Ying Lao

Ying Lao Caring for Baby Future Development

Truth
15/01/2023

Truth

Truth.

My small business 💗💗💖💖
03/10/2022

My small business 💗💗💖💖

28/09/2022

Love this idea!

26/09/2022

လက်ဆောင်တစ်ခုရလို့ အဲဒီလက်ဆောင်ဟာ သူ့အတွက် အသုံးမဝင်ဘူးဆိုရင်..ငြင်းဆိုနိုင်ခွင့်လည်း ရှိတယ်ဆိုရင်..ပေးလာတဲ့သူကို အဲဒီ ပစ္စည်း ပြန်ပေးတတ်တဲ့ မိတ်ဆွေတစ်ယောက်ရှိဖူးတယ်..

အဲဒီအရောင်က ငါနဲ့မလိုက်ဘူး..နင်တခြား..လိုက်ဖက်တဲ့သူကို ပေးလိုက်..ဒါက ငါ့မှာ ရှိပြီးသား..တစ်ယောက်ယောက်ကို ပေးလိုက်ပါလား..

စသည်ဖြင့်.. သူပြောတဲ့အခါ စိတ်ထဲမှာ ခုခဲ့ဖူးတာ အမှတ်ရမိပါတယ်..

အခုတော့..ကျွန်မ အဲဒီလို စိတ်အခံမျိုးကို သဘောကျလာပါတယ်..ကျွန်မ ကိုယ်တိုင်လည်း တားဆီးလို့ရတယ် ..အချိန်မှီလည်း သိတယ်..အားမနာဘဲ ပြောလို့လည်း..ရတဲ့သူ..
ဆိုရင်.. ကိုယ့် အတွက် တကယ် မလိုအပ်တဲ့..
မကြိုက်တဲ့..သုံးဖြစ်မှာ မဟုတ်တဲ့ လက်ဆောင်တွေဆို မပေးပါနဲ့လို့ ငြင်းဆိုတတ်လာပါတယ်..

( တစ်ခါတလေလည်း..အားနာတာကြောင့်ရော..စေတနာကို အသိအမှတ်မပြုသလို ဖြစ်မှာစိုးတာကြောင့်ရော..လက်ခံမိတဲ့ လက်ဆောင်တွေလည်း ရှိပါတယ်)

ဥပမာ..ကော်ဖီလိုမျိုးဆို..ဘယ်လောက်ကောင်းတယ်ပြောပြော..ကျွန်မက အနံ့တောင်မခံနိုင်လို့ ပတ်ပြေးနေသူဆိုတော့ ကော်ဖီထုတ်ကလေးတွေ ပို့လိုက်ပါရစေဆိုရင်..
မပို့ပါနဲ့..မသောက်တတ်လို့ပါလို့ ပြောတတ်လာပါတယ်..

ကျွန်မတို့ Society က Giving ပေးဆပ်ခြင်းထက် Taking ရယူခြင်းကို အာရုံစိုက် Focus လုပ်ကြတာ
များနေတတ်ပါတယ်..

တချို့ ..ပေးမယ်ဆိုတာနဲ့ ဘာမှန်းမသိသေးဘူး.. ကျွန်မလည်း ..ယူမယ်..ကံထူးချင်တယ်..ရချင်တယ်..
ဘာပေးမှာလဲ..တစ်ခုခုတော့ ပေးပေါ့..ဆိုတာမျိုး ဖြစ်တတ်ကြတယ်..

ပေးမယ် ဆိုရင် ဘာဖြစ်ဖြစ်
ယူဖို့အဆင်သင့်ပဲ..ဒါကြောင့်လည်း မဲပေါက်တယ်ပြောပြီး..ငွေတွေ အလိမ်ခံရတဲ့သူတွေ ရှိနေတာ လို့ တွေးမိတယ်..

ရလာပါပြီတဲ့ ..အဲဒီ ပစ္စည်းက..
ကိုယ်မလိုချင်တဲ့ အရာ..ကိုယ့်အတွက် အသုံးမဝင်တဲ့အရာ ဖြစ်နေရင် ဘာလုပ်မလဲ..

ကျွန်မ မိတ်ဆွေတစ်ယောက်က စာအုပ်တစ်အုပ်တောင်းဖူးပါတယ်..မမွန်လက်မှတ်နဲ့ ..မမွန်လက်မှတ်နဲ့ဆိုတော့ ကျွန်မလည်း ဝမ်းသာအားရ လက်မှတ် ထိုးပြီး ပေးခဲ့တယ်..နောက် ခြောက်လလောက်အကြာ သူနဲ့ ပြန်တွေ့တော့..သူ့ကားနောက်ခန်းထဲမှာ စာအုပ်က ပိုးလို့ပက်လက်လန်လို့..အဖုံးတွေ မာတောင့်ကော့လန်လို့..

သူလည်း မျက်နှာအမ်းသွားသလို ကျွန်မလည်း မမြင်ချင်ယောင်ဆောင်လိုက်ရပါတယ်..တကယ်လိုချင်တာလည်း မဟုတ်ဘဲ..ရချင်ရုံသက်သက်နဲ့ တောင်းတာပဲလို့ အောင့်သီး အောက်သက်ဖြစ်သွားရပါတယ်..

စာအုပ်က..တချို့လူတွေခမျာ..
တကယ်လိုချင်ပြီး မဝယ်နိုင်ကြဘူး..သူတို့တွေသာ ရရင် တန်ဖိုးထားပြီး ဖတ်ကြမှာပဲ..ဝမ်းသာကြမှာပဲ..

စာအုပ်တစ်အုပ် ဖြစ်လာတဲ့ Process ဖြစ်စဉ်မှာ..
ဒီစာအုပ်ကို ရေးခဲ့တဲ့ စာရေးသူရှိတယ်..စာရိုက်ပေးတဲ့သူ..စာစစ်ပေးတဲ့သူ..ပုံနှိပ်ပေးတဲ့သူ..စာအုပ်ချုပ်ပေးတဲ့သူ..ဖြန့်ချိပေးတဲ့သူတွေ ရှိတယ်..ကျေးဇူး တင်စရာတွေ အများကြီးပဲ..

လူတွေက သက်မဲ့ စာအုပ်ကလေး တစ်အုပ်ပေါ်မှာတောင် ကျေးဇူးတင်စိတ်နဲ့ မဆက်ဆံတတ်ကြဘူး လို့ တွေးလိုက်မိပါတယ်..

ကိုယ့်အတွက်..ကိုယ်ကြည့်တယ်.. ကိုယ်ရချင်တာကိုပဲသိတယ်.. ဒါကို
အတ္တ လို့ခေါ်ပါတယ်..အတ္တစိတ်ကို အင်္ဂလိပ်လိုဆိုရင်တော့ Ego လို့ ခေါ်တာပါပဲ..

Ego is the version of self created in the mind.
Ego ဆိုတာ ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်ထဲက ကိုယ်တစ်ခု ဖြစ်တယ်..

Ego serves self.
ကိုယ့်အတွက်ပဲ ကိုယ်အလုပ်လုပ်တယ်..

Ego sees life as a competition.
Ego enjoys prizes.
ဘဝကို ပြိုင်ပွဲတစ်ခုလိုမြင်တယ်..
ဆုတွေ..လက်ဆောင်တွေ..
ရတယ်ဆိုရင် ပျော်တယ်..

လူ့အဖွဲ့အစည်းကြီးဟာ.. အတ္တတွေရှိပါတယ်..

ကျွန်မအရင်တုန်းက ကားမောင်းရင်..လမ်းကျဥ်းကျဥ်းလေးတွေကြားထဲမှာလည်း အတင်းစွတ်တိုးနေလေ့ရှိတယ်.. လုံးဝ တိုးလို့မရတဲ့နေရာကျတော့ နှစ်စီးစလုံး ရှေ့ဆက်သွားမရ ..အလယ်မှာ တစ်ပြီး..ခင်ဗျားက အရင်ဆုတ်လေ..ဘရားသားက..အတင်းဝင်လာတာကိုး..ဒါက ကျွန်မအရင်သွားရမဲ့လမ်းလေ..နဲ့ ဖြစ်ကုန်ကြရော..ငါအရင်သွားချင်တယ်..ငါကဘာလို့ဆုတ်ပေးရမှာလဲဆိုတဲ့ အတ္တကကျွန်မတို့ဆီမှာရှိတယ်..

ကိုယ့်ကားကနောက်ဆုတ်ပေးရပြီဆိုရင် သိပ်မကျေနပ်ချင်ဘူး ..ငါက..အလျော့ပေးလိုက်ရတယ်ပေါ့...ဆုတ်ပေးလိုက်ရတော့လည်း သေမသွားပါဘူး..သူလည်း သွားလို့ရ..ကိုယ်လည်းလွတ်..အချိန်ကုန်သက်သာတယ်..

ယခုနောက်ပိုင်းကျတော့
ကားနှစ်စင်းရှောင်ရမယ်ဆို ကိုယ်ကပဲအရင်စောင့်ပေးလိုက်တယ် ..
သူ့အရင်ပေးသွားလိုက်တော့လည်းကိုယ်ဘယ်လောက်မှ..နောက်ကျသွားတာမဟုတ်ပါဘူး ..ကားတွေလမ်းမှာတစ်နေပြီဆိုရင် အတ္တပြိုင်ပွဲကြီးကျင်းပနေကြတာပဲလို့ တွေးမိတာပါပဲ..

တစ်ခါ..ဈေးဝယ်ရင် ၅၀..၁၀၀ ကအစ ဆစ်ကြတဲ့ စျေးဝယ်သူတွေရှိတယ် ..ကြည့်တော့လည်း..စိန်တွေရွှေတွေနဲ့ပါပဲ ..စျေးသည်တွေကိုမှ..အားမနာ..၅၀..၁၀၀လောက်ကို ဆစ်နေကြတော့.. သြော်.. ဒါဟာလည်း..ရချင်တဲ့စိတ်ပါပဲလားလို့ တွေးလိုက်ရပါတယ်..၅၀ဖိုးလျှော့...ရတော့..ကိုယ်လည်း သူဌေးဖြစ်မသွားပါဘူး..

ဘယ်လောက်ပဲ ရ..ရ..ငါရရင်ကျေနပ်တယ် ..ငါ ဆစ်လို့ရတယ်..

လူရဲ့..
Subconscious Mind မသိစိတ်က..
ငါ့ကိုသူကပေးလိုက်ရတယ် ..
ဆိုတာကို..လိုချင်တာဖြစ်ပါတယ်..ဒါဟာ..အတ္တစိတ်ပါပဲ..

Ego feels lack.
Ego bases on fear.
ကိုယ့်အတွက်..မရှိတာ.. မလောက်တာ..မရတော့မှာကို စိုးကြောက်နေတဲ့ Fear ပေါ်မှာ..
အခြေခံတယ်..

အတ္တစိတ်က..အပေါ်ကနေ ခြုံထားတဲ့..ခြုံလွှာတစ်ခုလိုပါပဲ.. သူ့ကို ခြုံထားတဲ့အခါ..လျှောက်နေတဲ့လမ်းမှာ ဟိုဟာနဲ့ငြိ..ဒီဟာနဲ့ငြိတွေဖြစ်သလို ကိုယ်လည်းဘာမှကောင်းကောင်းမမြင်ရ ..အမှောင်ထဲလမ်းလျှောက်နေတာမျိုးဖြစ်တတ်ပါတယ် ..

ဒီစိတ်ဟာ..လူတိုင်းဆီမှာအနည်းနဲ့အများရှိပါတယ်.. ကျွန်မမှာလည်းအတ္တစိတ်တွေရှိတယ်..ကြိုးစားပြီး လျှော့နေရတာပါပဲ..

ရတာကောင်းတယ်..
ပေးတုန်းယူထား..
ရတယ်ဆိုတာ အခွင့်အရေးတစ်ခု ဆိုပေမဲ့..
it's okay to take every chances.
အခွင့်အရေးတိုင်းကို လိုက်ယူနေဖို့လည်း မလိုပါဘူး..

သူများဆီက မရလည်းနေ..
ကိုယ်ပေးနိုင်တာဆို ပေးကြည့်ပါ..
ကိုယ်ပဲရသင့်တယ်လို့ မတွေးဘဲ သူများလည်း ရသင့်တယ်လို့ တွေးကြည့်ပါ..အတ္တဆိုတဲ့ ခြုံလွှာ ကွာသွားတာနဲ့အမျှ စိတ်အတွင်း ငြိမ်းချမ်းမှု Inner Peace ကို ခံစားရပါလိမ့်မယ်..

မွန်ဟော်စီ
စက်တင်ဘာ ၂၀၂၂




#မနက်စာအာဟာရ

Photo
FreeStock

Handmade by me 🤚
20/09/2022

Handmade by me 🤚

ဒါ ဘာပန်းလေးလဲသိကြပြီးသား မလား ရှင် 😍😍😍
21/08/2022

ဒါ ဘာပန်းလေးလဲ
သိကြပြီးသား မလား ရှင် 😍😍😍

26/03/2022

မှန်တယ်နော်
23/03/2022

မှန်တယ်နော်

❤

  👼 Baby လေးတို့ ဥာဏ်ရည်ဖွံဖြိုးစေပြီး ကိုယ်တိုင်လိုက်ဆွဲလို့ရတဲ့   projector လေးပါ💁‍♀️ Projectorလေးကနေပေါ်လာတဲ့ ပုံလေးတ...
09/03/2022



👼 Baby လေးတို့ ဥာဏ်ရည်ဖွံဖြိုးစေပြီး ကိုယ်တိုင်လိုက်ဆွဲလို့ရတဲ့ projector လေးပါ

💁‍♀️ Projectorလေးကနေပေါ်လာတဲ့ ပုံလေးတွေကို wipe clean ကတ်လေးထဲမှာ wipe clean pen လေးနဲ့ဆွဲပြီး duster လေးနဲ့ ပြန်ဖျက်လို့လည်းရသလို drawing book လေးထဲမှာဆွဲပြီး အရောင်ခြယ်လို့လည်းရပါတယ်

🙆‍♀️💗 Projector ထဲ ထည့်ဖို့ Shadow ကတ်၃ကတ် ပါဝင်ပါတယ်
👍🏼 Shadow တစ်ကဒ်မှာ ပုံ၈မျိုးပါဝင်တာမို့ စုစုပေါင်း ပုံ ၂၄မျိုး ဆွဲလို့ရမှာပါ

👉🏻 ခုံခြေထောက်လေးတွေကလည်း အရှင်မို့ လိုသလို အသုံးပြုနိုင်ပါတယ်နော်

📥 drawing projector လေးရဲ့ ပါဝင်ပစ္စည်းများမှာ
☑️ 📽 projector တစ်ခု
☑️ 🌠 shadow ကတ် သုံးခု
☑️ 🌈 ရောင်စုံဆော့ပင် ၈ ချောင်း
☑️ 📖drawing book တစ်အုပ်(အဖြူ)
☑️ 🧽duster တစ်ခု နှင့်
☑️ 🌠 wipe clean ကတ် တစ်ကတ် တို့ဖြစ်ပါတယ်။

🔋🔋 AA ဓာတ်ခဲ ၃လုံးထည့်ပြီးသုံးရမှာပါနော်

🏷 Price 1ခု 14000 ks

မန္တလေးမြို့တွင်းဆိုရင်တော့ ပစ္စည်းရောက်ငွေချေစနစ်ဖြင့် အိမ်အရောက် ပို့ဆောင်ပေးနေပါပြီနော် 🚛🚛

မြို့နယ် အလိုက် deli ခ လေးတွေတော့ ရှိပါမယ်ရှင့် 🛵🛵🛵

နယ်ကမှာယူချင်တဲ့ လူကြီးမင်းတို့အတွက်လည်း ငွေလွှဲရောက်တာနဲ့ ကားဂိတ်အထိပို့ဆောင်ပေးမှာဆိုတော့ အဆင်ပြေပြေနဲ့ဆက်သွယ်မှာယူနိုင်ပါပြီ ရှင် ...🚁🚁🚁

နယ်ကားဂိတ် ပို့ခ 💰1000 နဲ့ 💰တန်ဆာခကို ဝယ်သူဖက်မှ ပေးချေရမှာပါနော်

အားပေးသူ တစ်ဦးချင်းစီတိုင်းကို အစဉ်ကျေးဇူးတင်လျက် 🙏🙏

Viber - 09-974162684

သူများတွေ - ၁၅၀၀၀- ၁၇၀၀၀- ၂၀၀၀၀ရောင်းနေတာတွေနော်
03/03/2022

သူများတွေ
- ၁၅၀၀၀
- ၁၇၀၀၀
- ၂၀၀၀၀
ရောင်းနေတာတွေနော်

  No paperNo chalk8.5 လက်မ = 8000 12 လက်မ =  12000💡 ကျောင်းသား၊ကျောင်းသူတွေအတွက် အလွန်အသုံးဝင်သော LCD Tablet လေး လာပြီနေ...
29/01/2022



No paper
No chalk

8.5 လက်မ = 8000
12 လက်မ = 12000

💡 ကျောင်းသား၊ကျောင်းသူတွေအတွက် အလွန်အသုံးဝင်သော LCD Tablet လေး လာပြီနော်…

😍 Pen နဲ့ခဲခြစ်ပုံစံအမျိုးအစားဖြစ်ပြီး မှင်နဲ့သုံးသလို Chemical မပါဝင်တဲ့အတွက် သားသားမီးမီးတွေ ပါးစပ်ထဲဝင်မှာလည်းပူစရာမလိုဘူးနော်

ကြိုက်သလို ရေးလိုက်ဖျက်လိုက်နဲ့ အလွယ်တကူ သုံးနိုင်ပါတယ်နော်

📚 သင်္ချာအကြမ်းတွက်မလား
✍🏻 Bio ပုံဆွဲမလား၊
📝 အင်္ဂလိပ်စာရေးကျက်မလား
🥰 ဘက်စုံသုံးလို့ရတယ်နော်
အကြမ်းစာရွက် မလိုတော့ဘူးလေနော်

👉🏻 သုံးပြီးရင် အလယ်က Delete ဆိုတဲ့ဟာကိုနှိပ်လိုက်ရုံနဲ့ရေးထားဆွဲထားသမျှအကုန်လုံးပျောက်သွားမှာပါ။
👉🏻 မဖျက်ချင်သေးဘူးဆိုလည်း ခလုတ်လေးပိတ်ထားရင် Delete နှိပ်လည်း မပျက်ဘူးနော်…

🥰🥰🥰ကဲကဲ …. ပစ္စည်းပြတ်တတ်လို့ အမြန်လေး ဝယ်ထားလိုက်တော့နော်…

မန္တလေးမြို့တွင်းဆိုရင်တော့ ပစ္စည်းရောက်ငွေချေစနစ်ဖြင့် အိမ်အရောက် ပို့ဆောင်ပေးနေပါပြီနော် 🚛🚛

မြို့နယ် အလိုက် deli ခ လေးတွေတော့ ရှိပါမယ်ရှင့် 🛵🛵🛵

နယ်ကမှာယူချင်တဲ့ လူကြီးမင်းတို့အတွက်လည်း ငွေလွှဲရောက်တာနဲ့ ကားဂိတ်အထိပို့ဆောင်ပေးမှာဆိုတော့ အဆင်ပြေပြေနဲ့ဆက်သွယ်မှာယူနိုင်ပါပြီ ရှင် ...🚁🚁🚁

နယ်ကားဂိတ် ပို့ခ 💰1000 နဲ့ 💰တန်ဆာခကို ဝယ်သူဖက်မှ ပေးချေရမှာပါနော်

အားပေးသူ တစ်ဦးချင်းစီတိုင်းကို အစဉ်ကျေးဇူးတင်လျက် 🙏🙏

Viber - 09-974162684

Address

Mandalay

Telephone

+959974162684

Website

Alerts

Be the first to know and let us send you an email when Ying Lao posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ying Lao:

Share