19/04/2022
ရေစိုခံလား? ရေစိမ်ခံလား? မမေးပါနဲ့ခဗျာ။ ဒီဆောင်းပါး ဖတ်ကြည့်ကြပါ...✌
Water Resistance ဆိုတာဘာလဲ ?
Waterproof နဲ့ ဘယ်လိုကွာခြားမှုရှိလဲ ?
💢 ကျနော်တို့ နာရီတစ်လုံးကို ၀ယ်တော့မယ်ဆိုရင် နာရီပေါ်က အကြောင်းအရာတွေကို အရင်ဆုံးကြည့်ပြီးမှ ၀ယ်ယူလေ့ရှိတယ်မဟုတ်လား။ ဥပမာ နာရီက ဘာနဲ့လုပ်ထားတာလဲ။ ဘာ Movements ကိုအသုံးပြုထားလဲ ။ မှန်ကရော ဘယ်လိုအမျိုးအစားလဲ။ Watar resistance ကရော ဘယ်လောက်လဲ အစရှိသဖြင့်ပေါ့။ အဲဒီအချက်တွေထဲက Water resistance အကြောင်းလိုရင်းတိုရှင်းလေးပြောပြချင်ပါတယ်။ ဦးစွာ ပထမဆုံး water resistance နဲ့ waterproof နဲ့လုံး၀ မတူပါဘူး။ ပြီးတော့ ဘယ်နာရီမှလဲ completely waterproof ဆိုပြီးမပြောထားပါဘူး။ Water Resistance နာရီတွေနဲ့ပတ်သတ်ပြီးတော့ Depth တွေအပေါ်မူတည်ပြီးကွဲပြားခြားမှုတွေရှိပါတယ်။
⌚ ပုံမှန် Dress Watch တစ်ခုအနေနဲ့ water resistance အနိမ့်ဆုံးဖြစ်တဲ့ 30 meter or 3 bar အနည်းဆုံးရှိတတ်ပါတယ်။ ဒါက သာမန်နေ့တွေမှာ ကျနော်တို့နာရီတွေကို ရေ၀င်မှာစိတ်ပူစရာမလိုပဲ၀တ်ဆင်နိုင်မှာပဲဖြစ်တယ်။ ပုံမှန်လက်ဆေးရုံ ဒါမှမဟုတ် မိုးလေးတဖွဲဖွဲမိရုံနဲ့ နာရီထဲကို အလွယ်တကူရေ၀င်မှာမဟုတ်တာပဲဖြစ်ပါတယ်။ ဒါမယ့်ရေကူးကန်ထဲကနေ ဒိုင်ဗင်ထိုးခြင်းကတော့ 3 Bar resistance ပဲရှိတဲ့နာရီထဲကို ရေ၀င်ရောက်နိုင်ပါတယ်။ ဒီနေရာမှာ Water Resistance တွေမှာတွေ့ရတဲ့ Depth တွေက Pressure ကိုကိုယ်စားပြုတာပဲဖြစ်ပါတယ်။ 3 Bar resistance ပဲရှိတဲ့ ရှိတဲ့ နာရီအနေနဲ့တော့ ရေချိုးတဲ့ အခါ (or) ရေကူးတဲ့ အခါ နာရီမ၀တ်ဆင်ဖို့အကြံပေးထားပါတယ်။ 30 m နဲ့ 50 m ကြားနာရီတွေနဲ့ နာရီ၀တ်ပြီးရေကူးခြင်းကို ရှောင်ရှားသင့်ပါတယ်။
⌚ 100 m watar resistance ရှိပြီး (screw down crown) crown နဲ့ case ကြားမှာ gaskets နဲ့ internal threads တွေကို အသုံးပြုကာ lock လုပ်ထားပြီး completely sealed case ဖြစ်လို့ရှိရင်တော့ ရေကူးကန်ထဲကိုယူဆောင်သွားနိုင်ပါတယ်။ တချို့ နာရီတွေမှာ screw down crown ဒါမှမဟုတ် အထဲဖိနှိပ်ပြီးသွင်းရတဲ့ screw down pusher မပါရှိလို့ရှိရင်တော့ completely sealed case မဟုတ်တာမို့ 100 m water resistance ဖြစ်လင့်ကစား အဆိုပါနာရီနဲ့ ရေကူးခြင်းကိုတော့ အကြံမပေးချင်ပါဘူး။ Water resistance က moisture တစ်ခုထဲကိုဆိုလိုတာမဟုတ်ပဲ pressure ပြောင်းလဲမှုနဲ့လည်းဆိုင်တာမို့ ရုတ်တရက်အရှိန်အဟုန်နဲ့ ရေ၀င်ရောက်ခြင်းကိုကာကွယ်နိုင်ဖို့ 100 m နာရီဖြစ်သော်ငြားလည်း ရေကူးကန်ထဲမှာ ဒိုင်ပင်ထိုးခြင်းကိုတော့ ရှောင်ရှားစေချင်လိုပါတယ်။
⌚ တကယ်တမ်းမှာတော့ ဘယ် resistance ပဲရှိရှိ နာရီကို ကောင်းမွန်ရှည်ကြာစွာပတ်ဆင်ချင်ရင်တော့ ရေချိုးတဲ့အခါ နာရီမ၀တ်ဆင်ခြင်းက အကောင်းဆုံးဖြစ်မှာပါ။ ဆပ်ပြာနဲ့ ရေနွေးငွေ့တွေဟာ ကျနော်တို့နာရီတွေမှာ ရေလုံအောင်တပ်ဆင်ထားပေးတဲ့ Gasket တွေကိုထိခိုက်နိုင်လို့ပဲဖြစ်ပါတယ်။
⌚ 300 m resistance ကတော့ Dive watch တစ်လုံးမှာရှိတဲ့ Standard Rating ပဲဖြစ်ပါတယ်။ အဆိုပါ 300 m ရှိတဲ့နာရီတွေကတော့ day to day activities တွေနဲ့ scuba diving တို့လို အပျော်တမ်းအပန်းဖြေအားကစားနည်းတွေအတွက် သင့်လျော်ပါတယ်။ နာရီ၀တ်ဆင်ပြီး ရေငုတ်မယ်ဆိုရင်တော့ Gaskets နဲ့ Seals လုံမလုံကို သေချာလေးပုံမှန်စစ်ဆေးဖို့တော့ recommend ပေးထားပါတယ်။
⌚ 300 m ထက်ပိုတဲ့ Planet Ocean တို့၊ Sea-Dweller တို့လို depth မြင့်ပြီး ရေအနက်ကြီးထိ pressure ဒဏ်ခံနိုင်အောင် ပြုလုပ်ထားတဲ့ နာရီတွေလည်းရှိပါတယ်။ 1220 m ရှိတဲ့ ရေအနက်ထဲကိုတော့ Rolex Oyster Perpetual Date Sea-Dweller ကြီး၀တ်ပြီး ဘယ်လူသားမှ ငုတ်မှာမဟုတ်ပေမယ့်လည်း ယနေ့ခေတ် နာရီ Company တွေရဲ့ Water Resistance နည်းပညာမြင့်မားလာမှုကတော့ အထင်ကြီးလေးစားစရာကောင်းလှပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိတို့ရဲ့နာရီတွေကို အကောင်းဆုံးပုံစံမှာ အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့သတိပြုစရာအချက်တွေကိုရှောင်ရှားပြီး ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှုတွေပြုလုပ်သင့်ကြောင်း အကြံပေးလိုပါတယ်။