Htet Vision

Htet Vision Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Vision, Sunglasses & Eyewear Store, 23 Street, Bet: 80x81 St, Mandalay.

နေရောင်အောက်မှာ Sunglassesကို ဘာကြောင့်လိုအပ်တာလဲ🕶️?? - နေရောင်အောက်မှာ Sunglasses တပ်ခြင်းဟာ Fashion accessory အနေနဲ့သာ...
04/02/2026

နေရောင်အောက်မှာ Sunglassesကို ဘာကြောင့်လိုအပ်တာလဲ🕶️??

- နေရောင်အောက်မှာ Sunglasses တပ်ခြင်းဟာ Fashion accessory အနေနဲ့သာမက မျက်စိကျန်းမာရေးအတွက် အရေးကြီးတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။🕶️✨

- ☀️ UV rays ကြောင့် မျက်စိနီခြင်း၊ မျက်စိပင်ပန်းမှု၊အရေပြားနဲ့မျက်စိပေါ် Cataract, Macular degeneration စတဲ့ ရောဂါများ ဖြစ်ပေါ်စေနိုင်ပါတယ်။ Sunglasses သုံးခြင်းဟာ UV rays များကို ကာကွယ်ပေးပြီး၊ မျက်စိကျန်းမာရေးကိုလည်း ထိန်းသိမ်းနိုင်စေပါတယ်။

- နေရောင်ပြင်းတဲ့နေ့တွေမှာ မျက်စိနာခြင်း၊မျက်စိပင်ပန်းခြင်းများကို လျော့ချပေးနိုင်ပြီး အာရုံစူးစိုက်မှုနည်းခြင်း၊ ခေါင်းကိုက်ခြင်းတို့ကနေလည်းတားဆီးနိုင်ပါတယ်။ လမ်းသွားချိန်၊ ကားမောင်းချိန်၊အပြင်လုပ်ငန်းတွေမှာ Sunglasses တပ်ခြင်းက မျက်စိအနေအထားကိုပိုမို အဆင်ပြေစေပြီး နေ့စဉ်ဘဝကို အရည်အသွေးမြင့်စွာ အသုံးချနိုင်စေပါတယ်....👁️🌟

* Sunglasses ရွေးချယ်ရာမှာ UV protection လုံလောက်မှုရှိခြင်း၊ Lens အရည်အသွေးမြင့်ခြင်း၊ သင့်မျက်စိအတွက် သင့်တော်တဲ့ Frame size ရှိခြင်းတို့ကို လည်း သတိထားဂရုစိုက်ရပါမယ်* ✨

- Cheap sunglasses များဟာ Fashion အတွက်သာ အသုံးဝင်နိုင်ပြီး၊ UV protection မလုံလောက်တာမလို့ မျက်စိထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ဒါကိုတော့ သတိထားရပါမယ်... သေချာစွာရွေးချယ်ထားတဲ့ Sunglasses များကသာ မျက်စိအနေအထားကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ပြီး မျက်စိကျန်းမာရေးကို အလုံးစုံကာကွယ်နိုင်တာမလို့ပါ...🥰🧡

- နေရောင်အောက်မှာ Sunglasses တပ်ခြင်းက Fashion, Eye health, Comfort အစရှိတဲ့ အကျိုးကျေးဇူးများကို ပေးနိုင်တဲ့အပြင် မျက်စိပင်ပန်းမှု နည်းစေပြီနေ့စဉ်ဘဝအတွက် အဆင်ပြေမှုနှင့် အမြင်ကောင်းမွန်မှုကို တိုးတက်စေပါတယ်။👁️✨

ဝန်ဆောင်မှုများ: မျက်စိစစ်ဆေးခြင်း၊ မျက်မှန်ညှိခြင်း၊ မန္တလေးမြို့အတွင်းအိမ်အရောက်ပို့ဆောင်ခြင်း။
📞 အခမဲ့အကြံပေးခံယူရန်: 09-777949042/09-777949751 သို့ ဆက်သွယ်နိုင်ပါတယ်။
Address - 23လမ်း 80×81 ကြား
#မျက်မှန် #မျက်စိကျန်းမာရေး #အိမ်အရောက်
အပ်နှံမှု #ထက်မျက်စိအထူးကုဆေးခန်း #ထက်မျက်မှန်

မျက်မှန်ကိုင်း တစ်လက်ကို ဘယ်လောက်ကြာကြာ သုံးသင့်လဲ?👓✨ ကဲ..ဒီမေးခွန်းကိုတော့ မျက်မှန်တပ်တဲ့သူတိုင်း အသိချင်ဆုံးဖြစ်လိမ့်မ...
30/01/2026

မျက်မှန်ကိုင်း တစ်လက်ကို ဘယ်လောက်ကြာကြာ သုံးသင့်လဲ?👓✨

ကဲ..ဒီမေးခွန်းကိုတော့ မျက်မှန်တပ်တဲ့သူတိုင်း အသိချင်ဆုံးဖြစ်လိမ့်မယ်လို့ထင်ပါတယ်။

- မျက်မှန်ကိုင်းတစ်လတ်ကိုပျမ်းမျှ ၁ နှစ်ကနေ
၂ နှစ်ခန့်အထိ အသုံးပြုနိုင်ပါတယ်။ဒါပေမဲ့ ကိုင်းရဲ့အရည်အသွေး၊ အသုံးပြုတဲ့ပုံစံပေါ်မူတည်ပြီးတော့လည်း ကွာခြားနိုင်ပါသေးတယ်။

❗❗ဒါဆိုရင် ဘယ်လို အချိန်မှာ မျက်မှန်ကိုင်းကို လဲသင့်လဲ????

- ကိုင်းလျော့လျော့ဖြစ်ပြီး မျက်နှာပေါ်မညီတော့ရင်
ကိုင်းကွေး၊ အက်၊ကွဲ၊ သံချေးတက်၊မျက်မှန်မတ်မတ်မတည်တော့ရင်၊မျက်နှာပုံသဏ္ဍန်နဲ့ မျက်မှန်မလိုက်ဖက်ပဲ ကိုင်းShapeပျက်နေပြီဆိုရင် မျက်မှန်ကိုင်းကိုလဲသင့်ပါတယ်။


- မျက်မှန်တစ်လက်ကို မှန်မှန်ကန်ကန်အသုံးချတတ်ခြင်းက ဘဝအတွက် အလွန်ကောင်းမွန်တဲ့အကျိုးကျေးဇူးများကိုပေးပြီး မျက်စိပင်ပန်းမှု၊ မျက်စိနီခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံစူးစိုက်မှုနည်းခြင်းတို့ကို လျော့ချပေးစေနိုင်ပြီး မျက်စိကျန်းမာရေးကိုလည်း ကာကွယ်နိုင်ပါတယ်။

*ဒီအကျိုးများကြောင့် နေ့စဉ်ဘဝမှာ လုပ်ဆောင်ရတာ ပိုမိုအဆင်ပြေ‌စေပြီး အလုပ်လုပ်ခြင်း၊ပညာသင်ယူခြင်း၊နေ့စဉ် လိုအပ်ချက်များကို အရည်အသွေးမြင့်စွာ လုပ်ဆောင်နိုင်စေပါတယ်။✨😎*

- သင့်မျက်စိကို ဂရုစိုက်ခြင်းနဲ့ မျက်မှန်ကိုမှန်မှန်ကန်ကန်အသုံးပြုခြင်းက သင့်ဘဝအတွက် အမြင်အာရုံအရည်အသွေးကို မြှင့်တင်ပေးနိုင်ပြီး နေ့စဉ်ဘဝအတွက် အဆင်ပြေမှု၊အာရုံစူးစိုက်မှုနဲ့ အနာဂတ်အမြင်အတွက် အကောင်းဆုံးအရင်းအမြစ်လည်း ဖြစ်ပါတယ်။

" မျက်မှန်တစ်လက်က သင့်ဘဝကို လုံးဝပြောင်းလဲနိုင်စွမ်းရှိပြီး မျက်စိကျန်းမာရေးကို ထိန်းသိမ်းခြင်းက အနာဂတ်အမြင်အတွက် အခြေခံအချက်အဖြစ်တည်ရှိနေပါတယ်...🥰🧡"

ဝန်ဆောင်မှုများ: မျက်စိစစ်ဆေးခြင်း၊ မျက်မှန်ညှိခြင်း၊ မန္တလေးမြို့အတွင်းအိမ်အရောက်ပို့ဆောင်ခြင်း။
📞 အခမဲ့အကြံပေးခံယူရန်: 09-777949042/09-777949751 သို့ ဆက်သွယ်နိုင်ပါတယ်။
Address - 23လမ်း 80×81 ကြား
#မျက်မှန် #မျက်စိကျန်းမာရေး #အိမ်အရောက်
အပ်နှံမှု #ထက်မျက်စိအထူးကုဆေးခန်း #ထက်မျက်မှန်

"မျက်မှန်ပါဝါစာရွက်ကို ဘယ်လိုဖတ်ရမလဲ"မျက်စိစစ်ပြီးရင်📄 စာရွက်လေးတစ်ရွက်ရပါတယ်ဒါပေမယ့် SPH / CYL / AXIS ဆိုတဲ့ စာလုံးတွေက...
27/01/2026

"မျက်မှန်ပါဝါစာရွက်ကို ဘယ်လိုဖတ်ရမလဲ"

မျက်စိစစ်ပြီးရင်
📄 စာရွက်လေးတစ်ရွက်ရပါတယ်
ဒါပေမယ့် SPH / CYL / AXIS ဆိုတဲ့ စာလုံးတွေကြောင့်
“ဘာမှန်းမသိ” ဖြစ်သွားတတ်ကြပါတယ် 🤔
ဒီ Post ကို ဖတ်ပြီးရင်
👉 ကိုယ့်မျက်မှန်ပါဝါကို အခြေခံနားလည်သွားပါလိမ့်မယ် 👀

👁️ SPH (Sphere) ဆိုတာဘာလဲ
SPH က မျက်စိပါဝါ အဓိကတန်ဖိုး ပါ။
(-) Minus ပါရင် 👉 အဝေးကြည့်မမြင် (Myopia)
(+) Plus ပါရင် 👉 အနီးကြည့်မမြင် (Hyperopia)
ဥပမာ
SPH -2.00 ဆိုရင် 👉 အဝေးကြည့် မရှင်းတဲ့ မျက်စိပါဝါရှိတာကို ဆိုလိုပါတယ်။
👁️ CYL (Cylinder) ဆိုတာဘာလဲ?
CYL က မျက်စိမညီညာမှု (Astigmatism) ကို ဖော်ပြပါတယ်။
CYL မပါတဲ့သူ 👉 မျက်စိညီ
CYL ပါတဲ့သူ 👉 အမြင် မညီ၊ မရှင်းတတ်။

📌 CYL ပါရင် မျက်မှန်ကို ပိုတိကျအောင်လုပ်ဖို့ လိုအပ်ပါတယ်။
👁️ AXIS ဆိုတာဘာလဲ
AXIS က CYL ပါတဲ့သူတွေအတွက်သာ ရှိပါတယ်။
0 မှ 180 အတွင်း ဂဏန်းတစ်ခု ဖြစ်ပါတယ်။
မျက်စိမညီတဲ့ ဦးတည်ရာကို ဖော်ပြတာပါ။
👉 AXIS မမှန်ရင် မျက်မှန်တပ်လည်း မသက်သာပါဘူး။
👀 OD / OS ဆိုတာဘာလဲ
OD 👉 ညာမျက်စိ
OS 👉 ဘယ်မျက်စိ
မျက်စိနှစ်ဖက် ပါဝါမတူတာဟာသာမန်ပါပဲ..။

❗ လူအများစု လုပ်မိတတ်တဲ့ အမှား ❗
- အဟောင်းပါဝါနဲ့ အသစ်ပြန်လုပ်တာ ..
- သူများပါဝါနဲ့ ကိုယ်တူမယ်ထင်ပြီး သုံးတာ
ဒီလိုအမှားတွေက..
😵 ခေါင်းကိုက်
👀 မျက်စိအောင့်
😣 မျက်စိပင်ပန်း
တွေ ဖြစ်စေတတ်ပါတယ်။

✅ အရေးကြီးဆုံး အချက်
မျက်မှန်ပါဝါဆိုတာ
👉 လူတစ်ယောက်ချင်းစီအတွက် မတူပါဘူး
👉 ကိုယ်တိုင်စစ်ဆေးပြီးမှ သုံးရတာ အကောင်းဆုံးပါ 👓
💬 သင့်ပါဝါစာရွက်ထဲမှာ နားမလည်တာရှိလား?
Comment မှာ မေးမြန်းနိုင်ပါတယ်။
💾 အသုံးဝင်ရင် Save ထားပါ။
👓 မျက်စိ Knowledge တွေ ဆက်ဖတ်ချင်ရင် Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။😍

ဝန်ဆောင်မှုများ: မျက်စိစစ်ဆေးခြင်း၊ မျက်မှန်ညှိခြင်း၊ မန္တလေးမြို့အတွင်းအိမ်အရောက်ပို့ဆောင်ခြင်း။
📞 အခမဲ့အကြံပေးခံယူရန်: 09-777949042/09-777949751 သို့ ဆက်သွယ်နိုင်ပါတယ်။
Address - 23လမ်း 80×81 ကြား
#မျက်မှန် #မျက်စိကျန်းမာရေး #အိမ်အရောက်အပ်နှံမှု #ထက်မျက်စိအထူးကုဆေးခန်း #ထက်မျက်မှန်

“မျက်မှန်ကို နေ့စဉ်သန့်ရှင်းစွာ ထိန်းသိမ်းရန်”မျက်မှန်ကိုနေ့စဉ်သန့်ရှင်းစွာထိန်းသိမ်းခြင်းဟာ မျက်စိကျန်းမာရေးအတွက် အရေးက...
22/01/2026

“မျက်မှန်ကို နေ့စဉ်သန့်ရှင်းစွာ ထိန်းသိမ်းရန်”

မျက်မှန်ကိုနေ့စဉ်သန့်ရှင်းစွာထိန်းသိမ်းခြင်းဟာ မျက်စိကျန်းမာရေးအတွက် အရေးကြီးတဲ့ အခြေခံအချက်တစ်ခုဖြစ်ပါတယ်။ မျက်မှန်ကိုသန့်ရှင်းစွာမထိန်းသိမ်းခြင်းက မျက်စိပင်ပန်းမှု, မျက်စိနီခြင်း၊မျက်စိယားယံခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။

Lens အပေါ်မှာရှိတဲ့ အညစ်အကြေးတွေက မျက်စိနဲ့တိုက်ရိုက်ထိတွေ့မိတဲ့အခါ မျက်စိနီခြင်း၊မျက်စိယားယံခြင်း၊ မျက်စိပင်ပန်းမှုများကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မျက်မှန်ကို သန့်ရှင်းစွာထိန်းသိမ်းခြင်းဟာ မျက်စိကျန်းမာရေးအတွက် အရမ်းအရေးကြီးပါတယ်။

( ဆောင်ရန်များ ) ✅

- { မျက်မှန်ကို နေ့စဉ်သန့်ရှင်းရန် }

မျက်မှန်အပေါ်ရှိ လေထုမှ အညစ်အကြေး ဖုန်မှုန့်များကို သန့်ရှင်းရေးအတွက် အရည်အသွေးမြင့်သီးသန့်ထုတ်လုပ်ထားတဲ့ မှန်ကြည်ဆေးရည်( lens cleaner )ကိုသာအသုံးပြုပြီး မှန်'ကို သန့်ရှင်းစွာဆေးကြောပါ။ ဒီလိုဆေးကြောတဲ့အခါ မျက်စိနဲ့ ဖုန်မှုန့် မထိတွေ့တော့တာကြောင့် မျက်စိပင်ပန်းမှုကိုလျော့နည်းစေပြီး Lens ပေါ် Scratches မဖြစ်စေဘဲ သန့်ရှင်းစွာထားနိုင်ပါတယ်။🥰

( ရှောင်ရန်များ ) ❌

- { မျက်မှန်ကို ရေ/ဆပ်ပြာများနှင့်ဆေးကြောခြင်း }

Lens ကိုပျက်စီးစေနိုင်ပြီး အညစ်အကြေးများကို စနစ်တကျမဖယ်ရှားပေးနိုင်ပါဘူး။ရေစက်တွေဟာ မှန်ပေါ်မှာကျန်ခဲ့နိုင်ပြီး မှန်ပေါ်မှာပေနေတဲ့ အညစ်ကြေးတွေကိုလည်း ထိထိ‌ရောက်ရောက် မဖယ်ရှားပေးနိုင်တဲ့အပြင် အမြင်အာရုံမှာလည်း ထိခိုက်စေနိုင်ပါတယ်။

မျက်မှန်ကို နေ့စဉ်သန့်ရှင်းစွာထိန်းသိမ်းခြင်းက မျက်စိပင်ပန်းမှုနည်းစေပြီး Lens ကိုသန့်ရှင်းစွာထိန်းသိမ်းပေးခြင်းကလည်း ဖုန်မှုန့်ဒဏ်ကနေကာကွယ်ပေးပြီး ကြည်လင်ပြတ်သားတဲ့အမြင်အာရုံ
ကိုရရှိစေပါတယ်...✨

သင့်မျက်စိအတွက် သန့်ရှင်းမှုကို ဂရုစိုက်ခြင်းဟာမျက်စိကျန်းမာရေးအတွက် အဓိက သော့ချက်ဖြစ်ပြီးမျက်မှန်ကို မှန်မှန်ကန်ကန်သန့်ရှင်းစွာ ထိန်းသိမ်းခြင်းဟာလည်း နေ့စဉ်လူနေမှု ဘဝအတွက်သာမက အမြင်အာရုံအတွက်လည်း အကောင်းဆုံးအာမခံမှုဖြစ်ပါတယ်..😍

ဝန်ဆောင်မှုများ: မျက်စိစစ်ဆေးခြင်း၊ မျက်မှန်ညှိခြင်း၊ မန္တလေးမြို့အတွင်းအိမ်အရောက်ပို့ဆောင်ခြင်း။
📞 အခမဲ့အကြံပေးခံယူရန်: 09-777949042/09-777949751 သို့ ဆက်သွယ်နိုင်ပါတယ်။
Address - 23လမ်း 80×81 ကြား
#မျက်မှန် #မျက်စိကျန်းမာရေး #အိမ်အရောက်အပ်နှံမှု #ထက်မျက်စိအထူးကုဆေးခန်း #ထက်မျက်မှန်

“ထက်” မျက်စိအထူးကုဆေးခန်းနှင့် မျက်မှန်ဆိုင်ကြီးအနေဖြင့်Loi Hein Co.,Ltd. ၏ Alpine Purified Drinking Water Factory မှဝန်...
21/01/2026

“ထက်” မျက်စိအထူးကုဆေးခန်းနှင့် မျက်မှန်ဆိုင်ကြီးအနေဖြင့်
Loi Hein Co.,Ltd. ၏ Alpine Purified Drinking Water Factory မှ
ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ မျက်စိကျန်းမာရေးနှင့် ပတ်သက်၍
Medical Partner အနေဖြင့် ပူးပေါင်းခွင့်ရရှိသည့်အတွက်
အထူးပင် ဂုဏ်ယူဝမ်းမြောက်ရပါသည်။

#ထက်မျက်မှန် #ထက်မျက်စိအထူးကုဆေးခန်း

👁️ မျက်စိကို လေးထားတဲ့ လူတွေအတွက်အရည်အသွေး၊ ယုံကြည်မှုနဲ့ ဝန်ဆောင်မှုကို အခြေခံထားတဲ့ အမြင်ကောင်းတစ်ခု စတင်တဲ့နေရာ "ထက်မ...
18/01/2026

👁️ မျက်စိကို လေးထားတဲ့ လူတွေအတွက်အရည်အသွေး၊ ယုံကြည်မှုနဲ့ ဝန်ဆောင်မှုကို အခြေခံထားတဲ့ အမြင်ကောင်းတစ်ခု စတင်တဲ့နေရာ "ထက်မျက်စိအထူးကုဆေးခန်းနှင့် မျက်မှန်" 👓

မျက်စိကျန်းမာရေးကို ယုံကြည်စိတ်ချစွာ စစ်ဆေးကုသချင်တယ်ဆိုရင်....
"ထက် မျက်စိအထူးကု ဆေးခန်းနှင့် မျက်မှန်" မှာ လာရောက်နိုင်ပါတယ် 🙌

📌 တည်နေရာ
၂၃ လမ်း ၈၀*၈၁လမ်းကြား မန္တလေးမြို့

- မျက်စိပါဝါစစ်ဆေးခြင်း
- ပါဝါမျက်မှန်၊ နေရောင်ကာမျက်မှန်၊မျက်ကပ်မှန်များ
- အရည်အသွေးကောင်း၊ စိတ်ချရတဲ့ ဝန်ဆောင်မှုများ

🕗 ဖွင့်ချိန် – မနက် 8:00 မှ ညနေ 6:00 အထိ
📞 ဆက်သွယ်ရန်
09 777 949 042
09 777 949 751
လူကြီးမင်း မျက်စိအတွက် စိတ်ပူစရာမလိုအောင်
"ထက်မျက်စိအထူးကုဆေးခန်းနှင့် မျက်မှန်" ကစောင့်ကြိုနေပါတယ်နော်။ 👀🧡

မျက်စိပါဝါကို ဘယ်နှစ်လတစ်ကြိမ် စမ်းသပ်သင့်သလဲ👀မျက်မှန်အမြဲ တပ်နေရတဲ့သူတွေနှင့် အသက်အရွယ်ကြီးတဲ့သူတွေက 6လ တစ်ကြိမ် မျက်စိ...
16/01/2026

မျက်စိပါဝါကို ဘယ်နှစ်လတစ်ကြိမ် စမ်းသပ်သင့်သလဲ

👀မျက်မှန်အမြဲ တပ်နေရတဲ့သူတွေနှင့် အသက်အရွယ်ကြီးတဲ့သူတွေက 6လ တစ်ကြိမ် မျက်စိစစ်ဆေးသင့်ပါတယ်။🧡
👀သာမန် မျက်မှန်မတပ်ရတဲ့ လူလတ်ပိုင်းအရွယ် ဆိုရင်တော့ 1နှစ်တကြိမ် မျက်စိစစ်ဆေးသင့်ပါတယ်။🧡
👀မျက်စိရောဂါရှိတဲ့သူတွေ (ဆီးချို၊သွေးတိုး၊ရေတိမ်) ဆိုရင်တော့ 3 လတကြိမ် မျက်စိစစ်ဆေးသင့်ပါတယ်။🧡

ဒီလိုသာ ပုံမှန်မစစ်ဆေးဘဲ အချိန်တွေကြာသွားမယ်ဆိုရင် ပါဝါတိုးနေတာကို မသိလိုက်ဘဲ ဇက်ကြောတက်၊ခေါင်းမူး၊မျက်ရိုးကိုက်၊မျက်စိပူပြီး မျက်ရည်ကျလာတာတွေ ဖြစ်လာတတ်ပါတယ်။
ဒါကြောင့် မျက်စိကျန်းမာရေးအတွက် ယုံကြည်စိတ်ချရတဲ့ Htet Vision မှာ အခုပဲမျက်စိစစ်ဆေးလိုက်ရအောင်......😍

ဝန်ဆောင်မှုများ: မျက်စိစစ်ဆေးခြင်း၊ မျက်မှန်ညှိခြင်း၊ မန္တလေးမြို့အတွင်းအိမ်အရောက်ပို့ဆောင်ခြင်း။
📞 အခမဲ့အကြံပေးခံယူရန်: 09-777949042/09-777949751 သို့ ဆက်သွယ်နိုင်ပါတယ်။
Address - 23လမ်း 80×81 ကြား
#မျက်မှန် #မျက်စိကျန်းမာရေး #အိမ်အရောက်အပ်နှံမှု #ထက်မျက်စိအထူးကုဆေးခန်း #ထက်မျက်မှန်

သင့်ရဲ့ ပထမဆုံး မျက်မှန်က ဘယ်လိုမျိုးလဲငယ်ငယ်တုန်းက ပထမဆုံးအကြိမ် မျက်မှန်တပ်ခဲ့တဲ့ အချိန်ကို မှတ်မိသေးလား?ဘယ်တန်းမှာလဲ?...
15/01/2026

သင့်ရဲ့ ပထမဆုံး မျက်မှန်က ဘယ်လိုမျိုးလဲ
ငယ်ငယ်တုန်းက ပထမဆုံးအကြိမ် မျက်မှန်တပ်ခဲ့တဲ့ အချိန်ကို မှတ်မိသေးလား?

ဘယ်တန်းမှာလဲ? ဘယ်လိုဒီဇိုင်းလဲ? အရောင်က? မျက်မှန်တပ်ပြီး ကျောင်းကိုသွားရတဲ့ ပထမဆုံးနေ့ကို ဘယ်လိုခံစားခဲ့ရလဲ?
ပထမဆုံး မျက်မှန်နဲ့ ဘယ်လိုအလွဲလေးတွေရှိခဲ့သေးလဲ?
မန့်မှာ မျှဝေပေးခဲ့ပါအုံး

#ပထမဆုံးမျက်မှန် #မျက်စိကျန်းမာရေး #ထက်မျက်မှန် #ထက်မျက်စိအထူးကုဆေးခန်း

Address

23 Street, Bet: 80x81 St
Mandalay
10001

Website

Alerts

Be the first to know and let us send you an email when Htet Vision posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share