Two Babies Vintage Shop

Two Babies Vintage Shop ပေးရတဲ့ဈေးနဲ့တန်အောင် ရောင်းပေးနေပါပြီ 👍

ဘေဘီလေးတိုင်း ဆောင်းရာသီမှာ ကျန်းမာစေဖို့ 😍
21/12/2025

ဘေဘီလေးတိုင်း ဆောင်းရာသီမှာ ကျန်းမာစေဖို့ 😍

📌ဆောင်းရာသီနှင့်ကလေးကျန်းမာရေး
••••••••••••••••••••••••••••••••••••••••••

ဆောင်းတွင်းကာလရောက်လာတဲ့အခါ ရာသီအကူးအပြောင်းမှာ ကလေးတွေဖျားနာတတ်ပါတယ်။ အများစုကတော့ နှာစေးခြင်း၊ နှာပိတ်ခြင်း၊ ချောင်းဆိုးရင်ကြပ်ခြင်းနဲ့ အအေးမိခြင်းတို့ဖြစ်တတ်ပါတယ်။

💠အထူးသဖြင့် ၃လအောက်ကလေးတွေဆိုရင် ပိုပြီးဂရုစိုက်သင့်ပါတယ်။ ဒါ့အပြင် ဂရုစိုက်သင့်တဲ့အရွယ်ကတော့ ကျောင်းနေအရွယ်ကလေးတွေပါ။ ကျောင်းသွားနေတဲ့အခါ တူတူကျောင်းတက်နေတဲ့ကလေးတွေထဲကတစ်ဦးမှာ တုပ်ကွေးမိနေတာဆိုရင် ကလေးချင်းထိတွေ့ကူးစက်ပြီး ဖျားနာတတ်ပါတယ်။

တုပ်ကွေးလို့အများသိကြတဲ့ Influenza ဟာ ဗိုင်းရပ်စ်ပိုးကြောင့်ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ တုပ်ကွေးရောဂါဟာ အသက်ရှူလမ်းကြောင်းကိုဆိုးကျိုးသက်ရောက်မှုပေးပါတယ်။ တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေကတော့ အစပိုင်းမှာ ရိုးရိုးအအေးမိဖျားနာတာနဲ့တူပါတယ်။ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ လည်ချောင်းနာခြင်းတို့ဖြစ်တတ်ပါတယ်။ ရိုးရိုးအအေးမိဖျားနာတာထက် တုပ်ကွေးကရောဂါလက္ခဏာပိုပြင်းထန်ပါတယ်။

💠ကလေးလေးတွေ အအေးမိတုပ်ကွေးရောဂါမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့

▪️လူကြီးသူမများက လက်ကိုစင်ကြယ်အောင်ဆေးကြောရပါမယ်။ ကလေးလေးတွေကိုလည်း လက်ဆေးတဲ့အကျင့်ပြုလုပ်ပေးပါ။
▪️လူဦးရေအလွန်ထူထပ်နေတဲ့နေရာတွေကို တတ်နိုင်သမျှရှောင်ပါ။ ကလေးတွေကိုခေါ်မသွားပါနဲ့။
▪️ချောင်းဆိုး၊နှာချေရင် လက်ကိုင်ပုဝါနဲ့အုပ်ပါ။
▪️ကလေးကို ကိုယ်ခံစွမ်းအားမြင့်မားအောင် အစားများများကျွေးပါ။ မိခင်နို့တိုက်ပါ။ Vit C ကြွယ်ဝတဲ့ အသီးအနှံတွေကိုကျွေးပေးပါ။

💠ကလေးလေးတွေ အအေးမိတုပ်ကွေးဖြစ်ရင် ဘယ်လိုကုသကြမလဲ?

▪️ကလေးဖျားတဲ့အခါ မိခင်နို့များများတိုက်ပါ။ ၆လအထက်ကလေးဆိုရင် အရညိများများတိုက်ပါ။ ဟင်းချို၊စွပ်ပြုတ်မှသည် ရိုးရိုးရေအထိတိုက်ကျွေးပါ။ ရေဓာတ်ပြည့်ဝဖို့အဓိကလိုအပ်ပါတယ်။
▪️ကလေးကို အဖျားတက်တယ်ဆိုပြီး အစာမကျွေးဘဲမထားပါနဲ့။ သူတို့စားချင်စိတ်ရှိရင် ကျွေးပါ။ အစာပျော့ပျော့ကျွေးနိုင်ရင်ပိုကောင်းပါတယ်။ တစ်ကြိမ်တည်းနဲ့ အများကြီးကျွေးစရာမလိုပါဘူး။ နည်းနည်းနဲ့ ခဏခဏကျွေးပေးပါ။
▪️ညဘက်မှာလည်း ၂နာရီခြား/၃နာရီခြား ကလေးရဲ့ကိုယ်ပူချိန်ကိုတိုင်းတာပါ။
▪️ကိုယ်ပူချိန်တက်ပါက အဖျားကျဆေးကို သတ်မှတ်အညွှန်းအတိုင်း ၆နာရီခြား သို့မဟုတ် ၈နာရီခြားတိုက်နိုင်ပါတယ်။

❗မိမိကလေးရဲ့အခြေအနေကိုစိုးရိမ်ပူပန်မှုရှိပါက ဆေးရုံ/ဆေးခန်း ချက်ချင်းပြပါ။ အကြံဉာဏ်တောင်းခံပါ။

❗ကလေးဖျားနေစဉ် လူအများရှိတဲ့အပြင်ကိုမခေါ်ပါနဲ့ (ဆေးခန်းပြတာမှလွဲ၍)

❗အဖျားကြီးတဲ့ကလေးကို ကိုယ်တုံးလုံးထားတာမျိုးမလုပ်ပါနဲ့။ ထို့အတူ လေသလပ်ပြီးပြန်ဖျားမယ်ဆိုတဲ့အတွေးမှားတွေးပြီး ထူထဲတဲ့အဝတ်တွေအများကြီးဝတ်ပေးထားတာမျိုးလည်းမလုပ်သင့်ပါဘူး။ ချွေးစုပ်တဲ့ ချည်ထည်မျိုးသာ ပေါ့ပေါ့ပါးပါးဝတ်ဆင်ပေးပါ။

❗ဖျားနေတဲ့ကလေးကို မက်ကလောင်မခြစ်ရပါ။ ရောဂါပိုးကူးစက်ခြင်း ပိုဆိုးဝါးပြီး sepsis ဟုခေါ်တဲ့သွေးဆိပ်တက်ခြင်းဖြစ်ကာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

❗၃လအောက်ကလေးငယ်ဖျားရင် မိမိသဘောနဲ့မိမိဆေးမတိုက်ရပါ။ဆရာဝန်ပြပါ။

💠ကလေးငယ်တွေဟာ များသောအားဖြင့် ရိုးရိုးအအေးမိဖျားနာရင် အိမ်မှာပဲစနစ်တကျပြုစုတဲ့အခါ ၃-၄ရက်နဲ့ ပြန်ကောင်းတတ်ကြပါတယ်။ ဒါပေမယ့်
လည်း ခြွင်းချက်တွေတော့ရှိပါတယ်။

▪️ကလေးငယ်ဟာ ၃လအောက်ကလေးငယ်ဖြစ်နေမယ်ဆိုရင်
▪️ကလေးငယ်ဟာ ၃လမှ၆လအရွယ်ဖြစ်နေပြီး အပူချိန်မှာ 39'C ကျော်နေမယ်ဆိုရင်
▪️အဖျားကြီးခြင်းနဲ့အတူ အနီစက်တွေ ခန္ဓာကိုယ်မှာထွက်လာတာကိုတွေ့ရမယ်ဆိုရင်
▪️၃ရက်ကျော်တဲ့အထိအဖျားဆက်ရှိနေမယ်ဆိုရင်
▪️အစာလုံးဝမစားရင်/နို့မစို့ရင်
▪️အဖျားကျဆေးတိုက်တာတောင် ကိုယ်ပူမကျလျှင်
▪️ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာတွေ( ဆီးနည်းခြင်း၊ ငိုရင်တောင် မျက်ရည်မထွက်ခြင်း၊ ငယ်ထိပ်ချိုင့်ခြင်း၊ မျက်တွင်းချိုင့်ခြင်း) တွေ့ရှိရရင်

ဆရာဝန်နဲ့ မဖြစ်မနေပြသသင့်ပါတယ်။

💠နောက်တစ်ခုကတော့ နှာစေးတဲ့ကိစ္စပါ။

နှာစေးရုံပဲဆိုရင်တော့ မေမေတို့အနေနဲ့ ကလေးလေးကို

▪️နို့မစို့ခင်မှာ Physiodose ( saline ) အစက်ချဆေးကို နှာခေါင်းပေါက်တစ်ဖက်စီကို တစ်စက်မှ နှစ်စက်စီချပေးပါ။
▪️နှာခေါင်းထဲက အချွဲတွေကို နှပ်သန့်စင်တဲ့ကိရိယာနဲ့ ဖယ်ရှားစုပ်ထုပ်ပေးပါ။ ဂွမ်းတုတ်​တွေမသုံးရပါ။
ကလေးနှာခေါင်းအတွင်းပိုင်းအထိ အတင်းထိုးမထည့်ရပါ။
▪️အဲကွန်းခန်းနဲ့ပဲအမြဲထားရင် အခန်းထဲမှာ Humidifier ထားပါ။
▪️ပြီးတော့ ကလေးလေးတွေ (အထူးသဖြင့် လသားအရွယ်)တွေကို အမြဲနွေးထွေးအောင်ထားပါ။ ညအိပ်ရင် ခေါင်းစွပ်လေးဝတ်ပေးပါနော်။
▪️ပြီးတော့ ကလေးလေးကို အာဟာရပြည့်အောင် နို့များများတိုက်ပါ။ ခြောက်လအထက်ဆို အစားသေချာကျွေးပါ
▪️အရေးကြီးဆုံးအချက်ကတော့ ကလေးကိုတစိမ်းတွေ မချီစေ၊ မနမ်းစေပါနဲ့နော် အင်မတန်ဆိုးတဲ့ Covid 19 အပြင် RSV ဆိုတဲ့ဗိုင်းရပ်စ်ကူးနိုင်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

▪️မူရင်းပို့စ်ကို လွတ်လပ်စွာ share နိုင်ပါတယ်။
▪️တဆင့်ပြန်လည်ကူးယူခြင်း ခွင့်မပြုပါ။

ပုံထဲကထပ် အပြင်မှာအသားပိုကောင်းပိုသန့်ပြီး ပေးရတဲ့ဈေးနဲ့တန်အောင်ရောင်းမယ်နော်အသစ်မဟုတ်ပါExport ထည်မဟုတ်ပါကွန်တိန်နာကျဘေထ...
26/09/2024

ပုံထဲကထပ် အပြင်မှာအသားပိုကောင်းပိုသန့်ပြီး ပေးရတဲ့ဈေးနဲ့တန်အောင်ရောင်းမယ်နော်

အသစ်မဟုတ်ပါ
Export ထည်မဟုတ်ပါ
ကွန်တိန်နာကျဘေထုပ်အထည်လက်ခံနိုင်မှဝယ်ယူအားပေးပါ ရှင့်

Two Babies Vintage Shop
Pyin oo lwin
09 256777102

26/09/2024

ပုံထဲကထပ် အပြင်မှာအသားပိုကောင်းပိုသန့်ပြီး ပေးရတဲ့ဈေးနဲ့တန်စေဖို့ မင်မင်အာမခံပါတယ် ရှင့်

အသစ်မဟုတ်ပါ
Export ထည်မဟုတ်ပါ
ကွန်တိန်နာကျဘေထုပ်အထည်လက်ခံနိုင်မှဝယ်ယူအားပေးပါ ရှင့်

Two Babies Vintage Shop
Pyin oo lwin
09 256777102

ပုံထဲကထပ် အပြင်မှာအသားပိုကောင်းပိုသန့်ပြီး ပေးရတဲ့ဈေးနဲ့တန်စေဖို့ မင်မင်အာမခံပါတယ် ရှင့်Grade A အထုပ်ထဲမှာမှ အသစ်နီးပါးအ...
26/09/2024

ပုံထဲကထပ် အပြင်မှာအသားပိုကောင်းပိုသန့်ပြီး ပေးရတဲ့ဈေးနဲ့တန်စေဖို့ မင်မင်အာမခံပါတယ် ရှင့်

Grade A အထုပ်ထဲမှာမှ အသစ်နီးပါးအသန့်/အသန့်တွေကြည့်ရွေးတင်ပေးထားပါတယ် ရှင့်

လိပ်စာအပြည့်အစုံပို့ Order မှာယူသူကိုဦးစားပေးပစ္စည်းချန်ပေးသွားမှာပါ ရှင့်

မြို့ပေါင်း (500)ကျော် အိမ်အရောက်ငွေချေပို့ပေးပါတယ်.

အိမ်အရောက်ငွေချေပို့ပေးထားတာဖြစ်လို့ မင်မင်ရော မေမေတို့ရောအလုပ်မရှုပ်ရလေအောင်ယူမှာသေချာမှ Order မှာပေးပါ ရှင့်

အသစ်မဟုတ်ပါ
Export ထည်မဟုတ်ပါ
ကွန်တိန်နာကျဘေထုပ်အထည်လက်ခံနိုင်မှဝယ်ယူအားပေးပါ ရှင့်

Two Babies Vintage Shop
Pyin oo lwin
09 256777102

26/07/2024
၂သောင်းကျော်/၃သောင်းပေးရတဲ့ လေဖောင်းအနွေးအထူတွေကို  စျေးတန်တန်လေးနဲ့ ရချင်ရင် ၁ပုံချင်းစီ၀င်ကြည့်သွားပါ ရှင့်လေဖောင်းထဲမ...
08/11/2023

၂သောင်းကျော်/၃သောင်းပေးရတဲ့ လေဖောင်းအနွေးအထူတွေကို စျေးတန်တန်လေးနဲ့ ရချင်ရင် ၁ပုံချင်းစီ၀င်ကြည့်သွားပါ ရှင့်

လေဖောင်းထဲမှာမှ အကောင်းလိုင်း Grade A အထုပ်ထဲမှာမှ အသစ်နီးပါးအသန့်/အသန့်တွေကြည့်ရွေးတင်ပေးထားပါတယ် ရှင့်

လိပ်စာအပြည့်အစုံပို့ Order မှာယူသူကိုဦးစားပေးပစ္စည်းချန်ပေးသွားမှာပါ ရှင့်

မြို့ပေါင်း (500)ကျော် အိမ်အရောက်ငွေချေပို့ပေးပါတယ်.

အိမ်အရောက်ငွေချေပို့ပေးထားတာဖြစ်လို့ မင်မင်ရော မေမေတို့ရောအလုပ်မရှုပ်ရလေအောင်ယူမှာသေချာမှ Order မှာပေးပါ ရှင့်

အသစ်မဟုတ်ပါ
Export ထည်မဟုတ်ပါ
ကွန်တိန်နာကျဘေထုပ်အထည်လက်ခံနိုင်မှဝယ်ယူအားပေးပါ ရှင့်

Two Babies Vintage Shop
Pyin oo lwin
09 256777102

30/08/2021

Hi 😊

🌹🌹 နှင်းဆီခိုင် 🌹🌹💸price >  ၁၉၀၀၀ (ဝမ်းဆက်) 💸  လက်ကား(၃)စုံ > ၁၆၅၀၀Pandora ထိုင်းပိုး အနံကြီး ၃ကိုက်📞📞 09 440425608 or  ...
21/06/2017

🌹🌹 နှင်းဆီခိုင် 🌹🌹
💸price > ၁၉၀၀၀ (ဝမ်းဆက်) 💸
လက်ကား(၃)စုံ > ၁၆၅၀၀
Pandora ထိုင်းပိုး အနံကြီး ၃ကိုက်
📞📞 09 440425608 or
massage box 💌💌
သို့ ဆက်သွယ်မှာယူနိုင်ပါတယ် ရှင့်
မှာယူပြီးတစ်​ပါတ်​အတွင်းပစ္စည်းပို့​ပေးပါတယ်
🏠🏠 ရန်ကုန်/မန္တလေး/ပြင်ဦးလွင်(မြို့တွင်း)/စစ်ကိုင်း(မြို့တွင်း) ငွေကြိုလွဲစရာမလိုပါဘူး ရှင့်
ပစ္စည်းလာပို့ မှငွေချေလို့ ရပါတယ် အိမ်အရောက်ပို့ပေးပါတယ် ရှင့်
နယ်မှမှာယူချင်တယ်ဆိုရင်တော့ ငွေလွဲဝင်ပီး နောက်တစ်ရက် ကားဂိတ်များသို့ ပို့ဆောင်ပေးပါတယ် ရှင့် 🚖 🚖

Address

General Street
Maymyo

Website

Alerts

Be the first to know and let us send you an email when Two Babies Vintage Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Two Babies Vintage Shop:

Share