03/01/2024
ကိုယ်ဝတ်မဲ့ အဝတ်အထည်တွေကိုဘယ်လိုပုံစံမျိုးနဲ့ဝယ်လေ့ရှိလဲ?
အိုခေ! ဒီဆယ်စုနှစ်တွေအတွင်းကိုပြန်ကြည့်ကြမယ်ဆိုရင်
တစ်ခွန်းဆိုင်တွေ, brand storeတွေ, online shopတွေကနေ
သေချာပေါက်ဝယ်ဖူးကြမှာပဲ။ ဒါပေမဲ့ "ဘေထုပ်နှိုက်တယ်"
လို့ခေါ်ကြတဲ့flea market, thrift market တွေမှာဝယ်တာမျိုး
ကိုတော့ လူ၁၀ယောက်မှာ ၇ယောက်လောက်ပဲလုပ်ဖူးလိမ့်မယ်
လို့မှန်းပါတယ်။ ဘာလို့လဲဆိုတော့ ဘေထုပ်ရဲ့ တပတ်ရစ်
ဖြစ်မှု, စိတ်တိုင်းမကျရင်ပြန်လဲလို့မရတာ warrantyမရှိတာ
"ဘေထုပ်"ကို ရှက်စရာတစ်ခုလိုမြင်ကြတာ စတာတွေက
အဓိကအကြောင်းရင်းဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ဒီနှစ်တွေအတွင်းမှာ ဒီအမြင်တွေတဖြည်းဖြည်း
လျော့ပါးလာတာကိုသိသိသာသာမြင်ရတာဝမ်းသာစရာပါပဲ။
အဲ့ဒါတွေကိုဖယ်ကြည့်ပြီး သင့်တော်သက်သာတဲ့ငွေamount
တစ်ခုနဲ့ ဘေထုပ်ထဲမှာဘာတွေရနိုင်မလဲဆိုတာကလဲ
စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘေထုပ်က တလကိုအနည်းဆုံး၅သောင်းလောက်ထိကုန်နေတဲ့အဝတ်အစားဖိုးကို
ပိုသက်သာ ပိုQualityကောင်းတဲ့ Alternative Choice
အဖြစ်ပြောင်းလိုက်တဲ့ Game Changerဖြစ်လာပါလိမ့်မယ်
ဘေထုပ်လို့ပြောလိုက်ရင် မျက်လုံးထဲအချိုးမကျတဲ့အရောင်တွေ cuttingတွေနဲ့အဝတ်တွေပဲလှမ်းမြင်ကြမယ်ထင်တယ်
များသောအားဖြင့်ကအဲ့လိုပဲအကြမ်းဖျဉ်းသိထားတာမို့
ဘေထုပ်ကို ရှက်စရာfigureတစ်ခုအဖြစ်မြင်ကြတာပါ
တကယ်တော့အဲ့လိုမဟုတ်ပဲ ကိုယ့်Fashion senseကောင်းရင်ကောင်းသလို ဘေထုပ်လို့ထင်စရာမရှိအောင်ကိုအရည်အသွေးကောင်းတဲ့ Authenticအဝတ်တွေရနိုင်ပါတယ်
H&M,Urban Outfitters,Zara,Gap,
Old Navy,Uniqlo,bathing ape, dickies စတဲ့ Mid-range brandတွေ
Adidas,Nike,Kappa,Asics,Under Armour,New Balance,Converse,Sport Brandတွေ,
Levi's,Erwin,American Eagle, LEE, Tommy Hilfiger, Champion လို ခပ်မြင့်မြင့်Brandတွေရယ်ကအစ
Bandအစုံ Artistအစုံ studioအစုံ
ရဲ့Merchအစစ်တွေ,တက္ကသိုလ်ပေါင်းစုံ ကျောင်းပေါင်းစုံက Tshirtအစုံကို ဘေထုပ်ထဲတင်ရှာတွေ့နိုင်ပါတယ်
ဒါပေမဲ့ ဘေထုပ်ဟာဘေထုပ်ပဲမို့ brand new latest, trendy
ဖြစ်တာတွေကိုတော့ official showroomမှာပဲရနိုင်မှာပါ
Brandအစွဲနဲ့မဟုတ်ပဲ comfortဖြစ်ဖို့ qualityကောင်းနေဖို့ကပဲ
အဓိကဆိုရင်လဲ တကယ်မိုက်တဲ့ပုံစံပေါင်းစုံနဲ့အဝတ်အထည်တွေရာသီတိုင်းအတွက်ရှိသေးတယ်..
ဒါပေမဲ့အပေါ်မှာပြောထားသလိုပဲ ဘေထုပ်သွားရွေးတိုင်း
ဒီလိုမျိုးတွေ့ရဖို့ကမသေချာလှပါဘူး။ ဒါတွေက
ကိုယ်ရွေးဝယ်တဲ့အမျိုးအစား,ကိုယ့်ရဲ့ရွေးတတ်မှူနဲ့
Brand knowledge နဲ့လဲဆိုင်ပါသေးတယ်။
ပွဲသွားပွဲလာမဟုတ်ရင် အဝတ်အသစ်တွေဝယ်ဖို့မလိုအပ်သေးရင်
ထသွားထလာဝတ်အတွက် thriftingကိုစမ်းလုပ်ကြည့်ဖို့
တိုက်တွန်းပါရစေ။ တစ်ဦးနဲ့တစ်ဦးလက်ဆင့်ကမ်းထားတဲ့
pre-owned လေးတွေကို ဝတ်ဆင်ခြင်းဟာ ရှက်စရာလဲမဟုတ်သလို recycling လုပ်တာဖြစ်လို့ပတ်ဝန်းကျင်ကို ကောင်းမွန်
တဲ့သက်ရောက်မှုတွေရှိပါသေးတယ်။
အဲ့လိုမလုပ်ချင်ဘူး အသစ်ပဲဝယ်ဝတ်ရတာ
ကြိုက်တယ်ဆိုရင်လဲ ဒါဟာတစ်ဦးချင်းစီရဲ့ရွေးချယ်မှု
နှစ်သက်မှူမို့ စောဒကမတက်လိုပါဘူးနော် 💓
ဒါဟာThriftingရဲ့ က်ိုယ့်တစ်ကိုယ်စာအတွက်ကောင်းကျိုးတွေ
ကိုပြောထားတာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်အတွက်
အကျိုးများစေတဲ့အချက်တွေလဲသူ့မှာအများကြီးရှိသေးတာမို့
နောက်ရက်များမှာဆက်ပြီး ပို့စ်တစ်ခုတင်ပါဦးမယ်လို့။
Crd