Go Get It

Go Get It Love It? Go Get It. Supplier & Personal Shopper Service. Contact: 09964328008 (Viber Only)

MDY မှာ In-Stock ရနိုင်တဲ့ Items လေးတွေပါ။တစ်ပုံချင်းစီရဲ့အောက်မှာ ဈေးနဲ့ review လေးတွေရေးပေးထားပါတယ်နော်🧡🧡🧡Disclaimer: ...
16/02/2026

MDY မှာ In-Stock ရနိုင်တဲ့ Items လေးတွေပါ။
တစ်ပုံချင်းစီရဲ့အောက်မှာ ဈေးနဲ့ review လေးတွေ
ရေးပေးထားပါတယ်နော်🧡🧡🧡

Disclaimer:
All credits go to the rightful owners of the brands.
We are providing a purchasing service only.



🔥နေရာမရွေး၊ မျက်နှာပြင်မရွေး အလုပ်လုပ်နိုင်မဲ့Logitech MX Anywhere 3S 🔥Design သမားတွေ၊ Video editor, Coder တွေနဲ့ အလုပ်က...
29/01/2026

🔥နေရာမရွေး၊ မျက်နှာပြင်မရွေး အလုပ်လုပ်နိုင်မဲ့
Logitech MX Anywhere 3S 🔥

Design သမားတွေ၊ Video editor,
Coder တွေနဲ့ အလုပ်ကိစ္စနဲ့
ခရီးခဏခဏသွားရတဲ့သူတွေအတွက်
မရှိမဖြစ်ဆောင်ထားသင့်တဲ့
Logitech MX Anywhere 3S ရောက်ပါပြီ။
ဒီကောင်လေးကို Admin ကိုယ်တိုင်
MX anywhere 3 နဲ့ 3S ကို Compare လုပ်ပြီး
သုံးထားတာမို့ Admin's Choice Gadget လို့
ပြောရပါမယ်။ သူက ဘာလို့ဒီလောက်
နာမည်ကြီးပြီး လူကြိုက်များလဲဆိုတော့👇

1️⃣Track Anywhere, Even Glass
(မှန်ပေါ်မှာတောင် သုံးလို့ရ)
သာမန် Mouse တွေလို Mouse pad
ရှာနေစရာမလိုပါဘူး။ Darkfield 8000 DPI Sensor
ပါလို့ မှန်အကြည် (4mm အထူ) ပေါ်မှာတောင်
ဘာအနှောင့်အယှက်မှမရှိဘဲ ငြိမ့်ငြိမ့်လေး
ဆွဲလို့ရပါတယ်။ Coffee Shop တွေမှာ
အလုပ်ထိုင်လုပ်မလား၊ ရုံးမှာပဲသုံးမလား
အရမ်းအဆင်ပြေပါတယ်။

2️⃣Quiet Clicks
Mouse click သံ ကတစ်ကတစ်နဲ့ ဘေးလူကို
အားနာစရာမလိုတော့ပါဘူး။ အရင် MX Anywhere 3 ထက် Click သံပိုတိတ်ပြီး ဖိရတာ ပိုနူးညံ့တဲ့ Feeling ကိုပေးပါတယ်။ Focus အပြည့်နဲ့ အလုပ်လုပ်ချင်သူတွေအတွက် အကြိုက်ဆုံးပါပဲ။
(ဒီ တစ်ခုတည်းနဲ့တင် Admin အကြိုက်ဆုံးဖြစ်နေပြီ)

3️⃣MagSpeed Scrolling
Excel file တွေ၊ Code line တွေအများကြီးကို
ဖတ်ရတဲ့အခါ လက်ညောင်းမခံပါနဲ့။ MagSpeed Scroll wheel ပါလို့ တစ်စက္ကန့်တည်းနဲ့ Line ပေါင်း 1,000 လောက်အထိ လျှောချနိုင်သလို၊ Pixel တစ်ခုချင်းစီအထိလည်း တိတိကျကျ ရပ်နိုင်ပါတယ်။ (Logitech ရဲ့ အမိုက်စား နည်းပညာပါ)

4️⃣ကြာရှည်ခံ Battery & Fast Charging
အားတစ်ခါအပြည့်သွင်းထားရင် (၇၀) ရက်အထိ အေးဆေးသုံးလို့ရပါတယ်။ အရေးကြီးနေချိန် အားကုန်သွားရင်တောင် (၁) မိနစ်လောက်
အားသွင်းလိုက်ရုံနဲ့ (၃) နာရီလောက် ဆက်သုံးနိုင်တဲ့ USB-C Quick Charge စနစ်ပါဝင်ပါတယ်။

5️⃣Multi-Device Connection
Device ၃ ခု (Laptop, iPad, PC) ကို တစ်ပြိုင်နက် Bluetooth နဲ့ချိတ်ထားပြီး Mouse အောက်က ခလုတ်လေးနှိပ်ရုံနဲ့ Device တစ်ခုကနေ တစ်ခုကို ချက်ချင်းပြောင်းသုံးနိုင်ပါတယ်။ Windows,
macOS, iPadOS, ChromeOS, Linux, Android
အကုန် support လုပ်ပါတယ်။

6️⃣Logi Options+ နဲ့ စိတ်ကြိုက်ပြင်မယ်
ခလုတ်တွေကို ကိုယ်သုံးနေကျ Software (Photoshop, Premiere Pro, Chrome, Zoom etc.) တွေအတိုင်း Shortcut တွေ စိတ်ကြိုက်သတ်မှတ်ထားလို့ရတော့ လုပ်ငန်းခွင်မှာ အလုပ်ပိုတွင်စေမှာပါ။

7️⃣Design & Build Quality
Compact design ဖြစ်လို့ သယ်သွားရလွယ်ကူပြီး လက်ကိုင်ရတာ သက်သောင့်သက်သာရှိစေမဲ့
Silicone grip လေးတွေ ဘေးမှာပါပါတယ်။

💰 Price: 396,000 MMK
(ငွေဈေးပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်)

Colors: Graphite (Instock)
Pale Grey, Rose (Pre Order)

မှာယူလိုပါက Chat Box ကနေတဆင့်
ဆက်သွယ်နိုင်ပါတယ်ရှင်🧡🧡🧡

Disclaimer:
All credits go to the rightful owners of the brands.
We are providing a purchasing service only.



Content Creator တိုင်းမရှိမဖြစ် ဆောင်ထားသင့်တဲ့ DJI Mic Mini😎Video Quality ကောင်းဖို့လိုသလို Audio Quality ကောင်းဖို့ကလည...
28/01/2026

Content Creator တိုင်းမရှိမဖြစ်
ဆောင်ထားသင့်တဲ့ DJI Mic Mini😎

Video Quality ကောင်းဖို့လိုသလို
Audio Quality ကောင်းဖို့ကလည်း
Content တစ်ခုအတွက် "အသက်" ပဲ ဟုတ်?
Size သေးပေမဲ့ Performance ရှယ်မိုက်တဲ့
DJI Mic Mini နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဘာလို့ DJI Mic Mini ကို ရွေးချယ်သင့်တာလဲ?
1️⃣ ပေါ့ပါးပြီး ဖုံးကွယ်ရလွယ်တယ်။
Transmitter တစ်ခုကို 10g ပဲလေးတာမို့
အင်္ကျီကော်လာမှာ ညှပ်ထားရင် အိကျတာမျိုး
မဖြစ်သလို၊ သေးငယ်တဲ့ဒီဇိုင်းကြောင့်
ဗီဒီယိုထဲမှာ Mic တပ်ထားမှန်းတောင်
သိပ်မသိသာပါဘူး။

2️⃣ Premium Sound Quality
DJI ရဲ့ High-Quality Audio နည်းပညာကြောင့်
အသံကို ကြည်ကြည်လင်လင် ဖမ်းယူပေးပါတယ်။
DJI OsmoAudio™ Direct Connection ပါဝင်လို့
DJI Ecosystem (Osmo Action 5 Pro, Action 4 စတာတွေ) နဲ့ Receiver မလိုဘဲ တိုက်ရိုက်ချိတ်ဆက်ပြီး
အသံအမိုက်စား ရနိုင်ပါတယ်။

3️⃣ Two Level Noise Cancelling & Audio Limiting
အပြင်မှာ Vlog ရိုက်သူတွေအတွက်
အကြိုက်ဆုံး Feature လို့ပြောရမယ်။
Two-Level Active Noise Cancelling ပါဝင်လို့
ပတ်ဝန်းကျင်ဆူညံသံကို အခြေအနေပေါ်မူတည်ပြီး
(၂) ဆင့် ချိန်ညှိဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် အသံကျယ်ကျယ်အော်လိုက်လို့ အသံကွဲ(အက်)သွားမှာ
စိတ်ပူစရာမလိုတဲ့ Automatic Limiting စနစ်လည်း ပါဝင်ပါတယ်။

4️⃣ မီတာ (၄၀၀) အထိ ပေါက်တဲ့ လိုင်းဆွဲအား
အတားအဆီးမရှိရင် ပေ (၄၀၀) မဟုတ်ဘူးနော်
မီတာ (၄၀၀) အထိ လိုင်းဆွဲအားကောင်းပြီး
Stable Anti-Interference စနစ်ပါလို့
လူရှုပ်တဲ့နေရာတွေမှာ လိုင်းပြတ်တောက်မှာ
လုံးဝပူစရာမလိုပါဘူး။

5️⃣ Battery 48-Hour Operation
အားတစ်ခါသွင်းထားရင် Charging Case နဲ့ဆို
48 နာရီ အထိ အသုံးခံပါတယ်။
ခရီးသွားရင်း Vlog ရိုက်မလား၊
တစ်နေကုန် ရိုက်ကူးရေးလုပ်မလား
လုံးဝအေးဆေးပဲ😎

ဘယ်သူတွေ သုံးသင့်လဲ? 🤔
• Vlogger တွေ၊ TikTok/Reels Creator တွေ
• Travel Blogger တွေ (သယ်ရတာပေါ့လို့)
• Interview ရိုက်ကူးလေ့ရှိသူတွေအတွက်
အရမ်းသင့်တော်ပါတယ်နော်💛💛💛

Price : 510,000 MMK

⚠️ငွေဈေးပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်⚠️

All credits go to the rightful owners of the brands.
We are providing a purchasing service only.


ဓာတ်ပုံတွေရိုက်ပြီး စိတ်ကြိုက်ပုံထုတ်ချင်တယ်၊ပိုက်ဆံအိတ်ထဲထည့်ထားဖို့ဖြစ်ဖြစ်Street Photographer တွေအနေနဲ့လမ်းမှာ ပုံရို...
28/01/2026

ဓာတ်ပုံတွေရိုက်ပြီး စိတ်ကြိုက်ပုံထုတ်ချင်တယ်၊
ပိုက်ဆံအိတ်ထဲထည့်ထားဖို့ဖြစ်ဖြစ်
Street Photographer တွေအနေနဲ့
လမ်းမှာ ပုံရိုက်ရင်း တန်းထုတ်ပေးချင်တယ်ဆိုရင်
ဒီ Printer လေး တစ်ခုတော့ ဝယ်ထားသင့်တယ်။

Kodak brand ကဖြစ်ပြီး Retro vibe ကြိုက်တဲ့
သူတွေအတွက် Collection တစ်ခုအနေနဲ့လည်း
သိမ်းထားလို့လှတယ်😍

ဒီ Printer က 4PASS Technology
(Dye Sublimation) ကို သုံးထားတာမို့
Zink (Zero Ink) သုံးတဲ့ Printer တွေထက်
ပုံထွက် ပိုကောင်းပါတယ်။
အရောင်တွေက စိုပြီး တောက်တယ်။
ပုံထွက်လာတဲ့အခါ အပေါ်ကနေ
Coating တစ်ထပ် အုပ်ပေးလိုက်တာမို့
ရေစိုခံ (Water-resistant)၊ လက်ဗွေရာမထင်တဲ့အပြင် တော်တော်နဲ့ အရောင်လွင့်မလွယ်ပါဘူး။
(နှစ်100ထိခံတယ်လို့ ဆိုပါတယ်💥)

ပုံထွက်က တကယ့် ဓာတ်ပုံအသားအတိုင်း
ထွက်တယ်။ (Instax ဖလင်သားနဲ့တော့ မတူပါဘူး။ Instax က ဖလင်သားစစ်စစ် ဖြစ်ပြီး၊ Kodak ကတော့ Digital Photo Print ပုံစံမျိုးပါ)။

Instax Film တွေနဲ့ ယှဉ်ရင် Kodak ရဲ့ Cartridge (မင်ရော စာရွက်ရောပါပြီးသား) က တစ်ပုံချင်းစီရဲ့ Cost per print ကို တော်တော်လေး သက်သာစေတာမို့ Admin အနေနဲ့ဆို Instax ထက်ပိုပြီး preferဖြစ်တယ်။

ဖုန်းထဲကပုံကို Bluetooth နဲ့ချိတ်ပြီး တန်းထုတ်ရုံပဲမို့ street photographer တွေအကြိုက်ဖြစ်မှာပါ။
App ထဲမှာ Border ထည့်မလား၊
Borderless ထုတ်မလား ရွေးလို့ရသလို၊
Filter တွေ၊ Sticker တွေလည်း တပ်လို့ရပါတယ်။
ပေါ့ပါးပြီး သယ်သွားရလည်းလွယ်တယ်။

အားနည်းချက်ရော မရှိဘူးလားဆို ရှိပါတယ်😬
Photo Paper Size adjust လုပ်လို့မရဘူး။
Credit Card Size (2.1 x 3.4 inch) Onlyပါ။
တကယ်လို့ square size ကြိုက်တယ်ဆိုရင်
Kodak Mini 3 retro ရှိပါတယ်။
တစ်ခါအားသွင်းရင် ပုံ ၂၀ လောက်ပဲ
ထုတ်လို့ရလေ့ရှိလို့ အများကြီးထုတ်မယ်ဆိုရင်
Power Bank ဆောင်ထားဖို့ လိုပါလိမ့်မယ်။

Kodak Mini 2 retro
(+38 sheets cartridge & Paper size 2.1" × 3.4 ")
579,800 MMK

Kodak Mini 3 retro
(+38 sheets cartridge & paper size 3"×3")
625,000 MMK

(ငွေဈေးပေါ်မူတည်ပြီး ပြောင်းလဲနိုင်)



နိုင်ငံတော် Jacket တွေ ဝတ်ရတာရိုးလာရင်Uniqlo ရဲ့ New Arrival ဖြစ်တဲ့ Denim Trucker Jacket လေး ရှိမယ်နော်😎Classic ဖြစ်ပြီ...
23/01/2026

နိုင်ငံတော် Jacket တွေ ဝတ်ရတာရိုးလာရင်
Uniqlo ရဲ့ New Arrival ဖြစ်တဲ့
Denim Trucker Jacket လေး ရှိမယ်နော်😎

Classic ဖြစ်ပြီး ဘယ်တော့မှရိုးမသွားတဲ့
Style ဆိုရင် Denim on Denim ကိုပဲ
ပြေးမြင်မိကြတယ် ဟုတ်?
ဒီလို Look မျိုးရဖို့ဆိုရင်တော့ Uniqlo
Denim Trucker Jacket က မရှိမဖြစ်မို့
တစ်ထည်လောက်ကတော့
ဝယ်ကိုဝယ်ထားသင့်တယ်နော်။

Styling လုပ်မယ်ဆိုလည်း Relaxed cut နဲ့
Short length ပုံစံလေးမို့လို့ အခုခေတ်စားနေတဲ့
Wide-leg bottoms တွေနဲ့ တွဲဝတ်ရင်တော့....🤩🤩

Size အနေနဲ့ကလည်း XS ကနေ 3XL ထိရှိပါတယ်။

မိန်းကလေးတွေအတွက်ဆိုရင်တော့
နိုင်ငံတော် Jacket ဖြစ်တဲ့ Zip Up Short Jacket နဲ့
ဆိုဒ်တူချင်ရင် တစ်ဆိုဒ်လျော့ယူနော်။
🚨Size chart ကို comment မှာ ကြည့်ပေးပါ🚨

Price : 265,000 MMK
(ငွေဈေးပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်)

All credits go to the rightful owners of the brands.
We are providing a purchasing service only.



ဈေးမရောင်းဘူး။ Trend ပတ် Join မယ်🫢
23/01/2026

ဈေးမရောင်းဘူး။ Trend ပတ် Join မယ်🫢


🎁 Giveaway Alert! ဘယ်တစ်ခုကို ပိုလိုချင်လဲ? 🎁Go Get It ရဲ့ Launching မှာ GoGo က အမိုက်စား item လေးတစ်ခု လက်ဆောင်ပေးချင်လ...
18/01/2026

🎁 Giveaway Alert! ဘယ်တစ်ခုကို ပိုလိုချင်လဲ? 🎁
Go Get It ရဲ့ Launching မှာ GoGo က
အမိုက်စား item လေးတစ်ခု လက်ဆောင်ပေးချင်လို့ပါ🔥

ဒါပေမဲ့ လက်ဆောင်ပေးရင် ဘယ်ဟာကို
ပိုလိုချင်ကြမလဲဆိုတာ ရွေးရခက်နေလို့🤔

🅰️ Team Casio - Classic လည်းဖြစ်၊ လူတိုင်းနဲ့လိုက်ဖက်တဲ့ Casio A168 နာရီလေးလား? ⌚️
🅱️ Team Kodak - အမှတ်တရပုံရိပ်လေးတွေကို သိမ်းဆည်းဖို့ Kodak Camera လေးလား? 📸

သူငယ်ချင်းတို့ လိုချင်တာလေးကို Comment မှာ
မန့်ခဲ့ပေးပါဦးနော်။ မဲအများဆုံးရတဲ့အရာလေးကို
GoGo က Giveaway ဖောက်ပေးသွားမှာပါ! 👇👇


Sawadee ka. GoGo na ka❤️
14/01/2026

Sawadee ka. GoGo na ka❤️



14/01/2026

Stranger Things ထဲမှာ Lucas ဝတ်တဲ့
Casio AQ230 လေး🔥
Analog နဲ့ Digital နှစ်မျိုးပါပြီး
Digital မှာ အချိန် (2)မျိုး ကြည့်လို့ရပါတယ်။
Retro vibe အပြည့်နဲ့ AQ230 လေးကို
CB မှာ လာ Helloပြီး မှာလိုက်တော့နော်😍



GoGo တို့လို Y2K vibe ကြိုက်တဲ့သူတွေအတွက် မရှိမဖြစ် Kodak Charmera Keychain Digital Camera လေး Go Get It မှာ ရနေပြီနော်!...
13/01/2026

GoGo တို့လို Y2K vibe ကြိုက်တဲ့သူတွေအတွက်
မရှိမဖြစ် Kodak Charmera Keychain
Digital Camera လေး Go Get It မှာ ရနေပြီနော်! 😍

ဒါလေးက ရိုးရိုး Keychain အလှဆွဲရုံတင်မဟုတ်ဘဲ
တကယ်ရိုက်လို့ရတဲ့ Digital Camera အစစ်နော်။
အိတ်မှာချိတ်ထားပြီး အချိန်မရွေး Snap ခနဲ
ကောက်ရိုက်လိုက်ရုံပဲ။(ကင်မရာနဲ့🫢)

အရေးကြီးဆုံးက Blind Box (Random Design) မို့လို့
ဘယ် Design လေး ထွက်လာမလဲဆိုတာ
ကံစမ်းရတဲ့ ရင်ခုန်သံက အသက်ပဲကွာ 💥
(Secret Edition လေးများ ပေါက်မလား... 🤫)

📦 Box ထဲမှာ ဘာတွေပါလဲ?
ဒီ Kodak Charmera Box လေးကို
ဖောက်လိုက်တာနဲ့ ဒါတွေပါလာမှာပါ။
▪️Kodak Charmera Camera x 1
(Design ၇ မျိုးထဲက ကျပန်း ၁ မျိုး ထွက်လာမှာနော်)
▪️USB-C Charging Cable x 1
(အားကုန်ရင် ပြန်သွင်းလို့ရတယ်)
▪️Keyring Accessory x 1
(အိတ်မှာ ချိတ်ဖို့အတွက်)

‼️Micro SD Card တော့ မပါလို့
သပ်သပ်ထပ်ဝယ်ရမယ်နော်‼️

⚙️ GoGo’s Tech Check 🐿️✔️
GoGo စစ်ဆေးထားတဲ့ ဒီကောင်လေးရဲ့
စွမ်းဆောင်ရည်တွေကတော့...
▪️Sensor: 1.6 Megapixel (Lo-fi Retro Vibe အပြည့်ပေးမယ့် ပုံစံမျိုး!)
▪️Lens: 35mm (f/2.4) Aperture (Street Photography အတွက် ကွက်တိပဲ)
▪️Video: Video ရော ရိုက်လို့ရတယ် (AVI format နဲ့နော်)
▪️Filters: Vintage Filters (၇) မျိုးနဲ့ Photo Frames (၄) မျိုးတောင် ပါသေးတယ်။
▪️Storage: Micro SD Card စိုက်လို့ရတယ်။
(128GB အထိ လက်ခံတယ်)
▪️Battery: အားပြန်သွင်းလို့ရတဲ့ Rechargeable Battery ပါ။

Retro ဆန်ဆန် မှုန်ဝါးဝါးပုံလေးတွေ ရိုက်ချင်သူတွေ၊ သူငယ်ချင်းတွေကို လက်ဆောင်ပေးပြီး Surprise တိုက်ချင်သူတွေအတွက် ရှယ်ပဲ။

Thai မှာလည်း ခုမှာခုရမဟုတ်၊ Preorder itemလေးမို့
GoGo ဆီမှာ အမြန်လာ "Go Get It" လိုက်တော့နော်! 💨💨

Price : 290,000 MMK
(ငွေဈေးအရ ပြောင်းလဲနိုင်ပါတယ်)
Waiting time : 2 Weeks

Surely Tomorrow ဇာတ်ကားတစ်ခုလုံးမှာPark ကြီးဝတ်သွားတဲ့ နာရီလေး💛💛💛ဈေးကြီးပေးရတဲ့ Fashion watch တွေအစားRetro vibe ပဲသွားမလ...
12/01/2026

Surely Tomorrow ဇာတ်ကားတစ်ခုလုံးမှာ
Park ကြီးဝတ်သွားတဲ့ နာရီလေး💛💛💛

ဈေးကြီးပေးရတဲ့ Fashion watch တွေအစား
Retro vibe ပဲသွားမလား၊
casual ပဲဝတ်မလား၊ Formal ပဲ ဝတ်မလား
ဘယ်လို Outfit နဲ့မဆိုလိုက်တဲ့ Casio ထဲက
Recommend ပေးချင်တဲ့ Model လေးပါ။

Unisex ဝတ်လို့ရတာမို့
ကိုကိုပက်ကြီးနဲ့ဆင်တူဝတ်မယ်ဆို စတီးလေးယူ
GoGo နဲ့ဆင်တူဆို All Black ယူ🫢

Casio A168
Waiting time : 2 Weeks
Price : 180,000 ~ 2**,*** MMK

All credits go to the rightful owners of the brands.
We are providing a purchasing service only.



မင်္ဂလာပါ... Go Get It ရဲ့ တာဝန်ခံလေး GoGo ပါ🧡ဘာပဲနေနေ ဝယ်ရမလား လာမေးရင်"ဝယ်လိုက်တော့ Go Get It" လို့ ပြောမှာမို့ စိတ်မခ...
12/01/2026

မင်္ဂလာပါ... Go Get It ရဲ့ တာဝန်ခံလေး GoGo ပါ🧡
ဘာပဲနေနေ ဝယ်ရမလား လာမေးရင်
"ဝယ်လိုက်တော့ Go Get It" လို့ ပြောမှာမို့
စိတ်မခိုင်ရင် စကားလာမပြောကြေး😝

ဒီနေ့ကစပြီး GoGo နဲ့ မိတ်ဆက်လိုက်ပြီမို့
Page လေးကို Like လုပ်ပြီး ခင်ပေးကြပါဦးနော်။ 👋🐿️



Address

Mandalay

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 10:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Go Get It posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share