောင်းသည်၊

🔹၀က်သားတုတ်ထိုး
မန်းလေး ၀က်သားတုတ်ထိုးက ရန်ကုန်နဲ့ မတူ။ ရန်ကုန်တုတ်ထိုးကား င်္ဆီများ၏၊ ဆီကြော်နှင့်တူ၏၊ တုတ်ထိုးဗန်းထဲက အရည်ကို ခပ်သောက်ဖို့ မကြိုးစားနှင့်။ ဆီတွေ သာဖြစ်ကာ ဘာမှ အရသာမရှိ၊ မန်းလေးတုတ်ထိုးကား ဟင်းရည်ထဲတွင် ပြုတ်ထားတာနှင့်တူပြီး တုတ်ထိုးဟင်းရည်ကို ကြက်သွန်ဖြူ ငရုတ်သီး ဓါးပြားရိုက်လေးထည့် သံပုရာရည်လေး ညှစ်သောက် ၊ ဒါမှ မဟုတ် ထမင်းဆီဆမ်းနှင့် ဆမ်းစား ( ရှလွတ် ) အရသာ ရှိလေသည်၊
တုတ်ထိုးဆိုင်များတွင် ကြာဇံကြော် ကော်ပြန့်ကြော် ဖက်ထုပ်ကြော်များပါ ရတတ်သည်၊

၃၄လမ်း B.N ဗားမား မျက်နှာချင်းဆိုင်တွင် တွတ်ပီ ၀က်သားတုတ်ထိုးရှိသည်။ တုတ်ထိုးအပြင် ကြာဇံကြော် နှင့် ကော်ပြန့်လဲရသည်၊ သူ့ကော်ပြန့်က အထဲမှာ ၀က်သား အစာသွပ်ထားသဖြင့် အသားလိပ်လိုမျိုးဖြစ်ကာ စားကောင်းသည်၊ ဒါပေမယ့် ဟင်းရည်ကနည်းနည်းပေါ့သည်၊ ( တုတ်ကြီးကြားရင် ဓါးနဲ့လိုက်ခံရဥိးမယ် )
လမ်း ၃၀ ၆၉ ထောင့်မှာ တုတ်ထိုးတဆိုင်ရှိသည် သူလည်းမဆိုး၊ လမ်း ၇၀ ၃၂ထောင့် အာကာမင်း လက်ဖက်ရည်ဆိုင်ရှေ့က တုတ်ထိုးကတော့ ကြံမဆိုင် ဟင်းရည်နှင့်ဖြစ်သည်၊ လမ်း၃၀ ၈၁x၈၂ကြားကဆိုင်လဲ စားသူများသည်၊

ရတနာပုံဈေး KD ကြယ်သီးဆိုင်ရှေ့က ဆိုင်ကတော့ ဈေးမီးလောင်ပြီး ဘယ်ရွှေ့သွားလဲ မသိ၊ သူ့ညီမတွေကတော့ ၁၄ ကျောင်းရှေ့မှာ ထွက်သည်၊

၁၆ ကျောင်းရှေ့က မြင့်လွင်လည်း နာမည် ကြီးသည်၊ ဒါပေမယ့် ဈေးကြီး သလိုပဲ၊

(ကဲမှတ်ထားကြနော် မြင့်လွင် ဝက်သားတုတ်ထိုးတဲ့ ၆၈ လမ်း x ၂၈ လမ်းထောင့် လို့ တီချမ်း ရဲ့
ဗောဓိကုန်းဘက်က ၆၉လမ်းကို အကွေ့ဘက်မှာ once more တို့လို တုတ်ထိုးဆိုင်လေးတွေလည်းရှိသည်၊

🔹ကော်ပြန့်ကြော်
လမ်း ၈၀ ၃၈ လမ်းထောင့်က ကော်ပြန့်ကြော်ဆိုင်က အချဉ်ကောင်းသည်၊ ငါးဖယ်ကော်ပြန့် ၊ ငုံးဥကော်ပြန့်။ သီးစုံ ။ အာလူး အစုံရသည်၊

၆၉ လမ်း ၂၇လမ်းထောင့်က ဆိုင်ကတော့ ကော်ပြန့် အပြင် အကြော်စုံပါရသည်၊

🔹ဖက်ထုပ်ကြော်
လမ်း၈၀ လမ်း ၃၀ ဖူဂျီစတိုးဘေးက ဖက်ထုပ့်ကြော်ကစားကောင်းသည်၊ ဒါပေမယ့် ဆိုင်ရှင် တရုတ်မယားက ကပ်စီးနည်း .. အချဉ်တောင်းလျှင် ပေးချင်သလိုလို မပေးချင်သလိုလိုနဲ့၊

၃၂ လမ်း ၈၂ x ၈၃ ကြားမှာလည်း တဆိုင်ရှိသည်၊ ဗထူးကွင်းထောင့်က သားသတ်လွတ် ဖက်ထုပ်ကြော်ဆိုင်လေးကတော့ ရှိမှ ရှိသေးရဲ့လားမသိ၊ တပွဲမှ ၃၀၀ ရယ်၊

၃၇လမ်း စန္ခာမေနှင့် မျက်စောင်းထိုး Cafe House က ဖက်ထုပ်ကြော်ကတော့ တပွဲဆို တပွဲ အီဆောင့်နေတာပင်၊

🔹ဖက်ထုပ်ပေါင်း
ဖက်ထုပ်ပေါင်းကတော့ စနွာမေကိုပဲ ညွှန်းရမည်၊ ဖက်ထုပ်ပေါင်းအပြင် ဖက်ထုပ်ကြော်၊ ဆာတေး၊ အသားလိပ်ကြော် တွေလဲ ရသည်၊ ဒီတခေါက်သွားစားတော့ သိပ်မကောင်းတော့။ ဖက်ထုပ်ပေါင်းကလဲ မာဂေါက်ဂေါက်... ဆာတေးကလဲ အချဉ်ရည်က ကျဲတဲတဲနဲ့။
Likeဖက်ထုပ်ဆိုင်(မနော်ဟယ်ရီလမ်းနှင့်၇၁လမ်းထောင့်)အလွန်ကောင်း

🔹 ကြေးအိုး
ကြေးအိုးဆိုလျှင် YKKOဖယ်ထားလို့မရ(လမ်း၃၀၊၆၄-၆၅ကြား)
မိသားစုနဲ့အေးဆေးစား ရွှေတောင်တန်း(၃၂လမ်း၊၆၈-၆၉ကြား)
နောက်၂၉လမ်းက ဒေါ်စင်းယုံ

🔹အာပူလျှာပူ
အာပူလျှာပူ တွင် ကျနော်တို့လက်စွဲက နန်းရှေ့ တရားရုံးချုပ်ရှေ့နေရုံးနားက အာပူလျှာပူဆိုင်ပင်၊ သူ့ဆိုင်က ပဲသီးများများနှင့် ငါးဖယ်သုပ် စပ်စပ်ကိုလဲ ကြိုက်ကြသည်၊

နောက်တဆိုင်ကတော့ အောင်တော်မူ ဘုရားနားက ရွှေအိ ထင်တယ် နာမည်က အာပူဆိုင်၊ ကယ်လီ church နားက အာပူလျှာပူဆိုင်ကတော့ တခြား ထမင်းသုပ် လက်ဖက်သုပ် ရှောက်သီးသုပ်တွေပါ ရသည်၊

🔹လက်ဖက်ရည်ဆိုင်
မန်းလေးက လက်ဖက်ရည်ဆိုင် ဆိုသည်မှာ လက်ဖက်ရည် ကော်ဖီ. ပလာတာ ထပ်တရာ နံပြားကစလို့ မုန့်တီ မုန့်ဟင်းခါး မြီးရှည် မှသည် ထမင်းဆီဆမ်း . ထမင်းဟင်း အထိ အစုံရသည်၊

မန်းလေးတွင် အကြီးဆုံး လက်ဖက်ရည်ဆိုင် အုပ်စုမှာ မင်းသီဟ နှင့် ယူနီစံ ဖြစ်ပေလိမ့်မည်။ ရွှေပြည်မိုးကလဲ နေရာတကာ တွေ့လာရတာပင်၊. လမ်း၈၀မှ ၇၃ ကို ရွှေ့သွားသည့် ပါဝါ လက်ကီး ဆိုင်ကို အစက ကျနော်က ရှဝါ လက်ကီး ချည်းပဲ ဖတ်မိသည်၊.

အောင်တော်မူဘုရားနားက cafe blue ကတော့ ညဘက်ဆို တော်တော်စည်သည်၊ ထူးထူးဆန်းဆန်း အဲ့သည်ဆိုင်မှာ ကြွေမုန့် ရသည်၊( မုန့်ဗိုင်းတောင့်လို့လဲ ခေါ်တယ် ဗျ )

ဆေးကျောင်းနားက ဆိုလျှင်တော့ အချစ်ရွာ ရှိသည်၊ 3 color ရှိသည်၊ ဆေးကျောင်းသက် ၇င့်သော ကျောင်းသားတချို့ ထိုင်တတ်သည့် မမေ့နိုင်ရှိသည်။ မမေ့နိုင်ကတော့ မိန်းကလေး ထိုင်တာတော်တော်နည်းသည်၊ ဆေးကျောင်းတောင်ဘက် ဆိုင်ကယ် အပ်တဲ့ကွင်းထဲမှာတော့ Banyan Groove ရှိသည်၊

မိန်းဘက်ထဲဆိုလျှင် Friend ရှိသည် ။ ပန်းကမ္ဘာရှိသည်၊ Dynasty ကတော့ တော်တော်ချောင်ကျသော ဆိုင်ဖြစ်ပေမယ့် လက်ဖက်ရည်ကောင်းသလို ချက်ခုံ၊ ကာတွန်းစာအုပ်တွေပါ ရှိလို့ လူစည်သည်၊

ညလုံးပေါက်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ဆိုလျှင် ၃၅ လမ်းက ကီးမားတင်ဝင်း . ၃၅ လမ်း နှင့် ၂၆ လမ်းက ကရ၀ိတ်။ လမ်း ၃၀ အမျိုးသမီးဆေးရုံကြီးနားက ယူနီစံ။ ၇၄ လမ်း ၃၃ လမ်းထောင့်က လှိုင်းတို့ ရှိသည်၊
၆၂လမ်းပေါ်၊စံပြလမ်းနားက ရွှေမန်းလေး လက်ဖက်ရည်ဆိုင်။

🔹အအေးဆိုင်
လမ်း၈၀ ဖားသားလဖုန်းကျောင်းရှေ့မှ ဖောင်တော်သီတွင် အအေးနှင့် သဘောင်္သီးထောင်း ကြက်ညှပ် ရသည်၊ အဲ့သည်ဆိုင်မှာ ကျနော်အကြိုက်ဆုံးက နို့အေးပါ၊

ကျုံးရှေ့ဘက်မှာ ညဘက်ဆိုလျှင် အစိမ်းရောင် နယ်မြေ ရှိသည်၊

Breeze ကတော့ လမ်း၇၀ ၃၂x၃၃ ကြားတွင် ရှိပြီး ကောက်ညှင်းပေါင်းနှင့် အကြော်စုံပါရသည်၊ ဆေးကျောင်းတ၀ိုက်တွင်လည်း အအေးလှည်းလေးတွေ တော်တော်များသည်၊

ကျနော့် ကျောင်းတက်တုန်းက ကျနော်တို့ တဖွဲ့ရဲ့ ရုံးချုပ်က အချစ်ရွာရှေ့မှ ဦးလေးကြီးဆိုင်တွင် ဖြစ်သည်၊ ဦးလေးကြီးဆိုင်က ကော်ဖီအေးကတော့ ကျနော့် အသဲစွဲပင် တရက် ကို ၃ ခွက်လောက်သောက်ဖြစ်သည် ( star buck ထက်တောင်ကြိုက်သေးတယ် ) .... ပြီးတော့ ဦးလေးကြီးဆိုင်က ကျောင်းထဲ အ၀င်အထွက်ကော လမ်းမပေါ်ကော အချစ်ရွာထဲပါ မြင်ရလို့ အကွက်အကွင်းကောင်းသည်၊ ( အချင်းချင်းတွေဆိုတော့ ကပ်ကြော်ငြာပေးတာ )

🔹ကော်ဖီဆိုင်
ကော်ဖီဆိုင်များတွင် လမ်း ၈၀ ၂၅ ထောင့်က V Cafe က အရင်ကတော့ စားဖိုမှူးတော်တော်ကောင်းသည် .. အခုတော့ ပြောင်းသွားပြီလားမသိ ( အမဲသား ဘာဂါ တော်တော့်ကို ကောင်းသည် )

ကျုံးရှေ့က Cafe City ကတော့ နေ့လယ်ဘက် ညဘက်ဆို လူများပြီး ဆူလွန်းလို့ မထိုင်ဖြစ်တာ တော်တော်ကြာပြီ၊

JJ ကတော့ အစားအသောက်လဲ မဆိုး .. ခုနေရာ အသစ်ပြောင်းပြီးတော့ မရောက်ဖြစ်တော့ ။။။

BBB က တော့ Mixed Grill ကြိုက်သည်၊

cafe melody က ဆိုင်ကျဉ်းပြီး ထိုင်လို့မကောင်း။ ၇၈လမ်းပေါ်က Riverar က အောက်ထပ်မြေအောက်ခန်းက ခြင်ကိုက်သည်။ ပြီးတော့ သူ့ဆိုင်က ဆီသိပ်မသန့်။

လမ်း ၈၀ မှာ နဂိုက ဖွင့်သည့် Cafe Jin က unplugged ၀ိုင်းလေးက အဆိုတော် ၂ ယောက်က တော်တော့်ကို အသံကောင်းသည်၊ အရင်က ညဘက်ဆို ကျနော်နှင့် ထက်ကြီး ၂ ယောက် ကော်ဖီတခွက်မှာပြီး သီချင်းသွားနားထောင်ကြသည်၊ အခုတော့ ဆိုင်ပိတ်သွားပြီ...

၂၇ လမ်း လမ်း ၇၀ ထောင့်က Koffee Korner ကတော့ ဒီနောက်ပိုင်း ထိုင်ဖြစ်သည်။ အဲ့သည်ဆိုင်မှာ ကျနော်တို့ အကြိုက်က Chicken Basket .. spaghetti bolognise နှင့် JD coffee ဖြစ်သည်။ ( ကိုသူရအောင် ဖျော်တဲ့ JD coffee က ပိုသောက်ကောင်းတယ်ဗျ )

🔹Dim Sum
ဒင်ဆမ်းဆိုရင်တော့ အိုရီရမ်တယ် တခုပဲ စားကောင်းသလိုပင်။ ကျနော်ကတော့ JJ က ဒင်ဆမ်းလဲ သိပ်မကြိုက်။ ကျန်တဲ့ဆိုင်တွေကော အကုန် နည်းနည်း အရသာက ချဉ်သလိုပင် ။ ဘာကွာလဲမသိ...Life cafe Mdy (လမ်း၃၀၊၆၄-၆၅ကြား)လဲကောင်းတယ်

🔹ဘီယာဆိုင်
ထိုင်လို့ နည်းနည်းကောင်းတဲ့ ဆိုင်ပဲ ညွှန်တော့မယ်၊

၃၅ လမ်းက Beer Rain ကတော့ သုံးထပ်မှာ အောက်ဆုံးထပ်က ဒီတိုင်းဝိုင်းလေးတွေ .. အလယ်ထပ်က ကော်ဖီဆိုင် ခပ်ဆန်ဆန် အဲကွန်းခန်းနဲ့ အပေါ်ဆုံးထပ်က လဟာပြင် ကြိုက်တာ ထိုင်ရုံပင်၊ အဲ့ဒိဆိုင်မှာ ကောင်းတာကတော့ ငါးအရိုးလွတ်။ မှိုကန်စွန်းနဲ့ ။ ၀က်ပေါင်ခြောက်သုပ်ပါ၊

အဲ့ဒါနဲ့ မျက်စောင်းထိုးလောက်မှာ ရွှေကောင်းကောင်းရှိသည်၊

လမ်း ၃၀ အကင်တန်းမှာတော့ ကျနော်တို့ ကိုသူရိန်တို့ ထိုင်တတ်သည့် အမြဲကောင်း ရှိသည်၊ အဲ့သည်ဆိုင်က ခရုဟင်း ကောင်းသည်၊

ကျုံးအရှေ့ဘက်မှာဆို ကျယ်ကျယ်ဝန်းဝန်းနဲ့ Paradise ရှိသည်၊ အင်းဝ ကတော့ မိန်းကလေး ထိုင်လို့ သိပ်မကောင်းလို့ ထင်သည်၊

၇၃ လမ်း ၂၇ နှင့် ၂၈ မှာ ၀င်းဝင်းရှိသည်၊ သူက စည်ဘီယာမရ။ ပုလင်းပဲရသည် ဒါပေမယ့် ကျနော်က သူ့ဆိုင်က မာလာဟင်း ကြိုက်သည်၊

သိပံလမ်းဘက်မှာဆို Jasmin Garden ရှိသည်၊ သူ့ဆိုင်က ငါးမျှစ်ချဉ်စားကောင်းသည်၊ ( နည်းနည်းတော့ သံပုရာသီးလေး ညှစ်လိုက် ဆားထည့်လိုက်နဲ့ ပြင်ယူရတယ်)

ကုတင် ၃၀၀ ဆေးရုံနားမှာ ရွှေဆည်းဆာ ရှိသည်၊ အရင် ကတော့ အာလူးကြော်ကောင်းသည် ( အခုတော့ အကြော်ဆရာ ပြောင်းသွားပြီ ထင်တယ် )

၆၁လမ်းမှာ M Bar ရှိသည်။ ပါတီ လုပ်ချင်သူများ အတွက်တော့ သင့်တော်သည်၊

ကန်တော်ကြီးမှာဆို ၀င်းဝင်းရှိသည်၊ ကျယ်ကျယ်လွင့်လွင့်သောက်ချင်လျှင် ကောင်းကောင်းရှိသည်၊၊ ဒဏ္ဍာရီ ရှိသည်၊

ဆခွံနှင့် ရှမ်းအရက် ကြိုက်တတ်လျှင် ၇တနာပုံဈေး အရှေ့ဘက်မှာ သျှမ်းသျှမ်းတောက် ရှိသည်၊

ဈေး တောင်ဘက်က 115 ကတော့ အ၇က်သမားဝါရင့်ကြိးတွေ ဆိုင်ထင်တာပဲ။ အဲ့ဒီဆိုင်က ဂျင်သောက်ကောင်းသည်၊

🔹ထန်းရည်
မန်းလေးတွင် အဓိက ထန်းရည်ရသည့် ၃ နေရာက အိမ်ရှေ့မင်းထန်းတော ။ ရန်ကင်းတောင် ထန်းတောနှင့် ဦးပိန်က ထန်းတောပင်၊

ဦးပိန်က ထန်းတောမှာ ထန်းရည်စစ်စစ် မရနိုင် ။ ဒါပေမယ့် ကြွက်ကြော်သုပ်ရသည်၊ ( ဒါကလဲ ရတနာပုံတက္ကသိုလ် ဘက်က ဆိုင်တွေ မှာပဲ ရတာနော် .... ဟိုဘက်က ဆိုင်တွေ မှာ မရဘူး ) ဆိတ်သားကို ငရုတ်သီး ကြက်သွန်ဖြူ ပင်စိမ်းရွက် နဲ့ ရောထောင်းပြီး ရှောက်သီးညှစ်ထားသည့် ဆိတ်သားထောင်း စပ်စပ် ။. ငါးကြော်။ ပြောင်းဖူးကြော် စားကောင်းသည်။

ရန်ကင်းတောင် ထန်းတောကလည်း ထန်းရည်အစစ် မရတော့။ ပြီးတော့ လူအရမ်းများလာသည်၊ တဲတွေ မှာ အမြဲတမ်းလူအပြည့် ။ တခါ အရင် ထန်းတော မရောက်ခင် မှာ ဆိုင်အသစ် တဆိုင် ထပ်ဖွင့်ထားသေးသည်း

ရန်ကင်းတောင်နဲ့ ဆေးဝါး ကြားက လမ်းတောင်ဘက် အခြမ်း လယ်ကွင်းထဲမှာ တော့ ထန်းတဲလေး တတဲ ရှိသည်၊ အဲ့သည်မှာတော့ ထရည်ပုစွန်ဆိတ်ခုန်လေးနဲ့ ကြွက်ကြော်လေးရသည်၊ လယ်ကွင်းဘေး လေတဖြူးဖြူးနဲ့ ဇိမ်ပဲ ။

ရေတံခွန်တောင်သွားသည့်လမ်းမှာလဲ ထန်းရည်ရပြီဆိုသည့် ဆိုင်းဘုတ်နှင့် ထန်းတဲလေး တခု ရှိသည်။ ဒါပေမယ့် သူက နည်းနည်း ညစ်ပတ်သည်၊

🔹မနက်စာ ထမင်းကြော်
မနက် ထမင်းကြော်စားချင်သည့်သူများအတွက် ၃၅ လမ်း ၇၉ လမ်း န၀ရတ်ရိပ်သာထဲတွင် နံနက်ခင်း ရှိသည်၊

၇၁လမ်း ၂၇ လမ်းထောင့်က မူလတန်းကျောင်းဝင်းလေးထဲမှာ လည်း ထမင်းကြော်ဆိုင်တဆိုင် ရှိသည်။ သူက အသားကြော် အရံ မျိုးစုံနှင့်ရသည်၊

သူနှင့်မျက်စောင်းထိုးက အိမ်ဆိုင်လေးကတော့ ထမင်းကြော်တပွဲကို ခေါက်ဆွဲကြော်နဲ့လဲ စပ်လို့ရသည် ကြာဇံကြော်နဲ့လဲ စပ်လို့ရသည်၊

🔹ညနေစာ ထမင်းကြော်
ညနေဘက်ဆိုလျှင်တော့ ၇၇ လမ်း တောက်လျှောက်တွင် အာစင်နယ် ရွှေမန်းမေ အစရှိသော လှည်းတွေနှင့် ထမင်းကြော်ဆိုင်တွေရှိသည်၊ ကြက် ၀က် ဆိတ် ငါး အကြော်မျိုးစုံ နှင့် ထမင်းကြော်ကို ငံပြာရည်ဆီသတ် . ငပိထောင်း ၊ တို့စရာ၊ ချဉ်ရည်နှင့် မြိန်မြိန်ကြီးစားနိုင်သည်၊

🔹ဆီချက်ခေါက်ဆွဲ
မန်းလေးမှာ ကျနော်အကြိုက်ဆုံးကတော့ ရှိန်းဆီချက်ပင်။ ဒါပေမယ့် စားရတာ စိတ်မရှည် ။ အဲ့သည် ဘွားတော်က ဆီချက်လေး တမျှင်ကို ပန်းကန်ထဲထည့်လိုက် ပြန်ဖယ်လိုက် ပြန်ထည့်လိုက်နှင့် တော်တော်နဲ့ မပြီး။

၂၈ လမ်း က ဒေါ်စင်းယုံ က ဆီချက် ထမင်းပေါင်း ဆန်ပြုတ်လဲ ကောင်းတာပင်၊

လမ်း ၈၀ ပေါ်က မင်းဟိန်နဲ့ ရုံးစိန်က တော့ ပါဆယ် ထုပ်စားတာ ပိုအဆင်ပြေသည်၊

ဂျုံယို၊ သာကူယို၊ နွားနို့ခဲ၊ နွားနို့ထမင်း ၊ ငှက်ပျောပေါင်း

ဒန်အိုးသေးသေးလေးတွေ ပလုံစီနေသော ထိုအသည်တွင် ဂျုံယို၊သာကူယို၊ နွားနို့ခဲ ၊ နွားနို့ထမင်း၊ ငှက်ပျောပေါင်း မှ စကာ မလိုင် ၊ နွားနီု့အထိ ပါတတ်သည်၊၊

🔹ဒိန်ချဉ်
ဒိန်ချဉ်ဆိုင်ကတော့
အမှတ်(၁၁)
၁၄-၁၅ကြား ၈၂ လမ်း ရွှေအိုး(၁)နဲ့
၃၄လမ်း၇၃-၇၄ ရွှေအိုး(၂)
၂၂-လမ်း ၈၂-၈၃ လမ်းကြားက
ကိုကြူး “ဒိန်ချဉ်

နွားနို့ဟင်း
အပေါ်မှာ နွားနို့ထမင်း ညွှန်းပြီးပြီ ဆိုတော့ နွားနို့ဟင်းကိုလည်း ညွှန်းရပေမည်၊ နွားနို့ဟင်းမှာ ပူပူ ချိုချိုမွှေးမွှေး ဖြစ်ပြီး မလိုင်ဖတ်များများနှင့် မနက်ပိုင်း စားလို့တော့ အကောင်းသားပင်၊ ကျုံးတောင်ဘက် ၇၈ x၇၉ ကြားတွင် နွားနို့ဟင်းသည်တွေ မနက် ၊ ည ရှိသည်၊ ( နေ့လည်တော့ မရှိဘူး )

🔹ပုရစ်ကြော်
ပုရစ်ကြော်ကတော့ ရာသီစာဖြစ်သဖြင့် မိုးအကုန် ဆောင်းအကူးမှာသာ ရတတ်သည်၊ ရန်ကုန်မှာ ရောင်းတဲ့ ပုရစ်ကြော်ကတော့ ဘုရားစူး ပုရစ်ကြော်ပင် ၊ ( အမျှင်မဖြတ် အတောင်မဖြတ် ခြေမဖြတ် ချီးမထုတ် ပဲ ဒီတိုင်းကြော်ရောင်းသတဲ့ အရပ်ကတို့ရဲ့ )။ သန့်စင်ပြီးသား ပုရစ်ကို ကြက်သွန်ဖြူ ဂျင်းနိုင်နိုင်နဲ့ ကြော်ထားသည်မှာ ကျွပ်ရွ မွှေးပျံ့ ကာ ထမင်းဆီဆမ်းနဲ့ စားစား ဒီတိုင်းမြည်းမြည်း အရသာ ရှိတာပင်၊

🔹ဘုရားပွဲ မုန့်များ
မန်းလေးကို ဆောင်းရာသီမှာ သွားလျှင်တော့ မြို့တွင်းရှီ လမ်းတွေမှာ တလမ်းမဟုတ် တလမ်း ဘုရားပွဲနှင့် တွေ့ရမှာပင်၊ ဘုရားပွဲများတွင် မြန်မာမုန့် မုန့်ပေါင်း၊ မုန့်အုပ်ကလေး ၊ မုန့်ဆီကြော်၊ မုန့်ပစ်သလက်၊ ခဲလံချောင်း၊ မုန့်ဆပ်သဖူး ၊ အမဲအူပြုတ် အစရှိသည်တို့ကို မြည်းစမ်းနိုင်ပေသည်၊

🔹ဟိုဆိုင် ဒီဆိုင်
ဒါကတော့ ဘယ်စာရင်းထဲ ထည့်လို့ ထည့်ရမှန်းမသိတဲ့ ဆိုင်တွေပင်။

ဆုံနေကြ ကတော့ ၃၄လမ်း န၀ရတ်ရိပ်သာ မြောက်ဘက်အပေါက်က ဆိုင်လေးပင် ။ ဘာကောင်းလဲဆိုတော့ ဘာမှ မကောင်း။ ဒါလဲ ထိုင်ကြတာပါပဲ။ လက်ဖက်ထမင်းကို လက်ဖက်အသား ကြမ်းကြမ်းနှင့် ခပ်စပ်စပ်လေး ရသည်၊

၆၈လမ်း ၃၄-၃၅လမ်းကြားက တက်နေ၀င်းက ငါးသံပုရာကောင်းသည်။ အဲ့ဆိုင်နှင့် မျက်စောင်းထိုးလောက်တွင် ဂဏန်းချက် ဂဏန်းမဆလာကောင်းသည့်ဆိုင်ရှိသည်၊ စီချွမ်းဆိုလားပဲ နာမည် မမှတ်မိ၊

နန်းရှေ့က မေတ္တာရိပ်ကတော့ နံရိုးပေါင်းခေါက်ဆွဲမဆိုး၊

လမ်း၇၀ ၂၇လမ်းထောင့်က မူလတန်းကျောင်းပေါက်မှာ နေ့လည်ကျောင်းဆင်းချိန်ဆို ရှမ်းညီအစ်မ ၂ ယောက် တိုးဟူးသုပ်။ ရှမ်းခေါက်ဆွဲ ။ တို့ဟူးနွေးရောင်းသည်၊ သူတို့ဆိုင်က တို့ဟူးသုပ်က ရှမ်းလက်ရာ ချိုချဉ်စပ်လေး စားကောင်းသည်၊

၇၇လမ်း ၃၂x၃၃ ကြားက Yangon food villa ကတော့ စားစရာ စုံစုံရသည်၊ အဲ့ဒီဆိုင်က ၀က်စတူးက ၀က်သား သုံးထပ်သားကို ကြားထဲမှာ နံရိုးနုလေးတွေနဲ့ စားကောင်းသည်၊ ကင်မ်ချီ ထမင်းကြော်တို့ ဘာတို့လဲ ရသည်။

အမျိုသမီးဆေးရုံကြီး တောင်ဘက် လမ်းကြား ထဲက ခို့ခို့ရို့ကတော့ ဖက်ဖယ်ထမင်း ။ ငါးထမင်း

Okပျားကြက်ကြော်ဆိုင်(ပျားရည်နဲ့နှပ်ပြီးကြော်တဲ့ပျားကြက်ကြော် 43လမ်း၊64-65လမ်းကြား)အလွန်စားလို့ကောင်း👍

မိုင်အကွာအဝေးလေးတွေ
14/03/2019

မိုင်အကွာအဝေးလေးတွေ

သဘောကျမိသော ညအိပ် ဝတ်စုံ လေးများ🧡❤️💛💖
07/03/2019

သဘောကျမိသော ညအိပ် ဝတ်စုံ လေးများ🧡❤️💛💖

ရိုးရိုးလေးနဲ့ ခရု 😍
17/02/2019

ရိုးရိုးလေးနဲ့ ခရု 😍

မီးမီးလေးတွေအတွက်😍
01/07/2018

မီးမီးလေးတွေအတွက်😍

ရာသီ အလိုက် လန်းကြရအောင်နော်😍
20/12/2017

ရာသီ အလိုက် လန်းကြရအောင်နော်😍

မေမေနဲ့ သမီး ဆင်တူလေးတွေ
20/12/2017

မေမေနဲ့ သမီး ဆင်တူလေးတွေ

Address

Mandalay
Mandalay
JULIA

Telephone

+959783730851

Website

Alerts

Be the first to know and let us send you an email when Step Up Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share