Fifteen Letters Footwear

Fifteen Letters Footwear ဖိနပ် အမျိုးမျိုး လက်ကား ဖြန့်ချီရေး

08/07/2026
﷽◼️ Stevesam◼️ ကျောက်ကြိုးပြား - ပုံသစ်◼️ High - 2.5cm / 4cm◼️ Size - 35-39◼️ ပစ္စည်းမှန် စျေးနှုန်းမှန်ပြီး အိအိ‌လေးနဲ့...
10/03/2026



◼️ Stevesam
◼️ ကျောက်ကြိုးပြား - ပုံသစ်
◼️ High - 2.5cm / 4cm
◼️ Size - 35-39
◼️ ပစ္စည်းမှန် စျေးနှုန်းမှန်ပြီး အိအိ‌လေးနဲ့ သက်တောင့်သက်သာ ရှိပါတယ်ခင်ဗျ

ဈေးနှုန်း နှင့် အသေးစိတ် သိရှိလိုပါက
09-979 203 124 (Viber)
09-791 140 430

◼️ Fifteen Letters Footwear က Instock ရှိတဲ့ ဖိနပ်များကိုသာ လက်ကား ဖြန့်ဖြူးရောင်းချတာဖြစ်လို့ အကုန် မြန်ပါတယ်နော်



24/01/2026



ဖိနပ် တစ်ရံ ဝယ်ယူ‌တော့မယ်ဆိုရင် အဓိက စဉ်းစားပြီး ရွေးချယ်သင့်တဲ့ အချက်များ

ဖိနပ် ဆိုတာ အလှအပပဲ မဟုတ်ပါဘူးခင်ဗျာ။ ဖိနပ်ဆိုတာ နေ့စဉ် အသုံးများတဲ့ နေ့စဉ်သုံးပစ္စည်းဖြစ်တဲ့အတွက်
ကျန်းမာရေး (Health) + သက်သာမှု (Comfort) + အသုံးခံမှု (Usage) ကိုပါ စဉ်းစားရပါမယ်ခင်ဗျာ။

ဒါကြောင့် ဖိနပ် တစ်ရံ ဝယ်ယူ‌တော့မယ်ဆိုရင် ဒီအချက်တွေကို မလွဲမသွေ စဉ်းစားပြီး ရွေးချယ် ဝယ်ယူ ကြည့်ပါခင်ဗျာ။

👇👇👇👇👇👇

1️⃣
ရည်ရွယ်ချက် (Aim)
ဖိနပ်တစ်ရံ ဝယ်‌ယူတော့မယ်ဆိုရင် အသုံးပြုမယ့် ရည်ရွယ်ချက်က ဘာပါလဲခင်ဗျာ။

နေ့စဉ်စီးဖို့ အတွက်လား
အလုပ်သွားဖို့ အတွက်လား
ပွဲတက်သွားဖို့ အတွက်လား
ခရီးသွားလာဖို့ အတွက်လား
လမ်းလျှောက်သွားဖို့ အတွက်လား

👉 ရည်ရွယ်ချက် မတူရင် ဖိနပ် အမျိုးအစားလဲ မတူသင့်ပါဘူးခင်ဗျာ။

2️⃣
ဖိနပ်အတိုင်း (Size)

Size ကို တိတိကျကျ ရွေးခြယ်ပါခင်ဗျာ။ Size မရှိတော့လို့ သိပ်မကွာပါဘူးဆိုပြီး အလွယ်တကူ မဝယ်ကြပါနဲ့ ခင်ဗျာ။ Size မတိကျရင် ကြာကြာ မစီးနိုင်ပါဘူးခင်ဗျ။

👉 ခြေထောက်အရွယ်အစားနဲ့ ကိုက်ညီဖို့က အရေးအကြီးဆုံးပါပဲဗျ။

3️⃣
သက်သာမှု (Comfort)

ဖိနပ်ရဲ့ အောက်ခံသား ကောင်း ၊ ‌‌‌‌‌‌‌‌မကောင်းကို သေချာ စီးကြည့်ပြီး Customer နဲ့ Comfortable ဖြစ်မယ့် ဖိနပ်မျိုးကို သေချာ စီးကြည့်ပြီး ရေရှည်စီးနိုင်မယ့် ဖိနပ်မျိုးကို ရွေးချယ် ဝယ်ယူပါခင်ဗျ။
လမ်းလျှောက်တဲ့အခါမှာလဲ ရွေးချယ်ထားတဲ့ ဖိနပ်က သက်တောင့်သက်သာ ဖြစ်နေဖို့ကလဲ အရေးကြီးပါတယ်ခင်ဗျာ။

👉 ဖိနပ်လှပေမယ့် သက်တောင့်သက်သာမရှိရင် အကြာကြီး မဝတ်နိုင်ပါဘူးခင်ဗျာ။

4️⃣
ပစ္စည်းအရည်အသွေး (Quality)

Upper Material ကောင်းလား
Sole က ခိုင်မာလား
အလွယ်တကူ မပျက်စီးနိုင်ဘူးလား ဆိုတာတွေကို သေချာ စစ်ဆေးရပါ့မယ်ဗျ။

👉 အရည်အသွေးကောင်းရင် ကြာရှည်အသုံးခံပြီး တန်ဖိုးရှိပါတယ်ခင်ဗျာ။

5️⃣
ဒီဇိုင်း နှင့် အရောင် (Design & Color)

Customer Style နဲ့ ကိုက်လား
အဝတ်အစား နဲ့ လွယ်လွယ် တွဲဝတ်လို့ရနိုင်လား

👉 လှပမှု နှင့် လွယ်ကူမှုကို အတူတူ ယှဉ်ပြီး စဉ်းစားပါခင်ဗျ။

6️⃣
စျေးနှုန်း နှင့် တန်ဖိုး (Price & Value)

စျေးနှုန်းပဲ ကြည့်မယ်ဆိုတာမျိုး မဟုတ်ဘဲ Quality နဲ့ Price ကို နှိုင်းယှဉ် ကြည့်ပါခင်ဗျ။

👉 စျေးချိုတာထက် တန်ဖိုးရှိတာက ပိုအရေးကြီးပါတယ်ဗျ။

✅ နိဂုံးချုပ်အနေနဲ့ ဖိနပ်တစ်ရံက လှဖို့သာမက သက်တောင့်သက်သာဖြစ်ဖို့ ၊ အသုံးခံဖို့ နဲ့ ကျန်းမာရေး အတွက်ပါ အရေးကြီးပါတယ်ခင်ဗျာ။

ဖိနပ်ရွေးချယ်ရာမှာ ဒီအချက်လေးတွေကို သေချာ စဉ်းစားပြီး ဝယ်ယူမယ် ဆိုရင်
နောင်တမရှိဘဲ အကြာကြီး စိတ်ချမ်းသာစွာ စီးနိုင်ပါလိမ့်မယ် Customer များ ခင်ဗျာ.....🤍

“Elevate every step with Fifteen Letters Footwear.”

Letters Footwear

Address

26 B Street , 91C Street
Mandalay
05011

Website

Alerts

Be the first to know and let us send you an email when Fifteen Letters Footwear posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category