26/04/2023
#နေကာမျက်မှန်တပ်ဖို့မရှက်ပါနဲ့ 😎🕶
မြန်မာမှာ ဘယ်လောက်ပဲ ခေတ်မီလာတယ်ပြောပြော နေကာမျက်မှန်တပ်ပြီး လူကြားထဲ လမ်းလျှောက်ရင် ထူးဆန်းနေကြတာနော်..
ကိုယ့်သူငယ်ချင်းအချင်းချင်းတောင် နေကာမျက်မှန်တပ်ထားရင်ကို “ဟာ မျက်မှန်ကြီးနဲ့ပါလား” တို့ … “ပဲများလိုက်တာ” တို့ ပြောချင်ကြတယ်
တကယ်က နေကာမျက်မှန်က အရမ်းအရေးကြီးပါတယ်။
နုမြတ်ဆို ဘယ်သွားသွားဆောင်သွားတယ်။ ခရီးသွားတော့မှ တပ်တာမဟုတ်ဘူူး။ အပြင်ထွက်တာနဲ့ နေကာမျက်မှန်ထုတ်တပ်တယ်။
နေကာမျက်မှန်က ပဲများဖို့ သက်သက်မဟုတ်ဘူး။ မျက်စိအတွက် အရမ်းအရေးကြီးတာပါ။
🕶 နေကာမျက်မှန်က မျက်စိအေးစေတယ်။ အမြင်ကြည်စေတယ်။
🕶 နေကာမျက်မှန်က မျက်လုံးထဲ ဝင်ရောက်လာတဲ့ အလင်းရောင်ကို လျှော့ချပေးလို့ အမြင်အာရုံကို သက်တောင့်သက်သာဖြစ်စေတယ်။
🕶 နေပူထဲ နေကာမျက်မှန်မတပ်ဘဲထွက်ရင် ခေါင်းကိုက်မယ်။ မျက်စိညောင်းမယ်။ ပင်ပန်းမယ်။
🕶 နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက မျက်စိတိမ်ဖြစ်စေတယ်။ ငယ်တုန်းမသိသာပေမဲ့ ကြီးလာရင် ဖြစ်လာတတ်တယ်။
🕶 နေပူထဲထွက်လို့ မျက်မှောင်ကြုံ့ပါများရင် နှဖူးကြောတွေတွန့်မယ်။ မျက်လုံးထောင့်မှာ ကျီးခြေရာတွေပေါ်မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်ရင့်မယ်။ Botox တွေ ထိုးနေရမယ်။
🕶 ပြီးတော့ မျက်လုံးအောက် Skin က တအားပါးတယ်။ နေလောင်ဒဏ် ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရပါများရင် တင်းတိပ်တို့ အရေပြားကင်ဆာတို့ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဘယ်ပဲသွားသွား နေကာမျက်မှန်တပ်ကြပါ။😎😎
အထူးသဖြင့် ကားမောင်းတဲ့သူတွေ တပ်သင့်ပါတယ်။ နေရောင်က အလင်းပြန်မှုကို ဖြစ်စေနိုင်လို့ ကားမောင်းတဲ့အခါ ကြည်လင်ပြတ်သားစွာ မြင်ဖို့ခက်ပြီး အန္တရာယ်ရှိနိုင်ပါတယ်။ Polarized ပါတဲ့ နေကာမျက်မှန်က အလင်းပြန်မှုကို လျှော့ချပေးပါတယ်။
ကားမောင်းရုံတင်မဟုတ် ကားပဲစီးစီး၊ ဘတ်စ်ကားပဲစီးစီး၊ လမ်းပဲလျှောက်လျှောက် နေကာမျက်မှန်တပ်ပါ။ ရှက်ကိုးရှက်ကန်းမဖြစ်ပါနဲ့။ တပ်ပါများရင် နေသားကျသွားပါမယ်။ ကိုယ့်ကျန်းမာရေးအတွက် ကိုယ်တပ်တာပဲဟာနော်။
နောက်ဆို အပြင်ထွက်ရင် နေကာမျက်မှန် မတပ်ရမနေနိုင်ဖြစ်သွားကြမယ်။
နေကာမျက်မှန်ဆိုတိုင်း ဈေးမကြီးပါဘူး။ ဈေးသက်သာတာတွေမှ အများကြီး။ UV ကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်ဆို ပိုကောင်းပါတယ်။
ခုပိတ်ရက်တွေရောက်ပြီဆိုတော့ ခရီးတွေ သွားကြတော့မယ်။ ခရီးတွေ သွားတဲ့အခါ နေကာမျက်မှန် တပ်သွားပါ။ နေရောင်ဒဏ်ကာပြီးသားဖြစ်သလို ဓာတ်ပုံရိုက်ရင်လည်း နေစူးရင် အေးဆေးပါပဲ။ ဓာတ်ပုံရိုက်လို့ မျက်စိမှိတ်မိသွားလည်း နေကာမျက်မှန်နဲ့ဆို မသိသာတော့ဘူး။
အ့ကြောင့် ကျမတော့ အမြဲတပ် 😎
#အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေ
ချစ်တဲ့
Dr. Nu Myat