Mo Mo Baby

Mo Mo Baby Grow with Your Baby, Supporting Every Steps

ပြာသိုလပြည့် (အမေများနေ့)အမေဆိုတာစကားလုံးတွေနဲ့ ထုဆစ်ဖို့မလုံလောက်တဲ့ ကောင်းကင်ကြီးပါ..အရမ်းချစ်တယ် မေမေ ❤️မေမေ ကျန်းကျန...
13/01/2025

ပြာသိုလပြည့် (အမေများနေ့)

အမေဆိုတာ
စကားလုံးတွေနဲ့ ထုဆစ်ဖို့
မလုံလောက်တဲ့ ကောင်းကင်ကြီးပါ..
အရမ်းချစ်တယ် မေမေ ❤️

မေမေ ကျန်းကျန်းမာမာနဲ့ အသက်ရှည်အနာကင်းမဲ့စွာ နေထိုင်နိုင်ပါစေ..🙏
ကမ္ဘာပေါ်ရှိ အမေများအားလုံး ကျန်းမာချမ်းသာကြပါစေ။

နို့တိုက်မိခင်တွေအတွက် ကလေးငယ် နို့သီးကျိတ်ခြင်းမှ ကင်းဝေးရအောင်------------------------------------------------မေမေတွေ ...
11/01/2025

နို့တိုက်မိခင်တွေအတွက် ကလေးငယ် နို့သီးကျိတ်ခြင်းမှ ကင်းဝေးရအောင်
------------------------------------------------
မေမေတွေ ရင်သွေးငယ်တွေကို နို့ချိုတိုက်ကျွေးတဲ့အခါ ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုကတော့ ကလေးတွေက နို့သီးခေါင်းသွားဖုံး ဒါမှမဟုတ် ပေါက်ခါစ သွားတွေနဲ့ကျိတ်ခြင်း ကိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာ ဒီပြဿနာနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်တဲ့ နည်းလေးတွေပြောပြပေးထားပါတယ်။

သွားကျိတ်ခံရနိုင်သော အကြောင်းရင်းများ
------------------------------------------------

၁။ နို့စို့ပြီးနောက် နို့သီးကို ဆက်လက်ငုံထားခြင်း

၂။ နို့စို့ချိန်တွင် ပြင်ပမှ အသံဖြစ်စေ လှု့ံဆော်မှုတစ်ခုကြောင့်ဖြစ်စေ နို့ဆက်မစို့တော့ခြင်း

၃။ နို့စို့ရင်း အိပ်ပျော်သွားခြင်း

၄။ နားပိုးဝင်ခြင်းနှင့် အအေးမိထားခြင်းကြောင့် ကလေးငယ်မှာ နို့စို့ရန်ခက်ခဲသည့်အတွက် နို့ကိုကျိတ်ပြီး ကိုက်ပြီး စို့ခြင်း

၅။ စူးစမ်းလိုစိတ်ဖြင့် နို့သီးခေါင်းကိုက်ခြင်း တို့ပဲ ဖြစ်ပါတယ်။

ကာကွယ်နိုင်ဖို့ နည်းလမ်းများ
------------------------------

ဒါဆို ဒါတွေကို ကာကွယ်နိုင်ဖို့ နည်းလမ်း ၇ခုကတော့-

၁။ မိမိရဲ့လက်သန်းကို ကလေးငယ်ရဲ့ အပေါ်သွားဖုံးနှင့် အောက်သွားဖုံးကြားထဲ ထည့်ထားပါ။

၂။ ကလေးငယ်မှ မိမိ နို့သီးခေါင်းကို စကိုက်မိပါက ရုတ်တရက် ဆွဲမထုတ်ပါနှင့်။ ပိုပြီး ကိုက်မိနိုင်ပါတယ်။

၃။ မိမိ နို့သီးခေါင်းအကိုက်ခံရပါက ရုတ်တရက်မအော်ပါနှင့်။ ကလေးက မိမိအော်သံကို သေချာသိရန် ထပ်ပြီး ကိုက်တတ်ပါတယ်။

၄။ နို့သီး အကိုက်ခံရပါက ကလေးကို နို့တိုက်ရာမှ ခဏ ဖယ်ပြီး နားပေးခြင်းဖြင့် နို့သီးနာကျင်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၅။ ကလေးကို အနေအထားမှန်မှန်ဖြင့် နို့တိုက်ပါ။ နို့တိုက်နေချိန် ကလေးနှင့် မျက်လုံးချင်းဆက်သွယ်ပါ။

၆။ နို့စို့ပြီးပါက ကလေးငယ်သွားကျိတ်ရန် အရုပ်ဖြစ်စေ တစ်ခုခုပေးထားပါ။

၇။ ကလေးကြီးလာပါက ဖြည့်စွက်စာကျွေးခြင်းဖြင့် နို့တိုက်သည့် အကြိမ်ရေ ကို လျှော့ချပါ။

နို့တိုက်ရမည့် အနေအထားမှန်များ
---------------------------------

နို့တိုက်ရမည့် အနေအထားမှန်များမှာ-

၁။ ထိုင်လျက် သို့မဟုတ် လဲလျောင်းပြီး မိမိသက်တောင့်သက်သာရှိမည့် အနေအထားဖြင့် တိုက်ကျွေးပါ။

၂။ ခြေထောက်ကိုမြေှာက်ထားပြီး ခုံတစ်ခုပေါ်တင်ထားပါ။

၃။ မိမိပေါင်ပေါ်မှာ ခေါင်းအုံးများ တင်ထားခြင်းဖြင့် ကလေးငယ်ကို သက်တောင့်သက်သာ ရှိပါစေ။

၄။ နို့တိုက်နေချိန် မိမိကျောနောက်တွင် ခေါင်းအုံးများခုပြီး မှီပါ။

၅။ လဲလျောင်းပြီး တိုက်ပါက မိမိခေါင်းအောက်တွင် ခေါင်းအုံးများခုပါ။

၆။ နို့တိုက်နေစဉ် ကလေးကို မိမိ၀မ်းဗိုက်ဖက်သို့ မျက်နှာမူထားပါ။

၇။ ကလေး၏ မျက်နှာကို မိမိဘက်သို့လှည့်ထားခြင်းဖြင့် ကလေး၏ နှာခေါင်းနှင့် မိမိ နို့သီးခေါင်း တစ်တန်းတည်းရှိပါစေ။

၈။ ကလေးမှာ သူသက်တောင့်သက်သာရှိသော အနေအထားသို့ ရိှနေပါက မိမိမှ အနေအထား အတင်းသွားမပြင်ပါနှင့်။

ဒီလွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ ကလေးငယ်နို့ကျိတ်ခြင်းကနေ သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ အများအားဖြင့် မိခင်နို့ကို အသက် ၂ နှစ် အထိ တိုက်ကျွေးသင့်တယ်လို့ ဆရာဝန်များက အကြံပြုထားပါသည်
.Louis

မေမေအသစ်လောင်းလျာလေးတွေအတွက် နို့တိုက်နည်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်
11/01/2025

မေမေအသစ်လောင်းလျာလေးတွေအတွက် နို့တိုက်နည်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်

ကျွန်တော်သိသလောက် ဗဟုသုတလေးတွေကို မေမေတွေကို ဝေမျှလိုက်ပါတယ်ကိုယ်ဝန်ဆောင်မေမေတွေမွေးခါနီးရင် ကလေးသိပ်မတိုးတော့ပါဘူးလမ်းမ...
11/01/2025

ကျွန်တော်သိသလောက် ဗဟုသုတလေးတွေကို မေမေတွေကို ဝေမျှလိုက်ပါတယ်

ကိုယ်ဝန်ဆောင်မေမေတွေ
မွေးခါနီးရင် ကလေးသိပ်မတိုးတော့ပါဘူး

လမ်းများများသာလျှောက်ပေးပါ

ရေများများသောက်ပါ

အဖြူပဲဖြစ်ဖြစ် ရေပဲဖြစ်ဖြစ် နည်းနည်းပဲထွက်ထွက် များများပဲထွက်ထွက် ဘယ်လောက်ပမာဏာပဲထွက်ထွက် သိလျှင်သိချင်း ဆေးရုံကိုသာပြေးပါ

က‌ေလေးကို ကာကွယ်ပေးထားတာ ရေမြွှာနဲ့ရေမြွှာအိတ်ပါ

အိတ်ပေါက်သွားရင် ကလေးမလုံခြုံတော့ပါဘူး

ကလေးအသက်အန္တာရာယ်ရှိပါတယ်

အိတ်ပေါက်သွားရင် ကလေးဆီကို ပိုးမွှားတွေ ဝင်နိုင်ပါတယ်။

အဆိုးဆုံးအခြေအနေက ချက်ကြိုးထွကိကျလာတာပါပဲ
အဲ့တာတွေစောင့်ကြည့်ဖို့အတွက် ဆေးရုံသို့မဟုတ် OGဆီ အမြန်ဆုံးသာပြေးပါ
37ပတ်ကျော်လို့ရေမြွှာပေါက်ရင် အဆုတ်အားကောင်းဆေးမလို
ပိုးသတ်ဆေးတွေသောက်ဖို့မလို
၆၀%လောက်က 24hrအတွင်းဗိုက်နာပြီးရင်မွေးတတ်ကြပါတယ်

လနုသေးရင်တော့(၃၇မတိုင်ခင်။ ရေဆင်းတာတွေ အားလုံးကိုဆိုလိုတယ်) အဆုတ်အားကောင်းဆေးတွေဘာတွေ သူတို့လုပ်သင့်တာတွေမှန်သမျှ တားထားပါလိမ့်မယ်
အရမ်းနုလွနိးရင်တော့ မမွေးဖို့ ကြိုးစားရမယ်
တားထားလို့မရတဲ့အခြေအနေ(သားအိမ်ထဲ ပိုးဝင်တာ)ဆိုရင်တော့ မိခင်အသက်ကိုကယ်ဖို့ မဖြစ်မနေမွေးရတာတွေရှိတတ်ပါတယ်

လရင့်နေရင်တော့ မွေးဖို့ဆုံးဖြတ်ပါလိမ့်မယ်
အချို့အခြေအနေတွေကြောင့်ခွဲမွေးဖို့ ဆုံးဖြတ်လိုက်ရတဲ့အခါလည်းရှိပ့တယ်

ကလေးလေးထွက်လာရင်လည်း ဘာအကြောင်းမှမရှိဘဲနဲ့အသားဝါပါတယ်

ဝါတာများရင် မီးပြရပါတယ်

မီးပြတဲ့အဆင့်ကျော်လာတော့ သွေးအသစ်တွေလဲရပါတယ်

ဆရာဝန်တွေက ဒီလိုဖြစ်ရတာG6PDချို့တဲ့လို့ပါဆိုပြီး ရှငိးပြပါလိမ့်မယ်

ဒါဆို ဆရာဝန်တွေကရှင်းပြပါ့လိမ့်မယ် ဘာတေွလုပ် ဘာတွေရှောင် ဘယ်လိုစောင့်ကြည့်ရမယ်ဆိုတာတွေ

G6PDက မတည့်တာတွေ မစားမိ မသောက်မိ မရူမိရင် ပုံမှန်လူကောင်းအတိုင်းပဲ တသက်လုံးနေသွားနိုငိပါတယ်

ကိုယ့်မျိူရိုးထဲမှာ ရှိနေရင် မျိုးရိုးလိုက်တတ်ပါတယ်

အမေရိကန်မှာတော့ ဆယိယောက်မှာ တယောက်ဖြစ်နေပါတယ်

G6PDဆိုတာက သွေးနီဥ red blood cellsတွေရဲ့လုပ်ငန်းစဉ်နဲ့ သက်တမ်းစေ့နေထိုင်နိုင်ဖို့အတွက် အထောက်အပံ့ပြုခြင်းပါ

ဒါ့ကြောင့်ဒီစာဖတ်မိတဲ့လူတိုင်း
G6PDဆိုတာ ဘာလဲ လိုင်းပေါ်မှာ ရှာဖွေလေ့လာကြပါနော်

အချို့ကျလည်း မွေးဒိတ်ရောက်ပေမဲ့လည်း ဗိုက်မနာ ရေမွှာမပေါက်တာတွေရှိတတ်တယ်

ဒါဆိုလည်း မပေါ့ကြပါနဲ့ ဆေးရုံသာသွားကြပါ
ရေမွှာကုနိသွားတာလည်းဖြစ်နိုင်သလို အခြားသောအကြောင်းတရားများစွာလည်းဖြစ်နိုင်တယိ

သူငယ်နာပပျောက်ရေး******************(က) ဆေးပညာမှာ သူငယ်နာမရှိပါ••••••••••••••••••••••••••••Child Health Myanmar မှ စာဖတ်သ...
10/01/2025

သူငယ်နာပပျောက်ရေး
******************
(က) ဆေးပညာမှာ သူငယ်နာမရှိပါ
••••••••••••••••••••••••••••

Child Health Myanmar မှ စာဖတ်သူမိခင်တစ်ဦး၏ စကားလုံးကို ကြိုက်၍ ယူသုံးပါမည်။ "သူငယ်နာဆိုတာ မြန်မာနိုင်ငံမှာပဲ ရှိတယ်" ဟုသူက ဆိုသည်။ မှန်သည်။ အခြားနိုင်ငံများတွင် သူငယ်နာရောဂါမရှိပါ။ ဆေးတက္ကသိုလ်တွင် "သူငယ်နာရောဂါ"ဟူ၍မသင်ပါ။

အချို့ဆရာဝန်များက ဗိုက်တာမင် ဘီ 1 ချို့တဲ့သော "ဘယ်ရီဘယ်ရီ" ရောဂါကို သူငယ်နာဟု လူနာ နားလည်အောင် သုံးနှုန်းရေးသားကြသည်။ တစ်နှစ်အောက်ကလေးတွင် ဦးနှောက်မှ ကြွက်သားထိန်းချုပ်ခြင်းဧရိယာ ရာသက်ပန် ပျက်စီးသွားသော "CP" (Cerebral Palsy) ရောဂါကို အချို့က သူငယ်နာဟု သုံးကောင်းသုံးသည်။ မြန်မာအဘိဓာန်က သူငယ်နာကို ဦးနှောက်နှင့် ကြွက်သားပြဿနာများဟု ခေါ်သည်။

ဘယ်ရီဘယ်ရီကို ဘယ်ရီဘယ်ရီဟု ခေါ်ပြီး CP ကို CP ဟု တိကျစွာ ခေါ်ဝေါ်လျှင် သူငယ်နာစာလုံးကို မေ့ပစ်နိုင်သည်။

(ခ) ရပ်ကွက်ထဲမှ သူငယ်နာ
•••••••••••••••••••••••••••••

လူကြီးများ၏ ပါးစပ်ဖျားတွင် အဖြစ်အများဆုံးရောဂါဖြစ်သည်။ ကလေး ခေါင်းမခိုင်ဘဲ ဇက်လန်နေသော CP ရောဂါသည် ကလေးများ၊ မျက်လုံးလန်၍ တက်နေသော ကလေးများ၊ လည်မျို ကြွက်သား ရောဂါရှိ၍ သွားရည် တများများကျနေသော ကလေးများ၊ လျှာတစ်လစ် ဖြစ်တတ်သော Down ရောဂါသည်လေးများ စသူတို့ကို မြင်ဖူးခဲ့သော ရှေးလူကြီးများက ထို လက္ခဏာများတွေ့တိုင်း သူငယ်နာဟု မှတ်ယူပြီး စိုးရိမ်ခဲ့ကြပုံပေါ်ပါသည်။ သို့သော် ဘယ်အရွယ်ဆို ပုံမှန်၊ ဘယ်သူက ပုံမမှန်လဲ သူတို့မခွဲခြားခဲ့ပါ။

ဇက်လန်တိုင်း ပုံမှန်မဟုတ်ဟု မပြောနိုင်။ ကလေး ခေါင်းနိုင် ဇက်ခိုင်ချိန်က သူ့အရွယ်နှင့်သူ ဖြစ်သည်။ ၄ လကျော်၍ ဇက်မခိုင် ခေါင်းမနိုင်လျှင် ဆရာဝန်နှင့်စစ်ဆေးပါ။

သွားရည်ကျသော ကလေးတိုင်း ရောဂါမရှိပါ။ တံတွေးမျိုတတ်ဖို့ အချိန်မရောက်ခင် သွားရည်ကျတာ ပုံမှန်ဖြစ်သည်။

စူးစမ်းလိုသော ကလေးက မျက်လုံးကို အပေါ်လှန်ကြည့်ခြင်းက ရောဂါကြောင့်မျက်လုံးလှန်ပြီး သတိလစ်ခြင်း မတူညီပါ။ အိပ်ငိုက်သော အိပ်ပျော်စပြုသော ကလေးငယ်များက မျက်လုံးအပေါ်ကို လှန်တတ်ပါသည်။ အခြားပုံမမှန်လှုပ်ရှားမှုများမရှိလျှင် စိုးရိမ်ဖွယ်မရှိပါ။

စကားပြောဖို့၊အစာဝါးဖို့ လျှာလေ့ကျင့်ခန်းလုပ်နေသော ကလေးက ဦးနှောက်နှင့် ကြွက်သားရောဂါရှိသော ကလေး၏ လျှာဝါးနေခြင်းနှင့် မတူပါ။ Down ရောဂါရှိသူကလေး၏ လျှာကြီး၍ ပါးစပ်အပြင်ထွက်နေခြင်းက ၂ နှစ်အောက်ကလေး လျှာထုတ်နေခြင်းနှင့် မတူညီပါ။

ထို့ကြောင့် ပုံမှန်နှင့် ရောဂါကို မခွဲတတ်သူက သင့်ကလေးကို သူငယ်နာရှိသည်ဟု ပြောလာလျှင် လက်မခံပါနှင့်။ သင်ကိုယ်တိုင်က စိုးရိမ်လျှင် ပုံမှန်နှင့် ရောဂါအကြောင်းများခွဲခြားနိုင်အောင် ရေးထားသည့် မှန်ကန်သော စာပေများဖတ်ပါ။ ရောဂါစစ်ဆေးနိုင်သူ ဆရာဝန်များနှင့် စစ်ဆေးတိုင်ပင်ပါ။

(၃) မြန်မာ့ သူငယ်နာဆေးများ
••••••••••••••••••••••••

သူငယ်နာ၊ သွပ်ချာပါဒ၊ လေငန်း အကုန်ပျောက်သည်ဟု ရေးထားသည်။ လူနာ/ ကလေး ဘယ်နှစ်ယောက်တွင် စမ်းသပ်ထားသလဲဆိုသည့် မှတ်တမ်းမရှိပါ။ ဘေးထွက်ဆိုးကျိုး မရေးထားပါ။

သူငယ်နာဆေးအချို့ကို သြစတြေးလျနှင့် အမေရိကန် နိုင်ငံများတွင် ၂၀၁၂ ခုနှစ်တွင် ဓာတ်ခွဲစမ်းသပ်ရာ စိန်ဆိပ်၊ ခဲဆိပ်များ အန္တရာယ်ရှိလောက်အောင်မြင့်မားနေသည်ကို တွေ့ရ၍ ရောင်းချသုံးစွဲခွင့်မှ အပိတ်ခံရသည်ဟု သိရသည်။

"သူငယ်နာ" စကားလုံးနှင့် မှားယွင်းသော အယူ၊ အန္တရာယ်ရှိသော ကုထုံးများ ပပျောက်ရေးအတွက် မိဘများကူညီဖို့ လိုအပ်ပါသည်။

နေနေမိုးဆွေ (Child Health Myanmar)

♻️ကလေးနှင့် တစ်ခါသုံးသေးခံ♻️**********************♻️Nappy သို့မဟုတ် diaper ဟု ခေါ်သော တစ်ခါသုံးဆီးဝမ်းခံများက ကလေးကို ခြ...
10/01/2025

♻️ကလေးနှင့် တစ်ခါသုံးသေးခံ♻️
**********************
♻️Nappy သို့မဟုတ် diaper ဟု ခေါ်သော တစ်ခါသုံးဆီးဝမ်းခံများက ကလေးကို ခြေမခွင်စေပါ။ ကလေး၏ ခြေထောက်နှင့် တင်ပဆုံရိုးများ၏ ဖွံဖြိုးမှုကို မထိခိုက်ပါ။

♻️မွေးကင်းစမှ စသုံးနိုင်သည်။ ဝတ်ပေးလျှင် ပုံတွင်ပြထားသည့် အတိုင်း မကြွေသေးသော ချက်အနာပေါ် မအုပ်ပါနှင့်။ အနာကျက်နှေးမည်။ အပေါ်အနားစကို အောက်သို့ လိပ်ခေါက်ပါ။ အနာလုံးဝ ကျက်ပြီးလျှင် အုပ်လို့ရသည်။

♻️သေးခံကို လဲပြီးပြီးခြင်း အဖုံးရှိသော အမှိုက်ပုံးထဲ သေချာစွန့်ပစ်ပါ။ မလဲခင်၊ လဲပြီး မေမေဖေဖေ လက်သေချာဆေးပါ။

♻️သေးခံလောင်ခြင်းသည် စိုစွတ်ညစ်ပေသော သေးခံကို မလဲပဲ ကြာရှည်စွာထားခြင်းကြောင့် ကလေး၏ ဆီးနှင့် ဝမ်းမှ ပါလာသော ဓာတ်ပစ္စည်းများက အရေပြားကို လောင်စေခြင်းဖြစ်သည်။ သေးခံမလောင်စေရန် အကောင်းဆုံးနည်းလမ်းများမှာ

✅(၁) သေးခံကို ပုံမှန်လဲပေးပါ။
✅(၂) သေးခံလဲတိုင်း ကလေး အရေပြားကို ရေနွေးနွေး၊ ဆပ်ပြာအပျော့စားနှင့် သန့်ရှင်းပေးပါ။ ပေါင်ခြံနှင့် ဝန်းကျင်ကို ခြောက်အောင်သုတ်ပါ။
✅(၃) ကလေးကို သေးခံနှင့် ဘောင်းဘီချွတ်ပေးပြီး နေ့တိုင်း လေသလပ်ခံပါ။
✅(၄) သေးခံကို အလွန်တင်းကျပ်စွာ မဝတ်ပေးခြင်းဖြင့် လေဝင်လေထွက်ကောင်းပြီး အရေပြားစိုစွတ်နေခြင်းကို ကာကွယ်နိုင်သည်။
✅(၅) သေးခံမဝတ်ပေးမီ ကြားခံ cream တစ်မျိုး -ဥပမာ ဇင့်၊ ကြက်ဆူဆီ၊ ဗက်စလင်းအဆီ၊ Dermeze စသည်တို့ လိမ်းပေးနိုင်သည်။ ကိုယ်လိမ်းပေါင်ဒါလိမ်းဖို့ အားမပေးပါ။

♻️သေးခံလောင်နေသော အရေပြားတွင်းသို့ ဘက်တီရီးယားနှင့် မှိုပိုးများ ဝင်ရောက်နိုင်သည်။ သေးခံလောင်တာဆိုးပြီး အလွယ်တကူမပျောက်လျှင် ဆရာဝန်ပြပါ။ Hydrocortisone cream 1% နှင့် Clotrimazole ပေါင်းထားသောလိမ်းဆေး လိုအပ်မည်။ တခါတရံ ပိုးသတ်ဆေးလိုသည်။

❗️မှတ်ချက်- အရည်အသွေးကောင်းသော သေးခံသည် စုပ်ယူမှုကောင်းပြီး သေးခံအောက်မှ အရေပြားကို ခြောက်သွေ့စေသည်။ ပလတ်စတစ်သေးခံ မသုံးပါနှင့်။ တစ်ခါသုံး ပလတ်စတစ် ဘောင်းဘီများလည်း မဝတ်ပေးပါနှင့်။ အရေပြား ပိုလောင်နိုင်သည်။

#နေနေမိုးဆွေ (Child Health Myanmar)
Photo Credits to Raising Children Network

👅အဖြစ်များတဲ့လျှာနာခွာနာ👅👅Hand Foot Mouth Disease👅✅ ဘာရောဂါလဲ။ ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် ယာယီဖျားသော အန္တရာယ်မရှိသ...
10/01/2025

👅အဖြစ်များတဲ့လျှာနာခွာနာ👅
👅Hand Foot Mouth Disease👅

✅ ဘာရောဂါလဲ။

ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် ယာယီဖျားသော အန္တရာယ်မရှိသည့် ကူးစက်ရောဂါ ဖြစ်သည်။ တိရိစ္ဆာန်တွင် ဖြစ်သော လျှာနာခွာနာနှင့် လုံးဝ မသက်ဆိုင်ပါ။

✅ဘယ်လို ကူးလဲ။

ရောဂါပိုးပါလာသော သွားရည်၊ နှာရည်၊ ချောင်းဆိုးနှာချေရာမှ ထွက်လာသော အရည်စက်များနှင့် ရောဂါပိုးပါလာသော မစင်တို့ကို ထိတွေ့ ရာမှ တဆင့် အလွန်ကူးစက်လွယ်သည်။

✅ဘယ်အရွယ်ကလေးမှာဖြစ်လဲ။

ကျောင်းမသွားမီ အရွယ်တွင် အလွန်အဖြစ်များသည်။ အရွယ်မရွေးဖြစ်တတ်ပြီး မဖြစ်ဖူးသော ကလေးရှားသည်။

✅ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး ၄-၅ ရက် ကြာလျှင်
🔺အဖျား ရှိသည်။
🔺အစားအသောက်နည်းသွားမည်။
🔺နုံးနေပုံပေါက်မည်။
🔺ပါးစောင်၊ လျှာ၊ သွားဖုံး၊ ပါးစပ်ဝန်းကျင်တွင် အရည်ကြည်ဖုများ၊ အနာများ ပေါက်မည်။
🔺လက်ချောင်းလေးများ၊ လက်ဖဝါး ခြေဖဝါးနှင့် သေးခံနေရာတို့တွင်လည်း အရည်ကြည်ဖုများထွက်လာနိုင်သည်။ ရေကျောက်နှင့် ဆင်သော်လည်း ရေကျောက်လိုမယားပါ။
🔺တခါတရံ တင်ပါးတွင် အနီရောင်အစက်သေးသေးလေးများ ပေါ်တတ်သည်။
🔺ကလေးကြီးများတွင် လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်းတို့ ရှိနိုင်သည်။

✅ကလေးကို ဘာလုပ်ပေးမလဲ။

🔺အဖျားတိုင်းပါ။
🔺အဖျားကြီးလျှင် ရေပတ်တိုက်ပါ။ ပါရာစီတမောတိုက်ပါ။
🔺ပုံမှန်အစားမဝင်လျှင် အရည်များများတိုက်ပါ။ မိခင်နို့၊ ရေ၊ စွပ်ပြုတ် စသည်တို့ကို များများ မဝင်လျှင် ပမာဏနည်းနည်းစီနှင့် အကြိမ်ရည်များများတိုက်ပါ။
🔺ပါးစပ်အနာကြောင့် အသောက်နည်းပါက အရွယ်အလျောက် အဆင်ပြေလျှင် ပိုက်နှင့်စုပ်သောက်ခိုင်းပါ။
🔺အရည်ကြည်ဖုများကို မညှစ်ပါနှင့်၊ မဖောက်ပါနှင့်။ ရက် အနည်းငယ်အတွင်း အလိုလို ခြောက်သွားပါလိမ့်မည်။
🔺ပိုးသတ်ဆေး မလိုပါ။

✅ အခြား ကလေးကို မကူးအောင်။

🔺မျက်နှာသုတ်ပဝါ၊ ပန်းကန်ခွက်
က်ယောက်ဇွန်းများ၊ သွားပွတ်တံတို့ကို သီးသန့်သုံးပါ။
🔺ကလေးကို လက်မှန်မှန်ဆေးပေးပြီး ရေမှန်မှန်ချိုးပေးပါ။
🔺သေးခံဝမ်းခံလဲပြီးတိုင်း လက်ဆေးပါ၊ သေချာစွန့်ပစ်ပါ။
🔺အနာများ ခြောက်သွားသည်အထိ အိမ်မှာနားခိုင်းပါ။ နေ့ကလေးထိန်းကျောင်း၊ မူကြိုနှင့် ကျောင်းကြီးသို့ မလွှတ်ပါနှင့်။

✅စိတ်မပူပါနှင့်။

ကာကွယ်ဆေးမရှိပါ။ အသက်အန္တရာယ်၊ ရေရှည်ဆိုးကျိုး လုံးဝမရှိပါ။

နေနေမိုးဆွေ (Child Health Myanmar Page)
Reference- RCH
Photos credits to Dermnet

လက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု(၁ နှစ်ကလေး)---------------------------------ဆရာဝန်တယောက်အနေနဲ့ ကလေးတွေ ရဲ့ဖွံ့ဖြိုးမှုကိုလ...
10/01/2025

လက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု(၁ နှစ်ကလေး)
---------------------------------

ဆရာဝန်တယောက်အနေနဲ့ ကလေးတွေ ရဲ့ဖွံ့ဖြိုးမှုကို
လေ့လာတဲ့အခါ လက်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကိုလည်း
ဆန်းစစ်ပါတယ်။ သင့်ကလေး အောက်ပါ လက်ပိုင်း
ဆိုင်ရာလှုပ်ရှားမှုများကို လုပ်နိုင်ပြီလား?

၃-၆ လ = ပစ္စည်းတခု ပေးရင် လက်ထဲမှာ ဆုပ်ကိုင်।
ကိုင်ပြီး ရင် ကြည့်। ပြီးရင် ထုချ။

၆-၉ လ = ပစ္စည်း တွေကို ဟိုဘက် ဒီဘက်လက်မှာ
ကိုင်। ပြီးရင်ရိုက်။ လက်တဘက်က
ပစ္စည်းကို နောက်တဘက်ကိုပို့။ ပြီးရင်
တမင်ကို လွှတ်ချ။

၉-၁၂ လ = လက်ညှိုးထိုးတတ်။ သူလက်ညှိုးထိုးလျှင်
အဓိပ္ပါယ်တွေက
• ဒါဘာလဲ?
• ဒါလိုချင်တယ်
• သားနဲ့မေမေ ဒါနဲ့ကစားမယ်
(၁၈-လ မတိုင်ခင်တော့ လက်ညှိုးထိုးတက် သင့်သည်)

စိုးမိုးကျော်(Child Health Myanmar Page )

Photo: Google

10/01/2025

ကလေးငယ်လေးများဝမ်းပျက်ဝမ်းလျှောဖြစ်လျှင်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Mo Mo Baby posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share