Unie K

Unie K BKK made များကို ချို​သာ​သော​ဈေးနှုန်း ?

ညှိနှိုင်းရေး သမားကောင်း ဖြစ်လာစေဖို့ နည်းလမ်း (၇)မျိုးကျွန်တော်တို့ရဲ့ နေစဥ်ဘ၀မှာ မနက်မိုးလင်းကနေ စပြီး ညမိုးချုပ်အိပ်ရ...
03/10/2020

ညှိနှိုင်းရေး သမားကောင်း ဖြစ်လာစေဖို့ နည်းလမ်း (၇)မျိုး

ကျွန်တော်တို့ရဲ့ နေစဥ်ဘ၀မှာ မနက်မိုးလင်းကနေ စပြီး ညမိုးချုပ်အိပ်ရာ၀င်တဲ့အချိန်အထိ အရေးမကြီးတဲ့ ညှိနှိုင်းမှု တွေကနေပြီး တကယ်ကို အရေးကြီးတဲ့ ညှိနှိုင်းမှုတွေကို ပြုလုပ်နေရပါတယ်။ စစ်တမ်းအရဆိုရင်လည်း လူတွေက တစ်နေကို ညှိနှိုင်းမှု ၃ ခုကနေ ၇ခု ကြားလုပ်ဆောင်နေရပါတယ်။

လုပ်ငန်းရှင်နဲ့ မန်နေဂျာတွေကြားမှာလည်း ညှိနှိုင်းမှုတွေ လုပ်ရသလို၊ ၀ယ်သူနဲ့ အရောင်းသမား၊ မိဘနဲ့ သားသမီးး၊ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်၊ နောက်ဆုံး မိတ်ဆွသူငယ်ချင်းတွေကြားမှာတောင် ညှိနှိုင်းမှုတွေပြုလုပ်ရပါတယ်။

ဒါကြောင့် ညှိနှိုင်းမှု ကျွမ်းကျင်ဖို့၊ ညှိနှိုင်းရေး ကောင်းဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှပဲ ကျွန်တော်တို့ က ကိုယ်လိုချင်တဲ့ရလာဒ်ကို ခင်မင်မှုမပျက်၊ ပြဿနာမဖြစ်ပဲနဲ့ အေးအေးဆေးဆေး ရယူနိုင်မှာဖြစ်ပါတယ်။

ညှိနှိုင်းရေးသမားကောင်းဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ ပြုပြင်လို့၊ သင်ယူလို့ရနိုင်လားလို့ မေးရင် ဟုတ်ကဲ့ ရပါတယ်လို့ ဖြေချင်ပါတယ်။

ညှိနှိုင်းရေးသမားကောင်းဖြစ်ချင်သူတွေအတွက် သိသင့်တဲ့ အခြေခံ နည်းလမ်း (၅) မျိုးကို ရှဲပေးချင်ပါတယ်။

၁) ကိုယ်လိုချင်တဲ့ ရလာဒ်ကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။

ကိုယ်လိုချင်တဲ့ ရလာဒ်ကို ကိုယ်ကိုတိုင်မှ မရှင်းလင်းဘူး၊ မပြတ်သားဘူးဆိုရင် တခြားလူတစ်ယောက်ကို လက်ခံလာအောင် ဘယ်လိုမှုညှိနှိုင်းလို့မရပါဘူး။ ဒါကြောင့် ကိုယ်ဘာလိုချင်လဲ၊ ကိုယ်ဘယ်လို ရလာဒ်မျိုးရချင်တာလဲ ဆိုတာမျိုးကို အရင်သိပြီးမှပဲ ညှိနှိုင်းမှုပြုလုပ်ပါ။

၂) ပြင်ဆင်ပါ။

ကိုယ် ညှိနှိုင်းမှု လုပ်ရမယ့်သူက ဘယ်သူလဲ။ ၀ယ်သူဖောက်သည်လား၊ ကိုယ့် supplier လား၊ ကိုယ့် သူဌေးလား၊ ဒါမှ မဟုတ် ကိုယ့် ချစ်သူ၊ အိမ်ထောင်ဖက်လား၊ ကိုယ့်မိဘလား။ ကိုယ့် ညှိနှိုင်းရမယ့် တစ်ဖက်လူပေါ်မူတည်ပြီး ပြင်ဆင်မှုတွေလုပ်ရပါမယ်။ တစ်ဖက်လူရဲ့ ညှိနှိုင်းမှု power ဘယ်လောက်ရှိလဲ။ ကိုယ်လိုချင်တဲ့ရလာဒ်ကို ဘယ်လို နား၀င်အောင်၊ လက်ခံအောင် ဆွဲဆောင်မှုလုပ်မလဲ။ ယုံကြည်လက်ခံလောက်တဲ့ Data တွေ၊ အချက်လက်တွေ လိုနိုင်လား။ ဒါမျိုးတွေကို ကြိုစဥ်းစားထားပြီး ပြင်ဆင်ထားဖို့လိုပါတယ်။

၃) ညှိနှိုင်းမှု ရွေးချယ်စရာတွေကြိုစဥ်းစားထားပါ။

တစ်ခါတစ်လေ ညှိနှိုင်းမှုလုပ်တဲ့အခါမှာ တစ်ခုတည်းကိုပဲ ဦးတည်ပြီးစဥ်းစားလို့မရပါဘူး။ ဖြစ်နိုင်ချေတွေ၊ အခြားရွေးချယ်မှုတွေ ကြိုပြီးစဥ်းစားထားဖို့ လိုပါတယ်။

ဥပမာ - ကိုယ်က ၁၂၀၀ နဲ့ရောင်းချင်တာကို ၀ယ်သူကလည်း ၁၀၀၀ မှမရရင် မ၀ယ်နိုင်တာမျိုးဖြစ်လာတဲ့ အခြေနေမျိုးမှာဆိုရင် ၁၀၀၀ နဲ့ရောင်းပေးမယ်၊ ပစ္စည်းအနည်ဆုံး ဘယ်နှခု ၀ယ်ရမယ်၊ နောက်တစ်မျိုးက ငွေ လက်ငင်းခြေစနစ်၊ Installment စနစ်စတာတွေကိုလည်း အခြား ရွေးချယ်စရာအနေနဲ့ ညှိနှိုင်းလို့ရပါတယ်။ ကိုယ်က ၁၂၀၀ နဲ့မရောင်းလိုက်ရပေမယ်၊ ပစ္စည်းအရေးအတွက် များများပိုရောင်းလိုက်နိုင်တာဖြစ်တဲ့အတွက် ဒါကို အောင်မြင်တဲ့ ညှိနှိုင်းမှုလို့ သတ်မှတ်လို့ရပါတယ်။

၄) မေးခွန်းမေးပါ။

ကိုယ်လိုချင်တာတဲ့ရလာဒ်ကို ညှိနှိုင်းတဲ့အခါမျိုးမှာ တစ်ဖက်လူက ကိုယ့်ကို လက်ခံတာမျိုးလည်းရှိနိုင်သလို၊ ငြင်းပယ်တာမျိုးလည်းရှိနိုင်ပါတယ်။ အဲ့ဒီအခါမျိုးမှာ ကျွန်တော်တို့က မှန်ကန်ထိရောက်တဲ့ မေးခွန်းမေးတတ်ဖို့လိုပါတယ်။ အဲ့ဒါမှ သူလက်ခံရင်လည်း ဘာကြောင်လက်ခံတာမျိုး၊ လက်မခံရင်လည်း သူဘာလို့ လက်မခံတာမျိုးဆိုတာကို သေသေချာချာ
သိသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မေးခွန်းမေးတတ်ဖို့လည်း အရမ်းအရေးကြီးပါတယ်။

၅) နားထောင်ပါ။

ဒီနေရာမှာ နားထောင်ပါဆိုတာက open-minded နဲ့ နားထောင်တတ်ဖို့လိုပါတယ်။ ကိုယ်လိုချင်တဲ့ ရလာဒ်ကို တဖက်လူက လက်ခံတာဆိုရင် ပျော်တဲ့စိတ်နဲ့ နား၀င်ကြပေမယ်၊ ကိုယ်လိုချင်တာ မရဘူးဆိုရင် နားထောင်နေပေမယ့်လည်း စိတ်ထဲမှာတော့ ပြန်ပြောနေတာမျိုး၊ ပြန်ငြင်းနေတာမျိုး ဖြစ်တဲ့အခါကျရင် တဖက်လူပြောနေတာမျိုး ကို အပြည့်အ၀နားမထောင်နိုင်ဖြစ်ပြီး နားမလည်ဘူးဖြစ်ပြီး
ဆက်ပြီး ညှိနှိုင်းမှုမလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အပြည့်အ၀ "open-minded" နဲ့ နားထောင်ပါ။

၆) စဥ်းစားဖို့ အချိန်တစ်ခုပေးပါ။

ညှိနှိုင်းမှုတစ်ခုပြုတဲ့အခါ နှစ်ဦးနှစ်ဖက်လုံးအတွက် စဥ်းစားဖို့အချိန်လိုအပ်ပါတယ်။ ကိုယ့်အတွက်လည်း လိုသလို တစ်ဖက်လူအတွက်လည်း ဆုံးဖြတ်ချက်ချဖို့ အချိန်တစ်ခုလိုအပ်ပါတယ်။ ဒါကြောင့် အချိန်တစ်ခုသတ်မှတ်ပြီး စဥ်းစားချိန်ပေးပါ။ အရမ်းတွန်းတဲ့ပုံစံမျိုးမလုပ်မိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် စဥ်းစားဖို့ အချိန်မပေးနိုင်တဲ့အခါ ကိုယ့်ဆုံးဖြတ်ချက်ရော၊ သူ့ဆုံးဖြတ်ချက်ရော မှားနိုင်ပြီး နှစ်ဦးကြားက ရေရှည်ဆက်ဆံရေးထိခိုက်နိုင်ပါတယ်။

၇) ရေရှည် ဆက်ဆံရေးကို ထိန်းသိမ်းပါ။

ညှိနှိုင်းမှုဆိုတာ အနိုင်အရှုံး Game တစ်ခုမဟုတ်ပါဘူး။ အကောင်းဆုံး ညှိနှိုင်းမှုဆိုတာ တစ်ဖက်လူက သူတို့အတွက် အကျိုးရှိတယ်၊ တန်ဖိုးတစ်ခုရှိတယ် ဆိုတာမျိးကို ကျေကျေနပ်နပ်လက်ခံသွားတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ညှိနှိုင်းမှုလုပ်ရတဲ့အခါ ကိုယ့်ဘက်ကလည်းအရမ်းမပေးမိအောင်၊ ကိုယ့်ဘက်ကလည်း အသာစီးယူမိတယ်ဆိုတဲ့ ပုံစံမျိူးမဖြစ်အောင် အရမ်းဂရုစိုက်ဖို့လိုပါတယ်။ နှစ်ဦးနှစ်ဖက်လုံး အတွက် အကျိုးရှိပြီး ရေရှည် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်အောင်ကြိုးစားဖို့လိုပါတယ်။

ဒီလောက်ဆိုရင် ညှိနှိုင်းမှုလုပ်တဲ့အခါ ဘယ်လိုတွေလုပ်ရမလဲ၊ ညှိနှိုင်းရေးသမားကောင်းဖြစ်လာဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာသိသွားလောက်ပါပြီ။

ညှိနှိုင်းမှုတွေကိို အကောင်းဆုံးပြုလုပ်နိုင်ဖို့ စိတ်၀င်စားတဲ့လူတွေအတွက်လည်း ကျွန်တော်တို့ Better Version မှ ဖွင့်လှစ်သင်ကြားပေးနေတဲ့ “Better Negotiator” ဆိုတဲ့ သင်တန်းကို တက်ရောက်လို့ရပါတယ်။

သင်တန်းတက်ချင်တဲ့သူများ အနေနဲ့လည်း comment (သို့) မက်ဆေ့မှတစ်ဆင့် “BNO” လို့ ပို့ပေးပြီး သင်တန်း အပ်နှံနိုင်ပါတယ်။



 #ဂရုဓမ္မအခါတော်နေ့တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းမှာလည်း မြတ်စွာဘုရားလက်ထက်တော်ကပင် ဖြစ်သည်။ မြတ်ဗုဒ...
01/10/2020

#ဂရုဓမ္မအခါတော်နေ့

တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းမှာလည်း မြတ်စွာဘုရားလက်ထက်တော်ကပင် ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားသော တိကနိပါတ်ကုရုဓမ္မဇာတ်တော်၌ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်နှင့် ကလိင်္ဂတိုင်း ဒန္တုပူရပြည် နှစ်ပြည်ထောင် ရှိကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်သည် မိုးလေဝသမှန်ပြီး သာယာဝပြော၏။

ကလိင်္ဂတိုင်း ဒန္တုပူရပြည်ကား မိုးလေဝသ မမှန်သဖြင့် ငတ်မွတ်ခေါင်းပါး ဒုဗ္ဘိက္ခန္တရကပ် ကျရောက်နေလျက် ပြည်သူများ သေဆုံးနေကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည့်ရှင် ကောရဗျဘုရင်၌ ဆင်ဖြူတော်ရှိနေ၍ မိုးရွာသည်ဟု ကလိင်္ဂတိုင်း ဒန္တုပူရပြည့်ရှင် ကလိင်္ဂမင်းက ကောရဗျဘုရင်မင်းထံ ဆင်ဖြူတော်ကို အလှူခံလေသည်။ ကောရဗျမင်းကလည်း ဆင်ဖြူတော်ကို လှူလိုက်သည်။ ဒန္တုပူရပြည်၌ ဆင်ဖြူတော် ရောက်လာသော်လည်း မိုးမရွာသဖြင့် ကောရဗျမင်းထံ ဆင်ဖြူတော်ကို ပြန်ပို့ကာ မိုးရွာစေသော နည်းများရှိလျှင် ပေးပါဟု ကောရဗျမင်းထံ တောင်းဆိုပြန်သည်။

ကောရဗျဘုရင်က သူနှင့် ကုရုတိုင်းသုပြည်သားများ ကျင့်သုံးသော

သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
သူတစ်ပါးဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
သူတစ်ပါး သားမယားတို့ကို ကာမဂုဏ် ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း တို့ဖြစ်သော ဂရုဓမ္မ ငါးပါးသီလကို ရွှေပေလွှာ၌ ရေးပေးလိုက်သည်။
ဒန္တုပူရဘုရင်နှင့် ကလိင်္ဂတိုင်းသူပြည်သားတို့သည် ငါးပါးသီလကို တော်သလင်းလမှာ ရရှိကြကာ ဤလမှစ၍ ဆောက်တည်ကြ၏။ မိုးလေဝသ မှန်ကန်လာပြီး ဆန်ရေစပါး စားနပ်ရိက္ခာ ပေါများကာ သာယာဝပြောလာ၏။ ကုရုတိုင်းသူပြည်သားတို့၏ အမြဲမပြတ် စောင့်ထိန်းကြသည့် ငါးပါးသီလကို အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို သူတော်ကောင်းများ အလေးဂရုပြုကျင့်သုံး ဆောက်တည်ကြသော ကုရုဓမ္မမှ ဂရုဓမ္မအခါတော်နေ့ဟု ဗုဒ္ဓဘာသာဝင်များ မှတ်ယူကြသည်။

#မေတ္တာဖြင့်အရှင်ဉာဏဓဇ

"ဂျင်းရေနွေး"""""""""""""""""ရေနွေးထဲ ဂျင်းထည့်ပြီး"အိပ်ခါနီးတိုင်းသောက်ပေးရင် ရရှိလာမယ့်        "အံ့မခန်းအကျိုးကျေးဇူးမ...
01/10/2020

"ဂျင်းရေနွေး"
"""""""""""""""

"ရေနွေးထဲ ဂျင်းထည့်ပြီး"အိပ်ခါနီးတိုင်းသောက်ပေးရင် ရရှိလာမယ့်
"အံ့မခန်းအကျိုးကျေးဇူးများ"

ဂျင်းမှာ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်ဆီမယ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါးသတ္တုတွေပါဝင်တာကြောင့် နေ့စဉ်မရှိမဖြစ် လိုအပ်တဲ့ဓာတ်စာတစ်ခုလည်းဖြစ်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်း ရေနွေးထဲ ဂျင်းထည့်ပြီးသောက်ပေးလိုက်ရင် ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်…..။

💎မူးမော်ခြင်းကင်းဝေးစေတယ်။

သတ္တုဓာတ်နဲ့ဗီတာမင်တွေကြွယ်ဝစွာပါဝင်တာကြောင့် မူးမော်ခြင်းတွေ၊ ခေါင်းနောက်တာတွေကို ကင်းဝေးစေပါတယ်။ ဂျင်းကို ဆေးအဖြစ်နဲ့ သုံးစွဲလာတဲ့ ခေတ်အဆက်ဆက်မှတ်တမ်းတွေအရ ခေါင်းမူးတာတွေ၊ အန်ချင်တာတွေကို သက်သာပျောက်ကင်းစေတာပြီး ကိုယ်ဝန်ဆောင်တွေမှာဖြစ်တတ်တဲ့ ပျို့အန်တာတွေကို သက်သာစေမှာပါ။

💎ဝိတ်ကျစေတယ်။

သင်ဟာ ဝိတ်ကျချင်တဲ့သူတစ်ယောက်ဆိုရင်တော့ ဂျင်းရေနွေးကိုသောက်ပေးသင့်ပါတယ်။ တစ်ဖက်ကလေ့ကျင့်ခန်းလည်းလုပ်ရင်း တစ်ဖက်က ဂျင်းရေနွေးကိုသောက်ပေးမယ်ဆိုရင် သိသိသာသာကို အချိန်ခဏလေးအတွင်းမှာ ဝိတ်ကျသွားမှာပါ။ ညအိပ်ရာဝင်ခါနီးမှ မဟုတ်ပဲ ထမင်းစားပြီးတိုင်း ဂျင်းရေနွေးကိုသောက်ပေးနိုင်ရင်လည်း အရမ်းကောင်းပါတယ်နော်။

💎ကိုက်ခဲတာတွေကိုပျောက်ကင်းစေပါတယ်။

ဓမ္မတာလာစဉ် ကိုက်ခဲတတ်တဲ့ ပျိုမေတွေအတွက် သတင်းကောင်းပါပဲ။ ဂျင်းထဲမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဟာဆိုရင် ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာတွေကို သက်သာပျောက်ကင်းစေပါတယ်။ အကိုက်အခဲပျောက်ဆေးတွေသောက်တာထက် ဂျင်းရေနွေးကိုသောက်ပေးတာ ပိုပြီးကောင်းပါတယ်။

💎သွေးတွင်းသကြားဓါတ်ကိုထိန်းပေးပါတယ်။

ဂျင်းရေနွေးဟာဆိုရင် သွေးတွင်းသကြားဓာတ်ကို ညီအောင် ထိန်းပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်လျော့နည်းခဲ့ရင် အိပ်မပျော်တာတွေ၊ ရေအမြဲငတ်နေတာတွေနဲ့ စိတ်မတည်မငြိမ်ဖြစ်စေနိုင်ပြီး ဂျင်းရေနွေးသောက်ခြင်းဖြင့် ဒီအရာတွေကို မျှတစေမှာပါ။

💎ခေါင်းကိုက်တာတွေပျောက်ကင်းစေတယ်။

ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေ၊ မကြာခဏခေါင်းကိုက်တတ်တဲ့သူတွေအတွက် ဂျင်းရေနွေးဟာဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ဆေးသောက်ရမှာမကြိုက်တဲ့သူတွေအတွက်တော့ ဂျင်းရေနွေးဟာ ခေါင်းကိုက်ပျောက်စေတဲ့သ ဘာဝဆေးကောင်းတစ်လက်ပါပဲနော်။

Credit to ဗဟုသုတနှင့်ကျန်းမာရေး

Via
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်၏

Cosmetic လေးတွေ Date မပါလို့ ဘယ်တော့ ကုန်မလဲမသိရင် ဒါလေးကိုဖတ်ပါ.....  Fondation - ဖွင့်ပြီး ၆ လမှ ၁၂ လအတွင်း2 way - ဖွင...
12/09/2020

Cosmetic လေးတွေ Date မပါလို့
ဘယ်တော့ ကုန်မလဲမသိရင် ဒါလေးကိုဖတ်ပါ.....

Fondation - ဖွင့်ပြီး ၆ လမှ ၁၂ လအတွင်း
2 way - ဖွင့်ပြီး ၂နှစ်မှ ၃ နှစ်အတွင်း
Eye shadow - ဖွင့်ပြီး ၂ နှစ်မှ ၃ နှစ်အတွင်း
Eyeliner - ဖွင့်ပြီး ၃ လမှ ၆ လအတွင်း
Mascara - ဖွင့်ပြီး ၃ လမှ ၆ လအတွင်း
Micellar water - ဖွင့်ပြီး ၆ လ သို့မဟုတ် ၁ နှစ်
Lipstick - ဖွင့်ပြီး ၂ နှစ်မှ ၃ နှစ်
Highliter ပါးနီ - ဖွင့်ပြီး ၂ နှစ်မှ ၃ နှစ်
perfume - ဖွင့်ပြီး ၃ နှစ်အတွင်း
Nailpolish - ဖွင့်ပြီး ၁ နှစ်အတွင်း
Eyebrow - သုံးလို့ရသည်ထိသုံးနိုင်
Lotion -ဖောက်ပြီး ၈လမှ ၁၂ လထိ
ကဲ မိမိ မှန်တင်ခုံပေါ်က cosmetic တွေကို
ဒိတ်လွန်တာနဲ့လွှင့်ပြစ်ဖို့မမေ့နဲ့နော် ❤️
အားလုံးလှနိုင်ကြပါစေ 💋

ပါရှင့် ❣️

ရွေးချယ်စရာတွေ အရမ်းများပြားသော  Macaronhombeth 😍Direct from Bkk အရည်အသွေးကောင်းမို့ အာမခံတယ်နော်Price- 33500Preorder/ p...
11/09/2020

ရွေးချယ်စရာတွေ အရမ်းများပြားသော Macaronhombeth 😍

Direct from Bkk

အရည်အသွေးကောင်းမို့ အာမခံတယ်နော်

Price- 33500

Preorder/ prepaid

☎️ 09- 761 872 792 ကိုဆက်ပီး Hello လိုက်နော်😍

ဘလောက်လှတဲ့ T shirt လေးတွေလဲမေး😍Direct from Bkk အရည်အသွေးကောင်းမို့ အာမခံတယ်နော်Price- 28,000 Preorder/ prepaid☎️ 09- 76...
11/09/2020

ဘလောက်လှတဲ့ T shirt လေးတွေလဲမေး😍

Direct from Bkk

အရည်အသွေးကောင်းမို့ အာမခံတယ်နော်

Price- 28,000

Preorder/ prepaid

☎️ 09- 761 872 792 ကိုဆက်ပီး Hello လိုက်နော်😍

ချုပ်​ပုံလှလှ​လေး​တွေ😍Photo•••credit
17/08/2020

ချုပ်​ပုံလှလှ​လေး​တွေ😍
Photo•••credit

14/03/2020

#မိန်းခလေးမှန်ရင်သိမ်းထားပါ...

1.မိတ်ကပ်လိမ်းခြယ်မယ်ဆို အောက်ခံ အသားအရည်ကို အ၇င်ကောင်းအောင်လုပ်ပါ

2.မိတ်ကပ်ကို အိမ်မှာနေရင် မလိမ်းပါနဲ့

3.မိတ်ကပ်ကို အပြင်သွားပြီး ပြန်လာတာနဲ့ တစ်ခါထဲ ဖျက်ပါ

4.မိတ်ကပ်လိမ်းတဲ့နေ့တွေမှာ မျက်နှာကို သေချာသန့်စင်ပါ
မိတ်ကပ် က မျက်နှာသစ် ဆပ်ပြာ တခုသုံးယုံနဲ့ မလုံလောက်ပါဘူး

5.မိတ်ကပ်ဖျက်မယ်ဆို မိတ်ကပ် remover သုံးပြီးသန့်စင်ပြီးမှ မျက်နှာသစ်ပါ

6.မိတ်ကပ် remover ကို အလေအလွင့်နည်းအောင် ယနေ့ခေတ် အသုံးများလာကြတဲ့ ready made ဂွမ်းလေးတွေ သုံးပြီးဖျက်ပါ

7.ဘူးအသန့်တစ်လုံး သို့မဟုတ် လေလုံအိတ်တစ်လုံးထဲကို ဂွမ်း အရွက် ၂၀ခန့်ထည့်ပါ ပြီး၇င် make up remover အရည် နဲနဲလောင်းထည့်ပေးပါ ဒါဆို make up
remover ကို နဲနဲပဲကုန်စေနိင်သလို အကျိူးလဲ၇ှိပါတယ် money saving ဖြစ်စေပါတယ်

8.တိုနာကို လဲ ထိုနည်း လည်းကောင်းလုပ်လို့၇ပါတယ်

9.မျက်နှာကို မိတ်ကပ် ဖျက်ဆေးနဲ့ ဖျက်ပြီး မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ

10.ပြီး၇င် ဂွမ်းမှာ တိုနာ စွတ်ပြီး မျက်နှာအနှံ့ ပွတ်လိမ်းပါ

11.တိုနာက ချွေးပေါက် ကျည်းစေတယ်လို့ ပြောကြတာထက် မျက်နှာသစ်ပြီး သုံး၇င် ကျန်၇ှိနေသေးတဲ့ အညစ်အကြေးတွေ ထပ်ထုတ်ပေးပါတယ်

11.ပြီး၇င် လိမ်းနေကြ တစ်ခုခု၇ှိ၇င် လိမ်းပါ

12.မျက်နှာကို တနေ့ နှစ်ခါ အနဲဆုံးသစ်ပါ

13.မနက်တစ်ကြိမ် ညတစ်ကြိမ်သစ်ပါ
မိတ်ကပ်လိမ်းတဲ့နေ့ဆို လိမ်းပြီးပြန်လာတာနဲ့ မျက်နှာသစ်ပါ

14.သွားကျန်းမာေ၇းကိုလဲ ဂရုစိုက်ပါ

15.တနေ့နှစ်ခါ တိုက်ပါ

16.အစာစားပြီး ပလုတ်ကျင်းပါ

17.သွားတိုက်၇င် အနဲဆုံး ၂မိနစ်ခန့်တိုက်ပါ

18.မျက်နှာလေးလှနေယုံနဲ့ မပြီးပါဘူး
ပါးစပ်က အနံ့ ဆိုးတွေ၇ှိ၇င် လူတစ်ယောက်ရဲ့ image က ပြောင်းသွားနိုင်ပါတယ်

19.ဆံပင်ကို တစ်ပတ်နှစ်ခါ အနဲဆုံး လျှော်ပါ

20.နဖူးမှာ ၀က်ခြံတွေ အရမ်းထွက်တတ်တာမျိူးက
ဆံပင် က မသန့်တာကြောင့်ဖြစ်တတ်ပါတယ်
ခေါင်းမလျှော်ဖြစ်ခဲ့၇င်တောင် အေ၇ှ့ဆံပင်လေးကို လျှော်ပေးပါ

21.၀က်ခြံထွက်၇င် လက်နဲ့ မညစ်ပါနဲ့

22.စိတ်ကိုထိန်းပြီး ဆေးလေးပဲ လူးထားပါ

23.အ၇မ်းများလာ၇င် တတ်ကျွမ်းသူတွေနဲ့ ပြပါ

24.၀က်ခြံကို အသည်းယားလို့ကုတ်ဖဲ့တာမျိူးက အန္တာရယ်များပါတယ် ၀က်ခြံဖုက ထွက်လာတဲ့ သွေး သို့ ပြီ အပုတ်တွေ စီးကြပြီး ထိုနေ၇ာတွေမှာပါ ၀က်ခြံ ထွက်တတ်ပါတယ်

25 ဆင်၀က်ခြံလို ၀က်ခြံမျိူးတွေ လက်နဲ့ အညစ်များတဲ့ ၀က်ခြံတွေဟာ ကြာ၇င် ချိုင့်ခွက်တွေ ဖြစ်လာပြီး မျက်နှာကို အဖု အထစ်တွေ ဖြစ်စေနိုင်ပါတယ်

26.ဆား၀က်ခြံတွေ ကလဲ စိတ်ရူတ်၇ပါတယ်

27.ဆား၀က်ခြံတွေကို ပျောက်ကင်းအောင် ထပ်မထွက်အောင် ကုသမ၇သေးပါ

28.ပါးသွားအောင်ပဲ လုပ်လို့၇နိုင်ပါတယ်

29.၀က်ခြံ ညစ်တဲ့ အတံလေးတွေနဲ့ အသာအယာ ညစ်ထုတ်ပေးနိုင်ပါတယ်
ဆား၀က်ခြံ ကပ်ခွာတွေလဲ ကပ်နိုင်ပါတယ်
ဘယ်လိုနည်းလမ်းနဲ့ လုပ်လုပ် လုပ်ပြီး မပြစ်ထားပါနဲ့

30.treatmentပြန်လုပ်ပေးပါ
ထပ်ခါ ထပ်ခါ လုပ်ပါများ၇င် ချွေးးပေါက်တွေကျယ်ပြီး အဆီအ၇မ်းပြန်တတ်ပါတယ်

31.အကောင်းဆုံးနည်းလမ်းကတော့
မျက်နှာကို ေ၇နွေးငွေ့နဲ့ ခေါင်းပေါ် ပုဝါအုပ်ပြီး
ရေနွေးငွေ့ ခံပါ
ပြီး၇င် ကြက်ဥအကာကို မျက်လုံးကို ဝိူက်ပြီး မျက်နှာ တစ်ပြင်လုံးလိမ်းပါ
tissue နှစ်လွှာကို တစ်လွှာခွာပါ
မိမိကပ်မဲ့နေ၇ာ ချိန်ပြီး အ၇ွယ်တော် ဖြဲပါ
ပြီး၇င် ကြက်ဥအကာသုတ်ထားတဲ့ အပေါ်ကို ကပ်ပါ ပြီး၇င် tissue ကပ်ထားတဲ့ အပ်ါကို ကြက်ဥအကာထပ်တင်ပေးပါ
မိနစ် ၂၀ခန့်ထားပြီး ခွာချပါ
ဆား၀က်ခြံတွေပါလာပါလိမ့်မယ်
အကုန်တော့မပါလာပါဘူးနော်
သဘာ၀နည်းလမ်းတွေရဲ့ အာနိသင်ဆိုတာ
ဖြေးဖြေးခြင်းထိေ၇ာက်တာပါ
နောက်ဆုံး ေ၇ခဲေ၇နှင့်မျက်နှာသစ်ပါ
သို့ ေ၇ခဲတုံးလေးနဲ့ ပွတ်ပေးပါ
ဒီအဆင့်ကို လုပ်ဖြစ်အောင်လုပ်ပါ
ချွေးပေါက်တွေဖွင့်ပြီးရင် ချွေးပေါက်ပြန်ပိတ်ရပါမယ်
ဆား၀က်ခြံများ၇င် တစ်ပတ် ၃ကြိမ်လုပ်ပါ
ပါးသွား၇င် တစ်ပတ် ၁ကြိမ်ဆို ၇ပါပြီ

32.အပူက ချွေးပေါက် ကျယ်စေပါတယ်
အအေးက ချွေးပေါက် ကျည်းစေပါတယ်

33.ချွေးပေါက် အ၇မ်းကျယ်လို့ မိတ်ကပ်လိမ်း၇အဆင်မပြေ၇င် ရေခဲတုံးနဲ့ မျက်နှာကို ပွတ်လိမ်းပေးပြီး သပတ်နဲ့ သုတ်ကာ မိတ်ကပ်လိမ်းကြည့်ပါ

34.မနက် အိပ်၇ာ ထ လျှင် ထခြင်း ရေတစ်ဖန်ခွက်အပြည့်သောက်ပါ
တစ်ကျိူက်ထဲ မော့ပါ
စသောက်ခြင်း အဆင်မပြေပါဘူး
နောက်၇က်တွေ အိုခေ လာမှာပါ

35.ခန္ဓာကိုယ်က အပူအပုတ်တွေ ကင်းဖို့မျှတစွာ နေထိုင်စားသောက်ပါ အသီးအနှံ အ၇ွက် စားပါ
၀မ်းချူပ်နေပြီခံစား၇၇င် ၀မ်းနုတ်ပါ

36.ဆီး ၀မ်း လေမှန်မှ နေသာထိုင်သာ၇ှိပြီး
ကျန်းမာေ၇းကောင်းမှာပါ

37.ရေချိူးတဲ့ အခါ ခြေထောက် မှ ခြေသည်းလေးတွေ ကို brush နဲ့ တိုက်ချွတိဆေးကြောပါ
လူတစ်ယောက်ကို အကဲဖြတ်၇ာမှာ ခြေထောက်၇ယ် မျက်နာ၇ယ် က အဓိကပါ

38.လက်သည်းနီတွေ အမြဲမဆိုးပါနဲ့
ဆိုးဖြစ်ခဲ့၇င် မဆိုးပဲနဲ့ တစ်လလောက် အနားပေးပါ လက်သည်းကျန်းမာဖုိ့ပါ

39.လက်သည်း ကျိူးလွယ်တယ် အ၇မ်းပျော့နေမယ်ဆို၇င် သံပုရာသီးလေး နဲ့ ပွတ်ပေးပါ

40.မိတ်ကပ်လိမ်းရင် Brush လေးတွေနဲ့ လိမ်းပေးပါ

41.လက်နဲ့ပဲ လိမ်းချင်တယ်ဆို၇င်လက်ကို သေချာသန့်စင်ပြီးမှ လိမ်းပေးပါ
လက်က ဘက်တီးရီးယား အများဆုံး နေ၇ာပါ

42.make up brush တွေကို တစ်ပတ်တစ်ခါ ဆေးပါ
make up Brush အတွက် ထုတ်တဲ့ ဆပ်ပြာလေးတွေ ထွက်ပါတယ်
အဲ့လိုမှ မသုံးချင်လဲ ကလေးသုံး ဆပ်ပြာ သို့မဟုတ် ခေါင်းလျှော်ရည် နဲ့ သုံးလို့ရနိုင်ပါတယ်

43.မိတ်ကပ်ဖော့အသုံးပြု၇င်လဲ အနဲဆုံး နှစ်ခု ထားပါ တစ်ခုလျှော်၇င် တခုနဲ့ သုံးလို့၇နိုင်ပါတယ်

44.နုတ်ခမ်းနီ ကို ပါးနီ အဖြစ်လဲ အသုံးပြုနိုင်ပါတယ် နူတ်ခမ်းနီကို ပါးပေါ် နဲနဲတင်ပြီး အမြန်ပြန်ဖြန့်ပေးလို့၇ပါတယ်

45.eyeliner ကုန်နေခဲ့ လို့ မဆိုးလို့က မ၇ဘူး အလျင်လိုနေခဲ့၇င် masacara ကို eyeliner အဖြစ် ယူသုံးနိုင်ပါတယ်

46.concelar သုံးဖို့ လိုအပ်လာ၇င် concelar မ၇ှိခဲ့၇င် သုံးနေကြ မိတိကပ်အ၇ည်၇ဲ့ အဖုံး သို့ နူတ်ခမ်းအ၀မှာ မစိုမခြောက်ဖြစ်နေတဲ့ မိတ်ကပ်ကို concelar အစား သုံပေးနိုင်ပါတယ်

47.powder hightlight လုပ်ချင်လို့ loose powder မ၇ှိလျှင်လဲ baby ကလေးပေါင်ဒါကို အသုံးပြုနိုင်ပါတယ်

48.မျက်တောင်ပါး၇င်masacara ကော့ပြီး ပေါင်ဒါမူန့်ကို မျက်တောင်တွေ အပေါ် လိုက်တင်ပါ ပြီး၇င် masacara ပြန်ကော့ပါ
သုံးခါလောက် ထိုနည်းအတိုင်းလုပ်ပါ
မျက်တောင်ထူသလို ဖြစ်သွားစေပါတယ်

49.မျက်ခုံးဆိုး၇င် မျက်ခုံး၇ိတ်ပြီးမှ မျက်ခုံးဆိုးပါ
မျက်ခုံးကို မိမိဘာသာ မ၇ိတ်တပ်၇င် ဆိုင်မှာ ပုံအ၇င်သွင်းပါ

50.ပြန်ထွက်လာတဲ့ မျက်ခုံး အတိုအထွာလေးတွေကို နုတ်တာ ၇ိတ်တာ အားသန်သလို လုပ်ပေးနိုင်ပါတယ်

51.မျက်ခုံးမှ မ၇ိတ်ချင်ဘူး ဆိုလဲ concelar နဲ့ မညီညာတဲ့ မျက်ခုံးတွေကို ဖုံးကွယ်ပါ

52.မိတ်ကပ်ကြောင့်သင်ပိုလှပါစေ

53.မိတ်ကပ် က သင့်အလှကို မဖုံးကွယ်ပါစေနဲ့

54.မိတ်ကပ်လိမ်း၇င် မိမိမျက်နှာက အလှဆံုး အစိတ်အပိုင်းကို ဦးစားပေးပြင်ပါ

55.နူတ်ခမ်း matte တွေ ဆုိးတာများရင် lip scrub လေး ပုံမှန်လုပ်ပေးပါ

56.သခွားသီး ကို မျက်နှာမှာ ကပ်ပေးပါက မျက်နှာအေးစေတယ် အသားအရည် ကြည်ပြီး ကောင်းစေပါတယ်

57.အာလူးကို မျက်လုံးမှာကပ်ပေးပါက မျက်ကွင်းညိုတာ သက်သာစေပါတယ်
မျက်နှာမှာ ကပ်၇င် မျက်နှာက အပူတွေ စုပ်ပေးပါတယ် ကပ်ပြီး၇င် မျက်နှာတော့ သေချာပြန်သစ်ပါ

58.ငှက်ပျောသီး မှည့်ကိုလဲ ရေမချိူးခင် မျက်နှာမှာ ၁၅မိနစ်လောက်လူးထားပေးးပြီး ပြီးမှ ရေချိူးလို့၇ပါတယ် အသားအ၇ည်လဲ လှစေပါတယ်

59.ကြက်ဥအကာ သံပုရာသီး ၃စက်ခနု့့်ရောမွှေပြီးလုးးပေးပါ
၁၅မိနစ်ထားပါ
ပြီး၇င် ရေဆေးချပါ
အသားအရည် တင်းရင်းစေပါတယ်

60.Vasaline ကိုသိကြမှာပေါ့နော် (မှတ်ချက် lotion မဟုတ်ပါ vasalineအဆီပါ) ်
vasaline ကို ရေမွှေး စွတ်မဲ့ နေ၇ာကို လိမ်းပေးပြီး ရေမွှေး စွတ်၇င် ရေမွှေးနံ့ ကြာရှည်ပိုခံတယ်

61.ဒူးမဲ တံတောင်ဆစ်မဲ ဂျိူင်းမဲ နူတ်ခမ်းမဲတာတွေ ကို vasaline လူးပေးရင် ပျောက်စေပါတယ်

62.vasaline ကို ဆံပင် နှစ်ခွ ဖြစ်နေရင် အောက်ဖျားတွေကို လိမ်ပေးလို့၇ပါတယ်

63.eyeliner pencil တွေ ဆိုး၇တာ အရောင်မထွက်၇င် မီးအပူ ခဏလေးပြီး ဆိုး၇င်
အရောင်ပိုတောက်စေပါတယ်

64.မျက်တောင်တွေပိုကော့အောင် မျက်တောင်ကော့စက်ကို hair dryer နဲ့ အပူပေးပြီး ကော့ပေးလုိ့ရပါတယ်

65.နူတ်ခမ်းနီ ၀ယ်မိတာ မစိုမခြောက် ဖြစ်နေ၇င် နူတ်ခမ်းနီ ဆိုးပြီး setting powder သို့ loose powder ကို နူတ်ခမ်းပေါ် တင်ပေးနိုင်ပါတယ် နူတ်ခမ်းလေး matte လေး ဖြစ်သွားစေပါတယ်

66.Eyeshadow ဆိုး၇င် အမူန်တွေတခါတလေ ကျပါတယ် ကျ၇င် ကာကွယ်ဖို့ တိတ်လေးကို မျက်လုံးအောက်မှာကပ်ပြီး ကာကွယ်ပေးပါ

67.အလက်ပါတဲ့ eyeshadow တွေ ဆိုးလို့ မျက်အိမ်အောက် ကျတဲ့ အလက်အမူန်တွေကို တိပ်လေးနဲ့ ကပ်လိုက်ခွာလိုက် လုပ်ကာ ဖယ်၇ှားပေးနိုင်ပါတယ်

68.မိတ်ကပ်လိမ်း၇င် လည်ပင်းကိုပါ လိမ်းပါ
မိမိ မိတ်ကပ် က စျေးကြီးလို့ နှမြော၇င် စျေးသင့်တာလေး မျက်နှာမိတ်ကပ်နဲ့ အေ၇ာင်ညီတာ လေး၀ယ်ထားပါ လည်ပင်းကို ထိုမိတ်ကပ်လေး လိမ်းပါ

69.မိတ်ကပ် မလိမ်းခင် skin care တခုခု ခံလူးပါ

70.Green tea လက်ဖက်ခြောက် တစ်ခါသောက်ထုတ်လေးတွေကို စိမ်သောက်ပြီး၇င် မျက်လုံးပေါ်မှာ ကပ်ပေးနိုင်ပါတယ်၇ှင်


71.ခေါင်းအုံးစွတ်တွေကို တစ်ပတ်တစ်ခါ လျှော်ပါ

72.ခုလို မိုးတွင်းအချိန်ခါမျိူးမှာ နေပူတာနဲ့ အိပ်၇ာခင်းတွေ ခေါင်းအုံးတွေကို နေပြပါ

73.စိုထိုင်းထိုင်း အနေအထားမျိူးမှာ ဘတ်တီးရီးယားတွေ အ၇မ်းပေါက်ဖွားတတ်ကြပါတယ် အသားတွေ ယားတာတွေ ဖြစ်တတ်ပါတယ်
ခေါင်းအုံး မသန့်ရင် မျက်နှာ ၀က်ခြံထွက်စေပါတယ်

74.အိပ်ေ၇းပျက်မခံပါနဲ့

75.ည 11 နာရီ နောက်ဆုံးထား အိပ်ပေးပါ

76.ည 12နာ၇ီ နှင့် 1 နာ၇ီအခ်ျန်မှာ မျက်နာက နုပ်ျူခြင်း လှပခြင်း ဆဲလ်တွေ ဖွံ့ ဖြိုးပါတယ်
ထို ဆဲလ်တွေက အိပ်မှ ထွက်တာပါ
အဲ့အခ်ျန်မအ်ိပ်၇င် မထွက်နိုင်ပါ
{ကြားဖူးတာ ကြာပါပြီ အချိန် အမှားအယွင်းလေး၇ှိန်ိုင်ပါတယ် ၁၁နာ၇ီနောက်ပိုင်း အိပ်၇မှာက သေချာပါတယ်)
🙂

77.အိပ်ရေးပျက်ရင်လဲ ၀က်ခြံထွက်တတ်ပါတယ်

78.အသားခြောက်သူတွေ က ရေဓာတ်ပါ၀င်နဲ့ skincare တွေ လိမ်းပေးပါ

79.သခွားသီး ရှားစောင်းလတ်ပတ်တို့ဟာ
ရေဓာတ် ပြည့်၀ပါတယ် ကပ်ပေးနိုင်ပါတယ်

80.alove vera gel တွေလဲ လူးနိုင်ပါတယ် အသားခြောက်သူတွေအတွက် သာမက မည့်သည့်အသားအရည်ပိုင်ရှင်မျိူးမဆိုလဲမိတ်ကပ် လိမ်းရင် မိတ်ကပ်သားတက်အောင်လူးနိုင်ပါတယ်

81.အ၇မ်းအိပ်လိုက်လို့ မျက်လုံးတအား မို့အစ်နေ၇င် စတီးဇွန်း နှစ်ချောင်း ကို ၁၅မိနစ်ခန့် ရေခဲသေတ္တာထဲ ထည့်ပေးပြီး မျက်အိတ်အပေါ် ကို ကပ်ပေးနိုင်ပါတယ်

82.မိတ်ကပ်၀ယ်တဲ့ အခါ tester ၇ှိတဲ့နေရာက ၀ယ်ပါ

83.tester စမ်းတဲ့အခါ မိတ်ကပ်ကို မိမိအသားအရောင်နဲ့ ကိုက်ညီတာကို ေ၇ွးခြယ်ပါ

84.ရွေးခြယ်သည့်အခါ လက်ဖျံရိုး
မေးရိုး တို့မှာတင်ပြီး ရွေးပါ
အေ၇ာင်တစ်ရောင်ထဲတင်ပြီး စမ်းတာမျိူးရှောင်ပါ
မိတ်ကပ် နံပါတ် ၃ခု ၇ှိ၇င် သုံးခုလုံး နေ၇ာလေးခြားပြီး ယှည်ကြည့်ပြီး အလိုက်ဖက်ဆုံးအရောင်ကိုံရွေးခြယ်ပါ

85.သူများက သုံးလို့ ငါလဲသုံးမယ် ဆိုတာမျိူးရှောင်ပါ

86.သူများနဲ့ အဆင်ပြေပေမဲ့ ကိုယ်နဲ့ အဆင်ပြေချင်မှပြေမှာပါ

87.မိတ်ကပ်ရွေးခြယ်ဖုိ့ ခက်နေသည့်အခါ မိမိ အသားအ၇ည်နဲ့ အဆင်ပြေမဲ့ ပစ္စည်းကို မေ၇းခြယ်တတ်သည့်အခါ သေချာ နားလည်တဲ့ blogger သို့ မိတ်ကပ်ဆရာဆီမှာမေးပါ

88.ဝါသနာရှင်တွေကို မမေးမိပါစေနဲ့
ပညာ၇ှင်ကိုမေးပါ
၀ါသနာ၇ှင် က ပစ္စည်းအကုန်လုံး မသုံးနိုင်ပါဘူး
တံဆိပ်အမိ်ျိူးမျူိး မသုံးနိုင်ပါဘူး
လက်တွေ့ မသုံးဖြစ်တဲ့အတွက် ဖြေဖုိ့ရာ ညွှန်းဖို့၇ာ အ၇မ်းခက်ခဲပါတယ်
တကယ် သုံးပြီး ညွှန်းတဲ့ လူဆီ ပညာရှင်ဆီမေးပါ
(sis ကိုလာမေးကြ၇င် အစ်မ ဘယ်မိတ်ကပ်ကောင်းလဲ တဲ့ ဘယ်လိုဖြေ၇မှန်းမသိဘူး ဖြေချင်ပါတယ် မသိလို့ပါ ကိုယ်သုံးတာလောက်ပဲ ပြောပြနိုင်တော့ သူနဲ့အဆင်ပြေမပြေက၇ှိသေးနယ်လေနော့ 😞
၀ါသနာ၇ှင်ပါရှင် နားလည်ပေးကြပါနော်)

89.နားလည်သူ ညွှန်းတဲ့ မ်ိတ်ကပ်ကို ကိုယ်တိုင်ကိုယ်ကြ counter မှာ၀ယ်ပါ
ထိုပစ္စည်းမှာ sample ဘူးသေးလေး (travel size)တွေထွက်၇င် ၀ယ်သုံးပါ
အဆင်မပြေ၇င် နောက်တခုပြောင်း၀ယ်ဖို့ အသေးထွက်၇င် အသေး၀ယ်ပါ
အဆင်ပြေမှ ဘူးကြီး၀ယ်ပါ

90.ငွေကို ချွေတာလို့၇တဲ့နေ၇ာ ချွေတာပါ
masacara လို eyelinerအ၇ည်လို ၃လလောက်ပဲ ခံတဲ့ ပစ္စည်းတွေကို စျေးအမြင့်ဆုံးထဲ က ၀ယ်မဲ့ အစား စျေး အလတ်စားထဲက ၀ယ်ပါ

91.ဂျိုင်းချွေးနံ့ကို ဂရုစိုက်ပါ
Roll on သုံးပေးပါ
အနံ့ဆိုးတွေက လူတစ်ယောက်နှာခေါင်းရူတ်တာမျိူး မဖြစ်ပါစေနဲ့

92.နားတွေကို ပုံမှန်သန့်စင်ပါ
နားကပ်တွေကို ရေချိူးတိုင်းဖြုတ်ပြီး နားကိုဆေးပါ
နား၇ွက်က ထွက်တဲ့ ဂျီးဟာ ညှီစော်နံပါတယ်

93.တခုခုစားပြီး အသုံးပြုပြီးလက်ဆေး၇င် လူတော်တော်များများ လက်ကို မသုတ်ကြပါဘူး
လက်သုတ်ပါ ပိုးမွှားတွေက လက်မှာ မပေါက်ဖွားအောင်တားဆီးပါ

94.မျက်စိယား၇င် မျက်စဉ်းခပ်ပါ
ဆေးသောက်ပါ
လက်နဲ့ မပွတ်ပါနဲ့

95.ဖုန်း ပိုက်ဆံ လက် ထိုအ၇ာတွေ ဟာ ပိုးမွှားအပေါဆုံး အရာတွေပါ
ညအိပ်၇ာ၀င် မျက်နှာသစ်ခြေထောက်လက်ထောက်ဆေးပြီး
လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါ
ဖုန်းကိုလဲ စင်တခုပေါ်တင်ထားပါ

96.မျက်ကပ်မှန် စျေးအပေါစားတွေ မတပ်ပါနဲ့
မျက်လုံးက တအားနုပါတယ်
ဂရုစိုက်ကြပါ

97.မျက်ကပ်မှန်တပ်၇င် ဆေးကို ပုံမှန်လဲပါ
အေးတဲ့နေ၇ာမှာထားပါ
ပိုး၀င်သွား၇င် အန္တရာယ်၇ှိပါတယ်

98.မျက်ကပ်မှန် မတပ်ဖြစ်ခဲ့၇င်တောင် ဆေးရည်ကို ၂ပတ်တစ်ခါ ပုံမှန်လဲပေးပါ
ဒီနေ့တပ်ဖြစ်၇င် ဆေးရည် အသစ်နဲ့လဲပြီး ပြန်ထည့်ထားပါ

99.နပေူပူ မိုး၇ှာ၇ှာ suncream လူးပါ
ခရမ်းလွန်ရောင်ခြည် က တိမ်တွေကိုဖောက်ထွက်ပြီး မြေကမ္ဘာပေါ်ဆင်းသက်နိုင်ပါတယ်
နေပူမှ ခ၇မ်းလွန်ရောင်ခြည် ကျရောက်တာမဟုတ်ပါဘူး

100.ခေါင်းဘီးတွေကို တစ်ပတ်တစ်ခါဆေးပေးပါ

Credit

ဝက်ခြံအတွက် ဖျော်ရည်ဒီနည်းက ဝက်ခြံပေါက်သူတွေအတွက် အစွမ်းထက်နည်းဖြစ်တယ်။ တနည်းအားဖြင့် ခန္ဓာကိုယ်တွင်း ဝင်ရောက်လာတဲ့ အဆိပ...
29/02/2020

ဝက်ခြံအတွက် ဖျော်ရည်

ဒီနည်းက ဝက်ခြံပေါက်သူတွေအတွက် အစွမ်းထက်နည်းဖြစ်တယ်။ တနည်းအားဖြင့် ခန္ဓာကိုယ်တွင်း ဝင်ရောက်လာတဲ့ အဆိပ်အတောက်တွေကို ကင်းစင်အောင် ပြလုပ်ပေးမှာဖြစ်တယ်။ဒီနည်းအတိုင်း လုပ်မယ်ဆိုရင် အူထဲ အစာမရှိချိန် သောက်မှရတယ်။

ပန်းသီး - (၁) လုံး
နှမ်းကြတ်ဆီ - ထမင်းစား(၁)ဇွန်း
ချီယာစေ့(chia seed) - လက်ဖက်ရည် (၁) ဇွန်း
ပျားရည် - ထမင်းစား(၁)ဇွန်း
ရေဖန်ခွက် - တခွက်

ချီယာစေ့ဆိုတာ မက္ကဆိီကိုမှာ ပေါက်တဲ့ အပင်တမျိုးက ရရှိတဲ့ အစေ့ပါ။ အမျှင်ဓာတ်များလို့ ဝမ်းမှန်စေတယ်။ ရေထဲ ၅-၁၅ မိနစ်ထားရင် အလိုလိုပွလာတယ်။ ကျိချွဲလာတယ်။ ချီယာစေ့ကို ရေတဖန်ခွက်ထဲ အရင်ထည့်ပါ။ ပြီးရင် ပွလာအောင် ခဏ စောင့်ပါ။ ပန်းသီးကို အစိတ်အမြောင်းလေးတွေ လုပ်ပြီး ထည့်ပါ။(ပန်းသီးနေရာမှာ ရှောက်သီးလည်းရတယ်)။ ပြီးမှ နှမ်းကြတ်ဆီနဲ့ ပျားရည် တဇွန်း ထပ်ရောထည့်ပါ။ မနက်တိုင်း သောက်ရုံနဲ့ ဝိတ်ကျ၊အဆီနည်းပြီး ဝက်ခြံကိုပါ ပျောက်ကင်းစေတယ်။

ဒေါက်တာ အေးမင်းထူး
၂၈.၂.၂၀

04/02/2020

မိတ်ကပ်လိမ်းတဲ့ပျိုမေတို့ သတိပြုဖို့

မိတ်ကပ်လိမ်းပြီး မျက်နှာသစ်တဲ့အခါ မျက်နှာသစ်ဆေးကို အနည်းဆုံး တစ်မိနစ်ကြာ လိမ်းပြီးမှ ရေပြန်ဆေးချသင့်ပါတယ်။
လေ့လာမှုတွေအရ အများစုဟာ စက္ကန့်(၂၀) လောက်သစ်ပြီး ရေပြန်ဆေးချကြတယ်။ မိတ်ကပ်ဟာ အဆီမှာ ပျော်ဝင်ဖို့ အချိန် အနည်းဆုံး စက္ကန့်(၃၀)လောက် လိုအပ်ပါတယ်။

ဒေါက်တာအေးမင်းထူး
၄.၂.၂၀

မိမိုက်နေမယ့်ချုပ်ပုံတွေ တစ်ပုံချင်းစီရှိုး😍Photo Credit ပါနော်
19/01/2020

မိမိုက်နေမယ့်ချုပ်ပုံတွေ တစ်ပုံချင်းစီရှိုး😍
Photo Credit ပါနော်

10/01/2020

တိုနာအကြောင်း သိကောင်းစရာ

Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

လူ့အရေပြားက အက်ဆစ်ဖက် နည်းနည်းကဲလေ့ရှိတယ်။ ပုံမှန်အားဖြင့် pH 6-7 ကြားရှိတယ်။ မကောင်းတာက မျက်နှာသစ်ဆပ်ပြာ သုံးပြီးတဲ့အခါ pH ပြောင်းလဲပြီး အယ်လ်ကာလီဖက် ရောက်သွားတယ်။ အဲလိုအချိန်မျိုးမှာ toner သုံးစွဲခြင်းကအရေပြား pHကို ပြန်လည်ထိန်းညှိပြီး ပုံမှန်အတိုင်း ဖြစ်စေတယ်။
Toner အများစုဟာ အဆီပြန်တဲ့အသားရေနဲ့ အထူးသင့်တော်တယ်။မျက်နှာအဆီပြန်ရင်ဝက်ခြံထွက်တာ လူတိုင်းသိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဆီတွေက လေထုထဲမှာ ရှိတဲ့ ဖုန်မွှားတွေကို တွယ်ကပ်စေတယ်။ အဲဒီဖုန်မွှားတွေက တဆင့် အဆီဂလင်းကိုသွားပိတ်ရင်း အထဲမှာ ဗက်တီးရီးယားပေါက်ဖွားပြီး ဝက်ခြံကို ဖြစ်စေတယ်။ တိုနာသုံးစွဲခြင်းက အဆီပြန်ခြင်း ကင်းစင်စေလို့ တောက်ပကြည်လင်တဲ့ မျက်နှာကို ပိုင်ဆိုင်စေမှာ ဖြစိတယ်။

Toner အများစုမှာ ရေ၊ အရက်ပြန်၊ အလှဆီ၊အသားရေတငိးရင်းစေတဲ့ ပစ္စည်း(ရှားစောင်းလက်ပပ်)၊ ဓာတုပစ္စည်း တမျိုးမျိုးပါလေ့ရှိတယ်။ တိုနာအများစုရဲ့ အခြေခံဟာ Alcohol ဖြစ်လို့ သုံးပြီးခြောက်သွားတဲ့အခါ အရေပြားမှာ စပ်ဖျဉ်းဖျဉ်း အေးစက်စက် ခံစားရတယ်။ Alcohol မပါတဲ့ tonerတွေမှာ witch hazel (သို့) tea tree oil ကို သုံးစွဲကြတယ်။ ခြောကိသွေ့တဲ့အရေပြားတွေမှာ ရေဓာတ်အခြေခံ toner တွေသုံးကြတယ်။ Aloe vera, vitamin E , chamomile extract ပါတာတွေအသုံးများတယ်။ Chamomile နဲ့ marigold extracts ပါဝငိတာတွေက အသားရေကို ဖြူစေပြီး ဝက်ခြံမဲ(blackhead) တွေမှာ အသုံးဝင်တယ်။ဆေးကြာရှည်ခံအောင်ထိန်းသိမ်းတဲ့ parabens ,citric acid , potassium sorbate စတာတွေက ဗက်တီးရီးယားပေါကိဖွားမှုကို ကာကွယ်ပေးတယ်။ Polysorbate-20 နဲ့ castor oilတွေက toner တော်တော်များများမှာပါလေ့ရှိတယ်။

Toner တွေကို အမျိုးစားခွဲရင် စုစုပေါင်း (၃)မျိုး ရှိတယ်။
(1) Fresheners - ခြောက်သွေ့တဲ့အသားအရေတွက်သင့်တော်တယ်။ glycerin နဲ့ hyaluronic acid ပါရင် အစိုဓာတိထိန်းပြီး အရေပြားခြောက်သွေ့တာကို ကာကွယ်တယ်။ ပုံမှန်အားဖြင့် အယ်ကိုဟောသိပ်မပါပဲ ရေဓာတ်သာအဓိကထည့်ထားတယ်။ယေဘုယျ alcohol 10%အောက်မှာသာပါတယ်။
(2) Tonics - ပုံမှန် (သို့) အဆီပြန်တဲ့အသားရေမှာ သုံးနိုင်တယ်။ အယ်ကိုဟော နညိးနည်းပါတယ်။ alcohol 20% ထိပါနိုငိတယ်။
(3) Astringents - အယ်ကိုဟော အများကြီးပါတယ်။ ပုံမှန်အားဖြင့် alcohol 20-60 % ထိပါလေ့ရှိတယ်။ astringent toners တွေက အဆီပြန်တဲ့ မျက်နှာမှာ အသုံးဝငိတယ်။ နောက်ပြီး ပိုးသတ်တဲ့အာနိသင်ရှိတယ်။

အာနိသင်
အရေပြားမှာ ရှိတဲ့အညစ်ကြေးတွေကို ဖယ်ရှားပေးပြီး အဆီပေါက်တွေကို ကျဉ်းစေတယိ။ အဆီပြန်ခြင်း ကင်းစေတယ်။ အရေပြားကို သန့်စင်စေတယ်။ အစိုဓာတ်ကိုထိန်းပေးလို့ မျက်နှာကို ဝင်းပကြည်လင်စေတယ်။မျက်နှာသစ်ဆပ်ပြာက မဖယ်ရှားနိုငိတဲ့ အဆီတွေနဲ့ အညစ်ကြေးတွေကို ဖယ်ရှားပေးတယ်။ နောက်ပြီး ချိုးတဲ့ရေထဲမှာပါတဲ့ မကောင်းတဲ့ဓာတ်တွေကို ကာကွယ်ပေးတယ်။ဒါတင်မက မျက်နှာအရေပြား pHကိုပါ ထိနိးသိမ်းပေးတယ်။

ဘယ်အချိန်သုံးမလဲ
မနက်တကြိမ်၊ ညတကြိမ် သုံးစွဲသင့်တယ်။ ညမှာထွက်တဲ့အဆီတွေကို မအိပ်ခင် ဖယ်ရှားရမှာ ဖြစ်သလို မနက်မှာလည်း တကြိမ် ရှင်းလင်းရမယ်။ တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံး အနှံ့သုံးဖို့လိုတယ်။ ဂွမ်းစလေးနဲ့ပွတ်ပြီး သုံးနိုင်တယ်။ မျကိနှာပေါ်ဖြန်းနိင်တယ်။ မျကိနှာmask အနေနဲ့ အုပ်ပြီးသုံးနိုင်တယ်။

Toner အသုံးပြုနည်း
အရင်ဆုံးမျက်နှာကို ရေခပ်နွေးနွေးသုံးပြီး မျက်နှာသစ်ဆပ်ပြာတမျိုးမျိူးနဲ့ သန့်စင်ပါ။ ပြီးရင် မျက်နှာ ခြောက်သွေ့အောင်ထားပါ။ ငါးမိနစ်ခန့်ကြာတဲ့အခါ မျက်နှာပြင်အနှံ့ Toner ကို စတင်လိမ်းလို့ရပါပြီ။လိမ်းတဲ့အခါ နူးညံ့တဲ့ cotton pad ဂွမ်းစလေးနဲ့ပွတ်ပြီး သုံးရတယ်။ ပြီးရင် သုံးမိနစ်ခန့် ခြောက်သွေ့အောင်ထားပါ။ အဆီပြန်တဲ့အသားရေမှာ အပေါ်က AHA ပါတဲ့ လိမ်းဆေးတမျိုး ထပ်လိမ်းပါ။ ပြီးရင် serum တခု အပေါ်က ထပ်လိမ်းပါ။ နောက်ဆုံးကျမှ moisturizier ကို လိမ်းသင့်ပါတယ်။ သတိပြုရမှာက moisturizier ဆိုတာ အစိုဓာတ်ထိန်း ပစ္စည်းတမျိုးဖြစ်ပြီး မျက်နှာမှာ အလွှာပါးတခုအနေနဲ့ ဖုံးကွယ်ပြီး ရေဓာတ်မဆုံးရှုံးအောင် ကာကွယ်ပေးမှာ ဖြစ်တယ်။ ဒါ့ကြောင့် အဲဒီအပေါ်မှာ ဘာပစ္စည်းမှထပ်မလိမ်းသင့်တော့ပါ။ တချို့ အဆီပြန်လွန်းတဲ့ အသားအရေမှာ အစိုဓာတ်ထိန်းပစ္စည်း moisturizier ကြောင့် ပိုဆိုးလာတာလည်း ရှိနိုင်တယ်။

အိမ်တွင်း Toner လုပ်နည်း
ရေထမင်းစားဇွန်းဆယ်ဇွန်းယူပြီး ဆေးဖက်ဝင် witch hazel (astringent) နှစ်ဇွန်းနဲ့ရောပါ။ မျက်နှာ သန့်စင်ဖို့ လက်ဖက်စိမ်းရွက်ဆီ ၅စက် ခန့် ထည့်ပါ။ အဆီပြန်တဲ့အသားရေအတွက် အရက် ထမင်းစားဇွန်း နှစ်ဇွန်းထပ်ထည့်ပါ။ သမအောင်မွှေပြီး ဆယ်မိနစ်ခန့်ထားပါ။ ပြီးရင် သန့်စင်တဲ့ ဂွမ်းစနဲ့ မျက်နှာကို လိမ်းနိုင်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၃၀.၁.၁၈

Address

TaTa . 19/43 58 Street Pyigyitagon Township
Mandalay

Website

Alerts

Be the first to know and let us send you an email when Unie K posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category